NP News

EU ဆီ ဗြိတိန် ပြန်လာတော့မှာလား

သန်းထိုက်စိုး (NP News) - အောက်တိုဘာလ ၂၉
Brexit နောက်ပိုင်း အခင်းအကျင်း

ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ(EU)ထံသို့ပြန်လည်ဝင်ရောက်ရန် ဖြစ်နိုင်ခြေရှိကြောင်းဝန် ကြီးချုပ် အန်ဒီဘာနမ်က ထုတ်ဖော်ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂမှထွက်ခွာခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကိုပိုမိုဖြစ်စေခဲ့ပြီး ၎င်းအနေဖြင့် နောက်ဆုံးအ ချိန်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်အသင့်ရှိ ကြောင်း အလေးအနက်ပြောဆိုခဲ့သည်။ သို့သော် ဗြိ တိန်နိုင်ငံသည် Brexit ဆုံးဖြတ်ချက်ကို အမှန်တ ကယ်ပြန်လှည့်ချင်နေပြီလားဆိုသည့်မေးခွန်းက လည်းရှိနေပါသည်။ ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှ ထွက်ခွာသွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဘရပ်ဆဲလ်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ခုတည်းသောဈေးကွက်သို့ ပြန်လည်ဝင်ရောက် ခြင်းနှင့် အဖွဲ့ဝင်အဖြစ်ပြန်လည်ဝင်ရောက်ခြင်း စသည့် ဖြစ်နိုင်ခြေရှိသောရွေးချယ်စရာများ စားပွဲဝိုင်း ပေါ် ပြန်လည်တင်သွင်းလာခဲ့ပြီဖြစ်သည်။

ဥရောပ၏တုံ့ပြန်မှုနှင့်(၁၀)နှစ်တာသက်ရောက်မှုများ

ဗြိတိန်နှင့်ပိုမိုနီးကပ်လာရန်ဆန္ဒရှိမှုကို ဥရောပခေါင်းဆောင်များက ကြိုဆိုခဲ့ကြသော်လည်း ဗြိတိသျှအနေဖြင့် EU ၏ မည်သည့်အစိတ်အပိုင်းများ ကို ကြိုက်နှစ်သက်သည်ဆိုသည်ကို စိတ်ကြိုက် ရွေး ချယ်ယူ၍မရနိုင်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြသည်။ ဗြိတိန်သည် (၂၀၂၀) ပြည့်နှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ သန်းခေါင်ယံအချိန်တွင် ဥရောပသမဂ္ဂမှ တရားဝင်ထွက်ခွာခဲ့သည်။ Brexit အခင်းအကျင်းသည် ထိုအချိန်မှစ၍ ဘရပ်ဆဲလ်နှင့် ဆက်ဆံရေးအသစ်တစ်ခုကိုဖော်ဆောင်ပေးခဲ့သော်လည်း ကုန်သွယ်မှုနှင့်စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသောအတားအဆီးများဖြစ်စေခဲ့သည်။ ယခု အခါ မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့ပြီးနောက် (၁၀) နှစ်ကျော် အကြာတွင် ဝန်ကြီးချုပ်က န့ အဖွဲ့ဝင်ဖြစ်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးငြင်းခုံမှုကို အချိန်တန်ပြီဖြစ် ၍ ပြန်လည်စတင်သင့်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

စီးပွားရေးထိခိုက်မှုနှင့် နိုင်ငံတကာ တုံ့ပြန်ချက်များ

Brexit သည် ကောင်းကျိုးထက် ဆိုးကျိုး ကိုပိုမိုဖြစ်စေခဲ့ပြီး ဗြိတိန်နိုင်ငံအတွက် ပိုမိုမြင့်မားသော စီးပွားရေးတိုးတက်မှုနှင့်သာယာဝပြောမှုကို ပြန်လည် ဖော်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။ လူထုဆန္ဒခံယူ ပွဲကို ချက်ချင်းပြုလုပ်ရန်တောင်းဆိုသည်အထိမသွား ခဲ့သော်လည်း ဥရောပဘက်မှတုံ့ပြန်မှုမှာ အလွန်လျင် မြန်ခဲ့သည်။ Brexit ဆိုသည်မှာ ဗြိတိသျှပြည်သူများ အတွက်ရော ဥရောပစီမံကိန်းကြီးတစ်ခုလုံးအတွက်ပါ ကြီးမားသောဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု ယူဆချက် များရှိသည်။ စပိန်နိုင်ငံကဲ့သို့သောနိုင်ငံများကမူ ဗြိ တိန် ပြန်လည်ဝင်ရောက်လာမှုကို သေချာပေါက်ကြို ဆိုမည်ဖြစ်ကြောင်းပြသခဲ့သည်။ သို့သော်လည်း ဗြိ တိန်နိုင်ငံအတွင်း ဤကိစ္စနှင့်ပတ်သက်သည့်တုံ့ပြန် မှုများမှာ ကွဲပြားလျက်ရှိနေဆဲ ဖြစ်သည်။

ဖာရာ့ဂ်၏တုံ့ပြန်မှုနှင့် လူထုအမြင်စစ်တမ်းများ

Brexit မဲဆွယ်စည်းရုံးမှုကိုဦးဆောင်ခဲ့သူ Reform UK ပါတီခေါင်းဆောင် နိုက်ဂျယ်ဖာရာ့ဂ် (Nigel Farage) က ဤကိစ္စကို ပြန်လည်တုံ့ပြန်သွား မည်ဖြစ်ကြောင်း တရားဝင်ကတိပြုခဲ့သည်။ ဥရောပ သမဂ္ဂနှင့်ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲ ပြန်လည်လုပ် ဆောင်ခြင်းသည် စည်းလုံးမှုကိုယူဆောင်လာလိမ့်မည် မဟုတ်ဘဲ အလုံးစုံကွဲပြားမှုကိုသာဖြစ်ပေါ်စေလိမ့်မည် ဟု ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း အများပြည်သူ၏အမြင်သဘောထားများမှာ သိသိသာ သာပြောင်းလဲလာနိုင်ခြေရှိနေသည်ကို တွေ့ရသည်။ ဗြိတိသျှနိုင်ငံသား (၁၁,ဝဝဝ)ကျော်ကို နောက်ဆုံး ကောက်ယူခဲ့သည့်လူထုစစ်တမ်းအရ မဲပေးသူ (၄၉) ရာခိုင်နှုန်းက EU သို့ပြန်ဝင်ရန်ထောက်ခံကြပြီး (၂၈ ဒသမ ၅) ရာခိုင်နှုန်းကသာ ကန့်ကွက်ကြသည်။

ပြည်သူများ၏ခံစားချက်နှင့်စီးပွားရေးအမြင်

ဥရောပမှ အဘယ်ကြောင့်ထွက်ခဲ့ကြရ သည်ကို အစကတည်းက နားမလည်နိုင်အောင်ဖြစ်ကြ သူများရှိနေပြီး အရင်အတိုင်းပြန်သွားချင်သည့်ဆန္ဒ များလည်းရှိနေသည်။ အရင်အတိုင်းပြန်သွားရန် ကြိုး ပမ်းခြင်းသည် ဒီမိုကရေစီကို သွယ်ဝိုက်ပြီး ခြေရာနင်း ရာကျသည်ဟုရှုမြင်ကြသော်လည်း တော်လောက်ပြီ ဟုယူဆရမည့်အတိုင်းအတာတစ်ခုသို့ ရောက်ရှိလာခဲ့ ပြီဖြစ်သည်။ EU သို့ ပြန်လည်ဝင်ရောက်ရန်အတွက် ငွေကြေးပမာဏ အများအပြားပေးဆောင်ရမည်ဖြစ်ပြီး အခက်အခဲပေါင်းစုံကိုဖြတ်ကျော်ရလိမ့်မည်ဟု သုံး သပ်မှုများလည်းရှိနေသည်။ သို့သော်လည်း အီးယူမှ ဗြိတိန်ထွက်သွားခဲ့ခြင်းသည် နိုင်ငံအတွက် အကြီးမား ဆုံးကပ်ဘေးများထဲမှတစ်ခုဖြစ်ပြီး စီးပွားရေးနှင့် လုပ် သားအင်အားစုအတွက် ကောင်းကျိုးဖြစ်ထွန်းစေရန် ပြန်လည်ဝင်ရောက်သင့်သည်ဟု ယူဆနေကြသည်။

