
ရဲထက် (NP News) - နိုဝင်ဘာလ ၁
လန်ဒန်မြို့မှာကျင်းပတဲ့ Ballon d’Or ဆုပေးပွဲအခမ်းအနားမှာ ဟယ်ရီကိန်းဟာ အမ်ဘတ် ပီနဲ့လမိုင်း ယာမဲလ်တို့ကိုကျော်ဖြတ်ပြီး (၂၀ဝ၁) ခုနှစ်က မိုက်ကယ်အိုဝင် Ballon d’Or ရရှိခဲ့ပြီးနောက်ပိုင်း Ballon d’Or ဆုကိုရရှိတဲ့ ပထမဆုံး အင်္ဂလန်ကစားသမားဖြစ်လာခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ (၂၀၂၅-၂၀၂၆)ဘော လုံးရာသီအတွင်း ဘိုင်ယန်မြူးနစ်အသင်းအတွက် (၆၁)ဂိုးနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် (၁၂)ဂိုး၊ စုစုပေါင်း (၇၅)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပြည်တွင်းလိဂ်နဲ့ ဖလားပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုရရှိခဲ့ပြီး (၂၀၂၆) ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်း ကို တတိယနေရာရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သည်။
ဟယ်ရီကိန်း (Harry Kane)ကို (၁၉၉၃) ခုနှစ် ဇူလိုင်လ (၂၈)ရက်က လန်ဒန်မြို့မှာ မွေးဖွားခဲ့ပြီး ငယ်စဉ် ကတည်းက ဘောလုံးအားကစားကိုဝါသ နာပါခဲ့ပြီး အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကြိုး စားအားထုတ်ခဲ့သူ ဖြစ်ပါတယ်။ အသက် (၇)နှစ်အရွယ်မှာတော့ Ridgeway Rovers လူငယ်အသင်းမှာစတင်ခဲ့ပြီး အသက်(၈)နှစ်အရွယ်မှာ အာဆင်နယ်အသင်းရဲ့ လူငယ်အကယ်ဒမီကိုဝင်ရောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ အာဆင်နယ်ကနေထွက်ခွာခဲ့ရပြီး အသက်(၁၁)နှစ်အရွယ်မှာ စပါးစ်အသင်းရဲ့ လူငယ်အကယ်ဒမီကိုဝင်ရောက်ခဲ့ပြီး ဘောလုံးပညာကို ဆက်လက်သင်ယူခဲ့ တာဖြစ်ပါတယ်။ (၂၀ဝ၉-၂၀၁၀) ဘောလုံးရာသီမှာတော့ ဟယ်ရီကိန်းဟာ လူငယ်အသင်းအတွက် ဂိုးများစွာသွင်းယူ နိုင်ခဲ့ပြီး ပထမအသင်းကြီးမှာပါဝင်ကစားနိုင်ဖို့ အလားအလာကောင်း တွေပြသခဲ့ပါတယ်။ ဒါကြောင့် (၂၀၁၁)ခုနှစ်မှာ Leyton Orient အသင်းဆီ အငှားနဲ့သွားရောက် ကစားခဲ့သလို Millwall အသင်းကိုလည်း အငှားနဲ့ သွားရောက်ကစားခဲ့ ကာ ဂိုးသွင်းယူနိုင်စွမ်းတွေအပြင် ထိပ်တန်းကစားသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုးတွေကိုပြသလာနိုင်ခဲ့ပါ တယ်။ အဲဒီနောက် (၂၀၁၂ -၂၀၁၃) ဘောလုံးရာသီမှာ Norwich City အသင်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် ဒဏ်ရာ ကြောင့် ပွဲအများအပြားမကစားနိုင်ခဲ့သလို နောက်ရာသီမှာ Leicester City အသင်းကို အငှားနဲ့ သွားရောက်က စားခဲ့ရ တာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကိုကြည့်ရင် ဟယ်ရီကိန်းရဲ့ လူငယ်ကစားသမားဘဝတစ် လျှောက်လုံးမှာ ခက်ခဲကြမ်းတမ်းခဲ့သလို အောင်မြင်မှုအနေနဲ့ကလည်း ဘာမှမရှိခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
