NP News

Star Trek နဲ့ X-Menရုပ်ရှင်ဇာတ်လမ်းတို့ရဲ့ကြယ်ပွင့် ပက်ထရစ်စတူးဝပ်ကွယ်လွန်

Pika (NP News) - အောက်တိုဘာ ၃၀
Star Trek နဲ့ X-Men ရုပ်ရှင်ဇာတ်လမ်းတွဲတို့ကနေတစ်ဆင့် ဟောလိဝုဒ်မှာထိပ်တန်းကြယ်ပွင့်ဖြစ်လာခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ပက်ထရစ်စတူးဝပ်ဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က ၎င်းရဲ့နေအိမ်မှာကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ပက်ထရစ်စတူးဝပ်ဟာ ကွယ်လွန်ချိန်မှာ အသက်(၈၆)နှစ်ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ပက်ထရစ်စတူးဝပ်ဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ဦးနှောက်ဆဲလ်တွေပျက်စီးစေတဲ့ ရောဂါတစ်မျိုးတို့ကို ခံစားခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလ(၂၈)ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာ”ပက်ထရစ်စတူးဝပ်ရဲ့ အသံနဲ့ထူးခြားတဲ့အရည်အချင်းတို့က ဘယ်လိုရုပ်ရှင်အမျိုးအစားမှာမဆို ၎င်းဖန်တီးခဲ့တဲ့မေ့ဖျောက်လို့မရနိုင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ အမြဲတမ်းဆက်စပ်လျက်ရှိနေဦးမှာလည်းဖြစ်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံမြောက်ပိုင်း ယော့ခ်ရှိုင်းယားဒေသမှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့ ပက်ထရစ်စတူးဝပ်ဟာ ဗြိတိန်နိုင်ငံမှာ Royal Shakespeare Companyနဲ့ လန်ဒန်မြို့ကအမျိုးသားပြဇာတ်ရုံတို့မှာ ကျင်းပခဲ့တဲ့ ပြဇာတ်တွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ပြီးတော့ ပက်ထရစ်စတူးဝပ်ဟာ Star Trek: The Next Generation ဇာတ်လမ်းတွဲမှာ Captain Jean-Luc Picard၊ X-Men ရုပ်ရှင်တွေနဲ့ ဆက်စပ် Marvel ရုပ်ရှင်များစွာမှာ ပရော်ဖက်ဆာချားလ်ဇေဗီယာအဖြစ်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူကြိုက်များတဲ့သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

မူရင်းသတင်း — NP News