NP News

အီရန်နဲ့ဖြစ်ပွားမယ့်ပြင်းထန်တဲ့စစ်ပွဲအတွက် ပြင်ဆင်ထားကြဖို့ ပင်လယ်ကွေ့နိုင်ငံတွေကို အမေရိကန်သတိပေး

Pika (NP News) - အောက်တိုဘာ ၂၈

လာမယ့်နိုဝင်ဘာလ(၃)ရက်မှာ ကျင်းပမယ့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ အီရန်နိုင်ငံကိုပစ်မှတ်ထားမယ့် တိုတောင်းတဲ့ပြင်းထန်တဲ့ စစ်ဆင်ရေးတစ်ခုအတွက် ပြင်ဆင်ထားကြဖို့ ပင်လယ်ကွေ့နိုင်ငံအများအပြားကို အမေရိကန်က သတိပေးခဲ့တယ်လို့ Wall Street Journal သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

WSJ ရဲ့ဖော်ပြချက်အရ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံရဲ့အခြေခံအဆောက်အုံတွေနဲ့ နျူကလီးယားစက်ရုံတွေကို ကြီးမားတဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်သွားဖို့ စဉ်းစားနေပေမယ့်လည်း အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ရတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေကို ပေးပို့ခဲ့တဲ့သတိပေးချက်အရ အစ္စရေးနိုင်ငံကလည်း အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်စတင်ရာမှာ ပါဝင်ဖို့ ပြင်ဆင်နေပုံပေါ်တယ်လို့ သိရပါတယ်။

အီရန်ဘက်က လက်တုံ့ပြန်လာနိုင်ခြေရှိလာတာကြောငင့် အမေရိကန်က ဒေသတွင်းမှာ နောက်ထပ်ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တစ်ခုဖြန့်ကျက်ချထားခဲ့ပြီး တိုက်ခိုက်ခံရနိုင်ခြေရှိတဲ့ စစ်အခြေစိုက်စခန်းတွေက တပ်ဖွဲ့ဝင်တွေကိုလည်း အခြားနေရာတွေကို ရွှေ့ပြောင်းပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် အမေရိကန်အစိုးရက ဖြစ်လာနိုင်တဲ့စစ်ဆင်ရေးတွေအတွက် လက်နက်ခဲယမ်းဖြည့်တင်းမှုတွေ၊လေယာဉ်နဲ့စစ်သင်္ဘောတွေကိုလည်း အသင့်အနေအထားဖြင့် ပြင်ဆင်ထားမှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
နှစ်ဘက်စလုံးက တွေ့ဆုံဆွေးနွေးမှုတွေရပ်တန့်သွားခဲ့တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် အပြစ်ပုံချနေမှုနဲ့တူ ၎င်းရဲ့စည်းကမ်းချက်တွေကို လက်ခံဖို့ အီရန်က ငြင်းဆိုခဲ့မယ်ဆိုရင် တိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုထားတာလည်းဖြစ်ပါတယ်။

မူရင်းသတင်း — NP News