(၂၀၁၃)ခုနှစ်နောက်ပိုင်းမှာတော့ ဟယ်ရီ ကိန်းဟာ စပါးစ်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီး (၂၀၁၄-၂၀၁၅)ဘောလုံးရာသီမှာ သူရဲ့စွမ်းဆောင် ရည်တွေဟာ သိသိသာသာတိုးတက်လာခဲ့ပြီး ပြိုင်ပွဲစုံ ဂိုးများစွာသွင်းယူ နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယား လိဂ်မှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအဖြစ် နာမည် ကျော်ကြားလာခဲ့ပြီး (၂၀၁၅-၂၀၁၆)၊ (၂၀၁၆-၂၀၁၇)နဲ့ (၂၀၂၀-၂၀၂၁) ဘောလုံးရာသီတွေမှာ ပရီးမီးယားလိဂ်ရဲ့ရွှေဖိနပ်ဆုတွေကိုရရှိခဲ့သလို စပါးစ် သင်းအတွက် စုစုပေါင်း(၂၈၀)ဂိုးသွင်းယူကာ စပါးစ်အသင်းရဲ့သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးက စားသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စပါးစ်အသင်းမှာကစားခဲ့စဉ်က ဟယ်ရီကိန်းဟာ ဆုဖလားတွေရရှိဖို့ အခွင့်အရေး များစွာရရှိခဲ့ပေမယ့်လည်း အဆုံးအဖြတ်ပွဲစဉ်တွေအများအပြားကို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
(၂၀၁၅) ခုနှစ်မှာ League Cup ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကိုရှုံးနိမ့်ခဲ့ပြီး (၂၀၁၉) ခုနှစ် UEFA Champions League ဗိုလ်လုပွဲမှာ လီဗာ ပူးလ်အသင်းကိုရှုံးနိမ့်ခဲ့သလို (၂၀၂၁)ခုနှစ်မှာလည်း League Cup ဗိုလ်လုပွဲမှာ မန်ချက် စတာစီးတီးအသင်းကို ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ (၂၀၁၆-၂၀၁၇) ရာသီမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ စပါးစ် အသင်းဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ အကောင်းဆုံးအခွင့် အရေးတွေရှိခဲ့ပေမယ့်လည်း ဒုတိယနေရာနဲ့သာကျေ နပ်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီရလဒ်တွေကြောင့် စပါးစ်အသင်းမှာ ဟယ်ရီကိန်းဟာ နှစ်ပေါင်းများစွာကြိုးစား ကစားခဲ့ပေမယ့်လည်း အဓိကဆုဖလား တစ်လုံးမျှ မရရှိခဲ့တဲ့ကစားသမားအဖြစ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ ရတာဖြစ် ပါတယ်။ အဲဒီအချိန်က ဟယ်ရီကိန်းအပေါ် ဝေဖန်မှုတွေအပြင် တချို့ဘောလုံးဝါသနာရှင်တွေကလည်း သူဟာ တစ်ဦး ချင်းအနေနဲ့ ဂိုးများစွာသွင်းယူနိုင်ပေမယ့် အသင်းလိုက်ဆုဖလားရယူနိုင်တဲ့ကစားသမား မျိုးမဟုတ်ခဲ့ဘူးလို့ ထောက်ပြ ပြောဆိုမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
