NP News

ကျောက်ကြီး-နတ်သံကွင်း (သို့မဟုတ်) အပြည့်မရောက်သော (၉)မိုင် ခရီး

သုတကျော် (NP News) - အောက်တိုဘာလ ၂၈

နှစ်မြို့အကြား အကွာအဝေးသည် ကိုးမိုင် ခရီးမျှသာ။ ယင်းအကွာအဝေးလမ်း၌ အချိုးအကွေ့ ပါသည်ဟုထား၊ မတ်စောက်သော တောင်တက်၊ တောင်ဆင်းများရှိသည်ဟုဆိုလျှင်ပင် အများဆုံး (၄၅)မိနစ်ခန့်ကြာမြင့်ပေလိမ့်မည်။ သို့သော် ကျောက် ကြီး-နတ်သံကွင်းလမ်းကား ယင်းသို့မဟုတ်ပေ။
မြန်မာနိုင်ငံအတွင်း ညီအစ်မမြို့ဟုတင်စား နိုင်မည့် မြို့အတွဲများစွာရှိသည့်အနက် ကျောက်ကြီး မြို့နှင့်နတ်သံကွင်းမြို့လည်း ပါဝင်သည်။ အဘယ် ကြောင့် အတွဲမြို့ဟုသတ်မှတ်ရသနည်းဆိုသော် မြို့ ချင်းနီးသည်၊ ထို့ပြင် စီးပွားရေးအရလည်း ဆက်စပ် နေသောကြောင့်ပင်။
ယင်းမြို့တို့ကို မြေပုံထက်တွင်ကြည့်ပါက ကျောက်ကြီးမြို့၊ ယင်းကိုဖြတ်သန်း၍ နတ်သံကွင်း မြို့၊ ထိုမှတစ်ဆင့် ပဲနွယ်ကုန်းမြို့ဟု အစဉ်လိုက်တွေ့ ရပေမည်။ ကျောက်ကြီးမှရန်ကုန်သွားလိုသော် သို့မ ဟုတ် နတ်သံကွင်းမှရန်ကုန်သွားလိုသော် ပဲနွယ်ကုန်း ကိုဖြတ်သန်းရပေမည်။ သေချာသည်က ကျောက်ကြီး မှရန်ကုန်သို့သွားလိုလျှင် နတ်သံကွင်းကိုဖြတ်ရမည်၊ ပြန်လာလျှင်လည်း အလားတူ။ နတ်သံကွင်းဘက်က ကြည့်မည်ဆိုပါကလည်း ကျောက်ကြီးနှင့် ကုန်သွယ် ရေးက ပမာဏများပြားသည်။
ထို့ကြောင့် ထို (၉)မိုင်သည် ပေါ့သေးသေး မဟုတ်ပေ။ ဒေသခံတို့၏ လူမှုစီးပွားဘဝများစွာနှင့် ဆက်စပ်နေသည်။ အကျိုးသက်ရောက်မှုရှိသည်။ လမ်းတိုပင်တိုသော်ငြား အရေးပါသောလမ်းဖြစ်သည်။
" ဒီလမ်းကိုပဲသုံးလာတာက ကြာလှပြီ။ နှစ်ပေါင်း (၇၀)လောက်တောင်ရှိလောက်ပြီပေါ့။ နောက်ပြီး ဒီလမ်းက ကျေးလက်ရော မြို့ပါ အကုန် ပေါင်းမယ်ဆိုရင် လူပေါင်းတစ်သိန်းကျော်အသုံးပြု တဲ့လမ်းလို့ဆိုနိုင်တာပေါ့"ဟု ဒေသခံတစ်ဦးက ဆိုသည်။
ထို့နောက် ကျောက်ကြီးနှင့်နတ်သံကွင်း ကြားတွင် KNU နှင့် အပေါင်းအပါသူပုန်တို့ရောက် ရှိလာသည်။ သူပုန်ဆိုသည်ကား လမ်းကိုဖျက်မည်၊ ပြည်သူတို့ကို အနှောင့်အယှက်ပေးလိမ့်မည်။ ငါနှင့်မ တူငါ့ရန်သူဟုဆိုကာ သတ်ဖြတ်ခြင်းလည်း ပြုပေလိမ့် မည်။ ခံရသည်က ပြည်သူသာ။
