NP News

တန်းတူညီမျှမှုမှသည် ခိုင်မာသောကျန်းမာရေးစနစ်ဆီသို့

ပြည့်ထူး (မင်းဘူး) (NP News) - အောက်တိုဘာလ ၂၃

ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်လာတယ်လို့ပြောကြတဲ့အခါ ကျွန်တော်တို့ အများအားဖြင့် ဘာ တွေကိုကြည့်လေ့ရှိကြသလဲ။ ဆေးရုံအသစ်တွေ ဘယ်လောက်တည်ဆောက်နိုင်သလဲ၊ အထူးကုဝန် ဆောင်မှုတွေ ဘယ်လောက်တိုးချဲ့ပေးနိုင်သလဲ၊ ခေတ်မီဆေးဘက်ဆိုင်ရာစက်ကိရိယာတွေနဲ့ နည်းပညာ တွေ ဘယ်လောက်အသုံးပြုနိုင်သလဲဆိုတာတွေကို အဓိကထား စဉ်းစားလေ့ရှိကြပါတယ်။ ဒီလို ရင်းနှီး မြှုပ်နှံမှုတွေဟာ အရေးကြီးပါတယ်။ ရှုပ်ထွေးပြီး ပြင်းထန်တဲ့ရောဂါတွေကို ထိရောက်စွာကုသနိုင်ဖို့ အတွက်လည်း အဆင့်မြင့်ဆေးရုံတွေနဲ့ အထူးကုဝန်ဆောင်မှုတွေ မရှိမဖြစ်လိုအပ်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ ပြန်စဉ်းစားကြည့်သင့်တဲ့မေးခွန်းတစ်ခု ရှိပါတယ်။ “ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ဖို့ ရင်းနှီးမြှုပ်နှံတဲ့အခါ ပြည်သူအများစု တကယ်အသုံးပြုနေကြတဲ့ အခြေခံကျန်းမာရေး ဝန်ဆောင်မှုတွေကိုကော လုံလောက်အောင် အလေးထားကြရဲ့လား” ဆိုတဲ့မေးခွန်းပါ။ အထူးသဖြင့် ကျေးလက်နေပြည်သူများပြားတဲ့ မြန်မာနိုင်ငံအတွက် ဒီမေးခွန်းဟာ ပိုပြီးအရေးကြီးပါတယ်။

နိုင်ငံတကာအတွေ့အကြုံတွေကိုကြည့်မယ်ဆိုရင် လူတိုင်းလက်လှမ်းမီနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် (Universal Health Cove­rage- UHC) ကို ဆေးရုံတွေကိုပဲ အဓိကထားပြီး ဖွံ့ ဖြိုးတိုးတက်အောင်လုပ်ဆောင်ရုံနဲ့ မရနိုင်ဘူးဆိုတာတွေ့ရပါတယ်။

ကျေးလက်ဒေသမှာနေထိုင်ကြတဲ့ ပြည်သူတွေ၊ တိုင်းရင်းသားလူမျိုးစုတွေ၊ ထိခိုက်လွယ်တဲ့လူ အုပ်စုတွေနဲ့ ဝင်ငွေနည်းပါးတဲ့အိမ်ထောင်စုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကိုလက်လှမ်းမီဖို့ဆို တာ အခြေခံကျန်းမာရေးဝန်ဆောင်မှု (Primary Health Care) ဘယ်လောက်ကောင်းမွန်သလဲဆိုတဲ့ အပေါ်မှာ အဓိကမူတည်နေပါတယ်။

ကျန်းမာရေးစနစ်တစ်ခုရဲ့ အခြေခံအုတ်မြစ်

ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်း လက်လှမ်းမီရရှိနိုင်ဖို့ဆိုတာ ဆေးရုံကြီးတွေ များများ တည်ဆောက်ပေးရုံနဲ့ မလုံလောက်ပါဘူး။ လူတစ်ယောက် နေမကောင်းဖြစ်လာတဲ့အခါ မိမိနေထိုင်ရာ ဒေသနဲ့နီးစပ်တဲ့နေရာမှာ အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့ပြင် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ဖို့၊ ရောဂါဖြစ်လာရင် စောစောသိရှိပြီးကုသနိုင်ဖို့နဲ့ ကုသမှုကုန်ကျ စရိတ်ကြောင့် မိသားစုစီးပွားရေးထိခိုက်မသွားဖို့လည်း အရေးကြီးပါတယ်။

ဒီနေရာမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုI (Primary Health Care- PHC) ရဲ့အခန်း ကဏ္ဍ ကို အလေးထားဖို့လိုလာပါတယ်။

မြို့နယ်ဆေးရုံတွေ၊ တိုက်နယ်ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနတွေ၊ ကျန်းမာရေးဌာနခွဲ တွေ၊ မိသားစုဆေးခန်းတွေနဲ့ လူထုအခြေပြု ကျန်းမာရေးလုပ်ငန်းတွေဟာ ပြည်သူတွေနဲ့ ကျန်းမာရေး စနစ် ပထမဆုံး ထိတွေ့ဆက်ဆံရတဲ့နေရာတွေဖြစ်ပါတယ်။ တချို့ဝေးလံခေါင်သီတဲ့ဒေသတွေမှာဆိုရင် ဒီနေရာတွေဟာ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုရယူနိုင်တဲ့ အဓိကနေရာတွေ၊ တစ်ခါ တစ်ရံမှာ ရွေးချယ်စရာမရှိ တစ်ခုတည်းသောနေရာတွေလည်း ဖြစ်နေနိုင်ပါတယ်။

ဒါကြောင့် အခြေခံကျန်းမာရေးဌာနတွေမှာ ဆေးဝါးနဲ့စက်ကိရိယာတွေ လုံလောက်မှုရှိမရှိ၊ ကျွမ်း ကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိမရှိ၊ ဝန်ဆောင်မှုတွေ အချိန်မီပေးနိုင်မနိုင်ဆိုတာဟာ သာမန် လုပ် ငန်းပိုင်းဆိုင်ရာကိစ္စရပ်တွေ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝကို တိုက်ရိုက် သက်ရောက်စေတဲ့အချက်တွေဖြစ်ပါတယ်။

အထူးသဖြင့် ကျေးလက်နေပြည်သူတွေ၊ ဝင်ငွေနည်းပါးတဲ့ မိသားစုတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ ထိခိုက်လွယ်တဲ့လူအုပ်စုတွေ (vulnerable group) အတွက် ကျန်းမာရေးဝန် ဆောင်မှုကို နီးနီးကပ်ကပ်ရရှိနိုင်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုင်ရင် ဆေးရုံကြီးတစ်ရုံမှာ အဆင့် မြင့်စက်ကိရိယာတွေရှိနေပေမယ့် အဲဒီဆေးရုံကိုသွားရောက်ဖို့ ခရီးစရိတ်၊ အချိန်နဲ့ တခြား ကုန်ကျစရိတ်တွေ မတတ်နိုင်ဘူးဆိုရင် အဲဒီဝန်ဆောင်မှုဟာ လိုအပ်နေသူတွေအတွက် လက်တွေ့မှာ လက်လှမ်းမမီနိုင်ပါဘူး။

ဒါကြောင့် ကျန်းမာရေးစနစ်တစ်ခုရဲ့အောင်မြင်မှုကို ဆေးရုံအရေအတွက်နဲ့ စက်ကိရိယာအရေအ တွက်တွေနဲ့ပဲ တိုင်းတာလို့မရပါဘူး။ ပြည်သူတွေ ဘယ်လောက်လက်လှမ်းမီစွာအသုံးပြုနိုင်သလဲ၊ ဝန် ဆောင်မှုအရည်အသွေး ဘယ်လောက်ကောင်းမွန်သ လဲ၊ ကျန်းမာရေးရလဒ်တွေ ဘယ်လောက်တိုးတက် လာသလဲဆိုတာတွေနဲ့ပါ တိုင်းတာဖို့လိုအပ်ပါတယ်။

ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ အတွေ့အကြုံက ဘာတွေသင်ပေးသလဲ

ဒီအကြောင်းအရာကို စဉ်းစားကြည့်တဲ့အခါ ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ ကျေးလက်အခြေခံကျန်းမာ ရေးစောင့်ရှောက်မှုတိုးတက်ရေး အတွေ့အကြုံကို လေ့လာစရာတစ်ခုအဖြစ်တွေ့ရပါတယ်။ လွတ်လပ် ရေးရပြီးနောက်ပိုင်း ဥဇဘက်ကစ္စတန်နိုင်ငံဟာ ကျန်းမာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် ကျေးလက်နေ ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေ ပိုမိုလက်လှမ်းမီလာစေဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ အစောပိုင်း ပြုပြင်ပြောင်းလဲမှုတွေက ဝန်ဆောင်မှု တချို့ကို တိုးတက်ကောင်းမွန်စေခဲ့ပေမယ့် စနစ်ပိုင်းဆိုင် ရာအခက်အခဲတွေကတော့ ဆက်လက်ရှိနေခဲ့ ပါတယ်။

အဲဒီအခက်အခဲတွေထဲမှာ ပထမဆုံးတွေ့ရတာက ကျန်းမာရေးစနစ်မှာ ဗဟိုချုပ်ကိုင်မှုများပြား နေခြင်းနဲ့ အရင်းအမြစ်ခွဲဝေရာမှာ မြို့ပြဆေးရုံတွေကို ပိုမိုဦးစားပေးနေတာတို့ဖြစ်ပါတယ်။ ကျေးလက် ကျန်းမာရေးဌာနတွေမှာတော့ လိုအပ်တဲ့ စက်ကိရိယာတွေ၊ ကျွမ်းကျင်ဝန်ထမ်းတွေ၊ သတင်းအချက် အလက်စနစ်တွေ လုံလောက်မှုမရှိခဲ့ပါဘူး။

နောက်ထပ်အရေးကြီးတဲ့ပြဿနာတစ်ခုက ပြည်သူ့ကျန်းမာရေးအတွက် ရန်ပုံငွေအကန့်အ သတ်ရှိနေခြင်းနဲ့ ပြည်သူတွေက မိမိတို့အိတ်ထဲကနေ ကိုယ်တိုင်ပေးချေရတဲ့ ကျန်းမာရေး ကုန်ကျစရိတ် အပေါ် အလွန်အမင်းမှီခိုနေရခြင်းတို့ဖြစ်ပါတယ်။ ဒီအခြေအနေက ဝင်ငွေနည်းပါးတဲ့မိသားစုတွေအတွက် သာမက အမျိုးသမီးတွေနဲ့ တခြားထိခိုက်လွယ်တဲ့ လူ အုပ်စုတွေအတွက်ပါ ကျန်းမာရေးဝန်ဆောင်မှုရယူ ဖို့ အခက်အခဲဖြစ်စေခဲ့ပါတယ်။

