NP News

ပဲရစ် မှာ ဆန္ဒပြမှုတွေကြောင့် ပြတိုက်များ ပိတ်ထားရ၊ မိုနာလီဇာပန်းချီကား ကြည့်ရှုခွင့်မရ

ရောင်နီ (NP News) - အောက်တိုဘာ ၂၅

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ယိုယွင်းလာမှုအပေါ် ဆန္ဒပြမှု တွေ ထပ်မံဖြစ်ပွားလာနိုင်တဲ့စိုးရိမ်မှုကြောင့် လူးဗ်ပြတိုက်နဲ့ အခြားယဉ်ကျေးမှုဆိုင်ရာနေရာတွေကို အောက်တိုဘာလ (၂၄) ရက်(စနေနေ့)ကြိုတင်ကာကွယ်တဲ့အနေနဲ့ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။
အဲဒီပိတ်သိမ်းမှုဟာ ပြီးခဲ့တဲ့သီတင်းပတ်က လူနေမှုစရိတ်မြင့်တက်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ယိုယွင်းလာ မှုကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေအတွင်း ပြင်သစ်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး လမ်းပေါ် အကြမ်းဖက်မှုအချို့ဖြစ်ပွားခဲ့ပြီးနောက် တစ်ပတ်အကြာမှာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
အာဏာပိုင်တွေက ထပ်မံပျက်စီးမှု မဖြစ်ပွားစေဖို့ ရည်ရွယ်ပြီး နေရာအချို့မှာ ညမထွက်ရအမိန့်တွေ ချမှတ်ကာ အများပြည်သူဆိုင်ရာ နေရာတွေကိုလည်း ပိတ်ထားခဲ့ပါတယ်။ ပိတ်ထားခဲ့တဲ့နေရာတွေမှာ Musée d'Orsay၊ Orangerie၊ Jeu de Paume နဲ့ Picasso ပြတိုက်တွေ၊ Tuileries ဥယျာဉ်၊ ပါရီအော်ပရာရုံ (၂) ရုံနဲ့ Art Basel Paris ရဲ့ သီတင်းပတ်ကုန်အစီအစဉ်တို့ ပါဝင်တယ်လို့ သိရပါတယ်။
ပြတိုက်တွေ ပိတ်ထားမှုကြောင့် ခရီးသွားတွေအကြား စိတ်ပျက်မှု၊ အံ့အားသင့်မှုတို့ဖြစ်ပေါ်ခဲ့ကာ တချို့က လည်း အခုလိုပိတ်ထားဖို့ တကယ် လိုအပ်၊ မလိုအပ် မေးခွန်းထုတ်နေကြတယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News