(၂၀၂၃)ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်တွင် နတ်သံကွင်းမြို့ကိုအပြီးသိမ်းမည်ဟု သတင်းလွှင့်ကာ ဒေသခံတို့ကို သူပုန်ကလှန့်လိုက်ပြီးနောက် နတ်သံ ကွင်းမြို့ကိုဦးတည်သောတိုက်ပွဲကို ဖော်သည်။ ယင်း အချိန်က အဆိုပါဒေသတွင် သေနတ်သံတို့ညံခဲ့သည်။ တိုက်ပွဲများဖြစ်ပွားပြီးသည့်နောက် (၂၀၂၄)ခုနှစ် ဇန်နဝါရီလတွင် နတ်သံကွင်းမြို့ကို တပ်မတော်က အပြည့်အဝ ပြန်လည်ရရှိလိုက်သည်။ သို့သော် စစ်မီး ရောက်သောဒေသဖြစ်သောကြောင့် သူပုန်တို့ခြေရာ၊ လက်ရာတို့ကား ကျန်နေသေးသည်သာ။ ပိုဆိုးသော အချက်မှာ တံတားချိုး၊ လမ်းဖျက်ခြင်းမျိုးဖြစ်သည်။ ထို့ပြင် ချောင်းမြောင်းပစ်ခတ်ခြင်းမျိုးလည်း မရှားလှ။
ကျောက်ကြီး-နတ်သံကွင်းလမ်းကား (၉) မိုင်သာ။ သို့သော် တံတားတို့ကများပြားသည်။ တံ တား(၁၈)စင်းရှိသည့်အနက် (၁၄)စင်းကို အကြမ်း ဖက်သူပုန်တို့က မိုင်ထောင်ဖျက်ဆီးခဲ့ကြသည်။ ယင်း လမ်း ပြန်လည်ရရှိရန်အတွက် ပေးဆပ်ရသောပမာဏ ကလည်း မသေးလှ။ တံတားများကို ပြန်လည်မပြုပြင် နိုင်စေရန် မိုင်းထောင်ခြင်း၊ ပြုပြင်သော အင်ဂျင်နီယာ အဖွဲ့များကို နှောင့်ယှက်တိုက်ခိုက်ခြင်းတို့ရှိခဲ့သည်။
ထိုစဉ်ကာလက ပြည်သူတို့၏အခြေအနေ မှာ ကျောက်ကြီးမှပဲနွယ်ကုန်းသို့သွားလိုလျှင်လည်း ကောင်း၊ ကျောက်ကြီးမှနတ်သံကွင်းသို့သွားလိုလျှင် သော်လည်းကောင်း တစ်ကွေ့တစ်ပတ်သွားရသည်။ တောလမ်းများအတိုင်းသွားလာခဲ့ရသည်။ လမ်း ကောင်းကိုဖယ်ခွာကာ စစ်တောင်းမြစ်ကိုကူးရခြင်းမျိုး လည်းရှိခဲ့သည်။
" ပြောရမယ်ဆိုရင် KNU နဲ့ PDF စိုးမိုး တဲ့နေရာတွေဘက်ကနေသွားကြရတာ။ စစ်တောင်း မြစ်ကူးရတယ်။ ငွေတစ်သိန်းကျော်ကုန်တာ။ ဆိုင် ကယ်တစ်တန်လည်းစီးရတယ်။ လမ်းကြောင်းက လည်း ကောင်းကောင်းမဟုတ်ဘူး"ဟု ဒေသခံတစ် ဦးကဆိုသည်။
ထိုစဉ်ကအခြေအနေမှာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ယင်းလမ်းမှမသွားနိုင်။ အမြင်မတူသူများသည်လည်း သွားရသည်မှာ စိတ် တထင့်ထင့်ရှိခဲ့သည်။
"သွားတဲ့အချိန်မှာ ဝန်ထမ်းတွေသွားမရ ဘူး၊ ကျောင်းသားတွေသွားမရဘူး သူပုန်ကဆွဲတယ်။ နိုင်ငံရေးအမြင်မတူရင်လည်း ဖမ်းတာတွေ ဘာတွေ လုပ်တာပေါ့။ နောက်ပြီးတော့ လူသစ်စုတာတွေ ဘာ တွေရှိတယ်။ ကျောင်းသားတွေလည်း စာဆက်မသင်ရ ဘူး။ သုံးနှစ်ကျော်၊ လေးနှစ်နီးပါး အခက်အခဲဖြစ်ခဲ့ရ တာ"ဟု ထိုစဉ်ကအခြေအနေကို ပြန်ပြောင်းပြောပြ သည်။