ဥရောပ၏ တင်းကျပ်သောစည်းကမ်းချက်များနှင့် နိုဝင်ဘာ ထိပ်သီးအစည်းအဝေး

အီးယူသို့ အပြည့်အဝပြန်မဝင်ဘဲ တစ်ဝက် တစ်ပျက်ဖြင့်ပြန်သွားမည့် မည်သည့်လုပ်ရပ်မဆို တင်းကျပ်သောစည်းကမ်းချက်များဖြင့် စည်းနှောင် ထားမည်ဖြစ်ကြောင်း ဥရောပခေါင်းဆောင်များက ပြောကြားထားပြီးဖြစ်သည်။ ဥရောပသမဂ္ဂ၏လွတ် လပ်ခွင့်များထဲမှ မိမိကြိုက်နှစ်သက်ရာကို စိတ်ကြိုက် ရွေးချယ်ယူ၍မရနိုင်သကဲ့သို့ မိမိနှင့်အဆင်ပြေသည် ကိုသာယူမည်ဟု ဆုံးဖြတ်ခွင့်မရှိကြောင်းလည်းအသိ ပေးထားသည်။ ဗြိတိန်၏ Brexit နောက်ပိုင်းဆက်ဆံရေးသည် နောက်တစ်ဆင့်သို့ ရောက်ရှိသွားနိုင်သည့် နိုဝင်ဘာလထိပ်သီးအစည်းအဝေးတွင် ဗြိတိန်နှင့် EU တို့ တွေ့ဆုံရန်စီစဉ်လျက်ရှိသည်။ အဆိုပါအ စည်းအဝေးသည် နှစ်ဖက်ဆက်ဆံရေး၏ အလှည့်အ ပြောင်းတစ်ခု ဖြစ်လာနိုင်ခြေရှိသည်။
နိုင်ငံရေးအယ်ဒီတာများနှင့် ရုပ်သံထုတ် လွှင့်သူများက Brexit နှင့်ပတ်သက်သော ရှုပ်ထွေးမှု များကို သုံးသပ်တင်ပြခဲ့ကြသည်။ Brexit ဆွေးနွေး ပွဲများနှင့် ပြီးခဲ့သော (၁၀)နှစ်တာကာလအတွင်း မ ဖြေရှင်းနိုင်ခဲ့သည့်ပြဿနာများသည် နိုင်ငံအတွက် အလွန်တရာ ထိခိုက်နစ်နာစေခဲ့ကြောင်း ထောက်ပြ ကြသည်။ ဝန်ကြီးချုပ်သစ်တစ်ဦးအနေဖြင့် Brexit ကို ပြန်လည်စဉ်းစားသင့်သည်ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုလာခြင်းသည် တားမြစ်ထားသောစည်းမျဉ်း တစ်ခုကို ဖောက်ဖျက်လိုက်ခြင်းပင်ဖြစ်သည်။ အဆိုပါ အခြေအနေသည် နိုင်ငံရေးဆွေးနွေးငြင်းခုံမှုအသစ် တစ်ခုကို သေချာပေါက် စတင်ပေးနိုင်မည်ဖြစ်သော် လည်း လက်တွေ့တွင် ရေရှည်ခရီးဆက်ရဦးမည်ဖြစ် သည်။

ဘာနမ်၏ မဟာဗျူဟာနှင့်နိုင်ငံရေး ရပ်တည်ချက်

ဝန်ကြီးချုပ်၏ အဓိကရပ်တည်ချက်မှာ နိုင်ငံလုံးဆိုင်ရာဆွေးနွေးပွဲတစ်ခုကို ပြုလုပ်သွားရန် ဖြစ်ပြီး ထိုမှတစ်ဆင့် လာမည့်ရွေးကောက်ပွဲအတွက် လေဘာပါတီ၏ မဲဆွယ်ကြေညာစာတမ်းတွင် အဆို ပြုချက်များထည့်သွင်းသွားရန် ဖြစ်သည်။ အကယ်၍ အဆိုပါလုပ်ငန်းစဉ်များအားလုံးအတွက် အချိန်လုံ လောက်မည်ဆိုပါက တိုက်ရိုက်ပြန်ဝင်မည်ဟုကြေ ညာသည်ထက် ပိုမိုလျှော့ပေါ့ထားသောပုံစံဖြင့် လုပ် ဆောင်လာဖွယ်ရှိသည်။ သို့သော်လည်း အခြေအနေ အရ တိုက်ရိုက်ပြန်ဝင်ရန် သို့မဟုတ် နောက်ထပ် လူ ထုဆန္ဒခံယူပွဲတစ်ခုကျင်းပရန်အထိပါ ရောက်ရှိသွား နိုင်ခြေရှိနေသည်။ ယင်းအချက်သည် နိုင်ငံရေးအရ ကြီးမားသောအပြောင်းအလဲများကို ဖန်တီးလာနိုင် စရာအကြောင်းရှိသည်။

ဘာနမ်၏ မဲဆန္ဒရှင်များအား စိန်ခေါ်မှုနှင့် လေဘာပါတီ၏ အနေအထား

မဲဆန္ဒရှင်များကို တိုက်ရိုက်စိန်ခေါ်လိုက် သည့်သဘောမျိုးဖြင့် ဝန်ကြီးချုပ်က ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။ လူထုအနေဖြင့် လက်ရှိပြော ဆိုချက်များကို အလုံးစုံ ကြိုက်နှစ်သက်ချင်မှ ကြိုက် ကြပါလိမ့်မည်။ အပြောင်းအလဲအချို့ကိုဖော်ဆောင် ရန် လက်တွေ့ဆန်သောလုပ်ရပ်များ လိုအပ်နေပြီဖြစ် သည်။ ဝက်စ်မင်စတာကို ငြီးငွေ့နေကြပြီဖြစ်သော မဲဆန္ဒရှင်များ၏အခြေအနေကို သိရှိနားလည်သဖြင့် လူမှုဖူလုံရေးနှင့် မြနထငအ ကဲ့သို့သောအမှားအယွင်း များကိုပြင်ဆင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ယင်း မဟာဗျူဟာသည် လေဘာပါတီ၏ လက်ဝဲယိမ်းအင် အားစုများကို ပြန်လည်စုစည်းပေးနိုင်မည့် အဓိက နည်းလမ်းတစ်ခုလည်း ဖြစ်လာသည်။