ဒါ့ပြင် ကျန်းမာရေးဝန်ကြီးဌာနအတွင်း စီမံခန့်ခွဲမှုစွမ်းရည်လိုအပ်ချက်တွေ၊ သတင်းအချက်အ လက်စနစ်တွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှု အားနည်းတာတွေ၊ စောင့်ကြည့်လေ့လာအကဲဖြတ်မှုစနစ်တွေ အားနည်းတာတွေကြောင့်လည်း အချက်အလက်အပေါ်အခြေခံပြီး မူဝါဒနဲ့စီမံကိန်းတွေ ရေးဆွဲဆောင် ရွက်နိုင်မှုကို အကန့်အသတ်ဖြစ်စေခဲ့ပါတယ်။

ဒီပြဿနာတွေရှိနေတဲ့အချိန်မှာပဲ မကူးစက်တတ်တဲ့ရောဂါတွေ ပိုမိုများပြားလာခြင်းနဲ့ လူ့စွမ်း အား အရင်းအမြစ်အားနည်းခြင်းတွေက ကျန်းမာရေးစနစ်အပေါ် ဖိအားတွေ ထပ်မံဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီအတွေ့အကြုံကနေ ကျွန်တော်တို့ သင်ခန်းစာယူနိုင်တာတစ်ခုကတော့ ကျန်းမာရေးစနစ်ကို ပြုပြင်ပြောင်းလဲတဲ့အခါ ဆေးရုံနဲ့စက်ကိရိယာတွေ တိုးချဲ့ပေးရုံသာမက လူတိုင်းလက်လှမ်းမီနိုင်တဲ့ အ ခြေခံအဆောက်အအုံနဲ့ တခြားအရင်းအမြစ်ခွဲဝေမှု၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေးနဲ့ စီမံခန့်ခွဲမှု စနစ်တွေကိုပါ တစ်ပြိုင်နက်တည်း အားကောင်းအောင်လုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတာပါပဲ။

အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို အားကောင်းစေတဲ့ စီမံကိန်း

ဒီလိုအခက်အခဲတွေကိုဖြေရှင်းဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank -ADB) ရဲ့ပံ့ပိုးမှုနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံမှာ Primary Health Care Improvement Project (PHCIP) ကို အကောင်အထည်ဖော်ခဲ့ပါတယ်။

ဒီစီမံကိန်းရဲ့အဓိကလုပ်ငန်းတွေကို ကြည့် မယ်ဆိုရင် အချက်(၃)ချက်ကို အထူးသတိပြုမိပါ တယ်။
ပထမအချက်က ကျေးလက်မိသားစုဆေးခန်းတွေမှာလိုအပ်တဲ့ ခေတ်မီဆေးဘက်ဆိုင်ရာ စက် ကိရိယာတွေ ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။ ဒုတိယအချက်က အဲဒီစက်ကိရိယာတွေကို မှန်ကန်ထိရောက်စွာ အသုံးပြုနိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို လုပ်ငန်းခွင်အခြေပြုသင်တန်းတွေပေးခြင်းဖြစ်ပါတယ်။ တတိယအချက်ကတော့ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုစောင့်ကြည့်နိုင်ဖို့ ဒီဂျစ်တယ် နည်းပညာအခြေပြု သတင်းအချက်အလက်စနစ်တစ်ခုကို စတင်အသုံးပြုခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးသတိထားမိတာက စက်ကိရိယာတွေပံ့ပိုးပေးလိုက်ရုံနဲ့မပြီးသွားဘဲ စက် ကိရိယာတွေကိုအသုံးပြုနိုင်တဲ့ဝန်ထမ်းတွေ ရှိဖို့လိုတယ်၊ ဝန်ထမ်းတွေကပေးအပ်တဲ့ဝန်ဆောင်မှုတွေကို စောင့်ကြည့်အကဲဖြတ်နိုင်ဖို့လိုတယ်၊ အဲဒီကနေ ရရှိလာတဲ့အချက်အလက်တွေကိုလည်း နောက်ထပ် ဘာတွေပြင်ဆင်ရမလဲ၊ ဘယ်နေရာတွေမှာ အရင်းအမြစ်တွေ ပိုမိုဖြည့်ဆည်းပေးရမလဲဆိုတာ ဆုံးဖြတ် ရာမှာအသုံးချနိုင်ဖို့လိုတယ်ဆိုတဲ့အချက်တွေကိုပါ အလေးထားဆောင်ရွက်ခဲ့တာကို တွေ့ရတာပါပဲ။

နည်းပညာအခြေပြု ဒီဂျစ်တယ်စနစ်ကိုအသုံးပြုခြင်းကလည်း လုပ်ငန်းဆောင်ရွက်မှုတွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်စေရုံသာမက ကျန်းမာရေးဝန်ကြီးဌာနရဲ့တာဝန်ခံမှုနဲ့ အထောက် အထားအခြေပြုစီမံကိန်းရေးဆွဲမှုကိုလည်း အားကောင်းစေခဲ့တာကို တွေ့ရပါတယ်။

ဒီလို စက်ကိရိယာ၊ လူ့စွမ်းအားအရင်းအမြစ်နဲ့သတင်းအချက်အလက်စနစ်တွေကို ပေါင်းစပ် ဆောင်ရွက်ပြီးတော့ ကျေးလက်ကျန်းမာရေးဝန်ဆောင်မှုတွေကို တိုးတက်ကောင်းမွန်အောင် ကြိုး ပမ်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မြင်သာတဲ့ရလဒ်တွေနဲ့ ပြည်သူတွေအပေါ် သက်ရောက်မှု

စီမံကိန်းရဲ့ရလဒ်တွေကိုကြည့်မယ်ဆိုရင် ကျေးလက်မိသားစုဆေးခန်း (၈၀၁)ခုလုံးကို လုပ်ငန်း ဆောင်ရွက်နိုင်တဲ့အခြေအနေရောက်အောင် ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့ပြင် ကျေးလက် ကျန်းမာရေးဌာန(၉၉ ဒသမ ၈)ရာခိုင်နှုန်းမှာ နှလုံးစစ်ဆေးစက် (Electrocardiographs-ECG) နဲ့ အာ ထရာဆောင်းစက် (Ultrasonography Devices) တွေတပ်ဆင်နိုင်ခဲ့တာကိုတွေ့ရတဲ့အတွက် မူလ သတ် မှတ်ထားတဲ့ (၇၀)ရာခိုင်နှုန်းရည်မှန်းချက်ထက် ကျော်လွန်အောင်မြင်ခဲ့တာကိုလည်း ထင်ရှားတဲ့သာဓက တစ်ခုအနေနဲ့ တွေ့ရပါတယ်။

စက်ကိရိယာအသစ်တွေတပ်ဆင်ပြီး ဝန်ထမ်းတွေကို သင်တန်းပေးပြီးတဲ့နောက် ပြည်သူတွေ အနေနဲ့ ကျန်းမာရေးဝန်ဆောင်မှုကို လာရောက်ရယူမှု တိုးတက်လာခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ အထူးသဖြင့် မိခင်နဲ့ကလေးကျန်းမာရေးဝန်ဆောင်မှုတွေကို လာရောက်ရယူတဲ့ အမျိုးသမီးတွေအကြားမှာ ဒီတိုးတက်မှုကို ပိုမိုသိသာစွာတွေ့ရပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေရဲ့အမြင်မှာ လည်း အဆင့်မြှင့်တင်ထားတဲ့စက်ကိရိယာတွေကြောင့် ယခင်က အခြေခံကျန်းမာရေးဌာနအဆင့်မှာ မပေးနိုင်ခဲ့တဲ့ ရောဂါရှာဖွေရေးနဲ့ ကြိုတင်ကာကွယ်ရေး ဝန်ဆောင်မှုတွေကို ပေးနိုင်လာခဲ့တဲ့အတွက် စိတ်ဓာတ်တက်ကြွခဲ့မှာ အသေအချာပါပဲ။ ကျေးလက် ဒေသတွေက အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို အားထည့်ဆောင်ရွက်တာကနေ ဒေသခံ ပြည်သူ တွေအတွက် ပိုပြီးလက်တွေ့ကျတဲ့အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ အရင်ကထက် ဆေးစစ်ဖို့အတွက် ဝေးလံတဲ့ မြို့ပြဆေးရုံတွေဆီ သွားရောက်ရတာတွေ လျော့နည်းလာတယ်။ ရောဂါရှာဖွေမှု ပိုမိုမြန်ဆန် လာတယ်။ ရလဒ်အနေနဲ့ ကိုယ့်ဒေသမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပေါ် ပိုမိုယုံကြည်လာကြမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးစနစ်ရဲ့အောင်မြင်မှုဟာ စက်ကိရိယာတွေ တပ်ဆင်နိုင်ခြင်းတစ်ခုတည်း ကြောင့်မဟုတ်ပါဘူး။ အဲဒီစက်ကိရိယာတွေကို အသုံးပြုပြီး ပြည်သူတွေအတွက် ပိုမိုနီးစပ်၊ ပိုမိုမြန်ဆန် ပြီး ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ ပေးနိုင်လာခြင်းမှာသာ တကယ့်အောင်မြင်မှုရှိပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့သတိပြုရမယ့် အချက်တစ်ခုရှိပါတယ်။ စက်ကိရိယာအသစ်တွေ တပ် ဆင်ပေးခြင်း၊ အဆောက်အအုံတွေ အဆင့်မြှင့်တင်ခြင်းနဲ့ ဝန်ထမ်းတွေကို သင်တန်းပေးခြင်းတို့ဟာ အစ ပိုင်းတိုးတက်မှုကို မြန်ဆန်စွာရရှိစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီတိုးတက်မှုတွေကို ရေရှည်ထိန်းသိမ်းထားနိုင် ဖို့အတွက် တခြားလိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်။

