Pika (NP News) - အောက်တိုဘာလ ၂၉
ပြင်သစ်နိုင်ငံရဲ့အထက်လွှတ်တော်ဟာ အကြမ်းဖက်ဆန္ဒပြပွဲတွေမှာပါဝင်သူတွေအနေနဲ့ ၎င်းတို့ကိုယ်တိုင်ကျူးလွန်တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက်သာမက ၎င်းတို့ပါဝင်တဲ့အုပ်စုတွင်းက အခြားသူတွေကျူးလွန်တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက်ပါ ယူရို(၁)သောင်းအထိ လျော်ကြေးပေးဆောင်ဖို့ တာဝန်ရှိလာစေနိုင်တဲ့ ဥပဒေမူကြမ်းတစ်ခုကို ထောက်ခံအတည်ပြုလိုက်တယ်လို့ သိရပါတယ်။
အဲဒီဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်မှုတွေက နိုင်ငံတစ်ဝှမ်းမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ပစ္စည်းလုယက်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ၊ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီဥပဒေမူကြမ်းကို ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ်ဖလားကိုအနိုင်ရရှိခဲ့ပြီးနောက် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပြီးမှာ ပြင်သစ်အစိုးရက ရေးဆွဲခဲ့တာဖြစ်ပေမယ့်လည်း မကြာသေးခင်က ထပ်မံဖြစ်ပွားလာခဲ့တဲ့ အုပ်စုလိုက်အကြမ်းဖက်မှုတွေကြောင့် ချက်ချင်းအကောင်အထည်ဖော်ဖို့ အရေးတကြီးလိုအပ်လာခဲ့တာလည်းဖြစ်ပါတယ်။
ယခုလအတွင်း ပြင်သစ်နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာ နေထိုင်မှုစရိတ်မြင့်တက်လာခြင်းနဲ့ ပညာရေးဆိုင်ရာအရည်အသွေးကျဆင်းလာမှုတို့ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေက အကြမ်းဖက်မှုတွေအဖြစ်ကို ပြောင်းလဲလာခဲ့တာလည်းဖြစ်ပါတယ်။
ဆန္ဒပြပွဲတွေအတွင်း ပါဝင်သူအချို့က ဆိုင်တွေကိုလုယက်တာ၊ ယာဉ်တွေကိုမီးရှို့ဖျက်ဆီးတာတွေနဲ့ (၁၉)ရာစုကတည်ဆောက်ခဲ့တဲ့ Limoges မြို့က မြို့တော်ခန်းမကို ဖျက်ဆီးတာမျိုးတွေ လုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း လူထောင်ပေါင်းများစွာကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
လက်ဝဲယိမ်းအုပ်စုတွေရဲ့ ကန့်ကွက်မှုတွေရှိနေပေမယ့်လည်း အဲဒီဥပဒေမူကြမ်းကို အထက်လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် အဲဒီဥပဒေမူကြမ်းက မကောင်းတဲ့လုပ်ရပ်တွေနဲ့ အခွန်ထမ်းပြည်သူတွေအပြင် အခြားဆန္ဒပြသူတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဖျက်ဆီးသူတွေနဲ့လုယက်သူတွေကို တားဆီးဖို့၊ပျက်စီးဆုံးရှုံးမှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့လူတွေကို ပိုမိုကောင်းမွန်စွာလျော်ကြေးပေးနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး လောရန့်နူးနက်ဇ်က ပြောကြားခဲ့ပါတယ်။