(၂၀၂၃)ခုနှစ်မှာတော့ ဟယ်ရီကိန်းအတွက် ဘဝအလှည့်အပြောင်းဖြစ်စေမယ့် ပြောင်းရွှေ့ မှုတစ်ခုကိုလုပ် ဆောင်နိုင်ခဲ့ပြီး ဘွန်းဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီလိုပြောင်းရွှေ့ပြီးတဲ့နောက် မှာတော့ ဟယ်ရီကိန်းဟာ ဘွန်းဒက်လီဂါမှာ ဂိုးများစွာသွင်းယူနိုင်ခဲ့ကာ (၂၀၂၃-၂၀၂၄)ရာသီမှာ ဥရောပရွှေဖိနပ်ဆု (European Golden Shoe)ကိုရရှိခဲ့ပါတယ်။ ဒါ့ပြင် (၂၀၂၄-၂၀၂၅)ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်း ဒက်လီဂါချန်ပီယံဆုကိုရရှိခဲ့ပြီး သူရဲ့ ကစားသမားဘဝမှာအရေးပါတဲ့ အသင်းလိုက်အောင် မြင်မှုတစ်ခုဖြစ်တဲ့ အမှတ် ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ပြည်တွင်းဖလားတွေဖြစ်တဲ့ ဂျာမန် ပိုကယ်ဖလားတွေနဲ့ တခြားတစ်ဦးချင်း အလိုက်ဆု တွေကိုပါရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာလည်း ဘိုင်ဘန်မြူးနစ်အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းရဲ့ အရေးပါတဲ့တိုက် စစ်မှူးဖြစ်သလို အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ကစားသမားတွေထဲမှာလည်း နည်းပြတူချယ်ရဲ့ရွေးချယ်မှု တွေအပြင် နှစ်စဉ်နှစ်တိုင်းမှာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံနေ ရပြီး ယုံကြည်မှုတွေကိုပါရယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါ့ပြင် (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး(၆)ဂိုးသွင်းယူကာ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုကို ရရှိခဲ့သလို ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းကို တတိယနေရာရရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့ပြီး အင်္ဂလန်လက် ရွေးစင်အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပြောရရင် ဟယ်ရီ ကိန်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် မရှိမဖြစ်ကစားသမားဖြစ်ခဲ့တယ်လို့ဆိုနိုင်ပြီး ခြေစွမ်းကောင်းတွေနဲ့ တိုက်စစ်ပိုင်းကို လက်ရှိအချိန်အထိ ဦးဆောင်ထားဆဲဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ ခေတ်သစ်ဘောလုံးလော ကမှာ ဂိုးသွင်းယူနိုင်စွမ်းနဲ့ ဘောလုံးကစားပုံကိုပေါင်း စပ်ထားနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး သူရဲ့ကစား ပုံဟာ ဂိုးဧရိယာအတွင်းမှာသာစောင့်ဆိုင်းပြီး ဂိုးသွင်း ယူတတ်တဲ့ပုံစံမျိုးမဟုတ်ဘဲ အသင်းရဲ့ တိုက်စစ်တည် ဆောက်မှုမှာပါဝင်နိုင်မှု၊ ဘောလုံးပေးပို့နိုင်မှုနဲ့ အသင်းဖော်တွေအတွက် နေရာလွတ်နဲ့ ဂိုးဖန်တီးပေး ခြင်းတို့ကိုပါလုပ်ဆောင်နိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ဒါကြောင့် ဟယ်ရီကိန်းဟာ ဂိုးသွင်းယူနိုင်စွမ်း၊ ဘောလုံးပေးပို့မှုနဲ့ တိုက်စစ်တည်ဆောက်နိုင်စွမ်း၊ နေရာယူကစားပုံနဲ့ ဘောလုံးဉာဏ်ရည်၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ ဘောလုံးထိန်းသိမ်းနိုင်စွမ်းတွေအပြင် အသင်းအတွက်အကျိုးပြုနိုင်မှုကလည်း အများအပြား ရှိနေတဲ့ ကစားသမားဖြစ်ပါ တယ်။ ဒါ့ပြင် ပင်နယ်တီ ကန်သွင်းယူမှုအပိုင်းမှာလည်း စိတ်ချရတဲ့ကစားသ မားဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ သာမက သူသွားရောက်ကစားခဲ့တဲ့အသင်းတိုင်းရဲ့ ပင်တိုင် ပင်နယ်တီကန်သွင်းသူက ဟယ်ရီကိန်းပဲဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ဟယ်ရီကိန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး အမ်ဘတ်ပီနဲ့ ဘာစီလိုနာ အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ လမိုင်းယာမဲလ်တို့ကိုကျော်ဖြတ်ပြီး Ballon d’Or ဆုကို ဘာကြောင့် ရရှိခဲ့လဲဆို တဲ့အချက်ဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ တစ်နှစ်တာလုံးမှာ လီယွန်နယ်မက်ဆီနဲ့ ရော်နယ်ဒိုတို့သာလုပ်ဆောင်နိုင်ခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေကို ပြီးခဲ့တဲ့နှစ်မှာ စွမ်းဆောင်ပြသ နိုင်ခဲ့တာဖြစ်ပြီး တစ်နှစ်တာလုံးမှာ သွင်းဂိုးစုစုပေါင်း (၇၅)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဒီအချက်ဟာ မက်ဆီရဲ့ တစ်နှစ်တာလုံး(၉၁)ဂိုးကလွဲရင် ရော်နယ်ဒိုရဲ့စံချိန် ထက်တောင် ပိုများနေခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်းဒက်လီဂါချန်ပီယံဖြစ် ခဲ့သလို ပြည်တွင်း ဖလားတွေကိုပါ ဆက်တိုက်ရရှိခဲ့တဲ့အပြင် အဲဒီလိဂ်ရဲ့သွင်းဂိုးအများဆုံးကစားသမားလည်းဖြစ်ခဲ့ပါတယ်၊။ ဒီအချက်တွေ ကြောင့်ပဲ ဟယ်ရီ ကိန်းဟာ အမ်ဘတ်ပီနဲ့လမိုင်းယာမဲလ်ကိုကျော်ဖြတ်ပြီး Ballon d’Or ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ တာ ဖြစ်ပါတယ်။
အချုပ်အားဖြင့် ဟယ်ရီကိန်းဟာ Ballon d’Or ဆုကိုရရှိခဲ့တဲ့ ပဉ္စမမြောက် အင်္ဂလန်ဘောလုံး သမားဖြစ်လာခဲ့ပြီး အင်္ဂလန်ဘောလုံးသမားတွေအ တွက် ဂုဏ်ယူဖွယ်သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူ နိုင်ခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။ ဒါ့ပြင် ဟယ်ရီ ကိန်းရဲ့အောင်မြင်မှုဟာ ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့ လနဲ့ မိမိကိုယ်မိမိယုံကြည်မှုရှိခြင်းတွေက အိပ်မက် တွေကို အကောင်အထည်ဖော်နိုင်ကြောင်း ပြသနေ သလို အောင်မြင်မှုရရှိဖို့အချိန်ယူရတတ်ပြီး အခက် အခဲတွေကြားမှာ မိမိရဲ့ရည်မှန်းချက်ကို ဆက်လက် လိုက်စားခြင်းက အရေးကြီးကြောင်းကိုလည်း မီးမောင်းထိုးပြနေပါတယ်။ ဒါကြောင့် ဟယ်ရီကိန်းဟာ ဘောလုံးသမားများသာမက လူငယ်မျိုးဆက်သစ်တွေအတွက်ပါ အတုယူအားကျဖွယ် စံပြပုဂ္ဂိုလ် တစ်ဦးဖြစ်ပါတယ်။