ဥပမာအနေနဲ့ စက်ကိရိယာတွေ ပျက်စီးသွားရင် ပြုပြင်ထိန်းသိမ်းပေးနိုင်တဲ့စနစ် ရှိသလား။ ဆေး ခန်းတွေမှာ လျှပ်စစ်မီးနဲ့ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ အမြဲရရှိနိုင်ပါသလား။ သင်တန်းတက်ထားတဲ့ ဝန် ထမ်းတွေအလုပ်မှာ ဆက်လက်မြဲမြံနေအောင် ဘယ်လိုထိန်းမလဲ။ ဝန်ထမ်းအင်အား မလုံလောက်တဲ့ အခါ ဘယ်လိုဖြေရှင်းကြမလဲ စတဲ့မေးခွန်းတွေဟာ စီမံကိန်းတစ်ခုရဲ့ ရေရှည်တည်တံ့မှုကို ဆုံးဖြတ်ပေး တဲ့အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒါကြောင့် ဥဇဘက်ကစ္စတန်ရဲ့အတွေ့အကြုံကနေ မြန်မာနိုင်ငံအတွက် သင်ခန်းစာယူတဲ့အခါ စက်ကိရိယာနဲ့ အခြေခံအဆောက်အအုံတွေ ဖြည့်ဆည်းပေးနိုင်မှုကိုသာကြည့်မနေဘဲ ဝန်ဆောင်မှုတွေ ကို ရေရှည်ဆက်လက်ပေးနိုင်ဖို့လိုအပ်တဲ့စနစ်တစ်ခုလုံးကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ပထမအကြံပြုချက် - ကျန်းမာရေးဝန်ထမ်းတွေကို အားကောင်းအောင် တည်ဆောက်ဖို့လိုတယ်
အခြေခံကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုအားကောင်းဖို့ဆိုရင် စက်ကိရိယာတွေရှိရုံနဲ့ မလုံ လောက်ပါဘူး။ အဲဒီစက်ကိရိယာတွေကို ကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့၊ ပြည်သူတွေရဲ့လိုအပ်ချက်ကို နား လည်တဲ့၊ စိတ်အားထက်သန်မှုရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေရှိဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ကျေးလက်နဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ကျွမ်းကျင်ဝန်ထမ်းတွေကို ခေါ်ယူ ခန့် ထားဖို့၊ လုပ်ငန်းခွင်မှာ ဆက်လက်မြဲမြံနေစေဖို့နဲ့ သူတို့ရဲ့ကျွမ်းကျင်မှုကို အမြဲတိုးတက်နေစေဖို့ အလေး ထားဆောင်ရွက်ရပါမယ်။

ဒီအတွက် ကျေးလက်ဒေသမှာ တာဝန်ထမ်းဆောင်သူတွေအတွက် သင့်တော်တဲ့ အားပေး ထောက်ပံ့မှုတွေပေးနိုင်ဖို့ လိုအပ်ပါတယ်။ စဉ်ဆက်မပြတ် သင်တန်းတွေပေးဖို့၊ လုပ်ငန်းခွင်အတွင်း သင့် တော်တဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ အကူအညီတွေ ရရှိစေဖို့လည်း လိုပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို တာဝန်ပေးအပ်ထားရုံနဲ့မပြီးပါဘူး။ သူတို့တာဝန်ကို ထိထိရောက် ရောက်ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့အခြေအနေတွေကိုလည်းဖန်တီးပေးရပါမယ်။ ဝန်ထမ်းတွေရဲ့ လုပ် ငန်းခွင်အခြေအနေ ကောင်းမွန်လာလေလေ၊ ပြည်သူတွေရရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုအရည်အသွေး လည်း တိုးတက်လာနိုင်လေလေ ဖြစ်ပါတယ်။

ဒုတိယအကြံပြုချက် - လူနာလွှဲပြောင်းမှုစနစ်ကို ထိရောက်အောင် တည်ဆောက်ဖို့လိုတယ်
အခြေခံကျန်းမာရေးဌာနတွေကို အား ကောင်းအောင်လုပ်ဆောင်တာဟာ လူနာတိုင်းကို အဲဒီ ဌာနတွေမှာပဲ ကုသရမယ်လို့ ဆိုလိုတာမဟုတ် ပါဘူး။ တချို့ရောဂါတွေက အခြေခံအဆင့်မှာ စစ်ဆေး ကုသနိုင်ပေမယ့် တချို့ရောဂါတွေကတော့ အထူးကုဆေးရုံတွေဆီ အချိန်မီလွှဲပြောင်းပေးဖို့ လိုအပ်ပါ တယ်။ အထူးသဖြင့် မီးဖွားစဉ် အရေးပေါ် အခြေအနေတွေ၊ ကလေးကျန်းမာရေး ပြဿနာတွေ၊ နှလုံး ရောဂါနဲ့ ကင်ဆာရောဂါတွေမှာ လူနာလွှဲပြောင်းမှုစနစ် ကောင်းမွန်ဖို့အရေးကြီးပါတယ်။

လူနာတစ်ယောက်ကို ဘယ်အချိန်မှာ ဘယ်ဆေးရုံဆီ လွှဲပြောင်းရမလဲ၊ ဘယ်လိုပို့ဆောင်ပေးရ မလဲ၊ လူနာရဲ့ ဆေးမှတ်တမ်းနဲ့ စစ်ဆေးချက်တွေကို ဘယ်လိုပေးပို့ရမလဲဆိုတာ ရှင်းလင်းတဲ့ လုပ်ထုံး လုပ်နည်းတွေ ရှိဖို့လိုပါတယ်။ အထူးကုဆေးရုံမှာ ကုသမှုခံယူပြီးတဲ့ လူနာကို မိမိဒေသက ကျန်းမာရေး ဌာနမှာ ပြန်လည်စောင့်ရှောက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒီလို လူနာလွှဲပြောင်းခြင်းနဲ့ ပြန်လည် လွှဲ ပြောင်း ခြင်းစနစ်တွေကို ထိရောက်အောင်လုပ်ဆောင်နိုင်ဖို့ ကျန်းမာရေးဌာနအချင်းချင်း သတင်းအချက် အလက် မျှဝေနိုင်တဲ့စနစ်ကိုလည်း အားကောင်းစေဖို့လိုပါတယ်။

အဲဒီလိုလုပ်ဆောင်နိုင်မယ်ဆိုရင် လူနာတွေ ကုသမှုရရှိဖို့ ကြန့်ကြာတာကို လျှော့ချနိုင်မယ်၊ မလို အပ်ဘဲ စစ်ဆေးမှုတွေ ထပ်ခါတလဲလဲ လုပ်ရတာကို လျှော့ချနိုင်မယ်၊ လူနာတစ်ယောက်ချင်းစီအတွက် သင့်တော်တဲ့ ကုသမှုအဆင့်ကို ပိုမိုထိရောက်စွာ ရွေးချယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

တတိယအကြံပြုချက် - ပြည်သူတွေကို ကျန်းမာရေးအသိပညာမြှင့်တင်ပေးဖို့ လိုတယ်

ကျန်းမာရေးဝန်ဆောင်မှုတွေရှိနေတာနဲ့ပြည်သူတွေက အဲဒီဝန်ဆောင်မှုတွေကို အလိုအလျောက် အသုံးပြုလာကြမယ်လို့မဆိုနိုင်ပါဘူး။ တချို့လူတွေဟာ ဘယ်အချိန်မှာ ဆေးစစ်သင့်တယ်၊ ဘယ်လို ရောဂါလက္ခဏာတွေကို သတိထားသင့်တယ်၊ မိမိဒေသမှာ ဘယ်လိုကျန်းမာရေးဝန်ဆောင်မှုတွေ ရရှိနိုင် တယ်ဆိုတာ မသိရှိကြတာလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေကို လည်း အလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ မိခင်နဲ့ ကလေးကျန်းမာရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ အာဟာရပြည့်ဝရေး၊ သန့်ရှင်းသောရေနဲ့ ပတ်ဝန်း ကျင်သန့်ရှင်းရေး၊ မကူးစက်တတ်တဲ့ရောဂါတွေကို ကြိုတင်ကာကွယ်ရေးနဲ့ ကျန်းမာတဲ့လူနေမှုပုံစံတွေကို ပြည်သူတွေ နားလည်လာစေဖို့ လုပ်ဆောင်သင့်ပါ တယ်။

ဒီလုပ်ငန်းတွေကို ကျန်းမာရေးဌာနတွေက တစ်ဖက်သတ် အသိပညာပေးရုံနဲ့ မလုံလောက်ပါဘူး။ ဒေသခံခေါင်းဆောင်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေနဲ့ လူမှု အသိုက်အဝန်းတွေကိုပါ ပါဝင်စေဖို့လိုပါတယ်။

ပြည်သူတွေက ကျန်းမာရေးအကြောင်း ပိုမိုသိရှိလာတဲ့အခါ ရောဂါလက္ခဏာတွေကို စောစီးစွာ သတိပြုလာနိုင်တယ်၊ သင့်တော်တဲ့အချိန်မှာ ဆေးကုသမှု ခံယူလာနိုင်တယ်၊ မိမိတို့နဲ့ မိသားစုတွေရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်ပါတယ်။
ဒီလိုနဲ့ ကျန်းမာရေးစနစ်ဟာ ရောဂါဖြစ်လာမှ ကုသပေးတဲ့စနစ်တစ်ခုကနေ ရောဂါမဖြစ်ခင် ကြို တင်ကာကွယ်ပေးနိုင်တဲ့စနစ်တစ်ခုအဖြစ် ပိုမိုတိုးတက်လာနိုင်ပါတယ်။

မြန်မာနိုင်ငံအတွက် ဘယ်လိုအသုံးချနိုင်မလဲ

ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ အတွေ့အကြုံတွေကို မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အရေးကြီး တဲ့သင်ခန်းစာတစ်ခု ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ကျန်းမာရေးစနစ်ကို တိုးတက်အောင်လုပ်ဆောင် ရာမှာ အခြားနိုင်ငံရဲ့ စီမံကိန်းပုံစံကို တိုက်ရိုက်ကူးယူဖို့ထက် မိမိနိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညီတဲ့ အချက်တွေ ကို ရွေးချယ်အသုံးချဖို့ ပိုပြီးအရေးကြီးပါတယ်။

မြန်မာနိုင်ငံမှာ ကျေးလက်နေပြည်သူတွေ များပြားနေတဲ့အတွက် ကျေးလက်အခြေခံကျန်းမာ ရေးစောင့်ရှောက်မှုကို အားကောင်းစေခြင်းဟာ အထူးအရေးပါပါတယ်။ ဒါပေမဲ့ ဒေသတစ်ခုနဲ့တစ်ခုမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိမှု၊ ကျန်းမာရေးဝန်ထမ်းအင်အား၊ ဆေးဝါးနဲ့ စက်ကိရိယာရရှိမှု၊ လုံခြုံရေးနဲ့ ဝန်ဆောင်မှုရရှိနိုင်မှုတို့ မတူညီနိုင်ပါဘူး။ ဒါကြောင့် ကျန်းမာရေးမူဝါဒနဲ့စီမံကိန်းတွေကို ဒေသအလိုက် လိုအပ်ချက်တွေကိုအခြေခံပြီး ရေးဆွဲဆောင်ရွက်ဖို့လိုအပ်ပါတယ်။