လမ်းလုံးဝအဆင်မပြေမည့်အစား အဆင် ပြေသည့်လမ်းကြောင်းရရှိစေရန် တပ်မတော်ဘက်က ဆောင်ရွက်ပေးသည်။ ထို့နောက် တပ်မတော်နှင့် ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဆောင်ရွက်ပေးမှုတို့ဖြင့် ကျောက်ကြီး-နတ်သံကွင်းလမ်းတွင် တစ်စိတ်တစ် ပိုင်း သွား၍ရလာသည်။
" အခုက နတ်သံကွင်းကနေသွားမယ်ဆို ရင် လေးမိုင်ကျော်ကျော်လောက်သွားလို့ရတယ်။ ရန် မျိုးအောင်ရွာအထိပေါ့။ အဲဒီကနေ ကျေးရွာချင်းဆက် လမ်းဘက်ကိုပတ်သွားရတယ်။ အဲဒီမှာက လေးမိုင် ကျော်ကျော်လောက်ရှိတာ။ ပုံမှန်သွားနေကျ သုံးမိုင် ကျော်ကိုတော့ လမ်းလုံခြုံရေးအခြေအနေအရ သွား လို့မရဘူး။ အဓိက က သူပုန်က ချောင်းပစ်တာမျိုး၊ အနှောင့်အယှက်ပေးတာမျိုးရှိတာ"ဟု ၎င်းကဆို သည်။
လုံးဝသွားမရသောအခြေအနေမှ လမ်း တစ်ဝက်ခန့် ကတ္တရာဖြစ်ပြီး၊ လမ်းတစ်ဝက်က မြေ သားလမ်းဖြစ်သောလမ်း ပေါ်ပေါက်လာပြီဖြစ်ပါ၏။ သို့သော် အချိန်တိုင်း ကားပေါ်ထိုင်လိုက်ပါခွင့်ရမည့် လမ်းမျိုးမဟုတ်သေးပေ။
ကားအသွားအလာများပြားခြင်း၊ မူလက ပင် မြေသားလမ်းဖြစ်ခြင်းတို့ကြောင့် မိုးရာသီတွင် ကုန် သွယ်လမ်းအဖြစ်သာအသုံးပြု၍ရသည်။ ယင်းမြေ သားလမ်းတွင် လူတို့က လမ်းလျှောက်ရ၏။
ထို့ပြင် မြေသားလမ်းဖြစ်ခြင်းကြောင့် မိုးရာ သီတွင် ရွှံ့တို့ထူထပ်သည်။ မြေသားလမ်းဖြစ်ခြင်း ကြောင့် အလေးချိန်များသောကားတို့၏ဒဏ်ကို မခံ နိုင်ပေ။ ထို့ကြောင့် ကုန်တင်ယာဉ်များတိမ်းမှောက် ခြင်း၊ ကားများဗွက်နစ်ခြင်းတို့ မကြာခဏဖြစ်ခဲ့သည်။ ကားတွန်းခြင်း၊ ဆွဲခြင်းတို့အတွက် နီးစပ်ရာဒေသခံတို့ အလုပ်အကိုင်ရသည်ဆိုသော်ငြား ယင်းသည် အဖြေ မဟုတ်သေးပေ။
တစ်ဖက်တွင်လည်း ပြည်သူများ အဆင် ပြေစွာသွားလာနိုင်ရန်အတွက် တပ်မတော်သားများ နှင့် ကုန်တင်ယဉ်လိုင်းအဖွဲ့များက ကျောက်ခင်းခြင်း၊ ထန်းပင်၊ အုန်းပင်များကို ကျင်း၊ ချိုင့်နေရာတို့တွင်ခင်း ခြင်းများ ဆောင်ရွက်ပေးခဲ့ကြရသည်။ တပ်မတော်က ယင်းမြေသားလမ်းပေါ်စေရန် အသက်စွန့် ကြိုးပမ်းခဲ့ သည်။ ယင်းလမ်းကောင်းရေး ထပ်မံကြိုးစားနေ၏။ သူပုန်တို့က ကိုးမိုင်လမ်းကို အပြည့်အဝ သုံးမရစေရန် နှောင့်ယှက်ရင်း ကွယ်ရာတွင်ပြုံးနေနိုင်သည်။