ပါတီတွင်း စည်းလုံးညီညွတ်မှုနှင့် လစ်ဘရယ်ဒီမိုကရက်များနှင့် ဆက်စပ်မှု

နိုင်ငံရေးအရ အရေးအကြီးဆုံးအချက်တစ် ချက်မှာ လေဘာပါတီအတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်ပင်ဖြစ်သည်။ ဝန်ကြီးချုပ်သစ် တာ ဝန်ထမ်းဆောင်လာချိန်တွင် ပါတီအတွင်း၌ ကြီးမား သောရန်ငြိုးဖွဲ့မှုများ သို့မဟုတ် ဒေါသထွက်မှုများကင်း မဲ့နေသည်ကိုတွေ့ရပြီး ယင်းမှာ ပါတီကို ထူးချွန်ပြောင် မြောက်စွာစီမံခန့်ခွဲနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဥရော ပကိစ္စရပ်များသာမက အစ္စရေးကဲ့သို့သော နိုင်ငံတ ကာကိစ္စရပ်များတွင်ပါ ကြိုတင်ကြေညာချက်များ ထုတ်ပြန်ကာ ပါတီကိုစုစည်းနိုင်ခဲ့သည်။ ဤမူဝါဒနှင့် လုပ်ဆောင်ချက်များသည် လစ်ဘရယ်ဒီမိုကရက်ပါတီ ၏လမ်းကြောင်းများနှင့် အလွန်ပင် ဆင်တူယိုးမှားဖြစ် နေသည်ကိုတွေ့ရသည်။
ဗြိတိန်စီးပွားရေးအပေါ် Brexit ၏ထိခိုက် မှုမှာ ကြီးမားခဲ့ပြီး ဂျီဒီပီ၏(၆)ရာခိုင်နှုန်းခန့်ဆုံးရှုံးခဲ့ရ သည်ဟု ခန့်မှန်းချက်များကဆိုသည်။ အကယ်၍ ထို ငွေကြေးများသာ ဆက်လက်ရှိနေမည်ဆိုပါက ကာ ကွယ်ရေးနှင့် အခြားကဏ္ဍများအပေါ်ကျရောက်နေ သည့်ဖိအားများ လျော့ပါးသွားမည်မှာသေချာသည်။ ဥရောပနှင့်ကုန်သွယ်မှုများ အတော်ပျက်စီးခဲ့ရခြင်း ကြောင့် စီးပွားရေးလုပ်ငန်းအများအပြားမှာ ရပ်စဲသွား ခဲ့ရသည်။

အနာဂတ် ညွန့်ပေါင်းအစိုးရအလားအလာနှင့် မဟာမိတ်ပြုမှုများ

လေဘာပါတီနှင့် လစ်ဘရယ်ဒီမိုကရက် များကြားတွင် အနာဂတ်ညွန့်ပေါင်းအစိုးရတစ်ရပ် ပေါ်ထွက်လာနိုင်ခြေ ရှိမရှိဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ တရားဝင် သို့မဟုတ် တရားမဝင် သော ရွေးကောက်ပွဲဆိုင်ရာမဟာမိတ်ပြုမှုများ ပြု လုပ်ရန်လည်း လူပြောများနေကြဆဲဖြစ်သည်။ လေ ဘာ၊ လစ်ဘရယ်ဒီမိုကရက်နှင့် စိမ်းလန်းရေးပါတီများ အနေဖြင့် အလယ်အလတ်မဲဆန္ဒနယ်များတွင် Reform ပါတီ၏လွှမ်းမိုးမှုကိုတားဆီးရန်အတွက် မဲ များမကွဲစေရန် သဘောတူညီချက်များ ရယူလာနိုင် ခြေရှိသည်။ သို့သော်လည်း ထိုသို့သော မဟာမိတ်များ ဖြစ်မြောက်လာစေရန်အတွက် အချိုးကျရွေးကောက် ပွဲစနစ်၊ လူမှုဖူလုံရေးနှင့် ဥရောပနှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်ရေး စသည့်အချက်အလက်များကို အပြန် အလှန်လဲလှယ်ပေးရမည့်အနေအထားရှိသည်။

မဲဆန္ဒရှင်များ၏ ရပ်တည်ချက်

နိုင်ငံရေးပါတီအချို့အတွက်မူ ဤဆွေး နွေးချက်များသည် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေပေါ်တွင် တိုက်ယူရမည့်အခြေအနေကောင်းတစ်ခု ဖြစ်လာ သည်။ လူထုစစ်တမ်းများက Brexit အလုပ်မဖြစ် တော့ကြောင်းပြသနေသော်လည်း မဲဆန္ဒရှင်အများ စုမှာ မူလ Brexit လမ်းကြောင်းအတိုင်း ဆက်လက်မဲ ပေးနေကြဆဲဖြစ်သည်။ သို့သော် ဒေသန္တရရွေးကောက် ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များကိုကြည့် လျှင် မဲဆန္ဒရှင်များသည် ဝက်စ်မင်စတာထက် ရှေ့ ရောက်နေသည်ကိုတွေ့ရသည်။ ဗြိတိန်တွင် Reform ပါတီသည် Green Party နှင့်လေဘာပါတီကိုရှုံးနိမ့် ခဲ့ပြီး စကော့တလန်နှင့်ဝေးလ်စ်တို့တွင်လည်း အမျိုး သားရေးပါတီများကိုရှုံးနိမ့်ခဲ့ခြင်းကြောင့် မဲဆန္ဒရှင် များအနေဖြင့် သွယ်ဝိုက်သောနည်းလမ်းဖြင့် ပြန် လည်စုစည်းနေကြပြီဖြစ်သည်။

ကမ္ဘာ့အပြောင်းအလဲနှင့် ဗြိတိန်၏ ဥရောပဆီ ပြန်လည်နီးကပ်မှု

ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများဖြစ် သော အမေရိကန်၏ မူဝါဒအပြောင်းအလဲများ၊ တရုတ်နိုင်ငံ၏အင်အားပြမှုများနှင့် ကနေဒါနိုင်ငံ၏ ဥရောပသမဂ္ဂတွဲဖက်အဖွဲ့ဝင်ဖြစ်လိုမှုတို့ကြောင့် ဗြိ တိန်အတွက် ဥရောပနှင့်နီးကပ်ရန် ပိုမိုအရေးပါလာ သည်။ ဥရောပသမဂ္ဂသည် ဗြိတိန်၏ အကြီးဆုံးဈေး ကွက်ဖြစ်သောကြောင့် စီးပွားရေးအရ အလွန်တရာ ကျိုးကြောင်းဆီလျော်မှုရှိသကဲ့သို့ ရုရှား၏ခြိမ်းခြောက် မှုများကိုရင်ဆိုင်ရာတွင်လည်း ကာကွယ်ရေးမဟာမိတ် အဖွဲ့များ လိုအပ်နေခြင်းဖြစ်သည်။ သို့သော်လည်း ယူရိုငွေကြေးစနစ်ကိုလက်ခံရန်နှင့် ဘတ်ဂျက်ငွေ ထည့်ဝင်ရန် စသည့်ကိစ္စရပ်များမှာ လက်တွေ့တွင် အလွန်တရာခက်ခဲနိုင်ပြီး ယူကေအနေဖြင့် ချက်ချင်း ပြန်ဝင်ရန်မှာ အလှမ်းဝေးနေဦးမည် ဖြစ်သည်။