ပထမဦးစွာ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဘာတွေလိုအပ်နေသလဲဆိုတာကို စနစ်တကျ ဆန်းစစ်သင့်ပါတယ်။ စက်ကိရိယာတွေ မရှိတာလား၊ ဆေးဝါးမလုံလောက်တာလား၊ ဝန်ထမ်းအင်အား နည်းပါးတာလား၊ လျှပ်စစ်မီးနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲရှိတာလားဆိုတာ ခွဲခြားသိရှိဖို့လိုပါ တယ်။ အဲဒီအပေါ်မူတည်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးဆောင်ရွက်သင့်ပါတယ်။

ဒုတိယအနေနဲ့ ကျေးလက်ကျန်းမာရေးဝန်ထမ်းတွေကိုခန့်ထားပေးရုံသာမက သူတို့ရဲ့ ကျွမ်း ကျင်မှု၊ လုပ်ငန်းခွင်အခြေအနေနဲ့ ရေရှည်တာဝန်ထမ်းဆောင်နိုင်မှုတို့ကိုပါ အားပေးဖို့လိုပါတယ်။

တတိယအနေနဲ့ ရရှိနိုင်တဲ့ နည်းပညာတွေကို လက်တွေ့လိုအပ်ချက်နဲ့ ကိုက်ညီအောင် အသုံးချ သင့်ပါတယ်။ ဒီဂျစ်တယ်ကျန်းမာရေးမှတ်တမ်းတွေ၊ လူနာလွှဲပြောင်းမှုဆိုင်ရာ သတင်းအချက်အလက် စနစ်တွေနဲ့ ကျန်းမာရေးဝန်ဆောင်မှု စောင့်ကြည့်လေ့လာ ရေးစနစ်တွေဟာ အထောက်အကူပြုနိုင်ပါ တယ်။ ဒါပေမဲ့ ဒီစနစ်တွေအောင်မြင်ဖို့ဆိုရင် လျှပ်စစ်မီး၊ အင်တာနက်၊ စက်ပစ္စည်းထိန်းသိမ်းမှုနဲ့ ဝန်ထမ်း သင်တန်းတွေကိုပါ တစ်ပြိုင်နက်တည်းစီစဉ်ပေးဖို့ လိုအပ်ပါတယ်။

နောက်ထပ်အရေးကြီးတာက လူထုအခြေ ပြုကျန်းမာရေးစနစ် Community-based Health Initiatives (Community Health system- CHS) ကို အားကောင်းစေဖို့ပါပဲ။ ဒေသခံကျန်းမာရေး စေတနာ့ ဝန်ထမ်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ဒေသခံခေါင်းဆောင်တွေဟာ ကျန်းမာရေး ဌာနတွေနဲ့ ပြည်သူတွေအကြား ပေါင်းကူးပေးနိုင်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့အခန်းကဏ္ဍကို အသိအ မှတ်ပြုပြီး လိုအပ်တဲ့ သင်တန်း၊ လုပ်ငန်းဆိုင်ရာအကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပေးနိုင်မယ်ဆိုရင် ကျန်းမာရေးဝန်ဆောင်မှုတွေကို ပြည်သူတွေဆီ ပိုမိုနီးကပ်စွာ ရောက်ရှိစေနိုင်မှာ ဖြစ်ပါတယ်။

ဒီအချက်တွေအားလုံးကို ဆောင်ရွက်တဲ့အခါ ပြည်သူတွေရဲ့အသံကိုလည်း နားထောင်ဖို့လိုအပ် ပါတယ်။ ဘယ်လိုဝန်ဆောင်မှုတွေ လိုအပ်နေသလဲ၊ ဘာကြောင့် ကျန်းမာရေးဌာနတွေကိုလာရောက် အသုံးပြုဖို့ အခက်အခဲရှိနေသလဲ၊ ဝန်ဆောင်မှုအပေါ် ဘယ်လိုအကြံပြုချက်တွေရှိသလဲဆိုတာ သိရှိနိုင်ဖို့ ပြည်သူတွေရဲ့ပါဝင်မှုကို အားပေးသင့်ပါတယ်။ ဒါမှသာ ကျန်းမာရေးဝန်ဆောင်မှုတွေဟာ ပြည်သူတွေရဲ့ လက်တွေ့လိုအပ်ချက်နဲ့ ပိုမိုကိုက်ညီလာမှာဖြစ်ပါတယ်။

ပြည်ပအကူအညီက အစပြုနိုင်ပေမယ့် ရေရှည်တည်တံ့မှုကို ပြည်တွင်းက တည်ဆောက်ရမယ်

ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာ နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေရဲ့ အကူအညီ ဟာ အရေးကြီးပါတယ်။ ငွေကြေးအရင်းအမြစ်၊ နည်းပညာ၊ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို ပံ့ပိုး ပေးနိုင်တာကြောင့် ကျန်းမာရေးဝန်ဆောင်မှုတွေကို အဆင့်မြှင့်တင်ရာမှာ အထောက်အကူပြုနိုင်ပါ တယ်။

ဒါပေမဲ့ ပြည်ပအကူအညီရရှိခြင်းတစ်ခုတည်းနဲ့ ရေရှည်တည်တံ့တဲ့ ကျန်းမာရေးစနစ်တစ်ခု ဖြစ် လာမှာမဟုတ်ပါဘူး။ စီမံကိန်းတစ်ခု ပြီးဆုံးသွားတဲ့အခါ စက်ကိရိယာတွေကို ဘယ်သူက ထိန်းသိမ်း မလဲ၊ ဝန်ထမ်းတွေရဲ့လစာနဲ့ လုပ်ငန်းဆောင်ရွက်စရိတ်တွေကို ဘယ်လိုပံ့ပိုးမလဲ၊ ဆေးဝါးနဲ့ ဆေးဘက် ဆိုင်ရာ ပစ္စည်းတွေကို ဘယ်လိုဆက်လက်ဖြည့်ဆည်းမလဲဆိုတာတွေကို အစကတည်းက စဉ်းစားထား ဖို့လိုပါတယ်။

အဲဒီအတွက် ပြည်တွင်းဘဏ္ဍာရေးအရင်းအမြစ်တွေကို ရေရှည်အသုံးချနိုင်ဖို့၊ ကျန်းမာရေးဝန် ဆောင်မှုတွေကို စီမံခန့်ခွဲနိုင်တဲ့ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်ကိုမြှင့်တင်ဖို့နဲ့ အစိုးရ၊ ဒေသန္တရ အဖွဲ့ အစည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်။

အဓိကအချက်ကတော့ ပြည်ပအကူအညီကို အစားထိုးမရတဲ့အားကိုးရာတစ်ခုအဖြစ် မမြင်ဘဲ ပြည်တွင်းကျန်းမာရေးစနစ်ကို ပြည်တွင်း အားနဲ့ ကိုယ်တိုင်တည်ဆောက်နိုင်ဖို့ အထောက်အကူပြုတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်မြင်ပြီး အသုံးချတတ်ဖို့ပဲလိုမှာဖြစ်ပါတယ်။

နိဂုံး
အားကောင်းတဲ့ကျန်းမာရေးစနစ်ဆိုတာ ပြည်သူတွေဆီရောက်ရှိနိုင်တဲ့စနစ် ဖြစ်တယ်

နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ပြန်စဉ်းစားသင့်တာက ကျန်းမာရေးစနစ်တစ်ခုရဲ့ အောင်မြင်မှု ကို ဘယ်လိုသတ်မှတ်ကြမလဲဆိုတဲ့ မေးခွန်းပါပဲ။ ဆေးရုံကြီးတွေ များလာတာ၊ ခေတ်မီစက်ကိရိယာတွေ တိုးလာတာနဲ့ အထူးကုဝန်ဆောင်မှုတွေ ပိုမိုရရှိလာတာဟာ တိုးတက်မှုရဲ့ အရေးကြီးတဲ့အစိတ်အပိုင်း တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီတိုးတက်မှုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုကို အမှန်တကယ် လိုအပ် နေတဲ့ ပြည်သူတွေဆီ မရောက်ရှိနိုင်ဘူးဆိုရင် ကျန်းမာရေးစနစ်တစ်ခုလုံး အောင်မြင်တယ်လို့ပြောဖို့ ခက်ခဲပါလိမ့်မယ်။

အထူးကုဆေးရုံတွေနဲ့ အခြေခံကျန်းမာရေးဌာနတွေဟာ တစ်ခုနဲ့တစ်ခုယှဉ်ပြိုင်နေတဲ့ ဝန်ဆောင် မှုတွေမဟုတ်ပါဘူး။ တစ်ခုက နောက်တစ်ခုကိုဖြည့်ဆည်းပေးနေတဲ့ ကျန်းမာရေးစနစ်တစ်ခုလုံးရဲ့ အ စိတ်အပိုင်းတွေ ဖြစ်ပါတယ်။ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုအားကောင်းလာရင် ရောဂါတွေကို စောစီးစွာရှာဖွေကုသနိုင်မယ်၊ ကာကွယ်နိုင်တဲ့ ရောဂါတွေကို မဖြစ်ပွားအောင်လျှော့ချနိုင်မယ်၊ လိုအပ် တဲ့လူနာတွေကိုလည်း အထူးကုဆေးရုံတွေဆီ အချိန်မီ လွှဲပြောင်းပေးနိုင်ပါမယ်။ ဒါကြောင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုကို အားကောင်းစေခြင်းဟာ တန်းတူညီမျှမှု (Equity) ကို မြှင့်တင်ပေးရုံ သာ မက ကျန်းမာရေးစနစ်တစ်ခုလုံးရဲ့ထိရောက်မှုI (Efficiency) ကိုပါ တိုးတက်စေပါတယ်။

မြန်မာနိုင်ငံအတွက်ဆိုရင် ကျေးလက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို အားကောင်းစေ ခြင်းဟာ ကျန်းမာရေးကဏ္ဍရဲ့ ဦးစားပေးလုပ်ငန်း တစ်ခုဖြစ်သင့်ပါတယ်။ ဒါဟာ ဆေးခန်းတွေမှာ စက် ကိရိယာတွေ ဖြည့်ဆည်းပေးခြင်းတစ်ခုတည်းမဟုတ် ပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေကို အားပေးခြင်း၊ လူနာလွှဲပြောင်းမှုစနစ်ကို တိုးတက်စေခြင်း၊ ပြည်သူ့ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း၊ လူထု ပါဝင်မှု ကို အားကောင်းစေခြင်းနဲ့ ရေရှည်ဘဏ္ဍာရေးတည်တံ့မှုကိုတည်ဆောက်ခြင်းတို့ပါဝင်တဲ့ ဘက်စုံလုပ်ငန်း စဉ်တစ်ခု ဖြစ်ပါတယ်။

