Pika (NP News) - အောက်တိုဘာ ၂၇
အမေရိကန်ပြည်မကြီးအတွင်းက အဓိကစစ်အခြေစိုက်စခန်းတွေဟာ ပြင်ပအကူအညီတွေမပါဘဲ အနည်းဆုံးရက်ပေါင်း(၉၀)ကြာအောင် အရေးပါတဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကို ဆက်လက်လည်ပတ်နိုင်ဖို့ မျှော်မှန်းထားတယ်ဆိုတာကို အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့မဟာဗျူဟာအသစ်တစ်ခုအရ သိရတယ်လို့ Fox News
က ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် အရေးပါတဲ့စစ်ဘက်ဆိုင်ရာထောက်ပံ့ပစ္စည်းတွေအတွက်လည်း ထောက်ပံ့ရေးလမ်းကြောင်း ဒါမှမဟုတ် ထုတ်လုပ်မှုလမ်းကြောင်း အနည်းဆုံး(၂)ခုထားရှိဖို့လိုအပ်မှာဖြစ်ပြီး လမ်းကြောင်းတစ်ခုခုပြတ်တောက်သွားခဲ့မယ်ဆိုရင် အခြားလမ်းကြောင်းတစ်ခုနဲ့ အစားထိုးဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအစီအစဉ်အသစ်ကို ပြီးခဲ့တဲ့လမှာ အမေရိကန်စစ်ရေးဝန်ကြီး ပီတီဟတ်ဆတ်က ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ်စစ်ပွဲဆင်နွှဲချိန်ကနေစတင်ပြီး နှစ်ဘက်ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ အများအပြားရှိခဲ့တာလည်းဖြစ်ပါတယ်။
အမေရိကန်ပြည်တွင်းမှာ စစ်ဘက်ဆိုင်ရာတိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့မယ်ဆိုရင် လျှပ်စစ်ဓါတ်အားလိုင်းပျက်စီးမှုတွေ၊ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုတွေနဲ့ အရေးပါတဲ့အခြေခံအဆောက်အအုံခြိမ်းခြောက်ခံရခြင်းတို့လိုမျိုးအခြေအနေမျိုးတွေအတွက် အမေရိကန်က ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့လည်း Fox News သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။