
Pika (NP News) - အောက်တိုဘာ ၂၇
အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် တွင်မွေးမြူထားသော မြင်းတစ်ကောင်၏အမြီးသည် အရှည် (၁၃)ပေနှင့်(၆)လက်မအထိရှိခဲ့ပြီးနောက် ဂင်းနစ်စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်းသိရ သည်။
Mackenzie Lowe နှင့် Rachel Estes တို့ပိုင်ဆိုင်သည့် ဂျန်နီအမည်ရှိမြင်းသည် (၂၀၁၉) ခုနှစ် တွင် Mackenzie Lowe ၏ (၁၃)နှစ်မြောက် မွေးနေ့အတွက် မွေးနေ့လက်ဆောင်အဖြစ်ရရှိခဲ့ခြင်း ဖြစ် သည်။
Mackenzie Lowe က “ကျွန်မဂျန်နီ ကိုရခဲ့တဲ့အချိန်မှာ အရမ်းကိုပျော်ရွှင်ခဲ့ပါတယ်။ အဲ့ဒီအချိန် တုန်းက ဂျန်နီရဲ့အမြီးက မြေကြီးကိုထိနေ ပေမယ့် ခုလောက်တော့မရှည်သေးပါဘူး။” ဟု ပြောဆိုခဲ့ သည်။ ထို့ပြင်ဂျန်နီသည် American Saddlebred မျိုးစိတ်ဝင်မြင်းတစ်ကောင်ဖြစ်ပြီး အဆိုပါ မျိုးစိတ်က ရှည်လျားပြီး လှပစွာတွဲလောင်းကျနေသော အမြီးများကြောင့် နာမည်ကျော်ကြားကြောင်း သိရသည်။
Mackenzie Lowe က “ဒီမြင်းမျိုးစိတ်တွေက ပြပွဲတွေမှာပြသတဲ့အခါ အမြီးရှည်တာကို လိုလား ကြတဲ့အတွက် အမြီးကိုဆက်ရှည်ပြီးထွက်ခွင့်ပေးဖို့ ဆုံးဖြတ်ပေးခဲ့ကြပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ဂျန်နီရဲ့အမြီးက ဆက်ရှည်ပြီးထွက်လာတော့ ဘယ်လောက်အထိရှည်နိုင်ဦးမလဲဆိုတာကြည့်ဖို့နဲ့ နောက် ဆုံးမှာ ဂင်းနစ်စံချိန်တင်နိုင်မလားဆိုပြီး ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟုပြောဆိုခဲ့သည်။ ထို့နောက် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ တာဝန်ရှိသူများက ဂျန်နီ၏အမြီးကိုတရားဝင် တိုင်းတာမှုများ လုပ်ဆောင်ခဲ့ ပြီး အရှည်မှာ(၁၃)ပေနှင့်(၆)လက်မရှိကြောင်းဆုံးဖြတ်ပေးခဲ့ကာ ယခင်စံချိန်ဟောင်းဖြစ်သည့် (၂၀၁၇) ခုနှစ် တွင်တင်ထားခဲ့သော အမြီးအရှည်(၁၂)ပေနှင့်(၆)လက်မရှိသည့် မြင်း၏စံချိန်ကို ချိုးဖျက်နိုင်ခဲ့ ကြောင်း အတည်ပြုပေးခဲ့သည်။
Mackenzie Lowe က “ဂျန်နီက ဒီကိစ္စအတွက်စိတ်လှုပ်ရှားနေမယ်ဆိုတာ ကျွန်မသိပါတယ်။ နောက်ဆုံးတော့ ကျွန်မတို့ရဲ့ဆန္ဒတွေလည်း ပြည့်ဝသွားတဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်” ဟု ပြောဆိုခဲ့သည်။