ဘရပ်ဆဲလ်၏သဘောထားနှင့် ရှေ့ဆက်မည့် မဟာမိတ်လမ်းကြောင်း

ဘရပ်ဆဲလ်ဘက်မှကြည့်လျှင်လည်း ဗြိ တိန်နိုင်ငံကို အလွယ်တကူ ပြန်လည်လက်ခံလိုစိတ် နည်းပါးနေပါသည်။ အပြင်လောကတွင် ခက်ခဲလာ သောအခါ ထွက်သွားပြီး အဆင်မပြေသည့်အခါ ပြန် ဝင်လာနိုင်သည်ဟူသောပုံစံမျိုးကို လက်မခံလိုကြပါ။ ထို့ကြောင့် ဗြိတိန်အနေဖြင့် မူလကရရှိထားခဲ့သော အခြေအနေများထက် ပိုမိုဆိုးရွားသော သဘောတူညီ ချက်များဖြင့်သာ ပြန်လည်ဝင်ရောက်ရမည့်အန္တရာယ် ရှိနေသည်။ သို့သော် ယူကရိန်းစစ်ပွဲနှင့် အမေရိကန်၏ မတည်ငြိမ်သောမဟာမိတ်မူဝါဒများကြောင့် နှစ်ဖက် စလုံးတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် လို အပ်ချက်များရှိနေဆဲဖြစ်သည်။ တစ်ကြိမ်တည်းနှင့် လူထုဆန္ဒခံယူပွဲဖြင့်ဝင်ရောက်ခြင်းထက် နှစ်ပေါင်း များစွာကြာအောင် စာချုပ်များချုပ်ဆိုကာ တဖြည်းဖြည်း ချင်းနီးကပ်လာမည့်လမ်းကြောင်းကိုသာ ပိုမိုမျှော်မှန်း ကြသည်။

ဆန္ဒခံယူပွဲ၏ခက်ခဲမှုနှင့် အကျပ်အတည်း အခြေအနေများ

ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် မဲဆွယ် ကြေညာစာတမ်းတွင်ထည့်သွင်းကာ လူထုဆန္ဒခံယူပွဲ မပါဘဲ ပြန်လည်ဝင်ရောက်ရန်ကြိုးပမ်းခြင်းသည် ရွေး ကောက်ပွဲတွင် ကြီးမားသောစွန့်စားရမှုတစ်ခု ဖြစ်လာ နိုင်သည်။ လူထုဆန္ဒခံယူပွဲများပြုလုပ်ခြင်းသည် နိုင်ငံ အတွက် အလွန်တရာခက်ခဲကြမ်းတမ်းပြီး စကော့ တလန် လွတ်လပ်ရေးဆန္ဒခံယူပွဲကဲ့သို့သော နောက် ဆက်တွဲရိုက်ခတ်မှုများမှာ ယခုတိုင် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း နိုင်ငံတော်တွင် ကြီးမားသောအကျပ်အ တည်းများဖြစ်သည့် ရုရှား၏ နေတိုးကိုတိုက်ခိုက်မှုမျိုး သို့မဟုတ် ဗြိတိန်စီးပွားရေးပြိုလဲမှုမျိုးဖြစ်လာခဲ့ပါက ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် တိုက်ရိုက်ဆုံးဖြတ်ချက် ချမှတ်ရမည့်အနေအထားမျိုးရောက်ရှိလာနိုင်သည်။

လူငယ်များ၏ အမြင်

လက်ရှိ လူထုအမြင်စစ်တမ်းများအရ Brexit ဆုံးဖြတ်ချက်ကို မှားယွင်းခဲ့သည်ဟု မြင်ကြ သူများက အများစုဖြစ်နေပြီး အထူးသဖြင့် အသက် (၁၈) နှစ်မှ (၂၄) နှစ်ကြား လူငယ်များမှာ ဥရောပသို့ ပြန်လည်ဝင်ရောက်လိုကြသည်။ လူငယ်များသည် လွတ်လပ်စွာသွားလာခွင့်နှင့် ကမ္ဘာလုံးဆိုင်ရာဆက်ဆံ ရေးများကိုတန်ဖိုးထားကြသော်လည်း သက်ကြီးမျိုး ဆက်များကြားတွင်မူ ယခင်ဆုံးဖြတ်ချက်များနှင့်ပတ် သက်၍ အငြင်းပွားမှုများနှင့်နောင်တရမှုများ ဆက် လက်ရှိနေဆဲဖြစ်သည်။ ဗြိတိန်နိုင်ငံအနေဖြင့် ထိုကဲ့ သို့ ရှုပ်ထွေးနက်နဲလှသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာစိန်ခေါ်မှုများအကြားတွင် ဥရောပ သမဂ္ဂဆီသို့ အမှန်တကယ် ပြန်လာနိုင်မည်လောဆို သည်မှာ နောင်လာမည့်အနာဂတ်ကာလများ၏ နိုင်ငံ ရေးအပြောင်းအလဲများနှင့် ပြည်သူများ၏ဆုံးဖြတ် ချက်များအပေါ်တွင်သာ အပြည့်အဝမူတည်နေမည် ဖြစ်သည်ဟု သုံးသပ်ရသည်။

zawgyi version

EU ဆီ ၿဗိတိန္ ျပန္လာေတာ့မွာလား

သန္းထိုက္စိုး (NP News) - ေအာက္တိုဘာလ ၂၉
Brexit ေနာက္ပိုင္း အခင္းအက်င္း

ၿဗိတိန္ႏိုင္ငံအေနျဖင့္ ဥေရာပသမဂၢ(EU)ထံသို႔ျပန္လည္ဝင္ေရာက္ရန္ ျဖစ္ႏိုင္ေျခရွိေၾကာင္းဝန္ ႀကီးခ်ဳပ္ အန္ဒီဘာနမ္က ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ ဥေရာပသမဂၢမွထြက္ခြာျခင္းသည္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုပိုမိုျဖစ္ေစခဲ့ၿပီး ၎အေနျဖင့္ ေနာက္ဆုံးအ ခ်ိန္အထိ ႀကိဳးပမ္းေဆာင္႐ြက္သြားရန္အသင့္ရွိ ေၾကာင္း အေလးအနက္ေျပာဆိုခဲ့သည္။ သို႔ေသာ္ ၿဗိ တိန္ႏိုင္ငံသည္ Brexit ဆုံးျဖတ္ခ်က္ကို အမွန္တ ကယ္ျပန္လွည့္ခ်င္ေနၿပီလားဆိုသည့္ေမးခြန္းက လည္းရွိေနပါသည္။ ၿဗိတိန္ႏိုင္ငံသည္ ဥေရာပသမဂၢမွ ထြက္ခြာသြားၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ ဘရပ္ဆဲလ္ႏွင့္ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ျခင္း၊ တစ္ခုတည္းေသာေဈးကြက္သို႔ ျပန္လည္ဝင္ေရာက္ ျခင္းႏွင့္ အဖြဲ႕ဝင္အျဖစ္ျပန္လည္ဝင္ေရာက္ျခင္း စသည့္ ျဖစ္ႏိုင္ေျခရွိေသာေ႐ြးခ်ယ္စရာမ်ား စားပြဲဝိုင္း ေပၚ ျပန္လည္တင္သြင္းလာခဲ့ၿပီျဖစ္သည္။