နိဂုံးချုပ်ပြောရရင် ကျန်းမာရေးစနစ်တစ်ခုရဲ့အားကောင်းမှုဟာ အဆင့်မြင့်ဆုံးဆေးရုံတစ်ရုံရဲ့ စွမ်းဆောင်ရည်နဲ့ပဲ ဆုံးဖြတ်လို့မရပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုကိုလိုအပ်နေတဲ့ ပြည်သူတစ်ဦး ချင်းစီဆီကို ဘယ်လောက် နီးကပ်စွာ၊ ဘယ်လောက်မျှ တစွာနဲ့ ဘယ်လောက်ထိရောက်စွာ ရောက်ရှိ ပေးနိုင်သလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။

တကယ်တော့ ကျန်းမာရေးစနစ်တစ်ခုဟာ အဲဒီစနစ်ဆီ ကိုယ်တိုင်လာရောက်နိုင်တဲ့သူတွေကိုပဲ ဝန်ဆောင်မှုပေး နိုင်ခဲ့ရင် အမှန်တကယ် အားကောင်းလာတယ်လို့ သတ်မှတ်နိုင်မှာမဟုတ်ပါဘူး။ ကျန်း မာရေးစောင့်ရှောက်မှုကို အလိုအပ်ဆုံးသူတွေနဲ့ အနီးဆုံးရောက်အောင်ဆောင်ရွက်ပေးနိုင်တဲ့ အခါမှသာ အားကောင်းပြီး တန်းတူညီမျှမှုရှိတဲ့ ကျန်းမာရေးစနစ်တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးစနစ်ဖွံ့ဖြိုးတိုးတက်ဖို့ ပြင်ပလူနာဌာနတွေ ဆေးရုံအသစ်တွေကလည်း အရေးပါသလို တန်းတူညီမျှမှုကို ဖော်ဆောင်ပေးနေတဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကလည်း အဲဒီ ထက်မပိုရင်တောင် မလျော့တဲ့ အရေးပါတဲ့နေရာမှာ ရှိနေတဲ့အတွက် ကျန်းမာရေးစနစ်တစ်ခုလုံးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုစနစ်အားကောင်းအောင် အစိုးရ၊ ပြည်သူနဲ့ ကျန်းမာရေးဝန်ထမ်းတွေက တက်ညီလက်ညီ ပူးပေါင်းဖော်ဆောင်သင့်တယ်လို့ စေတနာအရင်းခံပြီး တိုက်တွန်းရေးသားလိုက်ရပါတယ်။

zawgyi version

တန္းတူညီမွ်မႈမွသည္ ခိုင္မာေသာက်န္းမာေရးစနစ္ဆီသို႔

ျပည့္ထူး (မင္းဘူး) (NP News) - ေအာက္တိုဘာလ ၂၃

က်န္းမာေရးစနစ္ ဖြံ႕ၿဖိဳးတိုးတက္လာတယ္လို႔ေျပာၾကတဲ့အခါ ကြၽန္ေတာ္တို႔ အမ်ားအားျဖင့္ ဘာ ေတြကိုၾကည့္ေလ့ရွိၾကသလဲ။ ေဆး႐ုံအသစ္ေတြ ဘယ္ေလာက္တည္ေဆာက္ႏိုင္သလဲ၊ အထူးကုဝန္ ေဆာင္မႈေတြ ဘယ္ေလာက္တိုးခ်ဲ႕ေပးႏိုင္သလဲ၊ ေခတ္မီေဆးဘက္ဆိုင္ရာစက္ကိရိယာေတြနဲ႔ နည္းပညာ ေတြ ဘယ္ေလာက္အသုံးျပဳႏိုင္သလဲဆိုတာေတြကို အဓိကထား စဥ္းစားေလ့ရွိၾကပါတယ္။ ဒီလို ရင္းႏွီး ျမႇဳပ္ႏွံမႈေတြဟာ အေရးႀကီးပါတယ္။ ရႈပ္ေထြးၿပီး ျပင္းထန္တဲ့ေရာဂါေတြကို ထိေရာက္စြာကုသႏိုင္ဖို႔ အတြက္လည္း အဆင့္ျမင့္ေဆး႐ုံေတြနဲ႔ အထူးကုဝန္ေဆာင္မႈေတြ မရွိမျဖစ္လိုအပ္ပါတယ္။
ဒါေပမဲ့ ကြၽန္ေတာ္တို႔ ျပန္စဥ္းစားၾကည့္သင့္တဲ့ေမးခြန္းတစ္ခု ရွိပါတယ္။ “က်န္းမာေရးစနစ္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံတဲ့အခါ ျပည္သူအမ်ားစု တကယ္အသုံးျပဳေနၾကတဲ့ အေျခခံက်န္းမာေရး ဝန္ေဆာင္မႈေတြကိုေကာ လုံေလာက္ေအာင္ အေလးထားၾကရဲ႕လား” ဆိုတဲ့ေမးခြန္းပါ။ အထူးသျဖင့္ ေက်းလက္ေနျပည္သူမ်ားျပားတဲ့ ျမန္မာႏိုင္ငံအတြက္ ဒီေမးခြန္းဟာ ပိုၿပီးအေရးႀကီးပါတယ္။
ႏိုင္ငံတကာအေတြ႕အႀကဳံေတြကိုၾကည့္မယ္ဆိုရင္ လူတိုင္းလက္လွမ္းမီႏိုင္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္ (Universal Health Cove­rage- UHC) ကို ေဆး႐ုံေတြကိုပဲ အဓိကထားၿပီး ဖြံ႕ ၿဖိဳးတိုးတက္ေအာင္လုပ္ေဆာင္႐ုံနဲ႔ မရႏိုင္ဘူးဆိုတာေတြ႕ရပါတယ္။
ေက်းလက္ေဒသမွာေနထိုင္ၾကတဲ့ ျပည္သူေတြ၊ တိုင္းရင္းသားလူမ်ိဳးစုေတြ၊ ထိခိုက္လြယ္တဲ့လူ အုပ္စုေတြနဲ႔ ဝင္ေငြနည္းပါးတဲ့အိမ္ေထာင္စုေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈကိုလက္လွမ္းမီဖို႔ဆို တာ အေျခခံက်န္းမာေရးဝန္ေဆာင္မႈ (Primary Health Care) ဘယ္ေလာက္ေကာင္းမြန္သလဲဆိုတဲ့ အေပၚမွာ အဓိကမူတည္ေနပါတယ္။

က်န္းမာေရးစနစ္တစ္ခုရဲ႕ အေျခခံအုတ္ျမစ္
က်န္းမာေရးေစာင့္ေရွာက္မႈကို လူတိုင္း လက္လွမ္းမီရရွိႏိုင္ဖို႔ဆိုတာ ေဆး႐ုံႀကီးေတြ မ်ားမ်ား တည္ေဆာက္ေပး႐ုံနဲ႔ မလုံေလာက္ပါဘူး။ လူတစ္ေယာက္ ေနမေကာင္းျဖစ္လာတဲ့အခါ မိမိေနထိုင္ရာ ေဒသနဲ႔နီးစပ္တဲ့ေနရာမွာ အခ်ိန္မီ က်န္းမာေရးေစာင့္ေရွာက္မႈရရွိႏိုင္ဖို႔လည္း လိုအပ္ပါတယ္။ ဒါ့ျပင္ ေရာဂါမျဖစ္ခင္ ႀကိဳတင္ကာကြယ္ႏိုင္ဖို႔၊ ေရာဂါျဖစ္လာရင္ ေစာေစာသိရွိၿပီးကုသႏိုင္ဖို႔နဲ႔ ကုသမႈကုန္က် စရိတ္ေၾကာင့္ မိသားစုစီးပြားေရးထိခိုက္မသြားဖို႔လည္း အေရးႀကီးပါတယ္။
ဒီေနရာမွာ အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈI (Primary Health Care- PHC) ရဲ႕အခန္း က႑ ကို အေလးထားဖို႔လိုလာပါတယ္။
ၿမိဳ႕နယ္ေဆး႐ုံေတြ၊ တိုက္နယ္ေဆး႐ုံေတြ၊ ေက်းလက္က်န္းမာေရးဌာနေတြ၊ က်န္းမာေရးဌာနခြဲ ေတြ၊ မိသားစုေဆးခန္းေတြနဲ႔ လူထုအေျချပဳ က်န္းမာေရးလုပ္ငန္းေတြဟာ ျပည္သူေတြနဲ႔ က်န္းမာေရး စနစ္ ပထမဆုံး ထိေတြ႕ဆက္ဆံရတဲ့ေနရာေတြျဖစ္ပါတယ္။ တခ်ိဳ႕ေဝးလံေခါင္သီတဲ့ေဒသေတြမွာဆိုရင္ ဒီေနရာေတြဟာ ျပည္သူေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈရယူႏိုင္တဲ့ အဓိကေနရာေတြ၊ တစ္ခါ တစ္ရံမွာ ေ႐ြးခ်ယ္စရာမရွိ တစ္ခုတည္းေသာေနရာေတြလည္း ျဖစ္ေနႏိုင္ပါတယ္။
ဒါေၾကာင့္ အေျခခံက်န္းမာေရးဌာနေတြမွာ ေဆးဝါးနဲ႔စက္ကိရိယာေတြ လုံေလာက္မႈရွိမရွိ၊ ကြၽမ္း က်င္တဲ့ က်န္းမာေရးဝန္ထမ္းေတြ ရွိမရွိ၊ ဝန္ေဆာင္မႈေတြ အခ်ိန္မီေပးႏိုင္မႏိုင္ဆိုတာဟာ သာမန္ လုပ္ ငန္းပိုင္းဆိုင္ရာကိစၥရပ္ေတြ မဟုတ္ပါဘူး။ ျပည္သူေတြရဲ႕ က်န္းမာေရးနဲ႔ လူမႈစီးပြားဘဝကို တိုက္႐ိုက္ သက္ေရာက္ေစတဲ့အခ်က္ေတြျဖစ္ပါတယ္။
အထူးသျဖင့္ ေက်းလက္ေနျပည္သူေတြ၊ ဝင္ေငြနည္းပါးတဲ့ မိသားစုေတြ၊ အမ်ိဳးသမီးေတြ၊ ကေလးသူငယ္ေတြနဲ႔ ထိခိုက္လြယ္တဲ့လူအုပ္စုေတြ (vulnerable group) အတြက္ က်န္းမာေရးဝန္ ေဆာင္မႈကို နီးနီးကပ္ကပ္ရရွိႏိုင္ဖို႔ အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုင္ရင္ ေဆး႐ုံႀကီးတစ္႐ုံမွာ အဆင့္ ျမင့္စက္ကိရိယာေတြရွိေနေပမယ့္ အဲဒီေဆး႐ုံကိုသြားေရာက္ဖို႔ ခရီးစရိတ္၊ အခ်ိန္နဲ႔ တျခား ကုန္က်စရိတ္ေတြ မတတ္ႏိုင္ဘူးဆိုရင္ အဲဒီဝန္ေဆာင္မႈဟာ လိုအပ္ေနသူေတြအတြက္ လက္ေတြ႕မွာ လက္လွမ္းမမီႏိုင္ပါဘူး။
ဒါေၾကာင့္ က်န္းမာေရးစနစ္တစ္ခုရဲ႕ေအာင္ျမင္မႈကို ေဆး႐ုံအေရအတြက္နဲ႔ စက္ကိရိယာအေရအ တြက္ေတြနဲ႔ပဲ တိုင္းတာလို႔မရပါဘူး။ ျပည္သူေတြ ဘယ္ေလာက္လက္လွမ္းမီစြာအသုံးျပဳႏိုင္သလဲ၊ ဝန္ ေဆာင္မႈအရည္အေသြး ဘယ္ေလာက္ေကာင္းမြန္သ လဲ၊ က်န္းမာေရးရလဒ္ေတြ ဘယ္ေလာက္တိုးတက္ လာသလဲဆိုတာေတြနဲ႔ပါ တိုင္းတာဖို႔လိုအပ္ပါတယ္။

