NP News

အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာသွားလာနေတဲ့သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်တိုက်ခိုက်ဖျက်ဆီး

Pika (NP News) - အောက်တိုဘာ ၂၈

အရှေ့ပစိဖိတ်ဒေသမှာ သွားလာနေတဲ့သင်္ဘောတစ်စီးကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး လူ(၅)ဦးသေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အမေရိကန်က မူးယစ်မှောင်ခိုသမားတွေကို ပစ်မှတ်ထားတယ်လို့ ပြောဆိုထားပေမယ့် လူ့အခွင့်အရေးသမားတွေတော့ တရားဥပဒေပြင်ပသတ်ဖြတ်မှုတွေအဖြစ် ပြစ်တင်ရှုတ်ချထားတဲ့တိုက်ခိုက်မှုတွေထဲမှာ နောက်ဆုံးအကြိမ်ထွက်ပေါ်လာတဲ့တိုက်ခိုက်မှုတစ်ခုလည်းဖြစ်ပါတယ်။
အရှေ့ပစိဖိတ်ဒေသမှာ မူးယစ်ဆေးဝါးမှောင်ခိုကူးတဲ့လမ်းကြောင်းတွေအတိုင်းသွားလာနေတဲ့အမြန်သွားရေယာဉ်တစ်စင်းကို တိကျတဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က ထုတ်တ်ပြန်ပြောဆိုခဲ့ပါတယ်။

အဲဒီသင်္ဘောဟာ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတွေမှာပါဝင်နေတယ်ဆိုတာ အတည်ပြုပြီးသားထောက်လှမ်းရေးအချက်အလက်တွေအရ သိထားရတယ်လို့ အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က ပြောကြားထားပေမယ့်လည်း နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုထားတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် လူ(၅)ဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူတွေအားလုံးက မူးယစ်ဆေးဝါး-အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က ပြောကြားထားပါတယ်။

(၂၀၂၅)ခုနှစ်စက်တင်ဘာလကနေစတင်ပြီး ၎င်းတို့တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ သင်္ဘောတွေအားလုံးက မူးယစ်ဆေးဝါးမှောင်ခိုကူးတဲ့သင်္ဘောတွေဖြစ်တယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ပြောဆိုထားပါတယ်။
ကာရေဘီယံပင်လယ်ပြင် နှင့် အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာ အမေရိကန်စစ်တပ်က အလားတူ တိုက်ခိုက်မှုမျိုးတွေကို အကြိမ်ပေါင်းများစွာလုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိ လူပေါင်း(၂၃၀)ကျော် သေဆုံးထားတယ်လို့သိရပါတယ်။

မူရင်းသတင်း — NP News