" မြေသားလမ်းဆိုတော့ ဗွက်ပေါက်သွားပြီ ကားစီးလို့မရဘူး။ ကုန်တွေဘာတွေပဲသယ်ရတယ်။ လူတွေကတော့ လမ်းလျှောက်သွားရတယ်။ တစ်နာရီ ကျော်ကျော်လောက်လမ်းလျှောက်ရတယ်ဗျ။ ရန်မျိုး အောင်ကနေ ရွာကြီးအင်းအထိပေါ့။ ပြီးတော့မှ ကျောက်ကြီးရောက်တာပေါ့"ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယင်းနှင့်ပတ်သက်၍ ကျောက်ကြီးမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာ ဝင်းက ကျောက်ကြီးမြို့နယ် ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက်တံတားအထိလမ်းကို လုံခြုံရေး ဆောင်ရွက်ခြင်း၊ နယ်မြေရှင်းလင်းခြင်းနှင့် လမ်း/ တံတား-ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေး ခွန်းကို အောက်တိုဘာလ (၁၉)ရက်ကကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်က ပြန်လည်ဖြေကြားခဲ့သည်။
ယင်းသို့ဖြေကြားရာတွင် ကျောက်ကြီးမြို့ နယ် ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက်တံတား အထိ (၃ ဒသမ ၄)မိုင်ရှည်လျားသည့် ကတ္တရာလမ်း ပိုင်းတွင် တံတား(၅)စင်း ပြုပြင်ရန်ကျန်ရှိနေပြီး လမ်း ပိုင်းတစ်လျှောက် လုံခြုံရေးနှင့်မိုင်းရှင်းလင်းရေးလုပ် ငန်းများဆောင်ရွက်ပြီးမှသာ လမ်း၊ တံတားပြုပြင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ဒုတိယဝန်ကြီးကဖြေကြားရာတွင် ထည့် သွင်းပြောကြားသည်။
ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက် တံတားအထိလမ်းပိုင်းတွင် ခရုမြောင်တံတား၊ ညောင် ကုန်းတံတား၊ ရေတွင်းဖြူတံတား၊ ထန်းလေးပင်တံ တားနှင့်သဲကုန်းတံတားတို့ကို ဆက်လက်ပြုပြုင်ရန် ကျန်နေခြင်းဖြစ်သည်။
လမ်းပိုင်းနှင့်အနီးပတ်ဝန်းကျင်ကျေးရွာ များတွင် လုံခြုံရေးလုပ်ငန်းများ ပြည့်စုံစွာဆောင်ရွက် ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများပြီးစီးပါက မြေပြင် ကွင်းဆင်းစစ်ဆေးမှုများအပေါ်မူတည်၍ လမ်း၊ တံ တားပြုပြင်ခြင်းနှင့် ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအတွက် ကုန်ကျစရိတ်တွက်ချက်သွား မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံ ငွေရရှိမှုအပေါ်မူတည်၍ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို လျာထားဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။
