NP News

အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းမှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျပြီး လိုက်ပါသွားသူအားလုံး သေဆုံး

Pika (NP News) - အောက်တိုဘာ ၃၁

အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း ဥတ္တရာခန်ပြည်နယ်မှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့တာကြောင့် လေယာဉ်မှူး အပါအဝင် လိုက်ပါလာသူ(၆)ဦးစလုံး သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Trans Bharat Aviation Private Limited ကုမ္ပဏီပိုင် VT-HCX လို့ အမှတ်အသားပါတဲ့ ရဟတ်ယာဉ်ဟာ ချာမိုလီခရိုင် ဘာဒရီနက်မြို့ကနေ ဒီဟာဒွန်းမြို့ကို ဦးတည်ပျံသန်းနေစဉ်အချိန်အတွင်း ဆက်သွယ်မှုပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီရဟတ်ယာဉ်ဟာ ဆက်သွယ်မှုပြတ်တောက်သွားပြီးနောက် တောင်စောင်းတစ်ခုပေါ်ကို ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Pushkar Singh Dhami က "ဂျိုရှီမက်မြို့ ချာယီရွာအနီးမှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့တယ်ဆိုတဲ့သတင်းကို ကျွန်တော်တို့ ကြားသိခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

ဂျိုရှီမက်မြို့ဟာ ဂါဟ်ဝါလ်ဟိမဝန္တာဒေသမှာရှိတဲ့ တောင်ပေါ်မြို့တစ်မြို့ဖြစ်ပြီး ဘာသာရေးဆိုင်ရာအထွတ်အမြတ်ထားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ ပျက်ကျမှုဖြစ်ပွားပြီးနောက် အိန္ဒိယစစ်တပ်နဲ့ ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့တွေဟာ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ခဲ့ကြပြီး လိုက်ပါသွားသူအားလုံး သေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။

မူရင်းသတင်း — NP News