
Pika (NP News) - အောက်တိုဘာ ၂၉
ရုရှားနိုင်ငံရဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အဲဒီတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်က ရုရှားနိုင်ငံတစ်ဖက်ခြမ်းမှာရှိတဲ့ ကီလိုမီတာ(၆၀၀၀)အဝေးက ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
စီစဉ်ထားတဲ့ တိုက်ခိုက်ရေးလေ့ကျင့်မှုတစ်ရပ်ရဲ့ အစိတ်အပိုင်းအဖြစ် Kamchatka ကျွန်းဆွယ်အနီး Okhotskပင်လယ်ရေအောက်ထဲမှာရှိနေတဲ့ "Generalissimus Suvorov" မဟာဗျူဟာမြောက် ဒုံးကျည်တင် ရေငုပ်သင်္ဘောက Bulava ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဒုံးကျည်ရဲ့ထိပ်ဖူးတွေဟာ ပစ်လွှတ်တဲ့နေရာကနေ (၅၅၀၀-၆၀၀၀)ကီလိုမီတာအကွာအဝေးမှာရှိတဲ့ ရုရှားနိုင်ငံ Arkhangelsk ဒေသ Kanin ကျွန်းဆွယ်က သတ်မှတ်ထားတဲ့ Chizha စမ်းသပ်ကွင်းကို အောင်မြင်စွာထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။
စောင့်ကြည့်လေလာမှုတွေအရ ဒုံးကျည်ထိပ်ဖူးတွေဟာ သတ်မှတ်ချိန်အတိုင်း ပစ်မှတ်ဧရိယာကိုရောက်ရှိလာခဲ့ပြီး ယခုတစ်ကြိမ်လေ့ကျင့်မှုက အောင်မြင်တဲ့လေ့ကျင့်မှုတစ်ခုဖြစ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ပြီးတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရေငုပ်သင်္ဘောက ပင်လယ်ပြင်မှာရွေ့လျားသွားလာနေပုံနဲ့ သင်္ဘောအတွင်းပိုင်းမှာ ဝန်ထမ်းတွေက ထိန်းချုပ်စနစ်တွေကို ကိုင်တွယ်လုပ်ဆောင်နေတဲ့ ဗီဒီယိုဖိုင်ကိုထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
႐ုရွားေရငုပ္သေဘၤာတစ္စီးက တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္တစ္စင္းကို ေအာင္ျမင္စြာစမ္းသပ္ပစ္လႊတ္
Pika (NP News) - ေအာက္တိုဘာ ၂၉
႐ုရွားႏိုင္ငံရဲ႕ န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာတစ္စင္းဟာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္တစ္စင္းကို ေအာင္ျမင္စြာစမ္းသပ္ပစ္လႊတ္ႏိုင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီတိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္က ႐ုရွားႏိုင္ငံတစ္ဖက္ျခမ္းမွာရွိတဲ့ ကီလိုမီတာ(၆၀၀၀)အေဝးက ပစ္မွတ္ကို တိုက္႐ိုက္ထိမွန္ခဲ့တယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။
စီစဥ္ထားတဲ့ တိုက္ခိုက္ေရးေလ့က်င့္မႈတစ္ရပ္ရဲ႕ အစိတ္အပိုင္းအျဖစ္ Kamchatka ကြၽန္းဆြယ္အနီး Okhotskပင္လယ္ေရေအာက္ထဲမွာရွိေနတဲ့ "Generalissimus Suvorov" မဟာဗ်ဴဟာေျမာက္ ဒုံးက်ည္တင္ ေရငုပ္သေဘၤာက Bulava ဒုံးက်ည္ကို စမ္းသပ္ပစ္လႊတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဒုံးက်ည္ရဲ႕ထိပ္ဖူးေတြဟာ ပစ္လႊတ္တဲ့ေနရာကေန (၅၅၀၀-၆၀၀၀)ကီလိုမီတာအကြာအေဝးမွာရွိတဲ့ ႐ုရွားႏိုင္ငံ Arkhangelsk ေဒသ Kanin ကြၽန္းဆြယ္က သတ္မွတ္ထားတဲ့ Chizha စမ္းသပ္ကြင္းကို ေအာင္ျမင္စြာထိမွန္ခဲ့တယ္လို႔လည္း သိရပါတယ္။
ေစာင့္ၾကည့္ေလလာမႈေတြအရ ဒုံးက်ည္ထိပ္ဖူးေတြဟာ သတ္မွတ္ခ်ိန္အတိုင္း ပစ္မွတ္ဧရိယာကိုေရာက္ရွိလာခဲ့ၿပီး ယခုတစ္ႀကိမ္ေလ့က်င့္မႈက ေအာင္ျမင္တဲ့ေလ့က်င့္မႈတစ္ခုျဖစ္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ၿပီးေတာ့ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေရငုပ္သေဘၤာက ပင္လယ္ျပင္မွာေ႐ြ႕လ်ားသြားလာေနပုံနဲ႔ သေဘၤာအတြင္းပိုင္းမွာ ဝန္ထမ္းေတြက ထိန္းခ်ဳပ္စနစ္ေတြကို ကိုင္တြယ္လုပ္ေဆာင္ေနတဲ့ ဗီဒီယိုဖိုင္ကိုထုတ္ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။