" အကြမ်းဖက်တွေက မိုင်းတွေခွဲတယ်။ တံတားတွေလာလုပ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ လုပ်သားတွေ၊ တပ်မတော်သားတွေကို နှောင့်ယှက် ပစ်ခတ်တာတွေလုပ်တာပေါ့။ ဖောက်လုပ်မရတော့ ကြားလမ်းကနေဖောက်ရတာ" ဟု ကျောက်ကြီး-နတ်သံကွင်းလမ်းမှ ကျန်နေသော(၃)မိုင်ကျော်နှင့် ပတ်သက်၍ သိရှိသူ ဒေသခံတစ်ဦးကဆိုသည်။ သူ ပုန်တို့ကဖျက်ဆီးသည်။ အစိုးရကပြုပြင်သည်။ ဒေသ ကို ပြန်လည်ရရှိရန်အတွက် အသက်၊ သွေး၊ ချွေးတို့ ပေးကာ တိုက်ပွဲဝင်ရယူခဲ့ရသည်။ ဒေသကား ရပြီ။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် လည်း တံတားပြုပြင်ခြင်း၊ လမ်းပြုပြင်ခြင်းအတွက် ရင်းနှီးရသည်။
နတ်သံကွင်းဒေသဘက်အခြေအနေနှင့် ပတ်သက်၍ တိုက်ပွဲတို့ဖြစ်စဉ်က ဒေသခံများစွာ နေ ရပ်စွန့်ခွာခဲ့ရသည်။ သို့သော် ယခုအခါ နေရပ်စွန့်ခွာ ပြည်သူများစွာတို့သည် မိမိတို့ရပ်ရွာများအတွင်း ဝင် ရောက်နိုင်ကြပြီ။ သို့သော် သူပုန်တို့ကား ကျေနပ်ဟန် မတူသေးခြင်းက ကျောက်ကြီး-နတ်သံကွင်း (၉)မိုင် လမ်းတွင် (၃)မိုင်ကျော်၌ ဆက်လက်နှောင့်ယှက်နေ ခြင်းဖြင့်ပြသနေသည်။
ကျောက်ကြီး-နတ်သံကွင်းလမ်းတွင် လက်ရှိအသုံးပြုနေသောလမ်းတို့ကို တပ်မတော်က အပြည့်အဝလုံခြုံရေးပေးထားသည်ဖြစ်ရာ စိတ်ချရမှု ရှိသည်။ စိတ်ပူပန်ခြင်း ဖြစ်ရန်မလို။ သို့သော် မြေ သားလမ်းအခြေအနေက ဒေသခံတို့အတွက် ကုန် ဈေးနှုန်းအပေါ် ရိုက်ခတ်မှုရှိသည်။ သူပုန်တို့လိုလား သည်မှာ ဒေသခံတို့အဆင်မပြေရေးပင်ဖြစ်သလောဟု မေးခွန်းထုတ်ဖွယ်ဖြစ်လာသည်။
ကားခက သောင်းဂဏန်းအထိကျသင့်ပြီး ကုန်ခ၊ အထမ်းခတို့က ဒေသခံတို့ကို ဖိစီးနေသည်။ မိုးကား ကုန်ပေပြီ။ ထို့ကြောင့် မြေသားလမ်းသည် အ ဆင်ပြေတော့မည်ဟုဆိုနိုင်သော်လည်း လမ်းကောင်း လမ်းမွန်ကိုသာ သွားလိုပေလိမ့်မည်မှာ မုချ။ မြေသား လမ်းသည် မရှိသုံးလမ်းဖြစ်ရာ ယခင်(၉)မိုင်လမ်းမှာ မူလအတိုင်းပြန်ပွင့်မည်ဟု ဒေသခံတို့က ယုံကြည် နေသည်။ တစ်ဖက်တွင်လည်း သူပုန်တို့၏လုပ်ရပ်က ဒေသခံတို့၏အကျိုးစီးပွားကို အဘယ်မျှထိခိုက်စေ ကြောင်း သိခဲ့ကြပေပြီ။
" ကျွန်တော်တို့ကတော့ မျှော်လင့်တယ်။ တပ်မတော်ကလည်း လုပ်သွားရင်တော့ ပွင့်သွားမယ် လို့ယုံကြည်တယ် " ဟု ၎င်းကဆိုသည်။
ကျောက်ကြီးနှင့်နတ်သံကွင်းသည် နီး၏။ သို့သော် ခေတ္တမျှဝေးခဲ့ကြသည်။ ယခုအခါ နီးစပ်နေ ပြီ။ ပိုမိုနီးစပ်ရန်အတွက် ပြည်သူများလည်း ပါဝင်ပေ လိမ့်မည်။ စစ်ပွဲတို့မကောင်းကြောင်းကို စစ်ပွဲဒေသမှ လူများက အသိဆုံးဖြစ်ကြောင်း သီးသန့် လိုက်လံမေး မြန်းရန်မလိုတော့ပေ။

မူရင်းသတင်း — NP News