NP News

နှစ်ပေါင်းများစွာကြာပြီးနောက် လာမည့်နှစ်တွင် The Mummy ဇာတ်ကားသစ် ထွက်ရှိလာတော့မည်

Pika (NP News) - အောက်တိုဘာလ ၂၅
The Mummy: Book Of The Dead ဟု အမည်ပေးထားသည့် The Mummy ရုပ်ရှင် ဇာတ်လမ်းတွဲ၏ နောက်ထပ်ဇာတ်ကားမှာ လာမည့်နှစ် အောက်တိုဘာလ(၁၅)ရက်တွင် ထွက်ရှိလာတော့ မည်ဖြစ်ကြောင်းသိရသည်။
မူလဇာတ်ကားမှ သရုပ်ဆောင်များဖြစ်ကြသည့် Brendan Fraser နှင့် Rachel Weisz တို့ သည် Rick နှင့် Evie O”Connell ဇာတ်ကောင်များအဖြစ် ပြန်လည်ပါဝင်လာမည်ဖြစ်ပြီး ၎င်းတို့နှင့်အတူ John Hannah၊ Michael Johnston ၊ Num- an Acar ၊ Kevin J O’Connor နှင့် Oded Fehr တို့လည်း ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း Univer- sal Pictures ကထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် The Mummy: Book Of The Dead ဇာတ်ကားကို (၂၀၂၇) ခုနှစ် အောက်တိုဘာလ(၁၅)ရက်တွင် စတင်ရုံတင်ပြသွားမည်ဖြစ်ကြောင်း လည်းသိရသည်။ David Coggeshall ရေးသားထားသည့် ဇာတ်ညွှန်းကိုအခြေခံ၍ The Mummy: Book Of The Dead ဇာတ်ကားကို Radio Silen- ce အဖွဲ့မှ Matt Bettinelli-Olpin နှင့် Tyler Gillett တို့က ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်သွား မည်ဖြစ်ကြောင်းလည်းသိရသည်။
(၁၉၉၉)ခုနှစ်ကထွက်ရှိခဲ့သည့် မူလ The Mummy ဇာတ်ကားသည် ပရိသတ်များကို Rick O’Connell ဆိုသည့် စွန့်စားခန်းသဘောကျသောအမေရိကန်လူငယ်တစ်ဦးနှင့် မိတ်ဆက်ပေးခဲ့ပြီး စာကြည့်တိုက်မှူး Evelyn Carnahan နှင့် ၎င်း၏အစ်ကို Jonathan တို့နှင့်အတူ အီဂျစ်နိုင်ငံမှ ပျောက်ဆုံးနေသော Hamunaptra မြို့တော်ကို ရှာဖွေရန် ခရီးထွက်ခဲ့ ကြခြင်းလည်းဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ခရီးစဉ်အတွင်း ကျိန်စာသင့်နေသော ယဇ်ပုရောဟိတ်ကြီး Imhotep ကို မတော် တဆနှိုးမိခဲ့ပြီးနောက် ၎င်းတို့၏ရှေးဟောင်းသုတေသ ရှာဖွေရေး ခရီးစဉ်မှာ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ပြောင်းလဲသွားခဲ့ပြီး သဘာဝလွန် ဘေးအန္တရာယ်ဆိုးများကျရောက်လာခဲ့သည်။
ထူးခြားဆန်းသစ်သောရုပ်မြင် အထူးပြုလုပ်ချက်များ၊ အက်ရှင်နှင့်ဟာသဇာတ်ကွက်များ ပေါင်းစပ်ထားမှု ကြောင့် အဆိုပါဇာတ်ကားမှာ ဝင်ငွေအလွန်ကောင်းမွန်ခဲ့ကြောင်းလည်း သိရသည်။ The Mummy ဇာတ်ကား ရိုက်ကူးမှု အတွက် ကုန်ကျမှုမှာ အမေရိကန်ဒေါ်လာသန်း(၈၀)သာရှိခဲ့သော်လည်း ကမ္ဘာတစ်ဝန်းတွင် အမေရိကန် ဒေါ်လာ (၄၁၅ ဒသမ ၉)သန်းအထိ ဝင်ငွေရရှိခဲ့ကြောင်းသိရသည်။
(၂၀ဝ၁) ခုနှစ်တွင် ထွက်ရှိလာသည့် နောက်ဆက်တွဲဇာတ်ကား The Mummy Returns သည်လည်း အောင်မြင်မှုများရရှိခဲ့ပြီး ရိုက်ကူးမှုမှာ အမေရိကန်ဒေါ်လာ(၉၈)သန်းသာ ကုန်ကျခဲ့သော်လည်း ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ (၄၃၆ ဒသမ ၅) သန်းအထိ ဝင်ငွေရရှိခဲ့ကြောင်းသိရသည်။

မူရင်းသတင်း — NP News