NP News

(၂၀၂၆-၂၀၂၇) ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉)အတွက် ပွဲစဉ်သုံးသပ်ချက်များ

ရဲထက် (NP News) - အောက်တိုဘာ ၃ဝ

ဒီရာသီပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်(၉)ကတော့ ပရိသတ်တွေအတွက် စောင့်ကြည့်ချင်စရာအ ကောင်းဆုံးသောပွဲစဉ်တွေ ဖြစ်လာဖို့ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးမှာရပ် တည်နေတဲ့အသင်းကြီး(၄)သင်းရဲ့ ပွဲကျပ်ကစားရ မယ့်ပွဲစဉ်တွေကို စောင့်ကြည့်သွားရမှာဖြစ်ပြီး အသင်း ကြီးတွေကို ထိပ်တိုက်တွေ့ဆုံနေတဲ့ ရက်သတ္တပတ်လို့လည်းပြောလို့ရနေပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ရမှတ် (၃)မှတ်ဖြတ်ပြီးဦးဆောင်နေချိန်မှာ အာဆင်နယ်အသင်းက အနီးကပ်ဖိအားပေးနေသလို ချဲလ်ဆီးအသင်းနဲ့ဘရိုက်တန်အသင်းတို့ကလည်း အကောင်းဆုံးသော စွမ်း‌ ဆောင်ရည်တွေနဲ့အတူ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ့်အလားအလာကောင်းတွေကို ပိုင်ဆိုင်ထား ကြပါတယ်။ ဒါကြောင့် NP News ကနေ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးသောပွဲစဉ်တွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ ဖော်ပြပေးသွားပါမယ်။

ချဲလ်ဆီး Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ဝ - ၁ မန်ယူ (၁၉ - ၄ -၂၀၂၆)
မန်ယူ ၂ - ၁ ချဲလ်ဆီး (၂၀- ၉ -၂၀၂၅)
ချဲလ်ဆီး ၁ - ဝ မန်ယူ (၁၇ - ၅ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၂ - ဝ မန်ယူ
ချဲလ်ဆီး ၃ - ၁ မန်ယူ

