NP News

Hepatitis E virus (HEV) အတွက် တိုက်ရိုက်ကုသသည့်ဆေး မရှိသေးဟုဆို

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃၁

အသည်းရောင် အဝါရောဂါ (အီး) ဗိုင်းရပ်စ် Hepatitis E virus (HEV)သည် ရုတ်တရက် အသည်းရောင်ခြင်းကို ဖြစ်စေသော အဓိကအကြောင်းအရင်းတစ်ခုဖြစ်သော်လည်း၊ လက်ရှိအချိန်အထိ ၎င်းကို တိုက်ရိုက်ကုသသည့်ဆေးမရှိဘဲ Ribavirin ဆေးကိုသာ သတ်မှတ်ညွှန်ကြားချက်ပြင်ပအဖြစ် အကန့်အသတ်ဖြင့် သုံးစွဲနေရဆဲဖြစ်ကြောင်း သိရသည်။
Ribavirin ဆေးသည် ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုး ကြီးမားစွာ ဖြစ်စေနိုင်ပြီး ကိုယ်ဝန်ဆောင်များတွင် လုံးဝ မသုံးစွဲ ရသကဲ့သို့ လူနာတိုင်းအတွက်လည်း ထိရောက်မှုမရှိကြောင်း သိရသည်။
Ring နှင့် အဖွဲ့သည် အခြားသော သက်သာရာရစေမည့် ဆေးဝါးများကို ရှာဖွေရန်အတွက် ဗိုင်းရပ်စ် ကနဦး ဆဲလ်အတွင်းသို့ ဝင်ရောက်ရာတွင် အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်သော ဆဲလ်အတွင်းပို့ဆောင်ရေးစနစ်ကို နှောင့်ယှက်တားဆီးပေးနိုင် သည့်ဒြပ်ပေါင်းများကို စိစစ်လေ့လာခဲ့ရာ စမ်းသပ်ခဲ့သည့် ဒြပ်ပေါင်းများအနက် Apilimod သည် တားဆီးနိုင်စွမ်း အားအများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။
Apilimod သည် လေဆာနှင့် လိုင်ဆိုဆုမ်း စနစ်များကို ထိန်းချုပ်ပေးသည့် PIKfyve အင်ဇိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။ Apilimod, raloxifene, verapamil, chloroquine နှင့် tamoxifen တို့သည် HEV ဗိုင်းရပ်စ် ကူးစက်မှုကို ပမာဏ အလိုက် တားဆီးနိုင်ကြသော်လည်း Apilimod သည် တားဆီးနိုင်စွမ်း အမြင့်မားဆုံးဖြစ်ပြီး HepG2/C3A ဆဲလ်များတွင် အလွန်နည်းပါးသောပမာဏဖြင့် ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။ သုတေသနပညာရှင်များက အဆိုပါ ဗိုင်းရပ်စ် တားဆီးသည့် အကျိုးကျေးဇူးသည် Apilimod ၏ အခြားသော အာနိသင်များကြောင့်မဟုတ်ဘဲ PIKfyve အင်ဇိုင်းကို ထိန်းချုပ်လိုက်ခြင်းကြောင့်ဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။
Small interfering RNA နည်းပညာဖြင့် PIKfyve အင်ဇိုင်း၏ လှုပ်ရှားမှုကို ပိတ်ပင်လိုက်သောအခါ HEV ကူးစက်မှုသည် (၄၀) ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။ ထို့အပြင် YM201636 နှင့် APY0201အမည်ရှိ အခြားသော PIKfyve တားဆီးဆေး နှစ်မျိုးသည်လည်း ဗိုင်းရပ်စ်ကူးစက်မှုကို နှိမ်နင်းနိုင်ခဲ့သည်။ အကျိုးကျေးဇူးကို ဗိုင်းရပ်စ်အမြှေးပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ HEV မျိုးဗီဇ ကွဲပြားမှုအမျိုးမျိုးတွင်ပါတွေ့ရှိရသဖြင့် PIKfyve အပေါ် မှီခိုရခြင်းသည် HEV ဗိုင်းရပ်စ်ပိုး အားလုံး၏ ဘုံလက္ခဏာတစ်ခုဖြစ်နိုင်ကြောင်း သုတေသီများက ဆိုသည်။
PIKfyve တားဆီးဆေးများသည် ဗိုင်းရပ်စ်ဆဲလ်အတွင်းသို့ စတင်ဝင်ရောက်ချိန် အစောပိုင်း နာရီများတွင် ထည့်သွင်းမှသာ ထိရောက်မှုရှိကြောင်း သိရသည်။ E ဗိုင်းရပ်စ် (HEV) သည် အသည်းကိုရောင်ရမ်းပျက်စီးစေတဲ့ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ် လူသန်းပေါင်းများစွာ ကူးစက်ခံနေရပြီး အထူးသဖြင့် သန့်ရှင်းသည့် သောက်သုံးရေနဲ့ မိလ္လာစနစ် အားနည်းတဲ့ဒေသတွေမှာ အဖြစ်များနေကြောင်း သိရသည်။
အဆိုပါ ဗိုင်းရပ်စ်ပိုး ပါဝင်နေတဲ့ မစင် အနည်းငယ်မျှ စွန်းထင်းနေသည့် သောက်သုံးရေ (သို့မဟုတ်) အစားအစာတွေကို စားသုံးမိခြင်းမှတဆင့် အဓိကကူးစက်နေကြောင်းသိရသည်။
ထိုအပြင်E ဗိုင်းရပ်စ် (HEV) သည် ပိုးပါရှိနေတဲ့ ဝက်သား၊ သမင်သား ဒါမှမဟုတ် တောဝက်သားတွေကို မကျက်တကျက် ချက်ပြုတ်စားသုံးမိခြင်း။ ကိုယ်ဝန်ဆောင်မိခင်ကနေတစ်ဆင့် ဗိုက်ထဲက သန္ဓေသားဆီ ကူးစက်နိုင်ခြင်းများလည်းဖြစ်နိုင်ကြောင်း သိရသည်။

မူရင်းသတင်း — NP News