ဥဇဘက္ကစၥတန္ႏိုင္ငံရဲ႕ အေတြ႕အႀကဳံက ဘာေတြသင္ေပးသလဲ
ဒီအေၾကာင္းအရာကို စဥ္းစားၾကည့္တဲ့အခါ ဥဇဘက္ကစၥတန္ႏိုင္ငံရဲ႕ ေက်းလက္အေျခခံက်န္းမာ ေရးေစာင့္ေရွာက္မႈတိုးတက္ေရး အေတြ႕အႀကဳံကို ေလ့လာစရာတစ္ခုအျဖစ္ေတြ႕ရပါတယ္။ လြတ္လပ္ ေရးရၿပီးေနာက္ပိုင္း ဥဇဘက္ကစၥတန္ႏိုင္ငံဟာ က်န္းမာေရးက႑ ျပဳျပင္ေျပာင္းလဲေရးကို အေလးထား ေဆာင္႐ြက္ခဲ့ပါတယ္။ အထူးသျဖင့္ ေက်းလက္ေန ျပည္သူေတြအတြက္ က်န္းမာေရးဝန္ေဆာင္မႈေတြ ပိုမိုလက္လွမ္းမီလာေစဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ ဒါေပမဲ့ အေစာပိုင္း ျပဳျပင္ေျပာင္းလဲမႈေတြက ဝန္ေဆာင္မႈ တခ်ိဳ႕ကို တိုးတက္ေကာင္းမြန္ေစခဲ့ေပမယ့္ စနစ္ပိုင္းဆိုင္ ရာအခက္အခဲေတြကေတာ့ ဆက္လက္ရွိေနခဲ့ ပါတယ္။
အဲဒီအခက္အခဲေတြထဲမွာ ပထမဆုံးေတြ႕ရတာက က်န္းမာေရးစနစ္မွာ ဗဟိုခ်ဳပ္ကိုင္မႈမ်ားျပား ေနျခင္းနဲ႔ အရင္းအျမစ္ခြဲေဝရာမွာ ၿမိဳ႕ျပေဆး႐ုံေတြကို ပိုမိုဦးစားေပးေနတာတို႔ျဖစ္ပါတယ္။ ေက်းလက္ က်န္းမာေရးဌာနေတြမွာေတာ့ လိုအပ္တဲ့ စက္ကိရိယာေတြ၊ ကြၽမ္းက်င္ဝန္ထမ္းေတြ၊ သတင္းအခ်က္ အလက္စနစ္ေတြ လုံေလာက္မႈမရွိခဲ့ပါဘူး။
ေနာက္ထပ္အေရးႀကီးတဲ့ျပႆနာတစ္ခုက ျပည္သူ႔က်န္းမာေရးအတြက္ ရန္ပုံေငြအကန႔္အ သတ္ရွိေနျခင္းနဲ႔ ျပည္သူေတြက မိမိတို႔အိတ္ထဲကေန ကိုယ္တိုင္ေပးေခ်ရတဲ့ က်န္းမာေရး ကုန္က်စရိတ္ အေပၚ အလြန္အမင္းမွီခိုေနရျခင္းတို႔ျဖစ္ပါတယ္။ ဒီအေျခအေနက ဝင္ေငြနည္းပါးတဲ့မိသားစုေတြအတြက္ သာမက အမ်ိဳးသမီးေတြနဲ႔ တျခားထိခိုက္လြယ္တဲ့ လူ အုပ္စုေတြအတြက္ပါ က်န္းမာေရးဝန္ေဆာင္မႈရယူ ဖို႔ အခက္အခဲျဖစ္ေစခဲ့ပါတယ္။
ဒါ့ျပင္ က်န္းမာေရးဝန္ႀကီးဌာနအတြင္း စီမံခန႔္ခြဲမႈစြမ္းရည္လိုအပ္ခ်က္ေတြ၊ သတင္းအခ်က္အ လက္စနစ္ေတြ တစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္မႈ အားနည္းတာေတြ၊ ေစာင့္ၾကည့္ေလ့လာအကဲျဖတ္မႈစနစ္ေတြ အားနည္းတာေတြေၾကာင့္လည္း အခ်က္အလက္အေပၚအေျခခံၿပီး မူဝါဒနဲ႔စီမံကိန္းေတြ ေရးဆြဲေဆာင္ ႐ြက္ႏိုင္မႈကို အကန႔္အသတ္ျဖစ္ေစခဲ့ပါတယ္။
ဒီျပႆနာေတြရွိေနတဲ့အခ်ိန္မွာပဲ မကူးစက္တတ္တဲ့ေရာဂါေတြ ပိုမိုမ်ားျပားလာျခင္းနဲ႔ လူ႔စြမ္း အား အရင္းအျမစ္အားနည္းျခင္းေတြက က်န္းမာေရးစနစ္အေပၚ ဖိအားေတြ ထပ္မံျဖစ္ေပၚေစခဲ့ပါတယ္။
ဒီအေတြ႕အႀကဳံကေန ကြၽန္ေတာ္တို႔ သင္ခန္းစာယူႏိုင္တာတစ္ခုကေတာ့ က်န္းမာေရးစနစ္ကို ျပဳျပင္ေျပာင္းလဲတဲ့အခါ ေဆး႐ုံနဲ႔စက္ကိရိယာေတြ တိုးခ်ဲ႕ေပး႐ုံသာမက လူတိုင္းလက္လွမ္းမီႏိုင္တဲ့ အ ေျခခံအေဆာက္အအုံနဲ႔ တျခားအရင္းအျမစ္ခြဲေဝမႈ၊ လူ႔စြမ္းအားအရင္းအျမစ္၊ ဘ႑ာေရးနဲ႔ စီမံခန႔္ခြဲမႈ စနစ္ေတြကိုပါ တစ္ၿပိဳင္နက္တည္း အားေကာင္းေအာင္လုပ္ေဆာင္ဖို႔လိုအပ္တယ္ဆိုတာပါပဲ။

အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈကို အားေကာင္းေစတဲ့ စီမံကိန္း
ဒီလိုအခက္အခဲေတြကိုေျဖရွင္းဖို႔အတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (Asian Development Bank -ADB) ရဲ႕ပံ့ပိုးမႈနဲ႔ ဥဇဘက္ကစၥတန္ႏိုင္ငံမွာ Primary Health Care Improvement Project (PHCIP) ကို အေကာင္အထည္ေဖာ္ခဲ့ပါတယ္။
ဒီစီမံကိန္းရဲ႕အဓိကလုပ္ငန္းေတြကို ၾကည့္ မယ္ဆိုရင္ အခ်က္(၃)ခ်က္ကို အထူးသတိျပဳမိပါ တယ္။
ပထမအခ်က္က ေက်းလက္မိသားစုေဆးခန္းေတြမွာလိုအပ္တဲ့ ေခတ္မီေဆးဘက္ဆိုင္ရာ စက္ ကိရိယာေတြ ပံ့ပိုးေပးျခင္းျဖစ္ပါတယ္။ ဒုတိယအခ်က္က အဲဒီစက္ကိရိယာေတြကို မွန္ကန္ထိေရာက္စြာ အသုံးျပဳႏိုင္ဖို႔ က်န္းမာေရးဝန္ထမ္းေတြကို လုပ္ငန္းခြင္အေျချပဳသင္တန္းေတြေပးျခင္းျဖစ္ပါတယ္။ တတိယအခ်က္ကေတာ့ က်န္းမာေရးဝန္ေဆာင္မႈေတြနဲ႔ လုပ္ငန္းေဆာင္႐ြက္မႈေတြကိုေစာင့္ၾကည့္ႏိုင္ဖို႔ ဒီဂ်စ္တယ္ နည္းပညာအေျချပဳ သတင္းအခ်က္အလက္စနစ္တစ္ခုကို စတင္အသုံးျပဳျခင္းျဖစ္ပါတယ္။
ဒီေနရာမွာ အေရးႀကီးသတိထားမိတာက စက္ကိရိယာေတြပံ့ပိုးေပးလိုက္႐ုံနဲ႔မၿပီးသြားဘဲ စက္ ကိရိယာေတြကိုအသုံးျပဳႏိုင္တဲ့ဝန္ထမ္းေတြ ရွိဖို႔လိုတယ္၊ ဝန္ထမ္းေတြကေပးအပ္တဲ့ဝန္ေဆာင္မႈေတြကို ေစာင့္ၾကည့္အကဲျဖတ္ႏိုင္ဖို႔လိုတယ္၊ အဲဒီကေန ရရွိလာတဲ့အခ်က္အလက္ေတြကိုလည္း ေနာက္ထပ္ ဘာေတြျပင္ဆင္ရမလဲ၊ ဘယ္ေနရာေတြမွာ အရင္းအျမစ္ေတြ ပိုမိုျဖည့္ဆည္းေပးရမလဲဆိုတာ ဆုံးျဖတ္ ရာမွာအသုံးခ်ႏိုင္ဖို႔လိုတယ္ဆိုတဲ့အခ်က္ေတြကိုပါ အေလးထားေဆာင္႐ြက္ခဲ့တာကို ေတြ႕ရတာပါပဲ။
နည္းပညာအေျချပဳ ဒီဂ်စ္တယ္စနစ္ကိုအသုံးျပဳျခင္းကလည္း လုပ္ငန္းေဆာင္႐ြက္မႈေတြကို အခ်ိန္နဲ႔တစ္ေျပးညီ ေစာင့္ၾကည့္ႏိုင္ေစ႐ုံသာမက က်န္းမာေရးဝန္ႀကီးဌာနရဲ႕တာဝန္ခံမႈနဲ႔ အေထာက္ အထားအေျချပဳစီမံကိန္းေရးဆြဲမႈကိုလည္း အားေကာင္းေစခဲ့တာကို ေတြ႕ရပါတယ္။
ဒီလို စက္ကိရိယာ၊ လူ႔စြမ္းအားအရင္းအျမစ္နဲ႔သတင္းအခ်က္အလက္စနစ္ေတြကို ေပါင္းစပ္ ေဆာင္႐ြက္ၿပီးေတာ့ ေက်းလက္က်န္းမာေရးဝန္ေဆာင္မႈေတြကို တိုးတက္ေကာင္းမြန္ေအာင္ ႀကိဳး ပမ္းေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္။

