NP News

မီးခိုးမြူညစ်ညမ်းမှုကြောင့် အင်ဒိုနီးရှားထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ မလေးရှားပြည်သူတွေ တောင်းဆို

ရောင်နီ (NP News) - အောက်တိုဘာ ၂၅

မလေးရှားနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံမှ ရောက်ရှိလာတဲ့ မီးခိုးမြူညစ်ညမ်းမှုတွေနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား ထုတ်ကုန်တွေကို သပိတ်မှောက်(boycotted) ဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့တယ်လို့ သိရပါတယ်။ အဲဒီလုပ်ရပ်ဟာ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ကုမ္ပဏီတွေကို ထိရောက်စွာအရေးယူနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

မလေးရှားပြည်သူအချို့ဟာ အင်ဒိုနီးရှားထုတ် ကော်ဖီ၊ လက်ဖက်ရည်နဲ့ အခြားကုန်ပစ္စည်းတွေကို မဝယ်ယူဖို့ လူမှုကွန်ရက်တွေမှတစ်ဆင့် တိုက်တွန်းနေကြပါတယ်။ အဲဒီတောင်းဆိုမှုတွေမှာ မီးခိုးမြူ ညစ်ညမ်းမှု အပြင် အင်ဒိုနီးရှားအစိုးရအဖွဲ့ဝင်တစ်ဦးရဲ့မလေးရှားနိုင်ငံအပေါ် ပြောဆိုချက်တွေကြောင့်လည်း ပိုမိုပြင်းထန်လာခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်သူတွေက အင်ဒိုနီးရှားထုတ်ကုန်အားလုံးကို သပိတ် မှောက်ခြင်းထက် မီးရှို့ကာ မြေရှင်းလင်းမှုတွေပြုလုပ်နေတဲ့ကုမ္ပဏီတွေကို တိုက်ရိုက်ပစ်မှတ်ထား အရေးယူခြင်း က ပိုမိုထိရောက်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏဟာ ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၆.၆ ဘီလီယံအထိ ရှိခဲ့ပါတယ်။
မလေးရှားအစိုးရကတော့ မီးခိုးမြူညစ်ညမ်းမှု ဖြစ်စေတဲ့ ကုမ္ပဏီတွေကို ငွေကြေးထောက်ပံ့မှု ဖြတ်တောက် ခြင်း၊ တရားစွဲဆိုခြင်းတို့အပြင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေးကို လည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ ကျွမ်းကျင်သူတွေကလည်း မီးခိုးမြူညစ်ညမ်းမှုကို ထိရောက်စွာ တားဆီး နိုင်ဖို့ ကုမ္ပဏီတွေရဲ့တာဝန်ယူမှုကို မြှင့်တင်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ဖိအားပေးခြင်းနဲ့ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ လိုအပ်တယ်လို့ အကြံပြုပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — NP News