Htay Oung (NP News) - အောက်တိုဘာ ၂၇
ယခုရက်ပိုင်း ပြင်သစ်နိုင်ငံအတွင်း ဆန္ဒပြမှုတွေဟာ အကြမ်းဖက်မှုတွေအဖြစ် ပြောင်းလဲသွားခဲ့ ပြီး အဓိကရုဏ်းတွေဖြစ်ပွားနေတယ်။ လုံခြုံရေးပျက်ပြားမှု၊ နိုင်ငံရေး-လူမှုရေးမတည်မငြိမ်မှုတွေဟာ ရက်အနည်းငယ်အတွင်း တခြားဥရောပနိုင်ငံတချို့ကို ကူးစက်နေတယ်။
(၂၀၂၆)ခုနှစ် စက်တင်ဘာလ (၁၈)ရက် ပါရီဆင်ခြေဖုံးမြို့နယ်တစ်ခုရှိ အထက်တန်းကျောင်း တွေကကျောင်းသားတွေနဲ့ဆရာတွေ စတင်ဆန္ဒပြခဲ့တာဖြစ်တယ်။ ကျောင်းတွေမှာ သင်ကြားရေးဆရာ မလုံလောက်မှု၊ စာသင်ခန်းတွေပြည့်ညပ်ပြီး ပျက်စီးယိုယွင်းနေမှု၊ ပညာရေးအထောက်အပံ့ မလုံလောက် မှုတို့ကို ကန့်ကွက်ကြတာဖြစ်တယ်။ အောက်တိုဘာလ ပထမရက်သတ္တပတ်အတွင်းရောက်ရှိလာတဲ့ခါ ဥရော ပတစ်ဝန်းလုံးမှာကြုံတွေ့နေကြတဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်မှု၊ ကုန်ဈေးနှုန်းနဲ့ လူနေမှု စရိတ်ကြီးမြင့်မှု ကိုမကျေနပ်ကြသူတွေ၊ အခြေခံလူထုကိုယ်စားပြု “အင်္ကျီဝါ(Yellow Vests)” လှုပ်ရှား သူတွေ ပူးပေါင်းလာကြပြီး နိုင်ငံလုံးဆိုင်ရာအုံကြွမှုကြီးဖြစ်လာခဲ့တယ်။ တရားဝင်သတင်းတွေအရ နိုင်ငံ တစ်ဝန်း ဆန္ဒပြသူ (၅)သိန်းကျော်မှ(၈)သိန်းခန့်အထိ လမ်းပေါ်ထွက်ခဲ့ကြပြီး အဓိကရုဏ်းအတွင်း လူ ပေါင်း (၂,၄၀ဝ)ကျော် ဖမ်းဆီးခံခဲ့ရကြောင်း၊ ဆန္ဒပြသူ (၁)ဦး နှလုံးသွေးရပ် သေဆုံးခဲ့ရသလို၊ ရဲတပ်ဖွဲ့ဝင်၊ မီးသတ်သမားနဲ့ ပညာရေးဝန်ထမ်း (၁,ဝဝဝ) ထက်မနည်း ထိခိုက်ဒဏ်ရရှိခဲ့ကြောင်းသိရှိရတယ်။ တမင် ရည်ရွယ်မီးတင်ရှို့မှု၊ စီးနင်းသိမ်းပိုက်မှု၊ အကျိုးဖျက်ဆီးမှု၊ လုယက်မှုတွေနဲ့ အခြေအနေမှာ နှစ်ပေါင်း များ စွာအတွင်း အဆိုးရွားဆုံးနဲ့ အကြမ်းဖက်မှုအသွင်ကိုကူးပြောင်းသွားပါတယ်။
ဆန္ဒပြပွဲတွေ အကြမ်းဖက်မှုအဖြစ်ပြောင်းလဲသွားချိန်မှာ ရဲတပ်ဖွဲ့အနေနဲ့ အခြေအနေကို ပြန် လည်ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘူးလို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး လောရင့်နျူးညက်ကဆိုပါတယ်။ ဆန္ဒ ပြသူအများအပြားစုဝေးလာမှာကို ကြိုတင်မခန့်မှန်းနိုင်ခဲ့ဘဲ လုံခြုံရေးအင်အား လုံလောက်စွာမဖြန့်ကြက် နိုင်ခဲ့ကြောင်း၊ ဆိုင်ပေါင်း(၂ယဝဝဝ)ခန့် ထိခိုက်ပျက်စီးခဲ့ပြီး ယူရိုငွေ သန်းပေါင်းရာချီ ဆုံးရှုံးမှုအားလုံးအ တွက် မိမိမှာတာဝန်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးရဲ့ နုတ်ထွက်စာကို သမ္မတမက်ခရွန်ကပယ်ချခဲ့ပါ တယ်။ လုံခြုံရေးအင်အားစုတွေကို ဆက်လက်ကွပ်ကဲဖို့လိုအပ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။