ျမင္သာတဲ့ရလဒ္ေတြနဲ႔ ျပည္သူေတြအေပၚ သက္ေရာက္မႈ
စီမံကိန္းရဲ႕ရလဒ္ေတြကိုၾကည့္မယ္ဆိုရင္ ေက်းလက္မိသားစုေဆးခန္း (၈၀၁)ခုလုံးကို လုပ္ငန္း ေဆာင္႐ြက္ႏိုင္တဲ့အေျခအေနေရာက္ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ ဒါ့ျပင္ ေက်းလက္ က်န္းမာေရးဌာန(၉၉ ဒသမ ၈)ရာခိုင္ႏႈန္းမွာ ႏွလုံးစစ္ေဆးစက္ (Electrocardiographs-ECG) နဲ႔ အာ ထရာေဆာင္းစက္ (Ultrasonography Devices) ေတြတပ္ဆင္ႏိုင္ခဲ့တာကိုေတြ႕ရတဲ့အတြက္ မူလ သတ္ မွတ္ထားတဲ့ (၇၀)ရာခိုင္ႏႈန္းရည္မွန္းခ်က္ထက္ ေက်ာ္လြန္ေအာင္ျမင္ခဲ့တာကိုလည္း ထင္ရွားတဲ့သာဓက တစ္ခုအေနနဲ႔ ေတြ႕ရပါတယ္။
စက္ကိရိယာအသစ္ေတြတပ္ဆင္ၿပီး ဝန္ထမ္းေတြကို သင္တန္းေပးၿပီးတဲ့ေနာက္ ျပည္သူေတြ အေနနဲ႔ က်န္းမာေရးဝန္ေဆာင္မႈကို လာေရာက္ရယူမႈ တိုးတက္လာခဲ့တယ္လို႔လည္း ေဖာ္ျပထားပါတယ္။ အထူးသျဖင့္ မိခင္နဲ႔ကေလးက်န္းမာေရးဝန္ေဆာင္မႈေတြကို လာေရာက္ရယူတဲ့ အမ်ိဳးသမီးေတြအၾကားမွာ ဒီတိုးတက္မႈကို ပိုမိုသိသာစြာေတြ႕ရပါတယ္။
က်န္းမာေရးဝန္ထမ္းေတြရဲ႕အျမင္မွာ လည္း အဆင့္ျမႇင့္တင္ထားတဲ့စက္ကိရိယာေတြေၾကာင့္ ယခင္က အေျခခံက်န္းမာေရးဌာနအဆင့္မွာ မေပးႏိုင္ခဲ့တဲ့ ေရာဂါရွာေဖြေရးနဲ႔ ႀကိဳတင္ကာကြယ္ေရး ဝန္ေဆာင္မႈေတြကို ေပးႏိုင္လာခဲ့တဲ့အတြက္ စိတ္ဓာတ္တက္ႂကြခဲ့မွာ အေသအခ်ာပါပဲ။ ေက်းလက္ ေဒသေတြက အေျခခံက်န္းမာေရး ေစာင့္ေရွာက္မႈကို အားထည့္ေဆာင္႐ြက္တာကေန ေဒသခံ ျပည္သူ ေတြအတြက္ ပိုၿပီးလက္ေတြ႕က်တဲ့အက်ိဳးေက်းဇူးေတြ ရႏိုင္ပါတယ္။ အရင္ကထက္ ေဆးစစ္ဖို႔အတြက္ ေဝးလံတဲ့ ၿမိဳ႕ျပေဆး႐ုံေတြဆီ သြားေရာက္ရတာေတြ ေလ်ာ့နည္းလာတယ္။ ေရာဂါရွာေဖြမႈ ပိုမိုျမန္ဆန္ လာတယ္။ ရလဒ္အေနနဲ႔ ကိုယ့္ေဒသမွာရွိတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္အေပၚ ပိုမိုယုံၾကည္လာၾကမွာပဲျဖစ္ပါတယ္။
ဒါေၾကာင့္ က်န္းမာေရးစနစ္ရဲ႕ေအာင္ျမင္မႈဟာ စက္ကိရိယာေတြ တပ္ဆင္ႏိုင္ျခင္းတစ္ခုတည္း ေၾကာင့္မဟုတ္ပါဘူး။ အဲဒီစက္ကိရိယာေတြကို အသုံးျပဳၿပီး ျပည္သူေတြအတြက္ ပိုမိုနီးစပ္၊ ပိုမိုျမန္ဆန္ ၿပီး ပိုမိုေကာင္းမြန္တဲ့ဝန္ေဆာင္မႈေတြ ေပးႏိုင္လာျခင္းမွာသာ တကယ့္ေအာင္ျမင္မႈရွိပါတယ္။
ဒီေနရာမွာ ကြၽန္ေတာ္တို႔သတိျပဳရမယ့္ အခ်က္တစ္ခုရွိပါတယ္။ စက္ကိရိယာအသစ္ေတြ တပ္ ဆင္ေပးျခင္း၊ အေဆာက္အအုံေတြ အဆင့္ျမႇင့္တင္ျခင္းနဲ႔ ဝန္ထမ္းေတြကို သင္တန္းေပးျခင္းတို႔ဟာ အစ ပိုင္းတိုးတက္မႈကို ျမန္ဆန္စြာရရွိေစႏိုင္ပါတယ္။ ဒါေပမဲ့ ဒီတိုးတက္မႈေတြကို ေရရွည္ထိန္းသိမ္းထားႏိုင္ ဖို႔အတြက္ တျခားလိုအပ္ခ်က္ေတြကိုပါ ျဖည့္ဆည္းေပးဖို႔လိုအပ္ပါတယ္။
ဥပမာအေနနဲ႔ စက္ကိရိယာေတြ ပ်က္စီးသြားရင္ ျပဳျပင္ထိန္းသိမ္းေပးႏိုင္တဲ့စနစ္ ရွိသလား။ ေဆး ခန္းေတြမွာ လွ်ပ္စစ္မီးနဲ႔ လိုအပ္တဲ့ေဆးဝါးပစၥည္းေတြ အၿမဲရရွိႏိုင္ပါသလား။ သင္တန္းတက္ထားတဲ့ ဝန္ ထမ္းေတြအလုပ္မွာ ဆက္လက္ၿမဲၿမံေနေအာင္ ဘယ္လိုထိန္းမလဲ။ ဝန္ထမ္းအင္အား မလုံေလာက္တဲ့ အခါ ဘယ္လိုေျဖရွင္းၾကမလဲ စတဲ့ေမးခြန္းေတြဟာ စီမံကိန္းတစ္ခုရဲ႕ ေရရွည္တည္တံ့မႈကို ဆုံးျဖတ္ေပး တဲ့အေရးႀကီးတဲ့အခ်က္ေတြ ျဖစ္ပါတယ္။
ဒါေၾကာင့္ ဥဇဘက္ကစၥတန္ရဲ႕အေတြ႕အႀကဳံကေန ျမန္မာႏိုင္ငံအတြက္ သင္ခန္းစာယူတဲ့အခါ စက္ကိရိယာနဲ႔ အေျခခံအေဆာက္အအုံေတြ ျဖည့္ဆည္းေပးႏိုင္မႈကိုသာၾကည့္မေနဘဲ ဝန္ေဆာင္မႈေတြ ကို ေရရွည္ဆက္လက္ေပးႏိုင္ဖို႔လိုအပ္တဲ့စနစ္တစ္ခုလုံးကိုပါ ထည့္သြင္းစဥ္းစားသင့္ပါတယ္။
ပထမအႀကံျပဳခ်က္ - က်န္းမာေရးဝန္ထမ္းေတြကို အားေကာင္းေအာင္ တည္ေဆာက္ဖို႔လိုတယ္
အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈစနစ္တစ္ခုအားေကာင္းဖို႔ဆိုရင္ စက္ကိရိယာေတြရွိ႐ုံနဲ႔ မလုံ ေလာက္ပါဘူး။ အဲဒီစက္ကိရိယာေတြကို ကြၽမ္းက်င္စြာအသုံးျပဳႏိုင္တဲ့၊ ျပည္သူေတြရဲ႕လိုအပ္ခ်က္ကို နား လည္တဲ့၊ စိတ္အားထက္သန္မႈရွိတဲ့ က်န္းမာေရးဝန္ထမ္းေတြရွိဖို႔ လိုအပ္ပါတယ္။
အထူးသျဖင့္ ေက်းလက္နဲ႔ ေဝးလံေခါင္သီတဲ့ေဒသေတြမွာ ကြၽမ္းက်င္ဝန္ထမ္းေတြကို ေခၚယူ ခန႔္ ထားဖို႔၊ လုပ္ငန္းခြင္မွာ ဆက္လက္ၿမဲၿမံေနေစဖို႔နဲ႔ သူတို႔ရဲ႕ကြၽမ္းက်င္မႈကို အၿမဲတိုးတက္ေနေစဖို႔ အေလး ထားေဆာင္႐ြက္ရပါမယ္။
ဒီအတြက္ ေက်းလက္ေဒသမွာ တာဝန္ထမ္းေဆာင္သူေတြအတြက္ သင့္ေတာ္တဲ့ အားေပး ေထာက္ပံ့မႈေတြေပးႏိုင္ဖို႔ လိုအပ္ပါတယ္။ စဥ္ဆက္မျပတ္ သင္တန္းေတြေပးဖို႔၊ လုပ္ငန္းခြင္အတြင္း သင့္ ေတာ္တဲ့ ႀကီးၾကပ္ကြပ္ကဲမႈနဲ႔ အကူအညီေတြ ရရွိေစဖို႔လည္း လိုပါတယ္။