ချဲလ်ဆီးအသင်းကတော့ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမကစားရမှုကို အကောင်းဆုံးအသုံး ချပြီး ပရီးမီးယားလိဂ်ဖလားကိုစိန်ခေါ်နိုင်မယ့် အလားအလာကောင်းနဲ့ အစုအဖွဲ့တစ်ခုကို ပိုင်ဆိုင်ထား တယ်လို့ဆိုနိုင်ပါတယ်။ အထူးသဖြင့် နည်းပြ ဇာဗီအလွန်ဆို လက်ထက်မှာ တိုးတက်လာတဲ့ တိုက်စစ် အစုအဖွဲ့နဲ့ လူမှန် နေရာမှန်ကစားထားနိုင်မှုတွေကို မြင်တွေ့ခဲ့ရလို့ပဲဖြစ်ပါတယ်။ နည်းပြ ဇာဗီအလွန်ဆို အနေနဲ့လည်း လေဗာကူဆင်မှာလုပ်ပြနိုင်ခဲ့တဲ့ အမှတ်ပေးဇယားချန်ပီယံဆုကို ချဲလ်ဆီးအသင်းနဲ့ နောက် ထပ်တစ်ကြိမ် ကြိုးစားရယူမယ့်ခြေစွမ်းတွေကို အသင်းရဲ့စည်းလုံးမှုနဲ့အတူ စတင်ခြိမ်းခြောက်လာနိုင်ပြီ လို့ဆိုနိုင်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နည်းပြသစ် စတင်ကိုင်တွယ်ခဲ့တဲ့ နှစ်တွေမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ နှစ်တွေရှိခဲ့ပြီး နည်းပြ ကွန်တီလက်ထက်နဲ့ အန်ဆောလော့တီတို့လက်ထက်မှာ ချန်ပီယံဖြစ်ခဲ့တဲ့သာဓက တွေရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အဓိကအားသာချက်က လျင်မြန်တဲ့ တိုက်စစ် အစုအဖွဲ့ဖြစ်ပြီး ကွင်း လယ်ပိုင်းမှာ ကိုင်စီဒို ပြန်လည်ပါဝင်လာကတည်းက နိုင်ပွဲတွေဆက်တိုက် ရထားသလို ဟန်ဒါဆန်လို အသက်(၃၆)နှစ်အရွယ် ကစားသမားတစ်ယောက်ရဲ့ခြေစွမ်းပြမှုတွေအပြင် နောက်တန်းခံစစ်မှာလည်း လပိုင်းကိုးလ်ဝဲ၊ အာချင် ပေါင်နဲ့လခွားတို့ရဲ့ အစုအဖွဲ့ကလည်း မာကျောကျစ် လျစ်မှုတွေရှိလာတာ ကြောင့် ချဲလ်ဆီးအသင်းမှာ မဖြစ်မနေစောင့်ကြည့်ရမယ့် အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒါ့ပြင် ချဲလ်ဆီး အသင်းဟာ အသင်းရဲ့ကစားသမားတစ်ယောက်ချင်းစီရဲ့နိုင်ပွဲတွေအပေါ် ဆာလောင်မှုနဲ့ကြိုးစား အား ထုတ်မှုအပြင် ကစားသမားအချင်းချင်းကြားက စည်းလုံးမှုတွေကိုပါ မြင်တွေ့လာရပါတယ်။ ဒီအချက် ကပဲ ချဲလ်ဆီးအသင်းကို နောက်ထပ်အဆင့်တစ်ခုကိုပို့ဆောင်ပေးနိုင်မယ့် အစုအဖွဲ့တစ်ခုကို ရောက် ရှိလာသလို နည်းပြ ဇာဗီ အလွန်ဆိုအတွက် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကိုရရှိနိုင်ဖို့ မျှော်လင့်လို့ရနေပြီပဲဖြစ်ပါတယ်။ မန်ယူအသင်းကတော့ ပြီးခဲ့တဲ့ရာသီမှာပြသခဲ့တဲ့ခြေစွမ်းပိုင်းတွေ ပျောက်ကွယ်သွားသလို အသင်းရဲ့ ကစားသမားအများစုလည်း ခြေစွမ်းပိုင်းကျဆင်းသွားတာကို တွေ့ရပါ တယ်။ အထူးသဖြင့် အသင်းရဲ့အဓိကဖန်တီးရှင်ကစားသမားဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် ကိုယ်တိုင်က ခြေ စွမ်းပိုင်းပျောက်ဆုံးနေသလို ကွင်းလယ် ပိုင်းမှာ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေဖြစ်တဲ့ တိုင်လီ မန်နဲ့ အန်ဒရေဆန်းတို့စ်တို့ရဲ့ခြေစွမ်းတွေက သာမန်ခြေစွမ်းလောက်သာရှိနေတာကို တွေ့ရပါ တယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာလည်း ရမှတ်အနေနဲ့ရော အဆင့်ရပ်တည်မှုအပိုင်းမှာပါ ပုံမှန်ထက်ကျဆင်း နေသလို တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ချိတ်ဆက်မှုတွေအပြင် တိုက်စစ်ပိုင်းမှာလည်း သွင်းဂိုးတွေအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ကစားသမားမျိုးမရှိ သေးတာကိုတွေ့ရပါတယ်။ နည်းပြ ကားရစ်အနေနဲ့လည်း ဒီထက်ဆိုးလာတဲ့ခြေစွမ်းပိုင်းနဲ့ နိုင်ပွဲတွေ ပျောက်ဆုံးလာရင် နည်းပြရာထူးအတွက် စိတ်မချရတော့တဲ့ အနေအထားတွေကို မြင်တွေ့လာရပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ရလဒ်ပိုင်းကိုခန့်မှန်းရရင် ချဲလ်ဆီး အသင်းရဲ့ခြေစွမ်းပိုင်းက မန်ယူအသင်းထက် အဘက်ဘက်က သာလွန်ကောင်းမွန်နေသလို လူစာရင်း အရလည်း ပိုသာနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ မန်ယူသတင်းက ချဲလ်ဆီး အသင်းနဲ့တွေ့တိုင်းမှာ ရလဒ်ကောင်းတတ်တာကိုသတိပြုရမှာဖြစ်တာကြောင့် ဒီပွဲစဉ်က ချဲလ်ဆီး အ သင်းက အိမ်ကွင်းနဲ့ ကစားအားပိုကောင်းပေမယ့် မန်ယူအသင်းကို ခက်ခက်ခဲခဲကစားပြီးမှ နိုင်ပွဲရပါ မယ်။ အပြန်အလှန်သွင်းဂိုးနည်းနိုင်ပြီး (၂)ဂိုးလောက်အကွာနဲ့ ချဲလ်ဆီးအသင်းက နိုင်ပါမယ်။