ဂန္ထဝင်မြောက်အနုပညာလက်ရာတွေနဲ့ ကမ္ဘာကျော်ပါရီမြို့လယ်ဟာ စစ်တလင်းအသွင်ကူး ပြောင်းသွားပါတယ်။ လီမိုးရှ်မြို့ သမိုင်းဝင်မြို့တော် ခန်းမအဆောက်အအုံကြီး မီးလောင်ပျက်စီးပြီး အ ထိမ်းအမှတ်နာရီစင်ကြီးပြိုကျသွားခဲ့တယ်။ တခြားမြို့ကြီးတချို့မှာလည်း အစိုးရရုံးတွေနဲ့ ကမ္ဘာလှည့် ခရီး သွားရုံးတွေဖျက်ဆီးခံခဲ့ရတယ်။ အဓိကရုဏ်းတွေကြောင့် နိုင်ငံတစ်ဝန်း အထက်တန်းကျောင်းပေါင်း (၄၀ဝ)ကျော်ကိုပိတ်ထားလိုက်ရပြီး ပညာရေးစနစ် တုံ့ဆိုင်းသွားတယ်။ ပြင်သစ်အစိုးရဟာ ရဲတပ်ဖွဲ့ အင် အားတိုးမြှင့်ခြင်း၊ အခြေအနေဆိုးရွားတဲ့ ပါရီအပါအဝင် မြို့ကြီးတွေရဲ့ရပ်ကွက်တချို့မှာ ည(၈) နာရီမှ မနက် (၆)နာရီအထိ “သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်”ထုတ်ပြန်ပြီး အခြေအနေကို ထိန်း ချုပ်ဖို့ကြိုးပမ်းနေတယ်။
ပြင်သစ်မှစတင်ခဲ့တဲ့ဆန္ဒပြပွဲတွေဟာ အလားတူ စီးပွားရေးအခက်အခဲတွေကြုံတွေ့နေရတဲ့ ဥရောပနိုင်ငံတချို့ကို ကူးစက်ပျံ့နှံ့နေတယ်။ လောလောဆယ် ဘယ်လ်ဂျီယမ်၊ အယ်လ်ဘေးနီးယား၊ ဂရိ နဲ့အီတလီနိုင်ငံတို့မှာလည်း ကျောင်းသားတွေနဲ့ အခြေခံလူတန်းစားတချို့ရဲ့ လမ်းပေါ်ဆန္ဒပြမှုတွေ စတင်ဖြစ်ပွားနေတယ်။ အီတလီနိုင်ငံ မီလန်မြို့ ဆန္ဒပြပွဲများမှာ လုယက်မှု၊ မီးရှို့မှု၊ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် တွေ့မှုများ ဖြစ်ပွားပြီးနောက် အင်အား (၅၀ဝ) ပါ စစ်တပ်ကိုစေလွှတ်ထားတယ်လို့ ရိုက်တာသတင်း အေဂျင်စီက ဖော်ပြတယ်။
ဖြစ်စဉ်ကိုတွန်းအားပေးတဲ့ အဓိကအကြောင်းရင်းမှာ လောင်စာဈေးနှုန်းမြင့်တက်မှု၊ စီးပွားရေးနဲ့ ပညာရေးမပြေလည်မှုတွေကြောင့်ဖြစ်ပေမယ့် လူမျိုးရေး၊ ဘာသာရေး နောက်ခံအကြောင်းအရာတွေက လည်း ပြည်သူအများ စိုးရိမ်ပူပန်မှုဖြစ်အောင် လှုံ့ဆော်နေတယ်။
ပြင်သစ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေ မင်းမဲ့စရိုက်အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အမေ ရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့လို နိုင်ငံရေးသမားတွေကတော့ မွတ်စလင်တို့အကွက်ရွှေ့တာနဲ့ ရွှေ့ ပြောင်းအခြေချသူတွေကို ဗုံးပေါလအောလက်ခံခဲ့တဲ့ ပြင်သစ်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒ ကြောင့်လို့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်။ နယ်စပ်တွေပိတ်ထားဖို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်း က ပြင်သစ် သမ္မတကိုသတိပေးခဲ့ဖူးကြောင်း၊ ယခုအခါ ပြင်သစ်တို့ဟာ ကိုယ့်နိုင်ငံကိုယ်ဖျက်ဆီးပစ်လိုက် ကြပြီး ပါရီ မြို့ဟာ မကြာမီ မွတ်စလင်မြို့တော်တစ်ခုဖြစ်လာလိမ့်မယ်လို့ သမ္မတထရမ့်ကပြောတယ်။ ပြင်သစ်နိုင်ငံဟာ ရွှေ့ပြောင်းအခြေချသူတွေ၊ ဂျီဟတ်ဝါဒီတွေနဲ့ ကွန်မြူနစ်တွေရဲ့ သိမ်းပိုက်၊ လုယက်၊ မီးရှို့မှုကိုခံနေရပြီလို့ ပြောဆိုပြီး အကယ်၍ အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေ အနိုင်ရရှိသွားရင် အမေရိကန်လည်း ပြင်သစ်လို မီးလောင်ပျက်စီးလိမ့် မယ်လို့သတိပေးပါတယ်။
နိုင်ငံတကာသတင်းဌာနကြီးတွေရဲ့ ကွင်း ဆင်းအချက်အလက်စစ်ဆေးချက်တွေနဲ့ ပြင်သစ်အာ ဏာပိုင်တွေရဲ့ထုတ်ပြန်ချက်တွေအရ ဒေါ်နယ်ထရမ့် ရဲ့စွပ်စွဲချက်တွေဟာ အဖြစ်မှန်တွေနဲ့ကွဲလွဲနေ တယ်။ ဆန္ဒပြပွဲတွေဟာ အစ္စလာမ်ဘာသာ သို့မဟုတ် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ပယောဂကြောင့် စတင်ခဲ့ခြင်း လုံးဝမဟုတ်ပါ။ ပြည်တွင်းပညာရေးစနစ် မကျေနပ်မှုနဲ့လူနေမှုစရိတ်ကြီးမြင့်မှုတွေကြောင့် ကျောင်းသားတွေနဲ့အများပြည်သူတို့က လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြခြင်းသာဖြစ်တယ်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စုံစမ်း စစ်ဆေးမှုတွေအရ အဓိကရုဏ်းနဲ့လုယက်မှုတွေကို လုပ်ဆောင်သူတွေမှာ ပြင်သစ်အစိုးရက “ပြဿနာရှာသူများ” ခေါ် ဆန့်ကျင်ရေးအစွန်းရောက် လက်ဝဲ အုပ်စုတွေနဲ့ မျက်နှာဖုံးစွပ်ရမ်းကားသူ မြို့ပြလူငယ်တွေဖြစ်ကြပြီး ထရမ့်စွပ်စွဲသလို နိုင်ငံခြားသား ဂျီဟတ်ဝါဒီတွေ ကြောင့်မဟုတ်ပါ။ ထရမ့်အနေနဲ့လာမယ့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအမီ သူရဲ့ရှေးရိုးစွဲ မဲဆန္ဒရှင်တွေကိုစည်းရုံးဖို့ ပြင်သစ်ရဲ့ ပြည်တွင်းအကျပ်အ တည်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ ဘာသာရေးဆိုင်းဘုတ်ချိတ်ပြီး ပုံကြီးချဲ့ နိုင်ငံရေးအမြတ်ထုတ်နေခြင်း သာဖြစ်ကြောင်း အမေရိကန် သတင်းစာတွေက သုံးသပ်ကြတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းအခြေချမှု၊ လူမှုအ သိုင်းအဝိုင်းတွေ ရောနှော