NP News

ရှောင်လေဝေးဝေး စပ်ဆေးဘေး

ပြည့်ထူး (မင်းဘူး) (NP News) - အောက်တိုဘာလ ၂၉
လောကတွင် ကိစ္စရပ်အတော်များများသည် အလေ့အကျင့်(Habit)အဆင့်မှ အချိန်ကြာလာသော် ရိုးရာ(Tradition)အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲ လာတတ်သည်မှာ သဘာဝဖြစ်သည်။ အမှားအချို့ သည်လည်း ပြုလုပ်ဖန်များလာသောအခါ အမှန်အ သွင်ဆောင်လာတတ်ကြပေသည်။ ဥပမာအားဖြင့် မြွေကိုက်လျှင် ကြက်၏ရင်ကိုခွဲပြီး ကိုက်ခံရသည့် အနာကိုကပ်သောအကျင့်မှားများကို ရိုးရာအသွင်လုပ် ဆောင်နေကြသည့်အမှားများကို ထောက်ပြကြရမည် ဖြစ်သည်။

ပြည်သူများ နေ့စဉ်သုံးစွဲနေကြသော ဆေးဝါး နယ်ပယ်တွင်လည်း ခေတ်အဆက်ဆက်မှားခဲ့သော အမှားတစ်ခုမှ အလေ့အထဖြစ်သွားသည့် အလွယ်ရ ကြောက်မက်ဖွယ်ရာ သိုးယောင်ဆောင်ထားသော ဝံပုလွေတစ်ကောင်ရှိပေသည်။ ၎င်းမှာ စပ်ဆေးများ ပင်ဖြစ်သည်။

စပ်ဆေးဆိုသည်မှာ

စပ်ဆေးဆိုသည်မှာ ရောဂါ၏လက္ခဏာများကို အမြန်သက်သာစေရန် ကြားဖူးနားဝရှိသည့်ဆေးဝါး များကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပေါင်းစပ်၍ ဆေးရောင်းချသောဆိုင်များမှ သာမန်ဆေးရောင်းချ သူများက ရောင်းချလျက်ရှိသောဆေးများဖြစ်သည်။ အချို့ဆိုင်များတွင် ဆေးများကို ကြိုတင်စပ်ထားပြီး အသင့်ထုပ်ပိုးကာရောင်းချနေသည်ကို တွေ့ရသည်။

ရောဂါလက္ခဏာသက်သာစေရန် နှံပြည်စုတ် အ မြောက်နှင့်ပစ်သကဲ့သို့ မလိုလားအပ်ဘဲ ဆေးများစွာ ပေါင်းစပ်ပေးထားလေ့ရှိကြသည်။ ယင်းဆေးများတွင် အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက် ဆေးများ၊ ပဋိဇီဝဆေးများနှင့်အားဆေးများ ပါဝင်လေ့ ရှိပြီး ဝေဒနာကို ချက်ချင်းယူပစ်သလိုသက်သာစေ သော်လည်း ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပေသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ဈေးကွက်ထောက်လှမ်းရေးစစ်ဆေးမှု လေ့လာတွေ့ရှိ ချက်များအရ သက်တမ်းလွန် ပျက်စီးဆေးဝါးများ၊ မှတ်ပုံတင်မထားသော ဆေးဝါးများ၊ ရောဂါအတွက် သုံးစွဲရန်မသင့်သောဆေးဝါးများ ပါဝင်နေသည်ကို တွေ့ရပေသည်။

စပ်ဆေး၏ ဘေးထွက် ဆိုးကျိုးများ

စပ်ဆေးဟူသည် အကောင်သေးသော်လည်း အဆိပ်ပြင်းသည့် ‌မြွေဆိုးတစ်ကောင်ကဲ့သို့ ဖြစ်ပါ သည်။ ၎င်းသုံးစွဲမှုမှတစ်ဆင့် အမှိုက်ကစ ပြာသာဒ် မီးလောင်ဆိုသလို ကျန်းမာရေးယန္တရားကိုပင် ဝန် ထုပ်ဝန်ပိုးဖြစ်စေသည်အထိ ထိခိုက်မှုကြီးမားနိုင်ပေ သည်။

ဥပမာအားဖြင့် စပ်ဆေးသုံးစွဲမှုကြောင့် အစာ အိမ်သွေးကြောပေါက်ပါက လူနာကို အသက်အန္တရာယ် ရှိသည်အထိဆိုးကျိုးပေးနိုင်သကဲ့သို့ ကျန်းမာရေးစောင့် ရှောက်မှုယန္တရားတွင်လည်း အရေးပေါ် သွေးသွင်းရ ခြင်း၊ ခွဲစိတ်ရခြင်း စသော ဝန်ထုပ်ဝန်ပိုးများဖြစ်နိုင်ပေ သည်။ စပ်ဆေးများကြောင့် ကျောက်ကပ်ပျက်စီးသည့် လူနာတစ်ဦးရှိပါက မိသားစုအတွင်း နာတာရှည်လူနာ တစ်ဦးကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ကဲ့သို့ လူမှုအ သိုက်အဝန်းနှင့် ကျန်းမာရေးယန္တရားတွင်လည်း ၎င်းလူနာတစ်ဦးကြောင့် ဝန်ထုပ်ဝန်ပိုးများစွာ ဖြစ်ပွားနိုင် သည့်အတွက် လွန်စွာဘေးဖြစ်သည့်စပ်ဆေးအပြစ် များကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါ။

