NP News

​ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပိုမိုတရားမျှတပြီး အားလုံးပါဝင်နိုင်သည့်ပုံစံဖြစ်စေရန်တူရကီသမ္မတတိုက်တွန်း

ဂျန်ဇက် (NP News) - အောက်တိုဘာလ ၂၅
​တူရကီသမ္မန အာဒိုဂန် သည် ကမ္ဘာ့အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရာတွင်ကုလသမဂ္ဂ အဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် လိုအပ်ကြောင်းl ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပိုမိုတရားမျှတပြီး အားလုံးပါဝင်နိုင်စေရန်အတွက် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။
ကုလသမဂ္ဂနေ့နှင့် အဖွဲ့အစည်း တည်ထောင်ခြင်း၏ (၈၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကိုပေးပို့သောစာထဲတွင်သမ္မတ အာဒိုဂန်ကယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့စိန်ခေါ်မှုများကြားတွင် ကုလသမဂ္ဂ၏ မူလတည်ထောင်ရည်မှန်းချက်မှာ ပိုမိုအရေးပါလာဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
တူရကီသမ္မတက"နိုင်ငံတကာအသိုက်အဝန်းရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွက် ပိုမိုတရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ဖွဲ့စည်းပုံတစ်ရပ်ကို တည်ထောင်ဖို့က အထူးသဖြင့် အရေးကြီးလာပါတယ်" ဟုပြောကြားခဲ့သည်။
သမ္မတအာဒိုဂန်သည် ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးများ၊ ရာသီဥတုဖောက်ပြန်မှု၊ ဆာလောင်မွတ်သိပ်မှု၊ ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှု၊ နိုင်ငံခြားသားများကို မုန်းတီးသည့်အစွန်းရောက်မှုနှင့် အစ္စလာမ်မုန်းတီးရေး စသည့် ပြဿနာများကို ကုလသမဂ္ဂ၏ အရေးပါသည့် စိန်ခေါ်မှုများအဖြစ် ဆက်ရှိနေသည်ဟုထောက်ပြခဲ့သည်။
ကမ္ဘာစစ်ကြီးနှစ်ခုအပြီးတွင် နောင်လာမည့်မျိုးဆက်များကို စစ်ပွဲ၏ ဘေးဒုက္ခမှ ကယ်တင်ရန်တည်ထောင်ခဲ့သော အဖွဲ့အစည်းသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်ကေတဖြစ်ထွန်းမှုကို မြှင့်တင်ရန်အတွက် အရေးကြီးသော တာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။ကုလသမဂ္ဂအဖွဲ့အစည်း၏ အဓိကအင်္ဂါရပ်များ၏ ထိရောက်မှုကို မြှင့်တင်ရန်အတွက် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ပိုမိုခိုင်မာစွာ လိုက်နာကြရန်နှင့် ပြုပြင်ပြောင်းလဲမှုများကို လက်ခံကြရန်၎င်းက တိုက်တွန်းခဲ့သည်။
ထိုအပြင် ၄င်းက ပိုမိုထိရောက်ပြီး အားလုံးပါဝင်နိုင်သည့် နိုင်ငံတကာစနစ်တစ်ခု ဖြစ်ပေါ်လာစေရန် ကြိုးပမ်းအားထုတ်မှုများကို တူရကီနိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံ
အားပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

မူရင်းသတင်း — NP News