NP News

အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးနိုင်ရန် အလားအလာနည်းနေဟုဆို

ဂျန်ဇက် (NP News) - အောက်တိုဘာလ ၂၅
အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယားထံမှ မည်သည့်တုံ့ပြန်မှုကိုမျှ မရရှိသေးရာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့ APEC ထိပ်သီး အစည်းအဝေးတွင် တွေ့ဆုံနိုင်ခြေ (၁၀) ရာခိုင်နှုန်း အောက်နည်းပါးနေကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအန်တို့၏ယခုနှစ်အတွင်း တွေ့ဆုံနိုင်ခြေ နည်းပါးသွားပြီဟု အမေရိကန်နှင့် တောင်ကိုရီး ယား အရာရှိ များက ယူဆနေကြသည်။
အမေရိကန်သမ္မတသည် မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ကြိုးပမ်းခဲ့ သော်လည်း ၎င်း၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ရန် ရည်ရွယ်သည့် သံတမန်ရေးရာ ဆွေးနွေးမှုများအပေါ် မြောက်ကိုရီး ယားနိုင်ငံဘက်မှ စိတ်ဝင်စားမှု လုံးဝမပြခဲ့ကြောင်းသိရသည်။ ကင်ဂျုံအမ်နှင့် သမ္မတထရမ့်ကြား တွေ့ဆုံမှုနှင့် ပတ်သက် ၍ အမေရိကန်သည် မြောက်ကိုရီးယားထံမှ တုံ့ပြန်မှုမရရှိ သေးသလို အဆိုပါတွေ့ဆုံမှု ဖြစ်ပွားနိုင်သည့် လာ မည့်လ တရုတ်နိုင်ငံ၌ ကျင်းပမည့် ဒေသတွင်း ထိပ် သီးအစည်းအဝေးအမီ ပြင်ဆင်ရန်အချိန်လည်း နည်းပါးနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်(၅)ခုက ပြော ကြားခဲ့သည်။ ကင်ဂျုံအန်၏ ညီမဖြစ်သူက ခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံရေးမှာ အလွန်ကောင်းမွန်သည်ဟု ပြောကြားခဲ့သော်လည်း နှစ်နိုင်ငံ ထိပ်သီးအ စည်းအဝေး ကျင်းပရန်သဘောတူညီဖို့အတွက် ပိတ်ဆို့အရေးယူမှုများ လျှော့ချပေးရေးအပါအဝင် တင်းကျပ်သော လိုအပ်ချက်များကို မြောက်ကိုရီး ယားဘက်မှ စည်းကမ်းချက်အဖြစ်ထားရှိမည်ဟု မြောက်ကိုရီးယား အစိုးရမီဒီယာက ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတက ယခုနှစ်နှောင်းပိုင်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းနှင့် ၎င်း၏ကမ်းလှမ်းမှုကို မြောက်ကိုရီးယားခေါင်းဆောင်က တုံ့ပြန်ခဲ့ ကြောင်း ဩဂုတ်လအတွင်း ပြောကြားခဲ့သည်။ သို့သော်လည်း ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပထမ သမ္မတသက်တမ်းအတွင်း ကင်ဂျုံအန်နှင့် (၃) ကြိမ် တိုင် တွေ့ဆုံခဲ့ဖူးပြီး လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် APEC အစည်းအဝေး သို့မဟုတ် ဖိလစ် ပိုင်နိုင်ငံ၌ ကျင်းပမည့် ဒေသတွင်းထိပ်သီးအစည်း အဝေးတို့တွင် ထိုသို့တွေ့ဆုံနိုင်ခြေ အလားအလာကို တနင်္လာနေ့တွင် လျှော့ချပြောဆိုခဲ့ သည်။ ‘ကျွန်တော်သူနဲ့ အလွန်အဆင်ပြေပါတယ်၊ ဒါပေမဲ့ ဘယ်သူကများ အစည်းအဝေးလုပ်ဖို့ တောင်းဆိုနေ သလဲဆိုတာ ကျွန်တော် မသေချာပါဘူး’ ဟု သမ္မတထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့ သည်။
တောင်ကိုရီးယား အရာရှိတစ်ဦးကလည်း မြောက်ကိုရီးယားအနေဖြင့် သမ္မတထရမ့်နှင့် တွေ့ ဆုံရန် ပြင်ဆင် နေသည့် မည်သည့်လက္ခဏာကိုမျှ မပြသသေးကြောင်း ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News