ဆရာဝန်များသည်ပင် လူနာကို သေချာစွာ မေး မြန်းကြည့်ရှုစမ်းသပ်စစ်ဆေးပြီးမှ ရောဂါအမည်တပ် ၍ဆေးပေးကြသော်လည်း စပ်ဆေးရောင်းသောဆေး ဆိုင်များကမူ လူနာကိုယ်တိုင်လာရောက်ခြင်း မဟုတ်ပါဘဲ လမ်းကြုံမှာ၍ ဝယ်ယူသည်ကိုပင် ရောဂါ လက္ခဏာကြားရုံမျှဖြင့် ဆေးများစပ်ပေးနေသည်မှာ များစွာအန္တရာယ်ကြီးလှပေသည်။ ၎င်းတို့၏ ဆေးဆိုင် နာမည်ကြီးစေရန် တစ်ခွက်သောက်ရုံမျှနှင့် ပျောက် သည်ဟူသောသတင်းပျံ့စေရန် မလိုလားအပ်ဘဲ ဆေးများစွာ ပေါင်းစပ်ပေးကြလေ့ရှိသည်။ ၎င်းစပ် ဆေးများတွင်ပါဝင်သည့်ပစ္စည်းများ၏ ဘေးထွက်ဆိုး ကျိုးကြောင့် နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပွား နိုင်သည်ကို စပ်ဆေးရောင်းချသည့်ဆိုင်ရှင်များက လည်း သတိချပ်သင့်ပေသည်။

ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးအသိ ပညာအားနည်းမှုကြောင့်လည်းကောင်း၊ ဆေးခန်း၊ ဆေးရုံ(OPD)၊ Health Care Center များသို့ သွား ရောက်ကုသရန်အချိန်မရ၍လည်းကောင်း၊ သွားရ လာရမလွယ်ကူ၍လည်းကောင်း၊ ငွေကြေးအခက်အ ခဲကြောင့်လည်းကောင်း၊ သွားရောက်နိုင်ခြင်းမရှိသည့် အတွက် ဆေးဆိုင်များမှရောင်းချသော တာဝန်ခံမှု မရှိသည့်စပ်ဆေးများကို လွယ်လင့်တကူ ဝယ်ယူသုံးစွဲ နေကြသည်ကို ရင်မောဖွယ်တွေ့ရှိရပေသည်။

စပ်ဆေးများတွင်ပါဝင်သော စတီးရွိုက်ဆေး များကြောင့် သုံးစွဲသူများ၏ခုခံအားစနစ်ကို ကျဆင်း စေကာ ရောဂါဇာစ်မြစ်အမြစ်မပြတ်ဘဲ ပိုမိုဆိုးရွားလာ စေနိုင်ပါသည်။ ရေရှည်သုံးစွဲပါက အရိုးပွခြင်း၊ အစာ အိမ်ထိခိုက်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့်အပြင် လေဖြတ်ခြင်းစသည့် အန္တ ရာယ်များသာမက အသက်သေဆုံးနိုင်သည်အထိဖြစ် နိုင်သောကြောင့် ဘီလူးခေါင်းဆောင်းထားသောမင်း သားဖြစ်သည့် စပ်ဆေးကို လုံးဝမသုံးစွဲသင့်ပေ။

စပ်ဆေးများ၏အခြားအန္တရာယ်တစ်ရပ်မှာ ဆေးယဉ်ပါးမှုဖြစ်သည်။ စပ်ဆေးများတွင် ပဋိဇီဝ ဆေးများပါဝင်လေ့ရှိသောကြောင့် ၎င်းပဋိဇီဝဆေး များကို ယဉ်ပါးလာမှု(Antibiotic resistance) သည် များစွာ စိန်ခေါ်မှုများသောပြဿနာတစ်ခုဖြစ်လာနိုင်သည်ကိုတွေ့ရှိရပေသည်။ ပဋိဇီဝဆေးသုံးစွဲ ခြင်းသည် ဆေးယဉ်ပါးမှုဖြစ်စေသည့် ရေရှည်ဆိုးကျိုး သာမက လတ်တလော၌ ဆေးဓာတ်မတည့်မှု (Ana­p­hylactic shock)ကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ မိမိနှင့်ဓာတ်မတည့်သည့်ပဋိဇီဝဆေးကိုသုံးစွဲမိပါက အရေပြားပေါ်တွင် အင်ပြင်ကဲ့သို့သော အဖုအပိမ့်များ ထခြင်း၊ ယားယံခြင်း၊ အသက်ရှူရခက်ခဲခြင်းများဖြစ် ပေါ်စေနိုင်ပြီး ဆိုးရွားပါက အသက်အန္တရာယ်ရှိသည် အထိ ဖြစ်ပွားစေနိုင်ပါသည်။

သို့ဖြစ်ပါ၍ ပဋိဇီဝဆေးများကို ဆရာဝန်ညွှန်ကြား ချက်မရှိဘဲ စည်းကမ်းမဲ့အသုံးပြုခြင်းကြောင့် ဆေး ဓာတ်မတည့်မှုနှင့် ဆေးယဉ်ပါးတီဘီရောဂါကဲ့သို့ သော အလွန်ကြီးမားသည့် ပြည်သူ့ကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်သောကြောင့် အမှိုက်ကစ ပြာသာဒ် မီးလောင်မှုမဖြစ်စေရေးအတွက် ပဋိဇီဝဆေးများကို ဆရာဝန်လက်မှတ်ပါမှသာ ရောင်းချခြင်း၊ သုံးစွဲခြင်း များပြုလုပ်သင့်ပေသည်။ စပ်ဆေးများ၏ အခြားအန္တ ရာယ်များမှာ ၎င်းတို့ထဲတွင် မှတ်ပုံမတင်ထားသော ဆေးများ၊ သက်တမ်းလွန်ဆေးများ ပါဝင်နိုင်သည့်အ တွက် ၎င်းဆေးဝါးများ၏ အာနိသင်ပျက်ပြားနေမှုနှင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်သည်အထိ ဆိုးကျိုးပေး နိုင်မှုများသည်လည်း သတိထားရမည့် ကျန်းမာရေး အန္တရာယ်များ ဖြစ်ပါသည်။