ပေါင်းစည်းနေထိုင်ရေး၊ အလုပ်အကိုင်ကိစ္စနဲ့ အများပြည်သူဝန်ဆောင်မှုအပေါ် ဖိအားတွေဟာ ဥရောပ နိုင်ငံရေးမှာ အငြင်းပွားစရာ နာတာရှည်ပြဿနာတွေဖြစ်နေပါတယ်။ ပြင်သစ် ဆန္ဒပြမှုစတင်ခဲ့ရာ ပါရီ ဆင်ခြေဖုံးရပ်ကွက်တွေဟာ ဆင်းရဲနွမ်းပါးပြီး အခြေခံအဆောက်အအုံတွေ ညံ့ဖျင်းတယ်။ ဒုတိယနဲ့ တတိယမျိုးဆက် ရွှေ့ပြောင်းအခြေချသူ မွတ်စလင်မိသားစု အများအပြား စုဝေးနေထိုင်ရာ ဒေသ တွေဖြစ်နေတယ်။ ဒါကြောင့် အဲဒီနယ်မြေခံလူငယ်တွေဟာ အကြမ်းဖက်အဓိကရုဏ်းတွေမှာ ပါဝင်မှု မြင့်မားခဲ့တယ်။
ဆန္ဒပြပွဲတွေအတွင်း သုံးရောင်ခြယ် ပြင်သစ်နိုင်ငံတော်အလံအပြင် ပါလက်စတိုင်းအလံတွေကို ပါရီ၊ မာဆေးလ်၊ စထရာဘိုးဂ်စတဲ့ မြို့ကြီးတွေရဲ့ ဆန္ဒပြကွင်းပြင်တွေမှာ လူအများအပြားက ဝှေ့ယမ်းခဲ့ ကြကြောင်းတွေ့ရှိရတယ်။ ဒါ့ပြင် (၁၉၆၁)ခုနှစ် ပါရီ လူသတ်ပွဲသမိုင်းကြောင်းကိုရည်ညွှန်းတဲ့ အယ်လ်ဂျီး ရီးယားအလံတွေနဲ့ ဆီးရီးယားအလံတချို့ကိုလည်း ဆန္ဒပြသတချို့က ကိုင်ဆောင်ခဲ့ကြတယ်။ ပြင်သစ် အာဏာပိုင်တွေရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ ဖမ်းဆီးရမိသူအများစုမှာ ပြင်သစ်နိုင်ငံသား ဒါမှမ ဟုတ် ပြင်သစ်မှာ အခြေချနေထိုင်သူတွေဖြစ်တယ်။ ပါလက်စတိုင်းနဲ့တခြားအလံတွေအသုံးပြုမှုကို အခြေခံပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကြောင့်ဖြစ်ကြောင်း လူမှုကွန်ရက် ကော လာဟလတွေနဲ့ သတင်းမှားတချို့ထွက်ပေါ်ခဲ့တယ်။ ဒါပေမဲ့ အကြမ်းဖက်မှုနဲ့လုယက်သူတွေဟာ နိုင်ငံ သားဖြစ်မှုထက် အစွန်းရောက်နိုင်ငံရေးဝါဒီတွေနဲ့ စနစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေသာဖြစ်ကြောင်း အစိုးရနဲ့ လေ့လာစောင့်ကြည့်သူတွေက သတ်မှတ်ဖော်ပြတယ်။
အဓိကရုဏ်းအတွင်း ပါရီမြို့ ဂျူးဘုရားကျောင်းဝန်းကျင်ဖျက်ဆီးခံရမှုနဲ့ မာဆေးလ်မြို့ ဂျူး လူ မျိုးဆိုင်ခန်းတချို့မီးလောင်ခဲ့တဲ့အတွက် ဂျူးတွေကိုသာ သီးသန့် ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ကောလာဟလတွေပျံ့နှံ့ခဲ့တယ်။ ဒါပေမဲ့ ပြင်သစ် ဂျူး လူမှုအဖွဲ့အစည်းလုံခြုံရေးအဖွဲ့နဲ့ မာဆေးလ်ရဲဌာန တို့က စုံစမ်းစစ်ဆေးပြီးနောက် တရားဝင်ထုတ်ပြန် ချက်အရ အခုလုယက်မှုတွေဟာ ဂျူးတွေကို သီးသန့် ပစ်မှတ်ထားခြင်းမဟုတ်ကြောင်း ငြင်းဆိုပါတယ်။