ZAwgyi Version;
(၂၅) ႏွစ္အၾကာမွ Ballon d’Or ဆုရရွိတဲ့ ပထမဆုံး အဂၤလန္သားျဖစ္လာတဲ့
(ႏိုင္ငံတကာ အားကစား)
ရဲထက္ (NP News) - ႏိုဝင္ဘာလ ၁
လန္ဒန္ၿမိဳ႕မွာက်င္းပတဲ့ Ballon d’Or ဆုေပးပြဲအခမ္းအနားမွာ ဟယ္ရီကိန္းဟာ အမ္ဘတ္ ပီနဲ႔လမိုင္း ယာမဲလ္တို႔ကိုေက်ာ္ျဖတ္ၿပီး (၂၀ဝ၁) ခုႏွစ္က မိုက္ကယ္အိုဝင္ Ballon d’Or ရရွိခဲ့ၿပီးေနာက္ပိုင္း Ballon d’Or ဆုကိုရရွိတဲ့ ပထမဆုံး အဂၤလန္ကစားသမားျဖစ္လာခဲ့ပါတယ္။
ဟယ္ရီကိန္းဟာ (၂၀၂၅-၂၀၂၆)ေဘာ လုံးရာသီအတြင္း ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ (၆၁)ဂိုးနဲ႔ အဂၤလန္ လက္ေ႐ြးစင္အသင္းအတြက္ (၁၂)ဂိုး၊ စုစုေပါင္း (၇၅)ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ဒါ့ျပင္ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ျပည္တြင္းလိဂ္နဲ႔ ဖလားၿပိဳင္ပြဲေတြမွာလည္း ေအာင္ျမင္မႈရရွိခဲ့ၿပီး (၂၀၂၆) ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အဂၤလန္အသင္း ကို တတိယေနရာရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့သည္။
ဟယ္ရီကိန္း (Harry Kane)ကို (၁၉၉၃) ခုႏွစ္ ဇူလိုင္လ (၂၈)ရက္က လန္ဒန္ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ငယ္စဥ္ ကတည္းက ေဘာလုံးအားကစားကိုဝါသ နာပါခဲ့ၿပီး အိပ္မက္ကိုအေကာင္အထည္ေဖာ္ဖို႔ ႀကိဳး စားအားထုတ္ခဲ့သူ ျဖစ္ပါတယ္။ အသက္ (၇)ႏွစ္အ႐ြယ္မွာေတာ့ Ridgeway Rovers လူငယ္အသင္းမွာစတင္ခဲ့ၿပီး အသက္(၈)ႏွစ္အ႐ြယ္မွာ အာဆင္နယ္အသင္းရဲ႕ လူငယ္အကယ္ဒမီကိုဝင္ေရာက္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အာဆင္နယ္ကေနထြက္ခြာခဲ့ရၿပီး အသက္(၁၁)ႏွစ္အ႐ြယ္မွာ စပါးစ္အသင္းရဲ႕ လူငယ္အကယ္ဒမီကိုဝင္ေရာက္ခဲ့ၿပီး ေဘာလုံးပညာကို ဆက္လက္သင္ယူခဲ့ တာျဖစ္ပါတယ္။ (၂၀ဝ၉-၂၀၁၀) ေဘာလုံးရာသီမွာေတာ့ ဟယ္ရီကိန္းဟာ လူငယ္အသင္းအတြက္ ဂိုးမ်ားစြာသြင္းယူ ႏိုင္ခဲ့ၿပီး ပထမအသင္းႀကီးမွာပါဝင္ကစားႏိုင္ဖို႔ အလားအလာေကာင္း ေတြျပသခဲ့ပါတယ္။ ဒါေၾကာင့္ (၂၀၁၁)ခုႏွစ္မွာ Leyton Orient အသင္းဆီ အငွားနဲ႔သြားေရာက္ ကစားခဲ့သလို Millwall အသင္းကိုလည္း အငွားနဲ႔ သြားေရာက္ကစားခဲ့ ကာ ဂိုးသြင္းယူႏိုင္စြမ္းေတြအျပင္ ထိပ္တန္းကစားသမားတစ္ေယာက္ရဲ႕ စြမ္းေဆာင္ရည္မ်ိဳးေတြကိုျပသလာႏိုင္ခဲ့ပါ တယ္။ အဲဒီေနာက္ (၂၀၁၂ -၂၀၁၃) ေဘာလုံးရာသီမွာ Norwich City အသင္းကို အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ ဒဏ္ရာ ေၾကာင့္ ပြဲအမ်ားအျပားမကစားႏိုင္ခဲ့သလို ေနာက္ရာသီမွာ Leicester City အသင္းကို အငွားနဲ႔ သြားေရာက္က စားခဲ့ရ တာျဖစ္ပါတယ္။ ဒီလိုအေျခအေနေတြကိုၾကည့္ရင္ ဟယ္ရီကိန္းရဲ႕ လူငယ္ကစားသမားဘဝတစ္ ေလွ်ာက္လုံးမွာ ခက္ခဲၾကမ္းတမ္းခဲ့သလို ေအာင္ျမင္မႈအေနနဲ႔ကလည္း ဘာမွမရွိခဲ့တာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။
