NP News

Follower ၂၂ သန်းကျော်နဲ့ Spotify မှာ စံချိန်သစ်တင်လိုက်တဲ့ BTS အဖွဲ့ဝင် ဂျောင်ကု

ရောင်နီ (NP News) - အောက်တိုဘာ ၂၈

ကမ္ဘာကျော် တောင်ကိုရီးယား အမျိုးသားတေးဂီတအဖွဲ့ BTS ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဂျောင်ကုဟာ ကမ္ဘာ့အကြီးဆုံး ဂီတထုတ်လွှင့်မှုပလက်ဖောင်းဖြစ်တဲ့ Spotify မှာ Follower ၂၂ သန်းကို ကျော်လွန်သွားခဲ့ပြီး အာရှအနုပညာရှင်တွေထဲမှာ ဒီမှတ်တိုင်ကို အမြန်ဆုံး စိုက်ထူနိုင်တဲ့ အဆိုရှင်ဖြစ်လာခဲ့ပါတယ်။

ဂျောင်ကုဟာ သူ့ရဲ့တရားဝင် Spotify အကောင့်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၃ နှစ်နဲ့ ၈ လအကြာမှာ အခုလို စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်နောက်ပိုင်း တစ်ကိုယ်တော် သီချင်းသစ် (သို့မဟုတ်) အယ်လ်ဘမ်အသစ်ထွက်ရှိထားခြင်း မရှိသေးပေမယ့်လည်း သူ့ကို အားပေးသူဦးရေ ဆက်လက်တိုးပွားနေခြင်းက ဂီတသြဇာကြီးမားမှုကို ဖော်ပြနေပါတယ်။
ဒါအပြင် သူရဲ့ပထမဆုံး တစ်ကိုယ်တော်သီချင်းဖြစ်တဲ့ "Seven" ဟာ Spotify မှာ စုစုပေါင်း နားဆင်မှု (Streams) အကြိမ်ရေ ၃.၁ ဘီလီယံကျော်လွန်ခဲ့တာကြောင့် အာရှအနုပညာရှင်တစ်ဦးအတွက် ပထမဆုံး သမိုင်းဝင်စံချိန် ဖြစ်လာခဲ့ပါတယ်။ ၄င်းရဲ့ "Seven" နဲ့ "Standing Next to You" သီချင်း နှစ်ပုဒ်စလုံးဟာ နားဆင်မှု ၁.၅ ဘီလီယံကျော်စီ အသီးသီး ရရှိထားတာကြောင့် ဂျောင်ကု ဟာ Spotify မှာ နားဆင်မှု ၁.၅ ဘီလီယံကျော် ရရှိတဲ့ သီချင်းနှစ်ပုဒ် ပိုင်ဆိုင်တဲ့ ပထမဆုံး K-pop တစ်ကိုယ်တော် အဆိုရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
လက်ရှိ "Seven"၊ "Standing Next to You"၊ "3D" နှင့် ချာလီပုစ် နဲ့ တွဲဖက်သီဆိုထားတဲ့ Left and Right" အပါအဝင် သီချင်း ၄ ပုဒ်စလုံးမှာ နားဆင်မှု အကြိမ်ရေ ၁ ဘီလီယံစီ ကျောလွန်ထားပြီး ဖြစ်ပြီး တစ်ကိုယ်တော် ထွက်ရှိထားသမျှ သီချင်းအားလုံးရဲ့ စုစုပေါင်း နားဆင်မှုပမာဏဟာ ၁၁.၆၆ ဘီလီယံနီးပါးအထိ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News