မန်စီးတီး Vs ဘရိုက်တန်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ၂ - ဝ ဘရိုက်တန် (၈ - ၁ -၂၀၂၆)
ဘရိုက်တန် ၂ - ၁ မန်စီးတီး (၃၁ - ၈ -၂၀၂၅)
မန်စီးတီး ၂ - ၂ ဘရိုက်တန် (၁၅ - ၃ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ၁ ဘရိုက်တန်
မန်စီးတီး ၂ - ၂ ဘရိုက်တန်
မန်စီးတီးအသင်းက ဒီရာသီ နည်းပြသစ် မာရက်စကာလက်ထက်မှာ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းတဲ့ခြေစွမ်းပိုင်းနဲ့ လက်ရှိအချိန်အထိ ရှုံးပွဲမရှိ သေးတဲ့အခြေအနေမှာကစားသမားတွေရဲ့ ယုံ ကြည်မှုတွေပိုရလာပြီလို့ဆိုနိုင်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ကွင်းလယ်ပိုင်းနဲ့တိုက်စစ်ပိုင်းမှာ သိသိသာ သာတိုးတက်ကောင်းမွန်လာသလို ခံစစ်ပိုင်းကလည်း လက်ရှိအချိန်အထိ ပေးဂိုးအနည်းဆုံး အသင်းတွေထဲမှာပါဝင်နေပါတယ်။ မန်စီးတီးအသင်း ဒီရာသီမှာ ပိုကောင်းလာတဲ့အချက်တွေထဲက တစ် ခုက ဖီးလ်ဖိုဒန် ရဲ့ခြေစွမ်းပိုင်း ပြန်လည်ကောင်းမွန်လာတဲ့အချက်ဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ဟာလန်းနဲ့ အတူ ပိုကောင်းတဲ့ တိုက်စစ်ပိုင်းကို ပိုင်ဆိုင်ထားပါတယ်။ ပြောရရင် မန်စီးတီးအသင်းတစ်သင်းလုံးမှာ ကစားသမားကောင်းတွေကိုပဲပိုင်ဆိုင်ထားပြီး အပြစ်ပြောစရာမရှိတဲ့ လူစာရင်းကိုလည်းပိုင်ဆိုင်ထားပါ တယ်။ ဒါပေမဲ့ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်မှာ PSG အသင်းကိုရှုံးနိမ့်ထားပြီး မန်စီးတီးထက် ပို ကောင်းတဲ့အသင်းတွေနဲ့တွေ့ရင် ကစားပုံကျဆင်းသွားတတ်တာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ ပရီး မီးယားလိဂ်မှာတော့ မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို ရမှတ် ဖြတ်ထားနိုင်သလို အမှတ်ပေး ဇယားကိုဦးဆောင်နိုင် ဖို့အတွက်လည်း ပြန်လည်ပြင်ဆင်လာဖို့ရှိနေပါတယ်။ ဒါ့ပြင် တိုက်စစ်ပိုင်းမှာ လည်း ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် (၇)ပွဲမှာ (၈)ဂိုးသွင်းထားတဲ့ ဟာလန်းလို ကစားသမား မျိုးကိုပိုင်ဆိုင်ထား ပါတယ်။ ဘရိုက်တန်အသင်းကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ဖြတ်မျဉ်းအသင်း တစ်သင်းဖြစ်လာ ဖို့ရှိနေပြီး အသင်းကြီးတွေအတွက် သတိထားစရာအသင်းတစ်သင်းလို့ ဆိုနိုင်ပါတယ်။ လက်ရှိမှာ အသင်း ကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ မန်ယူ၊ အက်စတွန်ဗီလာအသင်းတွေကို ဂိုးပြတ်ခြေစွမ်းနဲ့အနိုင်ယူထား သ လို ချဲလ်ဆီးအသင်းကိုလည်း အပြန်အလှန်သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပြီးမှသာ ရှုံးနိမ့်ထားခဲ့တာ ဖြစ် ပါတယ်။ ဒါကြောင့် ဘရိုက်တန်အသင်းနဲ့မန်စီးတီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုက ဒီရာသီမှာ စောင့် ကြည့်ချင်စရာကောင်းတဲ့အပြင် အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ထိပ်တိုက်တွေ့ ဆုံမှုတွေအရလည်း ဘရိုက်တန်အသင်းက မန်စီးတီးအသင်းနဲ့ရင်ဆိုင်ရတဲ့ ပြီးခဲ့တဲ့ရာသီက ပွဲ စဉ် (၂) ပွဲ ကို လုံးဝမရှုံးထားသလို နိုင်ပွဲတစ်ပွဲလည်းရထားတာကြောင့် မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီက အရှုံးကို လက်စားချေနိုင်မလားဆိုတာကို စောင့်ကြည့်သွားရဖို့လည်းရှိနေပါတယ်။ ဒါကြောင့် ဒီနှစ်သင်း ရဲ့ ပွဲစဉ်က အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျဖို့များပြီး နိုင်မယ်ဆိုရင်တောင် မန်စီးတီးအသင်းက (၁) ဂိုးလောက်နဲ့ကပ်နိုင်ပါမယ်။
လီဗာပူးလ် Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ဝ - ဝ လီဗာပူးလ် (၉ - ၁ -၂၀၂၆)
လီဗာပူးလ် ၁ - ဝ အာဆင်နယ် (၃၁ - ၈ -၂၀၂၅)
လီဗာပူးလ် ၂ - ၂ အာဆင်နယ် (၁၁ - ၅ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၁ - ၁ အာဆင်နယ်
လီဗာပူးလ် ၂ - ၂ အာဆင်နယ်

ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုက ပရီး မီးယားလိဂ်ပွဲစဉ်(၉)ရဲ့ အကောင်းဆုံးသော ပွဲစဉ်တစ် ပွဲဖြစ်လာဖို့ရှိနေပြီး ပြိုင်ဆိုင်မှုအနေအထားကလည်း ပြင်းထန်လာဖို့ရှိနေပါတယ်။ လီဗာပူးလ်အသင်း အနေနဲ့ ဒီရာသီအစပိုင်းမှာ ‌ခြေစွမ်းပိုင်းမကောင်းခဲ့ပေ မယ့်လည်း နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းမှာ ရောရလဒ်ပိုင်းမှာပါ တိုးတက်ကောင်းမွန်လာပြီး နိုင်ပွဲ တွေလည်း ဆက်တိုက်ရလာတာကို တွေ့ရပါ တယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းမှာ မေးခွန်းထုတ်စရာတွေ များပြားနေဆဲပြီး နည်းပြ အာရာအိုလာ အနေနဲ့လည်း ကစားသမားကောင်းတွေ များစွာရှိနေပေမယ့် ကစားပုံကောင်းကောင်းနဲ့ တည်ငြိမ်တဲ့ ခြေ စွမ်းတစ်ခုကိုရရှိဖို့ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာ ဘာကိုလာရဲ့ သွင်း ဂိုးဖြုန်းတီးမှုတွေ က တစ်ပွဲထက်တစ်ပွဲပိုဆိုးလာသလို အီဆက်ရဲ့ ခြေစွမ်းပိုင်းလိုအပ်ချက်တွေအပြင် ဖလောဒီယန်ဗစ်အ နေနဲ့လည်း လက်ရှိအချိန်အထိ လေဗာကူဆင်နဲ့ ဂျာမနီမှာကစားခဲ့တဲ့ခြေစွမ်းပိုင်းကို လီဗာပူးလ်အသင်းမှာ မပြသနိုင်သေးတဲ့သဘောမျိုးတွေရှိနေဆဲဖြစ်ပါတယ်။ ပြောရရင် လီဗာပူးလ် အ သင်းဟာ ကစားပုံအရရော လူစာရင်းပိုင်းမှာပါ တိုးတက်ကောင်းမွန်လာတာမှန်ပေမယ့် ခြေစွမ်းပိုင်း တည်ငြိမ်မှုနဲ့ နည်းပြနဲ့ကစား သမားတွေကြားက နားလည်မှုတွေ လိုအပ်နေတဲ့အသင်းအဖြစ်သာ ရှိနေ တာကိုတွေ့ရပါတယ်။ အာဆင်နယ်အသင်းကတော့ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ပွဲစဉ် တွေမှာ နိုင်ပွဲတွေဆက်တိုက်ရရှိနေပေမယ့် တိုက်စစ်ပိုင်းအတွက်ကတော့ မဖြစ်မနေ မေးခွန်းထုတ်စရာ တွေများလာရဖို့ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အာဆင်နယ်အသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲ ကစားပုံကိုထိန်းချုပ်နိုင်ပြီး အ ဘက်ဘက်ကနေ သာလွန်ကောင်းမွန်အောင် ကစားနိုင်ခဲ့ပေမယ့်လည်း နိုင်ပွဲတွေရဲ့ အဓိကအချက် ဖြစ်တဲ့ သွင်းဂိုးတွေအတွက်ကတော့ တိုက်စစ်ပိုင်းက ခက်ခဲနေတဲ့ ပုံစံမျိုး တွေကို ဆက်တိုက်မြင်လာနေရ ပါတယ်။ ဒါ့ပြင် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံ ဖြစ်ခဲ့ တဲ့ ခြေစွမ်းပိုင်းထက် အနည်း ငယ်ကျဆင်းသွားသလို ပွဲစဉ်တစ်ပွဲကို အနိုင်ရဖို့ကို ရုန်းကန်လာရတဲ့ အခြေအနေမျိုးတွေရှိလာနေပြီလို့ ပြောလို့ရနေပါတယ်။ ပြောရရင် အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ချန်ပီယံဖြစ်ခဲ့လို ချန်ပီယံစိတ်ဓာတ်နဲ့ ခံစစ်နဲ့ကွင်းလယ်ကို အသာစီးရယူပြီး ပွဲစဉ်တစ်ပွဲကို မဖြစ်မနေနဲ့ နိုင်ပွဲရဖို့ ဂိုးမပေးရဖို့ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့တော့ ပွဲစဉ်တိုင်းအတွက်အလုပ်မဖြစ်နိုင်တာကို သတိပြုဖို့လို လာပြီဖြစ်ပါတယ်။ ဒါဟာ အသင်းငယ်လေးတွေနဲ့ရင်ဆိုင်ရချိန်မှာတော့ အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပေ မယ့်အသင်းကြီးတွေနဲ့ရင်ဆိုင်ရချိန်မှာ‌‌တော့ ပေးဆပ်မှု ကြီးမားသွားနိုင်ပါတယ်။ ဒါကြောင့် အာဆင်နယ် အသင်းအနေနဲ့ တိုက်စစ်ပိုင်းက ဟာဗက်၊ ဆာကာတို့အပြင် အိုဒီဂတ်နဲ့ ဒီကလန်ရိုက်တို့ရဲ့ ဖန်တီးမှုတွေ က ဒီထက်ပိုအလုပ်လုပ်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရကတော့ ပြီးခဲ့တဲ့ ရာသီ မှာ အာဆင်နယ်အသင်းက ခြေစွမ်းပိုင်းပိုကောင်းတဲ့အပြင် နိုင်ပွဲတွေကိုလည်း အသာစီးရယူ ကစားခဲ့ တာကြောင့် အာဆင်နယ်အသင်းက ပိုကောင်းခဲ့တယ်ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လီဗာပူးလ် အသင်းရဲ့ အိမ်ကွင်းဖြစ်နေတာနဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ပိုကောင်းလာတဲ့ လီဗာပူးလ်အသင်းရဲ့ ရလဒ်ပိုင်းတွေနဲ့ ခြေစွမ်းပိုင်းတွေကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းအတွက် နိုင်ပွဲရဖို့ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီ နှစ်သင်းရဲ့ပွဲစဉ်က သရေကျဖို့များပြီး အပြန်အလှန် သွင်းဂိုးတွေကိုလည်း မြင်တွေ့ရဖို့ရှိနေပါတယ်။
၃၁- ၁၀ - ၂၀၂၆ (စနေနေ့)

ည (၇ : ဝဝ) ချဲလ်ဆီး Vs မန်ယူ
ည (၉ : ၃၀) မန်စီးတီး Vs ဘရိုက်တန်

၁ - ၁၁ - ၂၀၂၆ (တနင်္ဂနွေနေ့ )
ည (၁၁ : ဝဝ) လီဗာပူးလ် Vs အာဆင်နယ်

မူရင်းသတင်း — NP News