
Pika (NP News) - အောက်တိုဘာလ ၂၉
စပိန်နိုင်ငံ မက်ဒရစ်မြို့တောင်ဘက်မှာ မြန်နှုန်းမြင့်ရထားနှစ်စီး တိုက်မိခဲ့တာကြောင့် အနည်းဆုံးလူ(၆၈)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂ဝဝ)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီမတော်တဆမှုဟာ ယခုရာစုနှစ်အတွင်း ဥရောပမှာဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး ရထားမတော်တဆမှုတွေထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီဖြစ်ရပ်က ယခုနှစ်အတွင်း စပိန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဒုတိယမြောက်ရထားမတော်တဆမှုတစ်ခုဖြစ်တာကြောင့် ရထားလမ်းဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့လည်း ဒီဖြစ်ရပ်က အမှားအယွင်းတစ်ခုကြောင့်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရှင်းပြလို့မရတဲ့ အခြေအနေတွေပါဝင်ပတ်သက်နေတယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ ရထားတစ်စီးက အခြားရထားတစ်စီးကို ဝင်ဆောင့်မိထားပြီး အချို့ရထားတွဲတွေက လမ်းဘေးမှာ လဲကျပျက်စီးနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ထို့နောက် ကယ်ဆယ်ရေးဝန်ထမ်းတွေက ဒရုန်းတွေ၊ ကရိန်းစက်တွေကို အသုံးပြုပြီး ပျက်စီးကြေမွနေတဲ့ သတ္တအပိုင်းအစတွေကိုဖယ်ရှားတာ၊ နောက်ထပ်သေဆုံးသူရှိ/မရှိဆိုတာကိုလည်း ရှာဖွေမှုတွေလုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
တာဝန်ရှိသူတစ်ဦးက”ရထားတွဲတွေကို ဖယ်ရှားလိုက်တဲ့အချိန်မှာ နောက်ထပ်ရုပ်အလောင်းတွေ တွေ့မလားဆိုတာ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး”လို့ပြောဆိုခဲ့ပါတယ်။

zawgyi version
စပိန်နိုင်ငံမှာ မြန်နှုန်းမြင့်ရထားနှစ်စီးတိုက်မိခဲ့ပြီး သေဆုံးသူအရေအတွက်(၇၀)နီးပါးအထိရှိလာ