ခြုံငုံသုံးသပ်ရလျှင် စပ်ဆေးသောက်သုံးခြင်း သည် ရောဂါလက္ခဏာကို ယာယီသာလျှင် သက်သာ စေနိုင်ပြီး ရောဂါအမြစ်ပြတ်စေရန် ကုသမှုခံယူခြင်း မဟုတ်သည့်အတွက် ရောဂါအခြေအနေ ပိုမိုဆိုးရွား လာနိုင်သည့်အပြင် သုံးစွဲသူများအတွက် အသက် အန္တရာယ်ရှိခြင်း၊ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ဆေးယဉ်ပါးမှုကဲ့သို့သော စိန်ခေါ်မှုများရှိခြင်းတို့ကြောင့် အသံတိတ်လူသတ်သမားဟုပင် တင်စားရ ပေမည်ဖြစ်ပါသည်။

ထို့ကြောင့် စပ်ဆေးများသည် ဈေးနှုန်းချိုသာ၍ ဝယ်ယူရန်လွယ်ကူသော်လည်း အလွန်အန္တရာယ်ရှိ သည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် မျက် ခြည်မပြတ် ကြီးကြပ်ရန်လိုအပ်သလို ရောင်းချသူများ အနေဖြင့်လည်း မိမိအကျိုးအမြတ်အတွက် အခြားသူ များ တစ်ဖက် သောင်ထွန်း တစ်ဖက် ကမ်းပါးပြိုသလို ဆိုးကျိုးမဖြစ်စေရေး ရောင်းချခြင်း လုံးဝမပြုလုပ် သင့်ပါ။ သုံးစွဲသူများအနေဖြင့်လည်း ကျန်းမာရေး အသိရှိစွာဖြင့် လွန်စွာဘေးဖြစ်စပ်ဆေးအပြစ်များကို သတိချပ်ပြီး ဝယ်ယူသုံးစွဲခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါသည်။

စပ်ဆေးပပျောက်ရေး ဆောင်ရွက်သင့်သည့်နည်းလမ်များ

လွန်စွာဘေးဖြစ်၍ အပြစ်ကြီးမားသည့် စပ်ဆေး ကို လူမှုပတ်ဝန်းကျင်မှပပျောက်သွားရန်မှာ လူပုဂ္ဂိုလ် တစ်ဦးတည်း၊ အဖွဲ့အစည်းတစ်ခုတည်း၊ အစိုးရဌာန တစ်ခုတည်းမှ အောင်မြင်စွာဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနကဲ့သို့သော လုပ် ပိုင်ခွင့်ရှိသည့်ဌာနဆိုင်ရာများ(Authorized bodies)၊ ဆေးဝါးရောင်းချသည့်လုပ်ငန်းရှင်များ (Business)၊ သုံးစွဲသူပြည်သူများ(Consumers) စသည့် ဖိုခနောင့်(၃)ခု တက်ညီလက်ညီပူးပေါင်းပါ ဝင်မှု(ABC Tripartite cooperation and co­l­l­aboration) ကသာ စပ်ဆေးပပျောက်ရေး အနာ ဂတ်ဟင်းလျာကောင်းတစ်ခွက်ရရှိလာရေး ဖန်တီး နိုင်မည်မှာ အသေအချာပင်ဖြစ်ပါသည်။ လုပ်ပိုင်ခွင့်ရှိ သောဌာနများအနေဖြင့် တာဝန်အရ ဝတ်ကျေတန်း ကျေပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ၊ အနာဂတ် ကျန်းမာရေးအမြင် တို့ဖြင့်ပြဋ္ဌာန်းထားပြီးသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြေညာချက်များအသုံးပြု၍ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးခြင်း၊ အရေးယူ ခြင်းများပြုလုပ်သင့် ပေသည်။

တစ်ချိန်တည်းမှာပင် ဆေးရောင်းချသူများနှင့် ပြည်သူများကို စပ်ဆေး၏အန္တရာယ်၊ လတ်တလော နှင့် ရေရှည်ဆိုးကျိုးများ၊ ပြည်သူ့ကျန်းမာရေးအပေါ် သက်ရောက်မှုများကို အသိပညာပေးခြင်းလုပ်ငန်းများ ပိုမိုအားထည့်ဆောင်ရွက်သင့်ပါသည်။ ပုဂ္ဂလိကဆရာ ဝန်များအနေဖြင့် မိမိဆေးခန်းသို့ လာရောက်ပြသ သောလူနာများကို စပ်ဆေးများ၏အန္တရာယ်များ၊ ဘေးထွက်ဆိုးကျိုးများအကြောင်း အသိပညာပေး ပြောကြားပြီး ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဆေး များသောက်သုံးရန်တိုက်တွန်းခြင်းအားဖြင့် ပညာပေး လုပ်ငန်းစဉ်တွင် တစ်တပ်တစ်အား ပါဝင်ကြစေရေး တိုက်တွန်းလိုပါသည်။ ဆရာဝန်ညွှန်ကြားချက်လို အပ်သောဆေးဝါးမျာ(POM- Prescription Only Medicines) ကို ဆေးစာမပါဘဲ လွယ်လင့်တကူရောင်း ချနေမှုပပျောက်ရေးဆောင်ရွက်မှု၌ ဆရာဝန်များအ နေဖြင့် ဆေးညွှန်းများကို တိကျစွာရေးသားခြင်းအား ဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်ပါသည်။

ဆေးဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ လတ်တလောအကျိုးအမြတ်ကိုသာ ဦးတည် သည့် Profit-oriented တစ်နပ်စားအကျင့်ဆိုးများ ကိုရှောင်ကြဉ်ကာ ပြည်သူကိုရှေးရှုသည့် Public-oriented လုပ်ငန်းဖြစ်စေရေးကြိုးပမ်းခြင်းဖြင့် ကျင့် ဝတ်စောင့်ထိန်းသောလုပ်ငန်းများ (Ethical busi- ness) အဖြစ်ရပ်တည်သင့်ပါသည်။ သုံးစွဲသူပြည်သူ များအနေဖြင့်လည်း လတ်တလော ဈေးသက်သာခြင်း၊ ဝယ်ယူရလွယ်ကူခြင်း၊ လတ်တလော ရောဂါခံစားရမှုသက်သာခြင်းတို့ကိုသာကြည့်ပြီး လွန်စွာဘေးဖြစ် သောစပ်ဆေးအပြစ်များနှင့် ရေရှည်ဆိုးကျိုးများကို သတိမမူမိသည့်သုံးစွဲသူများမဖြစ်စေရေး၊ ကျန်းမာ ရေးဗဟုသုတများ၊ ပိုမိုလေ့လာဆည်းပူးသင့်ပေသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည် သူလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန် နယ်လှည့်ဆေးကုသခြင်း၊ မြို့နယ်အဆင့် ဆေးရုံများနှင့် ပြင်ပလူနာဌာနများကို တိုးချဲ့ဖွင့်လှစ် ခြင်းကဲ့သို့သောလှုပ်ရှားမှုများ စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

နိဂုံးချုပ်အားဖြင့်ဆိုရသော် စပ်ဆေးအန္တရာယ် သည် မြန်မာနိုင်ငံတွင် လွန်စွာ အရေးတကြီးဖြေရှင်းရ မည့် ပြည်သူ့ကျန်းမာရေးကို စိန်ခေါ်လျက်ရှိသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ ၎င်းကို အစိုးရ၊ လုပ်ငန်း ရှင်၊ ပြည်သူလူထု တက်ညီလက်ညီ ပူးပေါင်းဆောင် ရွက်မှုဖြင့်သာ အောင်မြင်စွာတွန်းလှန်နိုင်မည်ဖြစ်ပြီး စပ်ဆေးများရောင်းချသုံးစွဲမှုပပျောက်မှသာ ကျန်းမာ ရေးဝန်ကြီးဌာန၏ရည်မှန်းချက် (၂) ရပ်ဖြစ်သည့် လူ တိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်း ရောဂါဘယကင်းရှင်းရေးကို ကြီးမားစွာစိန် ခေါ်နေသည့်အတားအဆီးကို ဖယ်ရှားနိုင်မည် ဖြစ်ပါ သည်။

သို့ဖြစ်၍ လွန်စွာဘေးဖြစ် စပ်ဆေးအပြစ်ကို မှန်ကန်စွာသိမြင်ကာ နိုင်ငံတော်အတွင်းရှိ ပြည်သူ တစ်ဦးချင်းစီမှ အမျိုးသားရေးအသိ၊ အမျိုး သားရေး သတိဖြင့် ပူးပေါင်းဆောင်ရွက်ကြရင်း စပ်ဆေးကင်း စင်ပြီး အရည်အသွေးအာနိသင်ရှိ၍ ဘေးအန္တရာယ် ကင်းရှင်းသောဆေးဝါးများသုံးစွဲနိုင်သည့် အနာဂတ် မျိုးဆက်တစ်ရပ်ကို လက်ဆင့်ကမ်းဖော်ဆောင် သွားကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။

zawgyi version

ေရွာင္ေလေဝးေဝး စပ္ေဆးေဘး

ျပည့္ထူး (မင္းဘူး) (NP News) - ေအာက္တိုဘာလ ၂၉
ေလာကတြင္ ကိစၥရပ္အေတာ္မ်ားမ်ားသည္ အေလ့အက်င့္(Habit)အဆင့္မွ အခ်ိန္ၾကာလာေသာ္ ႐ိုးရာ(Tradition)အျဖစ္သို႔ တျဖည္းျဖည္း ေျပာင္းလဲ လာတတ္သည္မွာ သဘာဝျဖစ္သည္။ အမွားအခ်ိဳ႕ သည္လည္း ျပဳလုပ္ဖန္မ်ားလာေသာအခါ အမွန္အ သြင္ေဆာင္လာတတ္ၾကေပသည္။ ဥပမာအားျဖင့္ ေႁမြကိုက္လွ်င္ ၾကက္၏ရင္ကိုခြဲၿပီး ကိုက္ခံရသည့္ အနာကိုကပ္ေသာအက်င့္မွားမ်ားကို ႐ိုးရာအသြင္လုပ္ ေဆာင္ေနၾကသည့္အမွားမ်ားကို ေထာက္ျပၾကရမည္ ျဖစ္သည္။
ျပည္သူမ်ား ေန႔စဥ္သုံးစြဲေနၾကေသာ ေဆးဝါး နယ္ပယ္တြင္လည္း ေခတ္အဆက္ဆက္မွားခဲ့ေသာ အမွားတစ္ခုမွ အေလ့အထျဖစ္သြားသည့္ အလြယ္ရ ေၾကာက္မက္ဖြယ္ရာ သိုးေယာင္ေဆာင္ထားေသာ ဝံပုေလြတစ္ေကာင္ရွိေပသည္။ ၎မွာ စပ္ေဆးမ်ား ပင္ျဖစ္သည္။

