NP News

ကျူးဘားကို ချမှတ်ထားသည့် ပိတ်ဆို့မှုများ ဖယ်ရှားရန် ကုလသမဂ္ဂ တောင်းဆို

ဂျန်ဇက် (NP News) - အောက်တိုဘာလ ၂၉

​ကုလသမဂ္ဂ အထွေထွေညီလာခံက ကျူးဘားနိုင်ငံအပေါ် ချမှတ်ထားသော အမေရိကန်၏ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ငွေကြေးဆိုင်ရာပိတ်ဆို့မှုများကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

သို့သော်ဆုံးဖြတ်ချက်အတွက် ထောက်ခံမှုမှာ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း အားနည်းဆုံး ဖြစ်လာခဲ့သည်။ အဆိုပါ အဆိုကို ထောက်ခံမဲ (၁၃၀)၊ ကန့်ကွက်မဲ (၁၇) နှင့် ကြားနေမဲ (၂၅) မဲဖြင့် အတည်ပြုခဲ့သည်။ ယခင်နှစ်ကမူ ထောက်ခံမဲ (၁၆၅) မဲ၊ ကန့်ကွက်မဲ (၇) မဲ၊ နှင့် ကြားနေမဲ (၁၂) မဲတို့ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဗင်နီဇွဲလားသမ္မတအား နယူးယောက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုနှင့် ဆက်စပ်ပြီး အမေရိကန်၏ လောင်စာဆီ ပိတ်ဆို့မှုများကြောင့် ပိုမိုဆိုးရွားလာခဲ့သည့် ပြင်းထန်သော စွမ်းအင် အကျပ်အတည်းနှင့် ကျူးဘားနိုင်ငံရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ မဲခွဲဆုံးဖြတ်မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါအကျပ်အတည်းက ကျူးဘားနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ၏ ဘဝကို ပိုမိုခက်ခဲစေခဲ့သည်။ကျူးဘားနိုင်ငံက တင်သွင်းခဲ့သော ယခုဆုံးဖြတ်ချက်တွင် အချုပ်အခြာအာဏာ တန်းတူညီမျှရေး၊ ပြည်တွင်းရေးရာများတွင် ဝင်ရောက်စွက်ဖက်မှုမရှိရေးနှင့် ကုန်သွယ်ရေးနှင့် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်စသည့် ကုလသမဂ္ဂအခြေခံမူများကို ကိုးကားဖော်ပြထားသည်။

အမေရိကန် သံအမတ်ကြီးမိုက်ဝေါဇ့်က ကျူးဘား၏ ဒုက္ခပြဿနာများသည် ၎င်းတို့၏ ကိုယ်ပိုင်အစိုးရကြောင့်သာ ဖြစ်သည်ဟု ငြင်းခုံပြောဆိုလျက် ဆွေးနွေးပြောဆိုချက်များကိုငြင်းပယ်ခဲ့သည်။
​"ပိတ်ဆို့တားဆီးမှု ဆိုတာ မရှိပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။ (၂၀၂၆) ခုနှစ်၏ ပထမ (၈ လအတွင်း ကျူးဘားနိုင်ငံသို့ အမေရိကန်၏ ပို့ကုန် ဒေါ်လာ ၈၇၆ သန်းကျော် တင်ပို့ခဲ့မှုအပြင် ကနေဒါ၊ စပိန်၊ မက်ဆီကို၊ တရုတ်၊ ရုရှား၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ အေဂျင်စီများထံမှ ကုန်ပစ္စည်း ပေးပို့မှုများကိုလည်း ၎င်းက ထောက်ပြခဲ့သည်။

နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုများသည် ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ သာမန်ကျူးဘားပြည်သူများထံမှ အုပ်ချုပ်သူ လူနည်းစုအထက်တန်းလွှာထံသို့ လက်ပြောင်းသွားခြင်းသာ ဖြစ်သည်ဟု အမေရိကန်သံအမတ်ကြီးကပြောသည်။ ၎င်းက စစ်တပ်က ဦးဆောင်မောင်းနှင်နေသော စီးပွားရေး လက်ဝါးကြီးအုပ်မှုသည် အရင်းအမြစ်များကို စုဆောင်းသိမ်းဆည်းထားကြောင်း စွပ်စွဲခဲ့သည်။

zawgyi version

က်ဴးဘားကို ခ်မွတ္ထားသည့္ ပိတ္ဆို႔မႈမ်ား ဖယ္ရွားရန္ ကုလသမဂၢ ေတာင္းဆို

ဂ်န္ဇက္ (NP News) - ေအာက္တိုဘာလ ၂၉

​ကုလသမဂၢ အေထြေထြညီလာခံက က်ဴးဘားႏိုင္ငံအေပၚ ခ်မွတ္ထားေသာ အေမရိကန္၏ စီးပြားေရး၊ ကူးသန္းေရာင္းဝယ္ေရးႏွင့္ ေငြေၾကးဆိုင္ရာပိတ္ဆို႔မႈမ်ားကို အဆုံးသတ္ရန္ ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။
သို႔ေသာ္ဆုံးျဖတ္ခ်က္အတြက္ ေထာက္ခံမႈမွာ လြန္ခဲ့ေသာ ဆယ္စုႏွစ္ ႏွစ္ခုအတြင္း အားနည္းဆုံး ျဖစ္လာခဲ့သည္။ အဆိုပါ အဆိုကို ေထာက္ခံမဲ (၁၃၀)၊ ကန႔္ကြက္မဲ (၁၇) ႏွင့္ ၾကားေနမဲ (၂၅) မဲျဖင့္ အတည္ျပဳခဲ့သည္။ ယခင္ႏွစ္ကမူ ေထာက္ခံမဲ (၁၆၅) မဲ၊ ကန႔္ကြက္မဲ (၇) မဲ၊ ႏွင့္ ၾကားေနမဲ (၁၂) မဲတို႔ျဖင့္ အတည္ျပဳခဲ့ျခင္း ျဖစ္သည္။
ဗင္နီဇြဲလားသမၼတအား နယူးေယာက္သို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့မႈႏွင့္ ဆက္စပ္ၿပီး အေမရိကန္၏ ေလာင္စာဆီ ပိတ္ဆို႔မႈမ်ားေၾကာင့္ ပိုမိုဆိုး႐ြားလာခဲ့သည့္ ျပင္းထန္ေသာ စြမ္းအင္ အက်ပ္အတည္းႏွင့္ က်ဴးဘားႏိုင္ငံရင္ဆိုင္ေနရခ်ိန္တြင္ ယခုကဲ့သို႔ မဲခြဲဆုံးျဖတ္မႈ ထြက္ေပၚလာျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါအက်ပ္အတည္းက က်ဴးဘားႏိုင္ငံတစ္ဝွမ္းရွိ ျပည္သူမ်ား၏ ဘဝကို ပိုမိုခက္ခဲေစခဲ့သည္။က်ဴးဘားႏိုင္ငံက တင္သြင္းခဲ့ေသာ ယခုဆုံးျဖတ္ခ်က္တြင္ အခ်ဳပ္အျခာအာဏာ တန္းတူညီမွ်ေရး၊ ျပည္တြင္းေရးရာမ်ားတြင္ ဝင္ေရာက္စြက္ဖက္မႈမရွိေရးႏွင့္ ကုန္သြယ္ေရးႏွင့္ ေရေၾကာင္းသြားလာမႈ လြတ္လပ္ခြင့္စသည့္ ကုလသမဂၢအေျခခံမူမ်ားကို ကိုးကားေဖာ္ျပထားသည္။
အေမရိကန္ သံအမတ္ႀကီးမိုက္ေဝါဇ့္က က်ဴးဘား၏ ဒုကၡျပႆနာမ်ားသည္ ၎တို႔၏ ကိုယ္ပိုင္အစိုးရေၾကာင့္သာ ျဖစ္သည္ဟု ျငင္းခုံေျပာဆိုလ်က္ ေဆြးေႏြးေျပာဆိုခ်က္မ်ားကိုျငင္းပယ္ခဲ့သည္။
​"ပိတ္ဆို႔တားဆီးမႈ ဆိုတာ မရွိပါဘူး" ဟု ၎က ေျပာၾကားခဲ့သည္။ (၂၀၂၆) ခုႏွစ္၏ ပထမ (၈ လအတြင္း က်ဴးဘားႏိုင္ငံသို႔ အေမရိကန္၏ ပို႔ကုန္ ေဒၚလာ ၈၇၆ သန္းေက်ာ္ တင္ပို႔ခဲ့မႈအျပင္ ကေနဒါ၊ စပိန္၊ မက္ဆီကို၊ တ႐ုတ္၊ ႐ုရွား၊ ဥေရာပသမဂၢႏွင့္ ကုလသမဂၢ ေအဂ်င္စီမ်ားထံမွ ကုန္ပစၥည္း ေပးပို႔မႈမ်ားကိုလည္း ၎က ေထာက္ျပခဲ့သည္။
ႏိုင္ငံ၏ ႂကြယ္ဝခ်မ္းသာမႈမ်ားသည္ ေပ်ာက္ကြယ္သြားျခင္းမဟုတ္ဘဲ သာမန္က်ဴးဘားျပည္သူမ်ားထံမွ အုပ္ခ်ဳပ္သူ လူနည္းစုအထက္တန္းလႊာထံသို႔ လက္ေျပာင္းသြားျခင္းသာ ျဖစ္သည္ဟု အေမရိကန္သံအမတ္ႀကီးကေျပာသည္။ ၎က စစ္တပ္က ဦးေဆာင္ေမာင္းႏွင္ေနေသာ စီးပြားေရး လက္ဝါးႀကီးအုပ္မႈသည္ အရင္းအျမစ္မ်ားကို စုေဆာင္းသိမ္းဆည္းထားေၾကာင္း စြပ္စြဲခဲ့သည္။

မူရင်းသတင်း — NP News