ဥေရာပ၏တုံ႔ျပန္မႈႏွင့္(၁၀)ႏွစ္တာသက္ေရာက္မႈမ်ား

ၿဗိတိန္ႏွင့္ပိုမိုနီးကပ္လာရန္ဆႏၵရွိမႈကို ဥေရာပေခါင္းေဆာင္မ်ားက ႀကိဳဆိုခဲ့ၾကေသာ္လည္း ၿဗိတိသွ်အေနျဖင့္ EU ၏ မည္သည့္အစိတ္အပိုင္းမ်ား ကို ႀကိဳက္ႏွစ္သက္သည္ဆိုသည္ကို စိတ္ႀကိဳက္ ေ႐ြး ခ်ယ္ယူ၍မရႏိုင္ေၾကာင္းကိုလည္း ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့ၾကသည္။ ၿဗိတိန္သည္ (၂၀၂၀) ျပည့္ႏွစ္ ဇန္နဝါရီလ (၃၁)ရက္ေန႔ သန္းေခါင္ယံအခ်ိန္တြင္ ဥေရာပသမဂၢမွ တရားဝင္ထြက္ခြာခဲ့သည္။ Brexit အခင္းအက်င္းသည္ ထိုအခ်ိန္မွစ၍ ဘရပ္ဆဲလ္ႏွင့္ ဆက္ဆံေရးအသစ္တစ္ခုကိုေဖာ္ေဆာင္ေပးခဲ့ေသာ္လည္း ကုန္သြယ္မႈႏွင့္စီးပြားေရးလုပ္ငန္းမ်ားအတြက္ ႀကီးမားေသာအတားအဆီးမ်ားျဖစ္ေစခဲ့သည္။ ယခု အခါ မဲခြဲဆုံးျဖတ္မႈျပဳလုပ္ခဲ့ၿပီးေနာက္ (၁၀) ႏွစ္ေက်ာ္ အၾကာတြင္ ဝန္ႀကီးခ်ဳပ္က န႔ အဖြဲ႕ဝင္ျဖစ္ေရးႏွင့္ ပတ္သက္သည့္ ေဆြးေႏြးျငင္းခုံမႈကို အခ်ိန္တန္ၿပီျဖစ္ ၍ ျပန္လည္စတင္သင့္ေၾကာင္းထုတ္ေဖာ္ေျပာၾကားခဲ့သည္။

စီးပြားေရးထိခိုက္မႈႏွင့္ ႏိုင္ငံတကာ တုံ႔ျပန္ခ်က္မ်ား

Brexit သည္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳး ကိုပိုမိုျဖစ္ေစခဲ့ၿပီး ၿဗိတိန္ႏိုင္ငံအတြက္ ပိုမိုျမင့္မားေသာ စီးပြားေရးတိုးတက္မႈႏွင့္သာယာဝေျပာမႈကို ျပန္လည္ ေဖာ္ေဆာင္ရန္ လိုအပ္ေနၿပီျဖစ္သည္။ လူထုဆႏၵခံယူ ပြဲကို ခ်က္ခ်င္းျပဳလုပ္ရန္ေတာင္းဆိုသည္အထိမသြား ခဲ့ေသာ္လည္း ဥေရာပဘက္မွတုံ႔ျပန္မႈမွာ အလြန္လ်င္ ျမန္ခဲ့သည္။ Brexit ဆိုသည္မွာ ၿဗိတိသွ်ျပည္သူမ်ား အတြက္ေရာ ဥေရာပစီမံကိန္းႀကီးတစ္ခုလုံးအတြက္ပါ ႀကီးမားေသာဆုံးရႈံးမႈတစ္ခုျဖစ္သည္ဟု ယူဆခ်က္ မ်ားရွိသည္။ စပိန္ႏိုင္ငံကဲ့သို႔ေသာႏိုင္ငံမ်ားကမူ ၿဗိ တိန္ ျပန္လည္ဝင္ေရာက္လာမႈကို ေသခ်ာေပါက္ႀကိဳ ဆိုမည္ျဖစ္ေၾကာင္းျပသခဲ့သည္။ သို႔ေသာ္လည္း ၿဗိ တိန္ႏိုင္ငံအတြင္း ဤကိစၥႏွင့္ပတ္သက္သည့္တုံ႔ျပန္ မႈမ်ားမွာ ကြဲျပားလ်က္ရွိေနဆဲ ျဖစ္သည္။

ဖာရာ့ဂ္၏တုံ႔ျပန္မႈႏွင့္ လူထုအျမင္စစ္တမ္းမ်ား

Brexit မဲဆြယ္စည္း႐ုံးမႈကိုဦးေဆာင္ခဲ့သူ Reform UK ပါတီေခါင္းေဆာင္ ႏိုက္ဂ်ယ္ဖာရာ့ဂ္ (Nigel Farage) က ဤကိစၥကို ျပန္လည္တုံ႔ျပန္သြား မည္ျဖစ္ေၾကာင္း တရားဝင္ကတိျပဳခဲ့သည္။ ဥေရာပ သမဂၢႏွင့္ပတ္သက္ၿပီး လူထုဆႏၵခံယူပြဲ ျပန္လည္လုပ္ ေဆာင္ျခင္းသည္ စည္းလုံးမႈကိုယူေဆာင္လာလိမ့္မည္ မဟုတ္ဘဲ အလုံးစုံကြဲျပားမႈကိုသာျဖစ္ေပၚေစလိမ့္မည္ ဟု ေဝဖန္မႈမ်ားထြက္ေပၚလာခဲ့သည္။ သို႔ေသာ္လည္း အမ်ားျပည္သူ၏အျမင္သေဘာထားမ်ားမွာ သိသိသာ သာေျပာင္းလဲလာႏိုင္ေျခရွိေနသည္ကို ေတြ႕ရသည္။ ၿဗိတိသွ်ႏိုင္ငံသား (၁၁,ဝဝဝ)ေက်ာ္ကို ေနာက္ဆုံး ေကာက္ယူခဲ့သည့္လူထုစစ္တမ္းအရ မဲေပးသူ (၄၉) ရာခိုင္ႏႈန္းက EU သို႔ျပန္ဝင္ရန္ေထာက္ခံၾကၿပီး (၂၈ ဒသမ ၅) ရာခိုင္ႏႈန္းကသာ ကန႔္ကြက္ၾကသည္။

ျပည္သူမ်ား၏ခံစားခ်က္ႏွင့္စီးပြားေရးအျမင္

ဥေရာပမွ အဘယ္ေၾကာင့္ထြက္ခဲ့ၾကရ သည္ကို အစကတည္းက နားမလည္ႏိုင္ေအာင္ျဖစ္ၾက သူမ်ားရွိေနၿပီး အရင္အတိုင္းျပန္သြားခ်င္သည့္ဆႏၵ မ်ားလည္းရွိေနသည္။ အရင္အတိုင္းျပန္သြားရန္ ႀကိဳး ပမ္းျခင္းသည္ ဒီမိုကေရစီကို သြယ္ဝိုက္ၿပီး ေျခရာနင္း ရာက်သည္ဟုရႈျမင္ၾကေသာ္လည္း ေတာ္ေလာက္ၿပီ ဟုယူဆရမည့္အတိုင္းအတာတစ္ခုသို႔ ေရာက္ရွိလာခဲ့ ၿပီျဖစ္သည္။ EU သို႔ ျပန္လည္ဝင္ေရာက္ရန္အတြက္ ေငြေၾကးပမာဏ အမ်ားအျပားေပးေဆာင္ရမည္ျဖစ္ၿပီး အခက္အခဲေပါင္းစုံကိုျဖတ္ေက်ာ္ရလိမ့္မည္ဟု သုံး သပ္မႈမ်ားလည္းရွိေနသည္။ သို႔ေသာ္လည္း အီးယူမွ ၿဗိတိန္ထြက္သြားခဲ့ျခင္းသည္ ႏိုင္ငံအတြက္ အႀကီးမား ဆုံးကပ္ေဘးမ်ားထဲမွတစ္ခုျဖစ္ၿပီး စီးပြားေရးႏွင့္ လုပ္ သားအင္အားစုအတြက္ ေကာင္းက်ိဳးျဖစ္ထြန္းေစရန္ ျပန္လည္ဝင္ေရာက္သင့္သည္ဟု ယူဆေနၾကသည္။