စပ္ေဆးဆိုသည္မွာ

စပ္ေဆးဆိုသည္မွာ ေရာဂါ၏လကၡဏာမ်ားကို အျမန္သက္သာေစရန္ ၾကားဖူးနားဝရွိသည့္ေဆးဝါး မ်ားကို ဆရာဝန္ၫႊန္ၾကားခ်က္မပါဘဲ ေပါင္းစပ္၍ ေဆးေရာင္းခ်ေသာဆိုင္မ်ားမွ သာမန္ေဆးေရာင္းခ် သူမ်ားက ေရာင္းခ်လ်က္ရွိေသာေဆးမ်ားျဖစ္သည္။ အခ်ိဳ႕ဆိုင္မ်ားတြင္ ေဆးမ်ားကို ႀကိဳတင္စပ္ထားၿပီး အသင့္ထုပ္ပိုးကာေရာင္းခ်ေနသည္ကို ေတြ႕ရသည္။
ေရာဂါလကၡဏာသက္သာေစရန္ ႏွံျပည္စုတ္ အ ေျမာက္ႏွင့္ပစ္သကဲ့သို႔ မလိုလားအပ္ဘဲ ေဆးမ်ားစြာ ေပါင္းစပ္ေပးထားေလ့ရွိၾကသည္။ ယင္းေဆးမ်ားတြင္ အဖ်ားက်ေဆး၊ အကိုက္အခဲေပ်ာက္ေဆး၊ စတီး႐ြိဳက္ ေဆးမ်ား၊ ပဋိဇီဝေဆးမ်ားႏွင့္အားေဆးမ်ား ပါဝင္ေလ့ ရွိၿပီး ေဝဒနာကို ခ်က္ခ်င္းယူပစ္သလိုသက္သာေစ ေသာ္လည္း ျပင္းထန္ေသာ ေဘးထြက္ဆိုးက်ိဳးမ်ားကို ျဖစ္ေပၚေစႏိုင္ေပသည္။ က်န္းမာေရးဝန္ႀကီးဌာန၊ အစားအေသာက္ႏွင့္ေဆးဝါး ကြပ္ကဲေရးဦးစီးဌာန၏ေဈးကြက္ေထာက္လွမ္းေရးစစ္ေဆးမႈ ေလ့လာေတြ႕ရွိ ခ်က္မ်ားအရ သက္တမ္းလြန္ ပ်က္စီးေဆးဝါးမ်ား၊ မွတ္ပုံတင္မထားေသာ ေဆးဝါးမ်ား၊ ေရာဂါအတြက္ သုံးစြဲရန္မသင့္ေသာေဆးဝါးမ်ား ပါဝင္ေနသည္ကို ေတြ႕ရေပသည္။

