NP News

စံချိန်တင် အမြန်နှုန်း တစ်နာရီလျှင် (၉၃ ဒသမ ၃၄) မိုင်သို့ ရောက်ရှိခဲ့သည့် စပိန်စကိတ်စီးသမား

Pika (NP News) - အောက်တိုဘာလ ၂၅
စပိန်နိုင်ငံသား စကိတ်ဘုတ်စီးသူတစ်ဦးသည် ကနေဒါနိုင်ငံတွင် တောင်ဆင်းလမ်းအတိုင်း စကိတ်စီးခဲ့ပြီး နောက် တစ်နာရီလျှင် (၉၃ ဒသမ ၃၄)မိုင်အမြန်နှုန်းသို့ရောက်ရှိခဲ့ပြီး ဂင်းနစ်စံချိန်သစ်တစ် ခုကိုတင်နိုင်ခဲ့ကြောင်း သိရ သည်။
Charlevoix ဒေသကွီဘက်မြို့ရှိ Routedes Éboulements လမ်းပိုင်းတစ်ခုတွင် အသက် (၂၇)နှစ်အရွယ် ဒီယေဂိုပွန်ဆဲလက်က စကိတ်စီးစဉ် အချိန်အတွင်း ယင်းအမြန်နှုန်းသို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မတ်တတ်ရပ်သည့်အနေ အထားဖြင့် စကိတ်စီးရာတွင် အမြန်ဆုံးအဖြစ် ဂင်းနစ်စံချိန်ကိုရရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဒီယေဂိုပွန်ဆဲ လက်ရွေးချယ်ခဲ့သည့် နေရာသည် ယခင်ကစကိတ်ဘုတ်စံချိန်ကို တင်ခဲ့ဖူးသည့် နေရာပင်ဖြစ် ကြောင်းသိရသည်။ ထို့ပြင် ပထမအကြိမ် စမ်းသပ်စီးနင်းမှုတွင် တစ်နာရီလျှင် အမြန်နှုန်း (၉၁ ဒသမ ၂၇) မိုင်သို့ ရောက်ရှိ ခဲ့ပြီး အဆိုပါအမြန်နှုန်းက စံချိန်သစ်တင်ရန် လုံလောက်နေပြီဖြစ်သော်လည်း ကောင်းမွန်သောရာသီဥတုအခြေအနေ များကိုစောင့် ဆိုင်းကာ နောက်ထပ်စီးနင်းမှုတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် တစ်နာရီလျှင် အမြန်နှုန်း (၉၃ ဒသမ ၃၄)မိုင်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဒီယေဂိုပွန်ဆဲလက် ကပြောကြားခဲ့သည်။
ဒီယေဂိုပွန်ဆဲလက်က ‘ကျွန်တော့်ရဲ့ တကယ့် ရည်မှန်းချက်က တစ်နာရီကို အမြန်နှုန်း (၉၃)မိုင်ကို ရောက်ဖို့ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဝန်မခံရဲခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအမြန်နှုန်းကို မရောက်လာမှာ ကြောက်နေခဲ့လို့ပါ။ ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် လိမ်ညာလို့မရဘူးဆိုတာ သိလာတော့ အကောင်းဆုံး ကြိုးစားခဲ့တာပါ”ဟု ပြောဆို ခဲ့သည်။
ထို့ပြင် တစ်နာရီလျှင် အမြန်နှုန်း (၉၁ ဒသမ ၂၇) မိုင်သို့ရောက်ရှိခဲ့ချိန်တွင် စိတ်ကျေနပ်ခြင်း မျိုးမရှိသေး ခြင်းကြောင့် ထပ်မံကြိုးစားမှုများလုပ် ဆောင်ခဲ့ပြီး နောက်ဆုံးတွင်လိုချင်သည့်အမြန်နှုန်း တစ်နာရီလျှင်(၉၃ ဒသမ ၃၄) မိုင်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ဒီယေဂိုပွန်ဆဲလက်ကပြောကြားခဲ့သည်။

မူရင်းသတင်း — NP News