လက်ယာစွန်း နိုင်ငံရေးသမားတွေနဲ့ ဆို ရှယ်မီဒီယာအကောင့်တချို့က အစ္စလာမ်ကြောက် အ ယူအဆနဲ့ ရွှေ့ပြောင်းအခြေချသူဆန့်ကျင်ရေး လှုပ်ရှားမှုကိုအရောင်တင်ဖို့ အခုဖြစ်စဉ်ကို ပုံကြီးချဲ့ခဲ့ကြ ကြောင်း နိုင်ငံတကာမီဒီယာတွေနဲ့ ဥရောပ ဒီဂျစ်တယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ (EDMO) တို့က ဖော် ပြတယ်။ အကြမ်းဖက်မှုနဲ့လုယက်မှုတွေမှာ မျက်နှာဖုံးစွပ် ပြင်သစ်အစွန်းရောက် လက်ဝဲအုပ်စုတွေက ကြား ချောင်ဝင်ရောက်ကျူးလွန်ခဲ့မှုဖြစ်တယ်။
ပြင်သစ်နိုင်ငံသားတွေကိုယ်တိုင် ကိုယ့်နိုင် ငံရဲ့အခြေခံအဆောက်အအုံတွေကို ကိုယ်တိုင် ပြန် လည်ဖျက်ဆီးရာရောက်ရှိသွားတဲ့ဖြစ်ရပ်ဆိုးနောက် ကွယ်မှာ စနစ်ဆန့်ကျင်ရေးအစွန်းရောက် လက်ဝဲ အုပ်စုတွေက လူငယ်တွေရဲ့ဒေါသကိုလှုံ့ဆော်ပြီး အကမ်းဖက်မှုဖြစ်အောင်တွန်းပို့ခဲ့တာဖြစ်ကြောင်း နိုင်ငံ ရေးလေ့လာသူတွေက ထောက်ပြခဲ့ကြတယ်။ အခု ဖြစ်စဉ်တွေဟာ လစ်ဘရယ်အစိုးရတွေရဲ့ လူဝင်မှုကြီး ကြပ်ရေးမူဝါဒကျဆုံးခြင်းကို သက်သေပြနေတယ်လို့ လက်ယာစွန်းနိုင်ငံရေးသမားတွေ နဲ့လေ့လာသူတ ချို့ကယူဆတယ်။ ရွှေ့ပြောင်းအခြေချသူတွေကို စနစ်တကျပေါင်းစည်း မပေးနိုင်ဘဲ ဆင်ခြေဖုံးရပ်ကွက် တွေမှာ သီးခြားခွဲထုတ်ထားသလို ဖြစ်နေတာကြောင့် လူမှုရေးတင်းမာ မှုတွေဖြစ်လာရကြောင်း ထောက် ပြကြတယ်။ တခြားတစ်ဖက်မှာတော့ အခုပြဿနာရဲ့ အဓိကရင်းမြစ်မှာ လူဝင်မှုကြီးကြပ်ရေးကြောင့် မဟုတ်ဘဲ “လူမှုစီးပွားမညီမျှမှု” ကြောင့်သာဖြစ်တယ်လို့ လစ်ဘရယ်နဲ့လက်ဝဲဝါဒီတို့က ချေပကြတယ်။ အထူးသဖြင့် အခြေခံပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို အစိုးရက မျှတစွာ မပံ့ပိုးနိုင်ခြင်း လူနေမှုစရိတ်ကြီးမြင့်လာခြင်းတို့ကြောင့် လူငယ်တွေ လမ်းပေါ်ထွက်လာရတာဖြစ်ပြီး၊ လက်ယာစွန်း အမျိုးသားရေးဝါဒီတွေက နိုင်ငံရေးအမြတ်ထုတ်ဖို့ လူမျိုးရေး၊ ဘာသာရေးခေါင်းစဉ် တပ် နေခြင်းသာဖြစ်ကြောင်း ဝေဖန်ကြတယ်။
ဆန္ဒပြပွဲတွေနဲ့ မင်းမဲ့စရိုက် အဓိကရုဏ်း တွေအတွင်း X (တွစ်တာ)၊ TikTok နဲ့ Facebook ပလက်ဖောင်းတို့မှာ သတင်းတု၊ သတင်းမှားတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ အရှိန်အဟုန်နဲ့ပျံ့နှံ့ခဲ့ကြောင်း နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးအဖွဲ့ (Fact -checkers) တွေရဲ့ထုတ်ပြန်ချက်အရ သိရှိရတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဗီဒီယိုတွေနဲ့ တခြားနိုင်ငံဖြစ်စဉ်တွေ၊ ရုပ်ရှင်ဇာတ် ကားမှအပိုင်းအစတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး လက်ရှိ ပြင်သစ်မှာဖြစ်ပွားနေသယောင် ပုံမှားရိုက်လွှင့် တင်ခဲ့ကြတယ်။ လူမျိုးရေးနဲ့ဘာသာရေးပဋိပက္ခဖြစ်စေဖို့ တမင်ရည်ရွယ်ပြီး “မွတ်စလင်တွေက ခရစ် ယာန်ဘုရားကျောင်းတွေကို မီးရှို့” သို့မဟုတ် “ဂျူးတွေကို ပစ်မှတ်ထားသတ်ဖြတ်” စသဖြင့် သက်သေ မပြနိုင်တဲ့ ကောလာဟလတွေကို လူမှုကွန်ရက်အယ်လ်ဂိုရစ်သမ်တွေရဲ့အကူအညီနဲ့ အလျင်အမြန် ပျံ့နှံ့ စေခဲ့ပြီး အခြေအနေကို ပိုမိုဆိုးရွားအောင် သွေးထိုးခဲ့ကြတယ်။
ပြင်သစ်နဲ့ ဥရောပဖြစ်စဉ်တွေဟာ ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေအတွက် အရေးကြီးသင်ခန်းစာ(၃)ချက်ကို သတိပေးနေတယ်။ (၁)အစိုးရတစ်ရပ်အနေနဲ့ ပြည်သူ့ဝန်ဆောင်မှုနဲ့ မညီမျှမှုကို လျစ်လျူမရှုဖို့၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖွံ ဖြိုးတိုးတက်မှုထက် အခြေခံလူတန်းစားတွေရဲ့ ပညာ ရေး၊ ကျန်းမာရေးနဲ့ လူနေမှုစရိတ်မျှတမှုကို စနစ်တကျ မဖြေရှင်းပေးနိုင်ပါက ပြည်သူတို့ရဲ့ စုပြုံနေတဲ့ အမျက် ဒေါသဟာ အချိန်မရွေး အကြမ်းဖက်ပေါက်ကွဲနိုင်ကြောင်းပြသနေတယ်။ (၂) ငြိမ်းချမ်းစွာ ကန့် ကွက်/ ဆန္ဒပြခွင့်ဟာ ဒီမိုကရေစီအရဖြစ်ပေမယ့် အဲဒါကို အခွင့်ကောင်းယူပြီး အများပိုင်ပစ္စည်းကို လက် သရမ်း ဖျက်ဆီးတာ၊ လုယက်တာနဲ့ မင်းမဲ့စရိုက်တွေ ဖြစ်ပေါ် လာနိုင်ကြောင်း အစိုးရအနေနဲ့ ဥပဒေ ကြောင်းအရ ပြတ်ပြတ်သားသား တားဆီးအရေးယူဖို့လိုအပ်တယ်။ (၃) လူမှုကွန်ရက်သတင်းမှားတွေ အန္တရာယ်ကို အချိန်မီကိုင်တွယ်ဖို့လိုအပ်တယ်။ ခေတ်သစ်ပဋိပက္ခတွေမှာ မသမာသူတို့က Cognitive Warfare သိမြင်မှုဆိုင်ရာ စစ်ခင်းလေ့ရှိတယ်။ လူအများ သိမြင်နားလည်မှု၊ ယုံကြည်ချက်၊ စိတ်ခံစားမှုနဲ့ ဆုံးဖြတ်ချက်တွေကို ရည်ရွယ်ချက်ရှိရှိလွှမ်းမိုးပြီး ကိုယ့်တိုင်းပြည်ကိုယ် ဖျက်ဆီးစေဖို့ သတင်းအချက် အလက်၊ စိတ်ပိုင်းဆိုင်ရာနည်းလမ်းတွေနဲ့ ဆက်သွယ်ရေးကွန်ရက်တွေကို အသုံးချတတ်တယ်။
လူမှုကွန်ရက်သတင်းတုတွေက မီးလောင်ရာလေပင့်ဖြစ်စေရုံမက နိုင်ငံရေးအရ အန္တရာယ်ရှိတဲ့ အမုန်းပွားမှုတွေကိုဖန်တီးနိုင်တဲ့အတွက် အစိုးရတွေ၊ မီဒီယာတွေအနေနဲ့ Digital Literacy (သတင်း အချက်အလက်စိစစ်နိုင်စွမ်း)၊ အချိန်နဲ့တစ်ပြေးညီ သတင်းမှန်ထုတ်ပြန်နိုင်မှုစွမ်းရည်ကို မြှင့်တင်ဖို့လို အပ်ကြောင်းပြသနေတယ်။