စပ္ေဆး၏ ေဘးထြက္ ဆိုးက်ိဳးမ်ား

စပ္ေဆးဟူသည္ အေကာင္ေသးေသာ္လည္း အဆိပ္ျပင္းသည့္ ‌ေႁမြဆိုးတစ္ေကာင္ကဲ့သို႔ ျဖစ္ပါ သည္။ ၎သုံးစြဲမႈမွတစ္ဆင့္ အမႈိက္ကစ ျပာသာဒ္ မီးေလာင္ဆိုသလို က်န္းမာေရးယႏၲရားကိုပင္ ဝန္ ထုပ္ဝန္ပိုးျဖစ္ေစသည္အထိ ထိခိုက္မႈႀကီးမားႏိုင္ေပ သည္။
ဥပမာအားျဖင့္ စပ္ေဆးသုံးစြဲမႈေၾကာင့္ အစာ အိမ္ေသြးေၾကာေပါက္ပါက လူနာကို အသက္အႏၲရာယ္ ရွိသည္အထိဆိုးက်ိဳးေပးႏိုင္သကဲ့သို႔ က်န္းမာေရးေစာင့္ ေရွာက္မႈယႏၲရားတြင္လည္း အေရးေပၚ ေသြးသြင္းရ ျခင္း၊ ခြဲစိတ္ရျခင္း စေသာ ဝန္ထုပ္ဝန္ပိုးမ်ားျဖစ္ႏိုင္ေပ သည္။ စပ္ေဆးမ်ားေၾကာင့္ ေက်ာက္ကပ္ပ်က္စီးသည့္ လူနာတစ္ဦးရွိပါက မိသားစုအတြင္း နာတာရွည္လူနာ တစ္ဦးေၾကာင့္ ဝန္ထုပ္ဝန္ပိုးျဖစ္ႏိုင္ကဲ့သို႔ လူမႈအ သိုက္အဝန္းႏွင့္ က်န္းမာေရးယႏၲရားတြင္လည္း ၎လူနာတစ္ဦးေၾကာင့္ ဝန္ထုပ္ဝန္ပိုးမ်ားစြာ ျဖစ္ပြားႏိုင္ သည့္အတြက္ လြန္စြာေဘးျဖစ္သည့္စပ္ေဆးအျပစ္ မ်ားကို ေပါ့ေပါ့တန္တန္ သေဘာမထားသင့္ပါ။
ဆရာဝန္မ်ားသည္ပင္ လူနာကို ေသခ်ာစြာ ေမး ျမန္းၾကည့္ရႈစမ္းသပ္စစ္ေဆးၿပီးမွ ေရာဂါအမည္တပ္ ၍ေဆးေပးၾကေသာ္လည္း စပ္ေဆးေရာင္းေသာေဆး ဆိုင္မ်ားကမူ လူနာကိုယ္တိုင္လာေရာက္ျခင္း မဟုတ္ပါဘဲ လမ္းႀကဳံမွာ၍ ဝယ္ယူသည္ကိုပင္ ေရာဂါ လကၡဏာၾကား႐ုံမွ်ျဖင့္ ေဆးမ်ားစပ္ေပးေနသည္မွာ မ်ားစြာအႏၲရာယ္ႀကီးလွေပသည္။ ၎တို႔၏ ေဆးဆိုင္ နာမည္ႀကီးေစရန္ တစ္ခြက္ေသာက္႐ုံမွ်ႏွင့္ ေပ်ာက္ သည္ဟူေသာသတင္းပ်ံ႕ေစရန္ မလိုလားအပ္ဘဲ ေဆးမ်ားစြာ ေပါင္းစပ္ေပးၾကေလ့ရွိသည္။ ၎စပ္ ေဆးမ်ားတြင္ပါဝင္သည့္ပစၥည္းမ်ား၏ ေဘးထြက္ဆိုး က်ိဳးေၾကာင့္ ေနာက္ဆက္တြဲျပႆနာမ်ားစြာ ျဖစ္ပြား ႏိုင္သည္ကို စပ္ေဆးေရာင္းခ်သည့္ဆိုင္ရွင္မ်ားက လည္း သတိခ်ပ္သင့္ေပသည္။
ျပည္သူမ်ားအေနျဖင့္လည္း က်န္းမာေရးအသိ ပညာအားနည္းမႈေၾကာင့္လည္းေကာင္း၊ ေဆးခန္း၊ ေဆး႐ုံ(OPD)၊ Health Care Center မ်ားသို႔ သြား ေရာက္ကုသရန္အခ်ိန္မရ၍လည္းေကာင္း၊ သြားရ လာရမလြယ္ကူ၍လည္းေကာင္း၊ ေငြေၾကးအခက္အ ခဲေၾကာင့္လည္းေကာင္း၊ သြားေရာက္ႏိုင္ျခင္းမရွိသည့္ အတြက္ ေဆးဆိုင္မ်ားမွေရာင္းခ်ေသာ တာဝန္ခံမႈ မရွိသည့္စပ္ေဆးမ်ားကို လြယ္လင့္တကူ ဝယ္ယူသုံးစြဲ ေနၾကသည္ကို ရင္ေမာဖြယ္ေတြ႕ရွိရေပသည္။
စပ္ေဆးမ်ားတြင္ပါဝင္ေသာ စတီး႐ြိဳက္ေဆး မ်ားေၾကာင့္ သုံးစြဲသူမ်ား၏ခုခံအားစနစ္ကို က်ဆင္း ေစကာ ေရာဂါဇာစ္ျမစ္အျမစ္မျပတ္ဘဲ ပိုမိုဆိုး႐ြားလာ ေစႏိုင္ပါသည္။ ေရရွည္သုံးစြဲပါက အ႐ိုးပြျခင္း၊ အစာ အိမ္ထိခိုက္ျခင္းႏွင့္ ေက်ာက္ကပ္ပ်က္စီးျခင္းတို႔ကို ျဖစ္ေပၚေစႏိုင္သည့္အျပင္ ေလျဖတ္ျခင္းစသည့္ အႏၲ ရာယ္မ်ားသာမက အသက္ေသဆုံးႏိုင္သည္အထိျဖစ္ ႏိုင္ေသာေၾကာင့္ ဘီလူးေခါင္းေဆာင္းထားေသာမင္း သားျဖစ္သည့္ စပ္ေဆးကို လုံးဝမသုံးစြဲသင့္ေပ။