zawgyi version
ဆူပူအုံႂကြမႈေတြကို ၿဖိဳခြင္းဖို႔ ဥပေဒမူၾကမ္းအသစ္တစ္ရပ္ကို ျပင္သစ္အစိုးရ ေရးဆြဲစီစဥ္ေန
Pika (NP News) - ေအာက္တိုဘာလ ၂၉
ျပင္သစ္ႏိုင္ငံရဲ႕အထက္လႊတ္ေတာ္ဟာ အၾကမ္းဖက္ဆႏၵျပပြဲေတြမွာပါဝင္သူေတြအေနနဲ႔ ၎တို႔ကိုယ္တိုင္က်ဴးလြန္တဲ့ ပ်က္စီးဆုံးရႈံးမႈေတြအတြက္သာမက ၎တို႔ပါဝင္တဲ့အုပ္စုတြင္းက အျခားသူေတြက်ဴးလြန္တဲ့ ပ်က္စီးဆုံးရႈံးမႈေတြအတြက္ပါ ယူ႐ို(၁)ေသာင္းအထိ ေလ်ာ္ေၾကးေပးေဆာင္ဖို႔ တာဝန္ရွိလာေစႏိုင္တဲ့ ဥပေဒမူၾကမ္းတစ္ခုကို ေထာက္ခံအတည္ျပဳလိုက္တယ္လို႔ သိရပါတယ္။
အဲဒီဥပေဒမူၾကမ္းနဲ႔ပတ္သက္ၿပီး မဲခြဲဆုံးျဖတ္မႈေတြက ႏိုင္ငံတစ္ဝွမ္းမွာျဖစ္ပြားခဲ့တဲ့ ဆႏၵျပပြဲေတြအတြင္း ပစၥည္းလုယက္မႈေတြ၊ မီးရႈိ႕ဖ်က္ဆီးမႈေတြ၊ ရဲတပ္ဖြဲ႕နဲ႔ထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ေပၚေပါက္လာခဲ့တာလည္းျဖစ္ပါတယ္။
အဲဒီဥပေဒမူၾကမ္းကို ပီအက္စ္ဂ်ီအသင္းက ခ်န္ပီယံလိဂ္ဖလားကိုအႏိုင္ရရွိခဲ့ၿပီးေနာက္ ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္မႈေတြအၿပီးမွာ ျပင္သစ္အစိုးရက ေရးဆြဲခဲ့တာျဖစ္ေပမယ့္လည္း မၾကာေသးခင္က ထပ္မံျဖစ္ပြားလာခဲ့တဲ့ အုပ္စုလိုက္အၾကမ္းဖက္မႈေတြေၾကာင့္ ခ်က္ခ်င္းအေကာင္အထည္ေဖာ္ဖို႔ အေရးတႀကီးလိုအပ္လာခဲ့တာလည္းျဖစ္ပါတယ္။
ယခုလအတြင္း ျပင္သစ္ႏိုင္ငံတစ္ဝွမ္းက ၿမိဳ႕ႀကီးေတြမွာ ေနထိုင္မႈစရိတ္ျမင့္တက္လာျခင္းနဲ႔ ပညာေရးဆိုင္ရာအရည္အေသြးက်ဆင္းလာမႈတို႔ကို ဆန႔္က်င္တဲ့ဆႏၵျပပြဲေတြက အၾကမ္းဖက္မႈေတြအျဖစ္ကို ေျပာင္းလဲလာခဲ့တာလည္းျဖစ္ပါတယ္။
ဆႏၵျပပြဲေတြအတြင္း ပါဝင္သူအခ်ိဳ႕က ဆိုင္ေတြကိုလုယက္တာ၊ ယာဥ္ေတြကိုမီးရႈိ႕ဖ်က္ဆီးတာေတြနဲ႔ (၁၉)ရာစုကတည္ေဆာက္ခဲ့တဲ့ Limoges ၿမိဳ႕က ၿမိဳ႕ေတာ္ခန္းမကို ဖ်က္ဆီးတာမ်ိဳးေတြ လုပ္ခဲ့ၾကၿပီး ရဲတပ္ဖြဲ႕ကလည္း လူေထာင္ေပါင္းမ်ားစြာကို ဖမ္းဆီးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔သိရပါတယ္။
လက္ဝဲယိမ္းအုပ္စုေတြရဲ႕ ကန႔္ကြက္မႈေတြရွိေနေပမယ့္လည္း အဲဒီဥပေဒမူၾကမ္းကို အထက္လႊတ္ေတာ္အမတ္ေတြက မဲခြဲဆုံးျဖတ္မႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ အတည္ျပဳခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ အဲဒီဥပေဒမူၾကမ္းက မေကာင္းတဲ့လုပ္ရပ္ေတြနဲ႔ အခြန္ထမ္းျပည္သူေတြအျပင္ အျခားဆႏၵျပသူေတြအေပၚ ဝန္ထုပ္ဝန္ပိုးျဖစ္ေစတဲ့ ဖ်က္ဆီးသူေတြနဲ႔လုယက္သူေတြကို တားဆီးဖို႔၊ပ်က္စီးဆုံးရႈံးမႈေတြေၾကာင့္ ထိခိုက္နစ္နာခဲ့ရတဲ့လူေတြကို ပိုမိုေကာင္းမြန္စြာေလ်ာ္ေၾကးေပးႏိုင္ဖို႔ ရည္႐ြယ္ထားတာျဖစ္တယ္လို႔ ျပည္ထဲေရးဝန္ႀကီး ေလာရန႔္ႏူးနက္ဇ္က ေျပာၾကားခဲ့ပါတယ္။