(၂၀၁၃)ခုႏွစ္ေနာက္ပိုင္းမွာေတာ့ ဟယ္ရီ ကိန္းဟာ စပါးစ္အသင္းကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီး (၂၀၁၄-၂၀၁၅)ေဘာလုံးရာသီမွာ သူရဲ႕စြမ္းေဆာင္ ရည္ေတြဟာ သိသိသာသာတိုးတက္လာခဲ့ၿပီး ၿပိဳင္ပြဲစုံ ဂိုးမ်ားစြာသြင္းယူ ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ပရီးမီးယား လိဂ္မွာ ထိပ္တန္းတိုက္စစ္မႉးတစ္ဦးအျဖစ္ နာမည္ ေက်ာ္ၾကားလာခဲ့ၿပီး (၂၀၁၅-၂၀၁၆)၊ (၂၀၁၆-၂၀၁၇)နဲ႔ (၂၀၂၀-၂၀၂၁) ေဘာလုံးရာသီေတြမွာ ပရီးမီးယားလိဂ္ရဲ႕ေ႐ႊဖိနပ္ဆုေတြကိုရရွိခဲ့သလို စပါးစ္ သင္းအတြက္ စုစုေပါင္း(၂၈၀)ဂိုးသြင္းယူကာ စပါးစ္အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးက စားသမား ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ စပါးစ္အသင္းမွာကစားခဲ့စဥ္က ဟယ္ရီကိန္းဟာ ဆုဖလားေတြရရွိဖို႔ အခြင့္အေရး မ်ားစြာရရွိခဲ့ေပမယ့္လည္း အဆုံးအျဖတ္ပြဲစဥ္ေတြအမ်ားအျပားကို ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။
(၂၀၁၅) ခုႏွစ္မွာ League Cup ဗိုလ္လုပြဲမွာ ခ်ယ္လ္ဆီးအသင္းကိုရႈံးနိမ့္ခဲ့ၿပီး (၂၀၁၉) ခုႏွစ္ UEFA Champions League ဗိုလ္လုပြဲမွာ လီဗာ ပူးလ္အသင္းကိုရႈံးနိမ့္ခဲ့သလို (၂၀၂၁)ခုႏွစ္မွာလည္း League Cup ဗိုလ္လုပြဲမွာ မန္ခ်က္ စတာစီးတီးအသင္းကို ထပ္မံရႈံးနိမ့္ခဲ့ပါတယ္။ (၂၀၁၆-၂၀၁၇) ရာသီမွာ အေကာင္းဆုံးေျခစြမ္းေတြနဲ႔အတူ စပါးစ္ အသင္းဟာ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ဖို႔ အေကာင္းဆုံးအခြင့္ အေရးေတြရွိခဲ့ေပမယ့္လည္း ဒုတိယေနရာနဲ႔သာေက် နပ္ခဲ့ရတာျဖစ္ပါတယ္။ အဲဒီရလဒ္ေတြေၾကာင့္ စပါးစ္အသင္းမွာ ဟယ္ရီကိန္းဟာ ႏွစ္ေပါင္းမ်ားစြာႀကိဳးစား ကစားခဲ့ေပမယ့္လည္း အဓိကဆုဖလား တစ္လုံးမွ် မရရွိခဲ့တဲ့ကစားသမားအျဖစ္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ ရတာျဖစ္ ပါတယ္။ အဲဒီအခ်ိန္က ဟယ္ရီကိန္းအေပၚ ေဝဖန္မႈေတြအျပင္ တခ်ိဳ႕ေဘာလုံးဝါသနာရွင္ေတြကလည္း သူဟာ တစ္ဦး ခ်င္းအေနနဲ႔ ဂိုးမ်ားစြာသြင္းယူႏိုင္ေပမယ့္ အသင္းလိုက္ဆုဖလားရယူႏိုင္တဲ့ကစားသမား မ်ိဳးမဟုတ္ခဲ့ဘူးလို႔ ေထာက္ျပ ေျပာဆိုမႈေတြရွိခဲ့တာ ျဖစ္ပါတယ္။
(၂၀၂၃)ခုႏွစ္မွာေတာ့ ဟယ္ရီကိန္းအတြက္ ဘဝအလွည့္အေျပာင္းျဖစ္ေစမယ့္ ေျပာင္းေ႐ႊ႕ မႈတစ္ခုကိုလုပ္ ေဆာင္ႏိုင္ခဲ့ၿပီး ဘြန္းဒက္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ အဲဒီလိုေျပာင္းေ႐ႊ႕ၿပီးတဲ့ေနာက္ မွာေတာ့ ဟယ္ရီကိန္းဟာ ဘြန္းဒက္လီဂါမွာ ဂိုးမ်ားစြာသြင္းယူႏိုင္ခဲ့ကာ (၂၀၂၃-၂၀၂၄)ရာသီမွာ ဥေရာပေ႐ႊဖိနပ္ဆု (European Golden Shoe)ကိုရရွိခဲ့ပါတယ္။ ဒါ့ျပင္ (၂၀၂၄-၂၀၂၅)ရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ဘြန္း ဒက္လီဂါခ်န္ပီယံဆုကိုရရွိခဲ့ၿပီး သူရဲ႕ ကစားသမားဘဝမွာအေရးပါတဲ့ အသင္းလိုက္ေအာင္ ျမင္မႈတစ္ခုျဖစ္တဲ့ အမွတ္ ေပးခ်န္ပီယံဆုကို ရယူႏိုင္ခဲ့ပါတယ္။ ဒါ့ျပင္ ျပည္တြင္းဖလားေတြျဖစ္တဲ့ ဂ်ာမန္ ပိုကယ္ဖလားေတြနဲ႔ တျခားတစ္ဦးခ်င္း အလိုက္ဆု ေတြကိုပါရယူႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာလည္း ဘိုင္ဘန္ျမဴးနစ္အသင္းအတြက္ အေရးပါတဲ့ သြင္းဂိုးေတြကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
အဂၤလန္လက္ေ႐ြးစင္အသင္းမွာလည္း ဟယ္ရီကိန္းဟာ အဂၤလန္အသင္းရဲ႕ အေရးပါတဲ့တိုက္ စစ္မႉးျဖစ္သလို အသင္းေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။ အဂၤလန္အသင္းရဲ႕ကစားသမားေတြထဲမွာလည္း နည္းျပတူခ်ယ္ရဲ႕ေ႐ြးခ်ယ္မႈ ေတြအျပင္ ႏွစ္စဥ္ႏွစ္တိုင္းမွာ အဂၤလန္အသင္းအတြက္ ေ႐ြးခ်ယ္ခံေန ရၿပီး ယုံၾကည္မႈေတြကိုပါရယူႏိုင္ခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။ ဒါ့ျပင္ (၂၀၁၈)ကမာၻ႔ဖလားၿပိဳင္ပြဲမွာ သြင္းဂိုး(၆)ဂိုးသြင္းယူကာ ကမာၻ႔ဖလားေ႐ႊဖိနပ္ဆုကို ရရွိခဲ့သလို ၿပီးခဲ့တဲ့ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အဂၤလန္အသင္းကို တတိယေနရာရရွိေအာင္ စြမ္းေဆာင္ျပႏိုင္ခဲ့ၿပီး အဂၤလန္လက္ ေ႐ြးစင္အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္လည္း မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ေျပာရရင္ ဟယ္ရီ ကိန္းဟာ အဂၤလန္လက္ေ႐ြးစင္အသင္းႀကီးအတြက္ မရွိမျဖစ္ကစားသမားျဖစ္ခဲ့တယ္လို႔ဆိုႏိုင္ၿပီး ေျခစြမ္းေကာင္းေတြနဲ႔ တိုက္စစ္ပိုင္းကို လက္ရွိအခ်ိန္အထိ ဦးေဆာင္ထားဆဲျဖစ္ပါတယ္။
ဟယ္ရီကိန္းဟာ ေခတ္သစ္ေဘာလုံးေလာ ကမွာ ဂိုးသြင္းယူႏိုင္စြမ္းနဲ႔ ေဘာလုံးကစားပုံကိုေပါင္း စပ္ထားႏိုင္တဲ့ တိုက္စစ္မႉးတစ္ဦးျဖစ္ၿပီး သူရဲ႕ကစား ပုံဟာ ဂိုးဧရိယာအတြင္းမွာသာေစာင့္ဆိုင္းၿပီး ဂိုးသြင္း ယူတတ္တဲ့ပုံစံမ်ိဳးမဟုတ္ဘဲ အသင္းရဲ႕ တိုက္စစ္တည္ ေဆာက္မႈမွာပါဝင္ႏိုင္မႈ၊ ေဘာလုံးေပးပို႔ႏိုင္မႈနဲ႔ အသင္းေဖာ္ေတြအတြက္ ေနရာလြတ္နဲ႔ ဂိုးဖန္တီးေပး ျခင္းတို႔ကိုပါလုပ္ေဆာင္ႏိုင္တဲ့ ကစားသမားျဖစ္ပါတယ္။ ဒါေၾကာင့္ ဟယ္ရီကိန္းဟာ ဂိုးသြင္းယူႏိုင္စြမ္း၊ ေဘာလုံးေပးပို႔မႈနဲ႔ တိုက္စစ္တည္ေဆာက္ႏိုင္စြမ္း၊ ေနရာယူကစားပုံနဲ႔ ေဘာလုံးဉာဏ္ရည္၊ ကိုယ္ခႏၶာႀကံ့ခိုင္မႈနဲ႔ ေဘာလုံးထိန္းသိမ္းႏိုင္စြမ္းေတြအျပင္ အသင္းအတြက္အက်ိဳးျပဳႏိုင္မႈကလည္း အမ်ားအျပား ရွိေနတဲ့ ကစားသမားျဖစ္ပါ တယ္။ ဒါ့ျပင္ ပင္နယ္တီ ကန္သြင္းယူမႈအပိုင္းမွာလည္း စိတ္ခ်ရတဲ့ကစားသ မားျဖစ္ၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းမွာ သာမက သူသြားေရာက္ကစားခဲ့တဲ့အသင္းတိုင္းရဲ႕ ပင္တိုင္ ပင္နယ္တီကန္သြင္းသူက ဟယ္ရီကိန္းပဲျဖစ္ပါတယ္။
ေနာက္တစ္ခ်က္ကေတာ့ ဟယ္ရီကိန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕တိုက္စစ္မႉး အမ္ဘတ္ပီနဲ႔ ဘာစီလိုနာ အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားျဖစ္တဲ့ လမိုင္းယာမဲလ္တို႔ကိုေက်ာ္ျဖတ္ၿပီး Ballon d’Or ဆုကို ဘာေၾကာင့္ ရရွိခဲ့လဲဆို တဲ့အခ်က္ျဖစ္ပါတယ္။ ဟယ္ရီကိန္းဟာ တစ္ႏွစ္တာလုံးမွာ လီယြန္နယ္မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔သာလုပ္ေဆာင္ႏိုင္ခဲ့တဲ့ ကိန္းဂဏန္း အခ်က္အလက္ေတြကို ၿပီးခဲ့တဲ့ႏွစ္မွာ စြမ္းေဆာင္ျပသ ႏိုင္ခဲ့တာျဖစ္ၿပီး တစ္ႏွစ္တာလုံးမွာ သြင္းဂိုးစုစုေပါင္း (၇၅)ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး ဒီအခ်က္ဟာ မက္ဆီရဲ႕ တစ္ႏွစ္တာလုံး(၉၁)ဂိုးကလြဲရင္ ေရာ္နယ္ဒိုရဲ႕စံခ်ိန္ ထက္ေတာင္ ပိုမ်ားေနခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ဘြန္းဒက္လီဂါခ်န္ပီယံျဖစ္ ခဲ့သလို ျပည္တြင္း ဖလားေတြကိုပါ ဆက္တိုက္ရရွိခဲ့တဲ့အျပင္ အဲဒီလိဂ္ရဲ႕သြင္းဂိုးအမ်ားဆုံးကစားသမားလည္းျဖစ္ခဲ့ပါတယ္၊။ ဒီအခ်က္ေတြ ေၾကာင့္ပဲ ဟယ္ရီ ကိန္းဟာ အမ္ဘတ္ပီနဲ႔လမိုင္းယာမဲလ္ကိုေက်ာ္ျဖတ္ၿပီး Ballon d’Or ဆုကို ထိုက္ထိုက္တန္တန္ရရွိခဲ့ တာ ျဖစ္ပါတယ္။
အခ်ဳပ္အားျဖင့္ ဟယ္ရီကိန္းဟာ Ballon d’Or ဆုကိုရရွိခဲ့တဲ့ ပၪၥမေျမာက္ အဂၤလန္ေဘာလုံး သမားျဖစ္လာခဲ့ၿပီး အဂၤလန္ေဘာလုံးသမားေတြအ တြက္ ဂုဏ္ယူဖြယ္သမိုင္းမွတ္တိုင္တစ္ခုကို စိုက္ထူ ႏိုင္ခဲ့တယ္လို႔လည္းဆိုႏိုင္ပါတယ္။ ဒါ့ျပင္ ဟယ္ရီ ကိန္းရဲ႕ေအာင္ျမင္မႈဟာ ႀကိဳးစားအားထုတ္မႈ၊ ဇြဲလုံ႔ လနဲ႔ မိမိကိုယ္မိမိယုံၾကည္မႈရွိျခင္းေတြက အိပ္မက္ ေတြကို အေကာင္အထည္ေဖာ္ႏိုင္ေၾကာင္း ျပသေန သလို ေအာင္ျမင္မႈရရွိဖို႔အခ်ိန္ယူရတတ္ၿပီး အခက္ အခဲေတြၾကားမွာ မိမိရဲ႕ရည္မွန္းခ်က္ကို ဆက္လက္ လိုက္စားျခင္းက အေရးႀကီးေၾကာင္းကိုလည္း မီးေမာင္းထိုးျပေနပါတယ္။ ဒါေၾကာင့္ ဟယ္ရီကိန္းဟာ ေဘာလုံးသမားမ်ားသာမက လူငယ္မ်ိဳးဆက္သစ္ေတြအတြက္ပါ အတုယူအားက်ဖြယ္ စံျပပုဂၢိဳလ္ တစ္ဦးျဖစ္ပါတယ္။