စပ္ေဆးမ်ား၏အျခားအႏၲရာယ္တစ္ရပ္မွာ ေဆးယဥ္ပါးမႈျဖစ္သည္။ စပ္ေဆးမ်ားတြင္ ပဋိဇီဝ ေဆးမ်ားပါဝင္ေလ့ရွိေသာေၾကာင့္ ၎ပဋိဇီဝေဆး မ်ားကို ယဥ္ပါးလာမႈ(Antibiotic resistance) သည္ မ်ားစြာ စိန္ေခၚမႈမ်ားေသာျပႆနာတစ္ခုျဖစ္လာႏိုင္သည္ကိုေတြ႕ရွိရေပသည္။ ပဋိဇီဝေဆးသုံးစြဲ ျခင္းသည္ ေဆးယဥ္ပါးမႈျဖစ္ေစသည့္ ေရရွည္ဆိုးက်ိဳး သာမက လတ္တေလာ၌ ေဆးဓာတ္မတည့္မႈ (Ana­p­hylactic shock)ကိုလည္း ျဖစ္ေပၚေစႏိုင္သည္။ မိမိႏွင့္ဓာတ္မတည့္သည့္ပဋိဇီဝေဆးကိုသုံးစြဲမိပါက အေရျပားေပၚတြင္ အင္ျပင္ကဲ့သို႔ေသာ အဖုအပိမ့္မ်ား ထျခင္း၊ ယားယံျခင္း၊ အသက္ရႉရခက္ခဲျခင္းမ်ားျဖစ္ ေပၚေစႏိုင္ၿပီး ဆိုး႐ြားပါက အသက္အႏၲရာယ္ရွိသည္ အထိ ျဖစ္ပြားေစႏိုင္ပါသည္။
သို႔ျဖစ္ပါ၍ ပဋိဇီဝေဆးမ်ားကို ဆရာဝန္ၫႊန္ၾကား ခ်က္မရွိဘဲ စည္းကမ္းမဲ့အသုံးျပဳျခင္းေၾကာင့္ ေဆး ဓာတ္မတည့္မႈႏွင့္ ေဆးယဥ္ပါးတီဘီေရာဂါကဲ့သို႔ ေသာ အလြန္ႀကီးမားသည့္ ျပည္သူ႔က်န္းမာေရးျပႆနာမ်ားျဖစ္ပြားႏိုင္ေသာေၾကာင့္ အမႈိက္ကစ ျပာသာဒ္ မီးေလာင္မႈမျဖစ္ေစေရးအတြက္ ပဋိဇီဝေဆးမ်ားကို ဆရာဝန္လက္မွတ္ပါမွသာ ေရာင္းခ်ျခင္း၊ သုံးစြဲျခင္း မ်ားျပဳလုပ္သင့္ေပသည္။ စပ္ေဆးမ်ား၏ အျခားအႏၲ ရာယ္မ်ားမွာ ၎တို႔ထဲတြင္ မွတ္ပုံမတင္ထားေသာ ေဆးမ်ား၊ သက္တမ္းလြန္ေဆးမ်ား ပါဝင္ႏိုင္သည့္အ တြက္ ၎ေဆးဝါးမ်ား၏ အာနိသင္ပ်က္ျပားေနမႈႏွင့္ ကင္ဆာေရာဂါမ်ားျဖစ္ပြားႏိုင္သည္အထိ ဆိုးက်ိဳးေပး ႏိုင္မႈမ်ားသည္လည္း သတိထားရမည့္ က်န္းမာေရး အႏၲရာယ္မ်ား ျဖစ္ပါသည္။
ၿခဳံငုံသုံးသပ္ရလွ်င္ စပ္ေဆးေသာက္သုံးျခင္း သည္ ေရာဂါလကၡဏာကို ယာယီသာလွ်င္ သက္သာ ေစႏိုင္ၿပီး ေရာဂါအျမစ္ျပတ္ေစရန္ ကုသမႈခံယူျခင္း မဟုတ္သည့္အတြက္ ေရာဂါအေျခအေန ပိုမိုဆိုး႐ြား လာႏိုင္သည့္အျပင္ သုံးစြဲသူမ်ားအတြက္ အသက္ အႏၲရာယ္ရွိျခင္း၊ ျပည္သူလူထုႏွင့္ ႏိုင္ငံေတာ္အတြက္ ေဆးယဥ္ပါးမႈကဲ့သို႔ေသာ စိန္ေခၚမႈမ်ားရွိျခင္းတို႔ေၾကာင့္ အသံတိတ္လူသတ္သမားဟုပင္ တင္စားရ ေပမည္ျဖစ္ပါသည္။
ထို႔ေၾကာင့္ စပ္ေဆးမ်ားသည္ ေဈးႏႈန္းခ်ိဳသာ၍ ဝယ္ယူရန္လြယ္ကူေသာ္လည္း အလြန္အႏၲရာယ္ရွိ သည့္အတြက္ သက္ဆိုင္ရာဌာနမ်ားအေနျဖင့္ မ်က္ ျခည္မျပတ္ ႀကီးၾကပ္ရန္လိုအပ္သလို ေရာင္းခ်သူမ်ား အေနျဖင့္လည္း မိမိအက်ိဳးအျမတ္အတြက္ အျခားသူ မ်ား တစ္ဖက္ ေသာင္ထြန္း တစ္ဖက္ ကမ္းပါးၿပိဳသလို ဆိုးက်ိဳးမျဖစ္ေစေရး ေရာင္းခ်ျခင္း လုံးဝမျပဳလုပ္ သင့္ပါ။ သုံးစြဲသူမ်ားအေနျဖင့္လည္း က်န္းမာေရး အသိရွိစြာျဖင့္ လြန္စြာေဘးျဖစ္စပ္ေဆးအျပစ္မ်ားကို သတိခ်ပ္ၿပီး ဝယ္ယူသုံးစြဲျခင္းကို လုံးဝေရွာင္ၾကဥ္သင့္ပါသည္။