ဥေရာပ၏ တင္းက်ပ္ေသာစည္းကမ္းခ်က္မ်ားႏွင့္ ႏိုဝင္ဘာ ထိပ္သီးအစည္းအေဝး

အီးယူသို႔ အျပည့္အဝျပန္မဝင္ဘဲ တစ္ဝက္ တစ္ပ်က္ျဖင့္ျပန္သြားမည့္ မည္သည့္လုပ္ရပ္မဆို တင္းက်ပ္ေသာစည္းကမ္းခ်က္မ်ားျဖင့္ စည္းေႏွာင္ ထားမည္ျဖစ္ေၾကာင္း ဥေရာပေခါင္းေဆာင္မ်ားက ေျပာၾကားထားၿပီးျဖစ္သည္။ ဥေရာပသမဂၢ၏လြတ္ လပ္ခြင့္မ်ားထဲမွ မိမိႀကိဳက္ႏွစ္သက္ရာကို စိတ္ႀကိဳက္ ေ႐ြးခ်ယ္ယူ၍မရႏိုင္သကဲ့သို႔ မိမိႏွင့္အဆင္ေျပသည္ ကိုသာယူမည္ဟု ဆုံးျဖတ္ခြင့္မရွိေၾကာင္းလည္းအသိ ေပးထားသည္။ ၿဗိတိန္၏ Brexit ေနာက္ပိုင္းဆက္ဆံေရးသည္ ေနာက္တစ္ဆင့္သို႔ ေရာက္ရွိသြားႏိုင္သည့္ ႏိုဝင္ဘာလထိပ္သီးအစည္းအေဝးတြင္ ၿဗိတိန္ႏွင့္ EU တို႔ ေတြ႕ဆုံရန္စီစဥ္လ်က္ရွိသည္။ အဆိုပါအ စည္းအေဝးသည္ ႏွစ္ဖက္ဆက္ဆံေရး၏ အလွည့္အ ေျပာင္းတစ္ခု ျဖစ္လာႏိုင္ေျခရွိသည္။
ႏိုင္ငံေရးအယ္ဒီတာမ်ားႏွင့္ ႐ုပ္သံထုတ္ လႊင့္သူမ်ားက Brexit ႏွင့္ပတ္သက္ေသာ ရႈပ္ေထြးမႈ မ်ားကို သုံးသပ္တင္ျပခဲ့ၾကသည္။ Brexit ေဆြးေႏြး ပြဲမ်ားႏွင့္ ၿပီးခဲ့ေသာ (၁၀)ႏွစ္တာကာလအတြင္း မ ေျဖရွင္းႏိုင္ခဲ့သည့္ျပႆနာမ်ားသည္ ႏိုင္ငံအတြက္ အလြန္တရာ ထိခိုက္နစ္နာေစခဲ့ေၾကာင္း ေထာက္ျပ ၾကသည္။ ဝန္ႀကီးခ်ဳပ္သစ္တစ္ဦးအေနျဖင့္ Brexit ကို ျပန္လည္စဥ္းစားသင့္သည္ဟု ပြင့္ပြင့္လင္းလင္း ေျပာဆိုလာျခင္းသည္ တားျမစ္ထားေသာစည္းမ်ဥ္း တစ္ခုကို ေဖာက္ဖ်က္လိုက္ျခင္းပင္ျဖစ္သည္။ အဆိုပါ အေျခအေနသည္ ႏိုင္ငံေရးေဆြးေႏြးျငင္းခုံမႈအသစ္ တစ္ခုကို ေသခ်ာေပါက္ စတင္ေပးႏိုင္မည္ျဖစ္ေသာ္ လည္း လက္ေတြ႕တြင္ ေရရွည္ခရီးဆက္ရဦးမည္ျဖစ္ သည္။

ဘာနမ္၏ မဟာဗ်ဴဟာႏွင့္ႏိုင္ငံေရး ရပ္တည္ခ်က္

ဝန္ႀကီးခ်ဳပ္၏ အဓိကရပ္တည္ခ်က္မွာ ႏိုင္ငံလုံးဆိုင္ရာေဆြးေႏြးပြဲတစ္ခုကို ျပဳလုပ္သြားရန္ ျဖစ္ၿပီး ထိုမွတစ္ဆင့္ လာမည့္ေ႐ြးေကာက္ပြဲအတြက္ ေလဘာပါတီ၏ မဲဆြယ္ေၾကညာစာတမ္းတြင္ အဆို ျပဳခ်က္မ်ားထည့္သြင္းသြားရန္ ျဖစ္သည္။ အကယ္၍ အဆိုပါလုပ္ငန္းစဥ္မ်ားအားလုံးအတြက္ အခ်ိန္လုံ ေလာက္မည္ဆိုပါက တိုက္႐ိုက္ျပန္ဝင္မည္ဟုေၾက ညာသည္ထက္ ပိုမိုေလွ်ာ့ေပါ့ထားေသာပုံစံျဖင့္ လုပ္ ေဆာင္လာဖြယ္ရွိသည္။ သို႔ေသာ္လည္း အေျခအေန အရ တိုက္႐ိုက္ျပန္ဝင္ရန္ သို႔မဟုတ္ ေနာက္ထပ္ လူ ထုဆႏၵခံယူပြဲတစ္ခုက်င္းပရန္အထိပါ ေရာက္ရွိသြား ႏိုင္ေျခရွိေနသည္။ ယင္းအခ်က္သည္ ႏိုင္ငံေရးအရ ႀကီးမားေသာအေျပာင္းအလဲမ်ားကို ဖန္တီးလာႏိုင္ စရာအေၾကာင္းရွိသည္။

ဘာနမ္၏ မဲဆႏၵရွင္မ်ားအား စိန္ေခၚမႈႏွင့္ ေလဘာပါတီ၏ အေနအထား

မဲဆႏၵရွင္မ်ားကို တိုက္႐ိုက္စိန္ေခၚလိုက္ သည့္သေဘာမ်ိဳးျဖင့္ ဝန္ႀကီးခ်ဳပ္က ရဲရဲဝံ့ဝံ့ ထုတ္ေဖာ္ ေျပာဆိုခဲ့ျခင္းျဖစ္သည္။ လူထုအေနျဖင့္ လက္ရွိေျပာ ဆိုခ်က္မ်ားကို အလုံးစုံ ႀကိဳက္ႏွစ္သက္ခ်င္မွ ႀကိဳက္ ၾကပါလိမ့္မည္။ အေျပာင္းအလဲအခ်ိဳ႕ကိုေဖာ္ေဆာင္ ရန္ လက္ေတြ႕ဆန္ေသာလုပ္ရပ္မ်ား လိုအပ္ေနၿပီျဖစ္ သည္။ ဝက္စ္မင္စတာကို ၿငီးေငြ႕ေနၾကၿပီျဖစ္ေသာ မဲဆႏၵရွင္မ်ား၏အေျခအေနကို သိရွိနားလည္သျဖင့္ လူမႈဖူလုံေရးႏွင့္ ျမနထငအ ကဲ့သို႔ေသာအမွားအယြင္း မ်ားကိုျပင္ဆင္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္။ ယင္း မဟာဗ်ဴဟာသည္ ေလဘာပါတီ၏ လက္ဝဲယိမ္းအင္ အားစုမ်ားကို ျပန္လည္စုစည္းေပးႏိုင္မည့္ အဓိက နည္းလမ္းတစ္ခုလည္း ျဖစ္လာသည္။

