ဂျန်ဇက် (NP News) - အောက်တိုဘာ ၃၁
မြောက်ကိုရီးယားနှင့်ထိစပ်နေသည့်နယ်စပ်ကို ကာကွယ်ရန်အတွက် ခိုင်မာစွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားအမျိုးသားလုံခြုံရေး အကြံပေးဝီဆန်းလက် (Wi Sung-lac) က ထုတ်ဖော်ပြောဆိုလိုက်သည်။
ပြီးခဲ့သည့်လက နှစ်နိုင်ငံကြားရှိ စစ်မဲ့ဇုန် (DMZ) နယ်စပ်အတွင်း ကင်းထောက်ရေးမစ်ရှင်ဖြင့် သွားရောက်နေကြသည့် တောင်ကိုရီးယားစစ်သားအချို့အား ပြင်းထန်စွာဒဏ်ရာရစေခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ မိုင်းပေါက်ကွဲမှုသည် မြောက်ကိုရီးယား၏ မိုင်းကြောင့်ဖြစ်ပွားခဲ့ကြောင်း တောာင်ကိုရီးယားအစိုးရ စွပ်စွဲထားသည်။
စစ်မဲ့ဇုန် (DMZ) ကို ကြီးကြပ်နေသည့် ကုလသမဂ္ဂကွပ်ကဲရေးဌာနက နယ်ခြားမျဉ်း၏ တစ်ဖက်တွင် မိုင်းပေါက်ကွဲခဲ့ပြီး မြောက်ကိုရီးယားသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံနယ်စပ်အနီး လုပ်ဆောင် နေသည့် မြောက်ကိုရီးယား၏ လှုပ်ရှားမှုသည် တင်းမာမှုများကို မြင့်တက်စေသည့်အတွက် တည်ဆောက်ရေး လုပ်ငန်းများ ကို ချက်ချင်းရပ်တန့်ရန် တောင်ကိုရီးယားအစိုးရက တောင်းဆိုထားသည်။သို့သော်လည်း မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူ ကင်ယိုဂျုံက မြောက်ကိုရီးယားနိုင်ငံသည် မိုင်းပေါက်ကွဲမှုအတွက် တာဝန်ရှိကြောင်း စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ ပြီး မြောက်ကိုရီးယားသည် အောက်တိုဘာလကုန်ပိုင်းအထိ ၎င်းတို့၏ နယ်စပ်တစ်လျှောက်တွင် တောင်ကိုရီးယားကို ဆန့်ကျင်သည့် ဝါဒဖြန့် အသံချဲ့စက်များကို စတင်အသက်သွင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း မြောက်ကိုရီးယားဘက်မှ မည်သည့်ထုတ်လွှင့်မှုမျှ မစတင်ရသေးကြောင်း တောင်ကိုရီးယားထောက်လှမ်း ရေးအေဂျင်စီက ပြောကြားခဲ့သည်။ ကိုရီးယားနှစ်နိုင်ငံစလုံးသည် ယခင်ကလည်း အသံလွှင့်ထုတ်လွှင့်မှုများကို စိတ်ပိုင်း ဆိုင်ရာစစ်ဆင်ရေးးများ၏ အစိတ်အပိုင်းအနေဖြင့် အသုံးပြုခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူက ''နယ်စပ်ဒေသမှာ မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်သွားမယ်။ စစ်ဆင်ရေးဆိုင်ရာ လမ်းညွှန်ချက်များနဲ့အညီ နယ်နိမိတ်မျဉ်း (MDL) ကို ဖြတ်ကျော် ဝင်ရောက်လာတဲ့လုပ်ရပ်များအပေါ် တင်းကျပ်စွာ တုံ့ပြန်ဆောင်ရွက်လျက်ရှိပါတယ်။ အသံထက်မြန်ဆန်တဲ့ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများပြုလုပ်ပြီး တောင်ကိုရီးယားစစ်တပ်ရဲ့အသင့်ရှိနေမှုကို ပြသခဲ့ပြီးဖြစ်တယ်။ နယ်စပ်ဒေသအငြင်းပွား မှုတွေနဲ့ပတ်သက်ပြီး ကိုရီးယားနှစ်နိုင်ငံကြားရှိ စစ်ဘက်ဆိုင်ရာအာဏာပိုင်များအကြားဆွေးနွေးပွဲများပြုလုပ်ဖို့ အကြိမ် ကြိမ် အဆိုပြုထားပါတယ်” ဟု ပြောသည်။