စပ္ေဆးပေပ်ာက္ေရး ေဆာင္႐ြက္သင့္သည့္နည္းလမ္မ်ား

လြန္စြာေဘးျဖစ္၍ အျပစ္ႀကီးမားသည့္ စပ္ေဆး ကို လူမႈပတ္ဝန္းက်င္မွပေပ်ာက္သြားရန္မွာ လူပုဂၢိဳလ္ တစ္ဦးတည္း၊ အဖြဲ႕အစည္းတစ္ခုတည္း၊ အစိုးရဌာန တစ္ခုတည္းမွ ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္မည္ မဟုတ္ပါ။ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန၊ စားသုံးသူေရးရာဦးစီးဌာနကဲ့သို႔ေသာ လုပ္ ပိုင္ခြင့္ရွိသည့္ဌာနဆိုင္ရာမ်ား(Authorized bodies)၊ ေဆးဝါးေရာင္းခ်သည့္လုပ္ငန္းရွင္မ်ား (Business)၊ သုံးစြဲသူျပည္သူမ်ား(Consumers) စသည့္ ဖိုခေနာင့္(၃)ခု တက္ညီလက္ညီပူးေပါင္းပါ ဝင္မႈ(ABC Tripartite cooperation and co­l­l­aboration) ကသာ စပ္ေဆးပေပ်ာက္ေရး အနာ ဂတ္ဟင္းလ်ာေကာင္းတစ္ခြက္ရရွိလာေရး ဖန္တီး ႏိုင္မည္မွာ အေသအခ်ာပင္ျဖစ္ပါသည္။ လုပ္ပိုင္ခြင့္ရွိ ေသာဌာနမ်ားအေနျဖင့္ တာဝန္အရ ဝတ္ေက်တန္း ေက်ျပဳလုပ္ျခင္းမ်ိဳးမဟုတ္ဘဲ အမ်ိဳးသားေရးအသိ၊ အမ်ိဳးသားေရးသတိ၊ အနာဂတ္ က်န္းမာေရးအျမင္ တို႔ျဖင့္ျပ႒ာန္းထားၿပီးေသာ ဥပေဒ၊ နည္းဥပေဒ၊ အမိန႔္ေၾကညာခ်က္မ်ားအသုံးျပဳ၍ စဥ္ဆက္မျပတ္ ကြင္းဆင္းစစ္ေဆးျခင္း၊ အေရးယူ ျခင္းမ်ားျပဳလုပ္သင့္ ေပသည္။
တစ္ခ်ိန္တည္းမွာပင္ ေဆးေရာင္းခ်သူမ်ားႏွင့္ ျပည္သူမ်ားကို စပ္ေဆး၏အႏၲရာယ္၊ လတ္တေလာ ႏွင့္ ေရရွည္ဆိုးက်ိဳးမ်ား၊ ျပည္သူ႔က်န္းမာေရးအေပၚ သက္ေရာက္မႈမ်ားကို အသိပညာေပးျခင္းလုပ္ငန္းမ်ား ပိုမိုအားထည့္ေဆာင္႐ြက္သင့္ပါသည္။ ပုဂၢလိကဆရာ ဝန္မ်ားအေနျဖင့္ မိမိေဆးခန္းသို႔ လာေရာက္ျပသ ေသာလူနာမ်ားကို စပ္ေဆးမ်ား၏အႏၲရာယ္မ်ား၊ ေဘးထြက္ဆိုးက်ိဳးမ်ားအေၾကာင္း အသိပညာေပး ေျပာၾကားၿပီး ဆရာဝန္ၫႊန္ၾကားခ်က္ျဖင့္သာ ေဆး မ်ားေသာက္သုံးရန္တိုက္တြန္းျခင္းအားျဖင့္ ပညာေပး လုပ္ငန္းစဥ္တြင္ တစ္တပ္တစ္အား ပါဝင္ၾကေစေရး တိုက္တြန္းလိုပါသည္။ ဆရာဝန္ၫႊန္ၾကားခ်က္လို အပ္ေသာေဆးဝါးမ်ာ(POM- Prescription Only Medicines) ကို ေဆးစာမပါဘဲ လြယ္လင့္တကူေရာင္း ခ်ေနမႈပေပ်ာက္ေရးေဆာင္႐ြက္မႈ၌ ဆရာဝန္မ်ားအ ေနျဖင့္ ေဆးၫႊန္းမ်ားကို တိက်စြာေရးသားျခင္းအား ျဖင့္ ပူးေပါင္းပါဝင္ရန္ လိုအပ္မည္ျဖစ္ပါသည္။
ေဆးဆိုင္ပိုင္ရွင္လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း မိမိတို႔၏ လတ္တေလာအက်ိဳးအျမတ္ကိုသာ ဦးတည္ သည့္ Profit-oriented တစ္နပ္စားအက်င့္ဆိုးမ်ား ကိုေရွာင္ၾကဥ္ကာ ျပည္သူကိုေရွးရႈသည့္ Public-oriented လုပ္ငန္းျဖစ္ေစေရးႀကိဳးပမ္းျခင္းျဖင့္ က်င့္ ဝတ္ေစာင့္ထိန္းေသာလုပ္ငန္းမ်ား (Ethical busi- ness) အျဖစ္ရပ္တည္သင့္ပါသည္။ သုံးစြဲသူျပည္သူ မ်ားအေနျဖင့္လည္း လတ္တေလာ ေဈးသက္သာျခင္း၊ ဝယ္ယူရလြယ္ကူျခင္း၊ လတ္တေလာ ေရာဂါခံစားရမႈသက္သာျခင္းတို႔ကိုသာၾကည့္ၿပီး လြန္စြာေဘးျဖစ္ ေသာစပ္ေဆးအျပစ္မ်ားႏွင့္ ေရရွည္ဆိုးက်ိဳးမ်ားကို သတိမမူမိသည့္သုံးစြဲသူမ်ားမျဖစ္ေစေရး၊ က်န္းမာ ေရးဗဟုသုတမ်ား၊ ပိုမိုေလ့လာဆည္းပူးသင့္ေပသည္။
က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္လည္း ျပည္ သူလက္လွမ္းမီေသာ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ရရွိေစရန္ နယ္လွည့္ေဆးကုသျခင္း၊ ၿမိဳ႕နယ္အဆင့္ ေဆး႐ုံမ်ားႏွင့္ ျပင္ပလူနာဌာနမ်ားကို တိုးခ်ဲ႕ဖြင့္လွစ္ ျခင္းကဲ့သို႔ေသာလႈပ္ရွားမႈမ်ား စီစဥ္ေဆာင္႐ြက္လ်က္ ရွိပါသည္။
နိဂုံးခ်ဳပ္အားျဖင့္ဆိုရေသာ္ စပ္ေဆးအႏၲရာယ္ သည္ ျမန္မာႏိုင္ငံတြင္ လြန္စြာ အေရးတႀကီးေျဖရွင္းရ မည့္ ျပည္သူ႔က်န္းမာေရးကို စိန္ေခၚလ်က္ရွိေသာ ျပႆနာတစ္ရပ္ျဖစ္ပါသည္။ ၎ကို အစိုးရ၊ လုပ္ငန္း ရွင္၊ ျပည္သူလူထု တက္ညီလက္ညီ ပူးေပါင္းေဆာင္ ႐ြက္မႈျဖင့္သာ ေအာင္ျမင္စြာတြန္းလွန္ႏိုင္မည္ျဖစ္ၿပီး စပ္ေဆးမ်ားေရာင္းခ်သုံးစြဲမႈပေပ်ာက္မွသာ က်န္းမာ ေရးဝန္ႀကီးဌာန၏ရည္မွန္းခ်က္ (၂) ရပ္ျဖစ္သည့္ လူ တိုင္း သက္တမ္းေစ့ အသက္ရွည္စြာေနႏိုင္ေရးႏွင့္ လူတိုင္း ေရာဂါဘယကင္းရွင္းေရးကို ႀကီးမားစြာစိန္ ေခၚေနသည့္အတားအဆီးကို ဖယ္ရွားႏိုင္မည္ ျဖစ္ပါ သည္။ သို႔ျဖစ္၍ လြန္စြာေဘးျဖစ္ စပ္ေဆးအျပစ္ကို မွန္ကန္စြာသိျမင္ကာ ႏိုင္ငံေတာ္အတြင္းရွိ ျပည္သူ တစ္ဦးခ်င္းစီမွ အမ်ိဳးသားေရးအသိ၊ အမ်ိဳး သားေရး သတိျဖင့္ ပူးေပါင္းေဆာင္႐ြက္ၾကရင္း စပ္ေဆးကင္း စင္ၿပီး အရည္အေသြးအာနိသင္ရွိ၍ ေဘးအႏၲရာယ္ ကင္းရွင္းေသာေဆးဝါးမ်ားသုံးစြဲႏိုင္သည့္ အနာဂတ္ မ်ိဳးဆက္တစ္ရပ္ကို လက္ဆင့္ကမ္းေဖာ္ေဆာင္ သြားၾကပါစို႔ဟု တိုက္တြန္းေရးသားအပ္ပါသည္။

မူရင်းသတင်း — NP News