ပါတီတြင္း စည္းလုံးညီၫြတ္မႈႏွင့္ လစ္ဘရယ္ဒီမိုကရက္မ်ားႏွင့္ ဆက္စပ္မႈ

ႏိုင္ငံေရးအရ အေရးအႀကီးဆုံးအခ်က္တစ္ ခ်က္မွာ ေလဘာပါတီအတြင္း စည္းလုံးညီၫြတ္မႈကို တည္ေဆာက္ရန္ပင္ျဖစ္သည္။ ဝန္ႀကီးခ်ဳပ္သစ္ တာ ဝန္ထမ္းေဆာင္လာခ်ိန္တြင္ ပါတီအတြင္း၌ ႀကီးမား ေသာရန္ၿငိဳးဖြဲ႕မႈမ်ား သို႔မဟုတ္ ေဒါသထြက္မႈမ်ားကင္း မဲ့ေနသည္ကိုေတြ႕ရၿပီး ယင္းမွာ ပါတီကို ထူးခြၽန္ေျပာင္ ေျမာက္စြာစီမံခန႔္ခြဲႏိုင္ခဲ့ျခင္းေၾကာင့္ျဖစ္သည္။ ဥေရာ ပကိစၥရပ္မ်ားသာမက အစၥေရးကဲ့သို႔ေသာ ႏိုင္ငံတ ကာကိစၥရပ္မ်ားတြင္ပါ ႀကိဳတင္ေၾကညာခ်က္မ်ား ထုတ္ျပန္ကာ ပါတီကိုစုစည္းႏိုင္ခဲ့သည္။ ဤမူဝါဒႏွင့္ လုပ္ေဆာင္ခ်က္မ်ားသည္ လစ္ဘရယ္ဒီမိုကရက္ပါတီ ၏လမ္းေၾကာင္းမ်ားႏွင့္ အလြန္ပင္ ဆင္တူယိုးမွားျဖစ္ ေနသည္ကိုေတြ႕ရသည္။
ၿဗိတိန္စီးပြားေရးအေပၚ Brexit ၏ထိခိုက္ မႈမွာ ႀကီးမားခဲ့ၿပီး ဂ်ီဒီပီ၏(၆)ရာခိုင္ႏႈန္းခန႔္ဆုံးရႈံးခဲ့ရ သည္ဟု ခန႔္မွန္းခ်က္မ်ားကဆိုသည္။ အကယ္၍ ထို ေငြေၾကးမ်ားသာ ဆက္လက္ရွိေနမည္ဆိုပါက ကာ ကြယ္ေရးႏွင့္ အျခားက႑မ်ားအေပၚက်ေရာက္ေန သည့္ဖိအားမ်ား ေလ်ာ့ပါးသြားမည္မွာေသခ်ာသည္။ ဥေရာပႏွင့္ကုန္သြယ္မႈမ်ား အေတာ္ပ်က္စီးခဲ့ရျခင္း ေၾကာင့္ စီးပြားေရးလုပ္ငန္းအမ်ားအျပားမွာ ရပ္စဲသြား ခဲ့ရသည္။

အနာဂတ္ ၫြန႔္ေပါင္းအစိုးရအလားအလာႏွင့္ မဟာမိတ္ျပဳမႈမ်ား

ေလဘာပါတီႏွင့္ လစ္ဘရယ္ဒီမိုကရက္ မ်ားၾကားတြင္ အနာဂတ္ၫြန႔္ေပါင္းအစိုးရတစ္ရပ္ ေပၚထြက္လာႏိုင္ေျခ ရွိမရွိဆိုသည္မွာ စိတ္ဝင္စားစရာ ေကာင္းလွသည္။ တရားဝင္ သို႔မဟုတ္ တရားမဝင္ ေသာ ေ႐ြးေကာက္ပြဲဆိုင္ရာမဟာမိတ္ျပဳမႈမ်ား ျပဳ လုပ္ရန္လည္း လူေျပာမ်ားေနၾကဆဲျဖစ္သည္။ ေလ ဘာ၊ လစ္ဘရယ္ဒီမိုကရက္ႏွင့္ စိမ္းလန္းေရးပါတီမ်ား အေနျဖင့္ အလယ္အလတ္မဲဆႏၵနယ္မ်ားတြင္ Reform ပါတီ၏လႊမ္းမိုးမႈကိုတားဆီးရန္အတြက္ မဲ မ်ားမကြဲေစရန္ သေဘာတူညီခ်က္မ်ား ရယူလာႏိုင္ ေျခရွိသည္။ သို႔ေသာ္လည္း ထိုသို႔ေသာ မဟာမိတ္မ်ား ျဖစ္ေျမာက္လာေစရန္အတြက္ အခ်ိဳးက်ေ႐ြးေကာက္ ပြဲစနစ္၊ လူမႈဖူလုံေရးႏွင့္ ဥေရာပႏွင့္ နီးကပ္စြာပူးေပါင္း ေဆာင္႐ြက္ေရး စသည့္အခ်က္အလက္မ်ားကို အျပန္ အလွန္လဲလွယ္ေပးရမည့္အေနအထားရွိသည္။

မဲဆႏၵရွင္မ်ား၏ ရပ္တည္ခ်က္

ႏိုင္ငံေရးပါတီအခ်ိဳ႕အတြက္မူ ဤေဆြး ေႏြးခ်က္မ်ားသည္ ၎တို႔၏ ကိုယ္ပိုင္နယ္ေျမေပၚတြင္ တိုက္ယူရမည့္အေျခအေနေကာင္းတစ္ခု ျဖစ္လာ သည္။ လူထုစစ္တမ္းမ်ားက Brexit အလုပ္မျဖစ္ ေတာ့ေၾကာင္းျပသေနေသာ္လည္း မဲဆႏၵရွင္အမ်ား စုမွာ မူလ Brexit လမ္းေၾကာင္းအတိုင္း ဆက္လက္မဲ ေပးေနၾကဆဲျဖစ္သည္။ သို႔ေသာ္ ေဒသႏၲရေ႐ြးေကာက္ ပြဲမ်ားႏွင့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ရလဒ္မ်ားကိုၾကည့္ လွ်င္ မဲဆႏၵရွင္မ်ားသည္ ဝက္စ္မင္စတာထက္ ေရွ႕ ေရာက္ေနသည္ကိုေတြ႕ရသည္။ ၿဗိတိန္တြင္ Reform ပါတီသည္ Green Party ႏွင့္ေလဘာပါတီကိုရႈံးနိမ့္ ခဲ့ၿပီး စေကာ့တလန္ႏွင့္ေဝးလ္စ္တို႔တြင္လည္း အမ်ိဳး သားေရးပါတီမ်ားကိုရႈံးနိမ့္ခဲ့ျခင္းေၾကာင့္ မဲဆႏၵရွင္ မ်ားအေနျဖင့္ သြယ္ဝိုက္ေသာနည္းလမ္းျဖင့္ ျပန္ လည္စုစည္းေနၾကၿပီျဖစ္သည္။

