NP News

အမေရိကန်နှင့် ဂျပန်နိုင်ငံကြား ဒုံးကျည်ထုတ်လုပ်ရန် သဘောတူ

ဂျန်ဇက် (NP News) - အောက်တိုဘာလ ၂၉

အဆင့်မြင့် တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များကို ပူးတွဲထုတ်လုပ်ရန်အတွက် ဂျပန်နိုင်ငံ၏ စက်ရုံတစ်ရုံကို တည်ထောင်ရန် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ သဘောတူညီခဲ့ကြကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးများနှင့် အဓိက အာရှနှင့် အနောက်နိုင်ငံများမှ လုပ်ဖော်ကိုင်ဖက်များ၏ နှစ်ပတ်လည် အစည်းအဝေး၏ နားချိန်အတွင်းပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတစ်ခုတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအီဇူမီက ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နှစ်ပတ်လည် အစည်းအဝေးများသည် ဒေသတွင်း ပဋိပက္ခကြီးများ ဖြစ်ပွားမှုကို တားဆီးရန်နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်းသိရသည်။

Operation Supercharge ဟုခေါ်ဆိုသော ပူးတွဲကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထုတ်လုပ်မည့် ဒုံးကျည်များသည် "F-35 ဂျက်တိုက်လေယာဉ်များအတွက် မရှိမဖြစ်လိုအပ်သည်" ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးကပြောသည်။အမေရိကန်လုပ် F-35 ဂျက်တိုက်လေယာဉ်များသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး လေယာဉ်တစ်စင်းဖြစ်ပြီး ဂျပန်စစ်တပ်ကလည်း အသုံးပြုလျက်ရှိသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးက ပိုမိုဆိုးရွားလာနေသော ဒေသတွင်း အခြေအနေများနှင့် ပတ်သက်၍ အကျပ်အတည်း ဖြစ်ပေါ်နေမှုကိုအတူတကွ ခံစားရပါကြောင်း၊ ဂျပန်-အမေရိကန် မဟာမိတ်အဖွဲ့၏ ဟန့်တားနိုင်စွမ်းနှင့် တုံ့ပြန်နိုင်စွမ်းများကို ယခင်ကထက် ပိုမိုမြန်ဆန်ပြင်းထန်သော အဟုန်ဖြင့် မြှင့်တင်ရန် သဘောတူညီခဲ့ကြသည် ဟု ပြောကြားခဲ့သည်။

အင်အားသုံးခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် လက်ရှိအခြေအနေကို တစ်ဖက်သတ် ပြောင်းလဲရန် ကြိုးပမ်းမှုမှန်သမျှကို ရှုတ်ချပြီး တရားဥပဒေစိုးမိုးမှုအပေါ် အခြေခံသည့် လွတ်လပ်၍ ပွင့်လင်းသော နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းစနစ်၏ အရေးပါမှုကိုထပ်မံအတည်ပြုကြောင်း ၄င်းကပြောသည်။

zawgyi version

အေမရိကန္ႏွင့္ ဂ်ပန္ႏိုင္ငံၾကား ဒုံးက်ည္ထုတ္လုပ္ရန္ သေဘာတူ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာလ ၂၉

အဆင့္ျမင့္တာလတ္ပစ္ေလေၾကာင္းရန္ကာကြယ္ေရး ဒုံးက်ည္မ်ားကို ပူးတြဲထုတ္လုပ္ရန္အတြက္ ဂ်ပန္ႏိုင္ငံ၏ စက္႐ုံတစ္႐ုံကို တည္ေထာင္ရန္ အေမရိကန္ႏွင့္ ဂ်ပန္ႏိုင္ငံတို႔ သေဘာတူညီခဲ့ၾကေၾကာင္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီးကေျပာၾကားခဲ့သည္။
အေရွ႕ေတာင္အာရွ ကာကြယ္ေရးဝန္ႀကီးမ်ားႏွင့္ အဓိက အာရွႏွင့္ အေနာက္ႏိုင္ငံမ်ားမွ လုပ္ေဖာ္ကိုင္ဖက္မ်ား၏ ႏွစ္ပတ္လည္ အစည္းအေဝး၏ နားခ်ိန္အတြင္းျပဳလုပ္ခဲ့သည့္ေဆြးေႏြးပြဲတစ္ခုတြင္ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး ႏွင့္ ေတြ႕ဆုံခဲ့ၿပီးေနာက္ဂ်ပန္ကာကြယ္ေရးဝန္ႀကီး ကိုအီဇူမီက ယခုကဲ့သို႔ ေၾကညာခဲ့ျခင္း ျဖစ္သည္။
အဆိုပါ ႏွစ္ပတ္လည္ အစည္းအေဝးမ်ားသည္ ေဒသတြင္း ပဋိပကၡႀကီးမ်ား ျဖစ္ပြားမႈကို တားဆီးရန္ႏွင့္ ကာကြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ရန္ ရည္႐ြယ္ေၾကာင္းသိရသည္။
Operation Supercharge ဟုေခၚဆိုေသာ ပူးတြဲႀကိဳးပမ္းမႈ၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ ထုတ္လုပ္မည့္ ဒုံးက်ည္မ်ားသည္ "F-35 ဂ်က္တိုက္ေလယာဥ္မ်ားအတြက္ မရွိမျဖစ္လိုအပ္သည္" ဟု ဂ်ပန္ကာကြယ္ေရးဝန္ႀကီးကေျပာသည္။အေမရိကန္လုပ္ F-35 ဂ်က္တိုက္ေလယာဥ္မ်ားသည္ ကမာၻေပၚတြင္ အဆင့္အျမင့္ဆုံး ေလယာဥ္တစ္စင္းျဖစ္ၿပီး ဂ်ပန္စစ္တပ္ကလည္း အသုံးျပဳလ်က္ရွိသည္။
ဂ်ပန္ကာကြယ္ေရးဝန္ႀကီးကပိုမိုဆိုး႐ြားလာေနေသာ ေဒသတြင္း အေျခအေနမ်ားႏွင့္ ပတ္သက္၍ အက်ပ္အတည္း ျဖစ္ေပၚေနမႈကိုအတူတကြ ခံစားရပါေၾကာင္း၊ ဂ်ပန္-အေမရိကန္ မဟာမိတ္အဖြဲ႕၏ ဟန႔္တားႏိုင္စြမ္းႏွင့္ တုံ႔ျပန္ႏိုင္စြမ္းမ်ားကို ယခင္ကထက္ ပိုမိုျမန္ဆန္ျပင္းထန္ေသာ အဟုန္ျဖင့္ ျမႇင့္တင္ရန္ သေဘာတူညီခဲ့ၾကသည္ ဟု ေျပာၾကားခဲ့သည္။

အင္အားသုံးျခင္း၊ ၿခိမ္းေျခာက္ျခင္း သို႔မဟုတ္ အျခားနည္းလမ္းမ်ားျဖင့္ လက္ရွိအေျခအေနကို တစ္ဖက္သတ္ ေျပာင္းလဲရန္ ႀကိဳးပမ္းမႈမွန္သမွ်ကို ရႈတ္ခ်ၿပီး တရားဥပေဒစိုးမိုးမႈအေပၚ အေျခခံသည့္ လြတ္လပ္၍ ပြင့္လင္းေသာ ႏိုင္ငံတကာ စည္းမ်ဥ္းစည္းကမ္းစနစ္၏ အေရးပါမႈကိုထပ္မံအတည္ျပဳေၾကာင္း ၄င္းကေျပာသည္။

မူရင်းသတင်း — NP News