ရောင်နီ (NP News) - အောက်တိုဘာ ၂၅
တိုင်ဖွန်းမုန်တိုင်း ချန်ပီ၊ ထိုင်ဝမ်အနီး ဖြတ်သန်းတိုက်ခတ်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး (၅၀၀) ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်မှု၊ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရမှု၊ ကျောင်း၊ ရုံးတွေ ပိတ်ထားရမှုတွေဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
ထိုင်ဝမ်မိုးလေဝသ အာဏာပိုင်တွေရဲ့အဆိုအရ ယခင်က စူပါတိုင်ဖွန်း အဆင့်ရှိခဲ့တဲ့ ချန်ပီမုန်တိုင်းဟာ အားလျော့လာပြီဖြစ်ပေမယ့်လည်း မုန်တိုင်းဗဟိုအနီး လေတိုက်နှုန်းဟာ တစ်နာရီကို ၁၂၆ ကီလိုမီတာခန့် ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ မုန်တိုင်းကြောင့် လူတစ်ဦးသေဆုံးခဲ့ရပြီး လေကြောင်းခရီးစဉ်တွေဟာလည်း စနေနေ့ (အောက်တိုဘာ ၂၄) မှာ ခရီးစဉ် (၂၄၂) ခု ဖျက်သိမ်းခဲ့ရပါတယ်။
ချန်ပီ မုန်တိုင်းဟာ ထိုင်ဝမ်အရှေ့ဘက် ကီလိုမီတာ ၁၅၀ ခန့်အကွာမှာ ရှိနေပြီး မြောက်ဘက်ကို ရွေ့လျား ကာ တရုတ်ကမ်းရိုးတန်းဘက် ဦးတည်နေပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံတောင်ပိုင်းသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းရဲ့အားလျော့လာမှုကြောင့် ထိုင်ဝမ်မှာ အခြေအနေတဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာပြီဖြစ်ပေမယ့် လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တာ ကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။