ကမာၻ႔အေျပာင္းအလဲႏွင့္ ၿဗိတိန္၏ ဥေရာပဆီ ျပန္လည္နီးကပ္မႈ

ကမာၻ႔ႏိုင္ငံေရးအေျပာင္းအလဲမ်ားျဖစ္ ေသာ အေမရိကန္၏ မူဝါဒအေျပာင္းအလဲမ်ား၊ တ႐ုတ္ႏိုင္ငံ၏အင္အားျပမႈမ်ားႏွင့္ ကေနဒါႏိုင္ငံ၏ ဥေရာပသမဂၢတြဲဖက္အဖြဲ႕ဝင္ျဖစ္လိုမႈတို႔ေၾကာင့္ ၿဗိ တိန္အတြက္ ဥေရာပႏွင့္နီးကပ္ရန္ ပိုမိုအေရးပါလာ သည္။ ဥေရာပသမဂၢသည္ ၿဗိတိန္၏ အႀကီးဆုံးေဈး ကြက္ျဖစ္ေသာေၾကာင့္ စီးပြားေရးအရ အလြန္တရာ က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိသကဲ့သို႔ ႐ုရွား၏ၿခိမ္းေျခာက္ မႈမ်ားကိုရင္ဆိုင္ရာတြင္လည္း ကာကြယ္ေရးမဟာမိတ္ အဖြဲ႕မ်ား လိုအပ္ေနျခင္းျဖစ္သည္။ သို႔ေသာ္လည္း ယူ႐ိုေငြေၾကးစနစ္ကိုလက္ခံရန္ႏွင့္ ဘတ္ဂ်က္ေငြ ထည့္ဝင္ရန္ စသည့္ကိစၥရပ္မ်ားမွာ လက္ေတြ႕တြင္ အလြန္တရာခက္ခဲႏိုင္ၿပီး ယူေကအေနျဖင့္ ခ်က္ခ်င္း ျပန္ဝင္ရန္မွာ အလွမ္းေဝးေနဦးမည္ ျဖစ္သည္။

ဘရပ္ဆဲလ္၏သေဘာထားႏွင့္ ေရွ႕ဆက္မည့္ မဟာမိတ္လမ္းေၾကာင္း

ဘရပ္ဆဲလ္ဘက္မွၾကည့္လွ်င္လည္း ၿဗိ တိန္ႏိုင္ငံကို အလြယ္တကူ ျပန္လည္လက္ခံလိုစိတ္ နည္းပါးေနပါသည္။ အျပင္ေလာကတြင္ ခက္ခဲလာ ေသာအခါ ထြက္သြားၿပီး အဆင္မေျပသည့္အခါ ျပန္ ဝင္လာႏိုင္သည္ဟူေသာပုံစံမ်ိဳးကို လက္မခံလိုၾကပါ။ ထို႔ေၾကာင့္ ၿဗိတိန္အေနျဖင့္ မူလကရရွိထားခဲ့ေသာ အေျခအေနမ်ားထက္ ပိုမိုဆိုး႐ြားေသာ သေဘာတူညီ ခ်က္မ်ားျဖင့္သာ ျပန္လည္ဝင္ေရာက္ရမည့္အႏၲရာယ္ ရွိေနသည္။ သို႔ေသာ္ ယူကရိန္းစစ္ပြဲႏွင့္ အေမရိကန္၏ မတည္ၿငိမ္ေသာမဟာမိတ္မူဝါဒမ်ားေၾကာင့္ ႏွစ္ဖက္ စလုံးတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားတိုးျမႇင့္ရန္ လို အပ္ခ်က္မ်ားရွိေနဆဲျဖစ္သည္။ တစ္ႀကိမ္တည္းႏွင့္ လူထုဆႏၵခံယူပြဲျဖင့္ဝင္ေရာက္ျခင္းထက္ ႏွစ္ေပါင္း မ်ားစြာၾကာေအာင္ စာခ်ဳပ္မ်ားခ်ဳပ္ဆိုကာ တျဖည္းျဖည္း ခ်င္းနီးကပ္လာမည့္လမ္းေၾကာင္းကိုသာ ပိုမိုေမွ်ာ္မွန္း ၾကသည္။

ဆႏၵခံယူပြဲ၏ခက္ခဲမႈႏွင့္ အက်ပ္အတည္း အေျခအေနမ်ား

ဝန္ႀကီးခ်ဳပ္တစ္ဦးအေနျဖင့္ မဲဆြယ္ ေၾကညာစာတမ္းတြင္ထည့္သြင္းကာ လူထုဆႏၵခံယူပြဲ မပါဘဲ ျပန္လည္ဝင္ေရာက္ရန္ႀကိဳးပမ္းျခင္းသည္ ေ႐ြး ေကာက္ပြဲတြင္ ႀကီးမားေသာစြန႔္စားရမႈတစ္ခု ျဖစ္လာ ႏိုင္သည္။ လူထုဆႏၵခံယူပြဲမ်ားျပဳလုပ္ျခင္းသည္ ႏိုင္ငံ အတြက္ အလြန္တရာခက္ခဲၾကမ္းတမ္းၿပီး စေကာ့ တလန္ လြတ္လပ္ေရးဆႏၵခံယူပြဲကဲ့သို႔ေသာ ေနာက္ ဆက္တြဲ႐ိုက္ခတ္မႈမ်ားမွာ ယခုတိုင္ ရွိေနဆဲျဖစ္သည္။ သို႔ေသာ္လည္း ႏိုင္ငံေတာ္တြင္ ႀကီးမားေသာအက်ပ္အ တည္းမ်ားျဖစ္သည့္ ႐ုရွား၏ ေနတိုးကိုတိုက္ခိုက္မႈမ်ိဳး သို႔မဟုတ္ ၿဗိတိန္စီးပြားေရးၿပိဳလဲမႈမ်ိဳးျဖစ္လာခဲ့ပါက ဝန္ႀကီးခ်ဳပ္တစ္ဦးအေနျဖင့္ တိုက္႐ိုက္ဆုံးျဖတ္ခ်က္ ခ်မွတ္ရမည့္အေနအထားမ်ိဳးေရာက္ရွိလာႏိုင္သည္။

လူငယ္မ်ား၏ အျမင္

လက္ရွိ လူထုအျမင္စစ္တမ္းမ်ားအရ Brexit ဆုံးျဖတ္ခ်က္ကို မွားယြင္းခဲ့သည္ဟု ျမင္ၾက သူမ်ားက အမ်ားစုျဖစ္ေနၿပီး အထူးသျဖင့္ အသက္ (၁၈) ႏွစ္မွ (၂၄) ႏွစ္ၾကား လူငယ္မ်ားမွာ ဥေရာပသို႔ ျပန္လည္ဝင္ေရာက္လိုၾကသည္။ လူငယ္မ်ားသည္ လြတ္လပ္စြာသြားလာခြင့္ႏွင့္ ကမာၻလုံးဆိုင္ရာဆက္ဆံ ေရးမ်ားကိုတန္ဖိုးထားၾကေသာ္လည္း သက္ႀကီးမ်ိဳး ဆက္မ်ားၾကားတြင္မူ ယခင္ဆုံးျဖတ္ခ်က္မ်ားႏွင့္ပတ္ သက္၍ အျငင္းပြားမႈမ်ားႏွင့္ေနာင္တရမႈမ်ား ဆက္ လက္ရွိေနဆဲျဖစ္သည္။ ၿဗိတိန္ႏိုင္ငံအေနျဖင့္ ထိုကဲ့ သို႔ ရႈပ္ေထြးနက္နဲလွေသာ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ လူမႈေရးဆိုင္ရာစိန္ေခၚမႈမ်ားအၾကားတြင္ ဥေရာပ သမဂၢဆီသို႔ အမွန္တကယ္ ျပန္လာႏိုင္မည္ေလာဆို သည္မွာ ေနာင္လာမည့္အနာဂတ္ကာလမ်ား၏ ႏိုင္ငံ ေရးအေျပာင္းအလဲမ်ားႏွင့္ ျပည္သူမ်ား၏ဆုံးျဖတ္ ခ်က္မ်ားအေပၚတြင္သာ အျပည့္အဝမူတည္ေနမည္ ျဖစ္သည္ဟု သုံးသပ္ရသည္။

မူရင်းသတင်း — NP News