က်န္းမာေရးဝန္ထမ္းေတြကို တာဝန္ေပးအပ္ထား႐ုံနဲ႔မၿပီးပါဘူး။ သူတို႔တာဝန္ကို ထိထိေရာက္ ေရာက္ထမ္းေဆာင္ႏိုင္ဖို႔ လိုအပ္တဲ့အေျခအေနေတြကိုလည္းဖန္တီးေပးရပါမယ္။ ဝန္ထမ္းေတြရဲ႕ လုပ္ ငန္းခြင္အေျခအေန ေကာင္းမြန္လာေလေလ၊ ျပည္သူေတြရရွိတဲ့ က်န္းမာေရးဝန္ေဆာင္မႈအရည္အေသြး လည္း တိုးတက္လာႏိုင္ေလေလ ျဖစ္ပါတယ္။
ဒုတိယအႀကံျပဳခ်က္ - လူနာလႊဲေျပာင္းမႈစနစ္ကို ထိေရာက္ေအာင္ တည္ေဆာက္ဖို႔လိုတယ္
အေျခခံက်န္းမာေရးဌာနေတြကို အား ေကာင္းေအာင္လုပ္ေဆာင္တာဟာ လူနာတိုင္းကို အဲဒီ ဌာနေတြမွာပဲ ကုသရမယ္လို႔ ဆိုလိုတာမဟုတ္ ပါဘူး။ တခ်ိဳ႕ေရာဂါေတြက အေျခခံအဆင့္မွာ စစ္ေဆး ကုသႏိုင္ေပမယ့္ တခ်ိဳ႕ေရာဂါေတြကေတာ့ အထူးကုေဆး႐ုံေတြဆီ အခ်ိန္မီလႊဲေျပာင္းေပးဖို႔ လိုအပ္ပါ တယ္။ အထူးသျဖင့္ မီးဖြားစဥ္ အေရးေပၚ အေျခအေနေတြ၊ ကေလးက်န္းမာေရး ျပႆနာေတြ၊ ႏွလုံး ေရာဂါနဲ႔ ကင္ဆာေရာဂါေတြမွာ လူနာလႊဲေျပာင္းမႈစနစ္ ေကာင္းမြန္ဖို႔အေရးႀကီးပါတယ္။
လူနာတစ္ေယာက္ကို ဘယ္အခ်ိန္မွာ ဘယ္ေဆး႐ုံဆီ လႊဲေျပာင္းရမလဲ၊ ဘယ္လိုပို႔ေဆာင္ေပးရ မလဲ၊ လူနာရဲ႕ ေဆးမွတ္တမ္းနဲ႔ စစ္ေဆးခ်က္ေတြကို ဘယ္လိုေပးပို႔ရမလဲဆိုတာ ရွင္းလင္းတဲ့ လုပ္ထုံး လုပ္နည္းေတြ ရွိဖို႔လိုပါတယ္။ အထူးကုေဆး႐ုံမွာ ကုသမႈခံယူၿပီးတဲ့ လူနာကို မိမိေဒသက က်န္းမာေရး ဌာနမွာ ျပန္လည္ေစာင့္ေရွာက္ႏိုင္ဖို႔လည္း လိုအပ္ပါတယ္။ ဒီလို လူနာလႊဲေျပာင္းျခင္းနဲ႔ ျပန္လည္ လႊဲ ေျပာင္း ျခင္းစနစ္ေတြကို ထိေရာက္ေအာင္လုပ္ေဆာင္ႏိုင္ဖို႔ က်န္းမာေရးဌာနအခ်င္းခ်င္း သတင္းအခ်က္ အလက္ မွ်ေဝႏိုင္တဲ့စနစ္ကိုလည္း အားေကာင္းေစဖို႔လိုပါတယ္။
အဲဒီလိုလုပ္ေဆာင္ႏိုင္မယ္ဆိုရင္ လူနာေတြ ကုသမႈရရွိဖို႔ ၾကန႔္ၾကာတာကို ေလွ်ာ့ခ်ႏိုင္မယ္၊ မလို အပ္ဘဲ စစ္ေဆးမႈေတြ ထပ္ခါတလဲလဲ လုပ္ရတာကို ေလွ်ာ့ခ်ႏိုင္မယ္၊ လူနာတစ္ေယာက္ခ်င္းစီအတြက္ သင့္ေတာ္တဲ့ ကုသမႈအဆင့္ကို ပိုမိုထိေရာက္စြာ ေ႐ြးခ်ယ္ေပးႏိုင္မွာ ျဖစ္ပါတယ္။
တတိယအႀကံျပဳခ်က္ - ျပည္သူေတြကို က်န္းမာေရးအသိပညာျမႇင့္တင္ေပးဖို႔ လိုတယ္
က်န္းမာေရးဝန္ေဆာင္မႈေတြရွိေနတာနဲ႔ျပည္သူေတြက အဲဒီဝန္ေဆာင္မႈေတြကို အလိုအေလ်ာက္ အသုံးျပဳလာၾကမယ္လို႔မဆိုႏိုင္ပါဘူး။ တခ်ိဳ႕လူေတြဟာ ဘယ္အခ်ိန္မွာ ေဆးစစ္သင့္တယ္၊ ဘယ္လို ေရာဂါလကၡဏာေတြကို သတိထားသင့္တယ္၊ မိမိေဒသမွာ ဘယ္လိုက်န္းမာေရးဝန္ေဆာင္မႈေတြ ရရွိႏိုင္ တယ္ဆိုတာ မသိရွိၾကတာလည္း ရွိႏိုင္ပါတယ္။ ဒါေၾကာင့္ က်န္းမာေရးအသိပညာေပးလုပ္ငန္းေတြကို လည္း အေလးထားေဆာင္႐ြက္ဖို႔ လိုအပ္ပါတယ္။ မိခင္နဲ႔ ကေလးက်န္းမာေရး၊ ကာကြယ္ေဆးထိုးႏွံေရး၊ အာဟာရျပည့္ဝေရး၊ သန႔္ရွင္းေသာေရနဲ႔ ပတ္ဝန္း က်င္သန႔္ရွင္းေရး၊ မကူးစက္တတ္တဲ့ေရာဂါေတြကို ႀကိဳတင္ကာကြယ္ေရးနဲ႔ က်န္းမာတဲ့လူေနမႈပုံစံေတြကို ျပည္သူေတြ နားလည္လာေစဖို႔ လုပ္ေဆာင္သင့္ပါ တယ္။
ဒီလုပ္ငန္းေတြကို က်န္းမာေရးဌာနေတြက တစ္ဖက္သတ္ အသိပညာေပး႐ုံနဲ႔ မလုံေလာက္ပါဘူး။ ေဒသခံေခါင္းေဆာင္ေတြ၊ လူထုအေျချပဳ အဖြဲ႕အစည္းေတြ၊ က်န္းမာေရးေစတနာ့ဝန္ထမ္းေတြနဲ႔ လူမႈ အသိုက္အဝန္းေတြကိုပါ ပါဝင္ေစဖို႔လိုပါတယ္။
ျပည္သူေတြက က်န္းမာေရးအေၾကာင္း ပိုမိုသိရွိလာတဲ့အခါ ေရာဂါလကၡဏာေတြကို ေစာစီးစြာ သတိျပဳလာႏိုင္တယ္၊ သင့္ေတာ္တဲ့အခ်ိန္မွာ ေဆးကုသမႈ ခံယူလာႏိုင္တယ္၊ မိမိတို႔နဲ႔ မိသားစုေတြရဲ႕ က်န္းမာေရးအတြက္ ပိုမိုေကာင္းမြန္တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္လာႏိုင္ပါတယ္။
ဒီလိုနဲ႔ က်န္းမာေရးစနစ္ဟာ ေရာဂါျဖစ္လာမွ ကုသေပးတဲ့စနစ္တစ္ခုကေန ေရာဂါမျဖစ္ခင္ ႀကိဳ တင္ကာကြယ္ေပးႏိုင္တဲ့စနစ္တစ္ခုအျဖစ္ ပိုမိုတိုးတက္လာႏိုင္ပါတယ္။
ျမန္မာႏိုင္ငံအတြက္ ဘယ္လိုအသုံးခ်ႏိုင္မလဲ
ဥဇဘက္ကစၥတန္ႏိုင္ငံရဲ႕ အေတြ႕အႀကဳံေတြကို ျမန္မာႏိုင္ငံနဲ႔ ႏႈိင္းယွဥ္ၾကည့္တဲ့အခါ အေရးႀကီး တဲ့သင္ခန္းစာတစ္ခု ရွိပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕က်န္းမာေရးစနစ္ကို တိုးတက္ေအာင္လုပ္ေဆာင္ ရာမွာ အျခားႏိုင္ငံရဲ႕ စီမံကိန္းပုံစံကို တိုက္႐ိုက္ကူးယူဖို႔ထက္ မိမိႏိုင္ငံရဲ႕အေျခအေနနဲ႔ကိုက္ညီတဲ့ အခ်က္ေတြ ကို ေ႐ြးခ်ယ္အသုံးခ်ဖို႔ ပိုၿပီးအေရးႀကီးပါတယ္။
ျမန္မာႏိုင္ငံမွာ ေက်းလက္ေနျပည္သူေတြ မ်ားျပားေနတဲ့အတြက္ ေက်းလက္အေျခခံက်န္းမာ ေရးေစာင့္ေရွာက္မႈကို အားေကာင္းေစျခင္းဟာ အထူးအေရးပါပါတယ္။ ဒါေပမဲ့ ေဒသတစ္ခုနဲ႔တစ္ခုမွာ လမ္းပန္းဆက္သြယ္ေရး၊ လွ်ပ္စစ္မီးရရွိမႈ၊ က်န္းမာေရးဝန္ထမ္းအင္အား၊ ေဆးဝါးနဲ႔ စက္ကိရိယာရရွိမႈ၊ လုံၿခဳံေရးနဲ႔ ဝန္ေဆာင္မႈရရွိႏိုင္မႈတို႔ မတူညီႏိုင္ပါဘူး။ ဒါေၾကာင့္ က်န္းမာေရးမူဝါဒနဲ႔စီမံကိန္းေတြကို ေဒသအလိုက္ လိုအပ္ခ်က္ေတြကိုအေျခခံၿပီး ေရးဆြဲေဆာင္႐ြက္ဖို႔လိုအပ္ပါတယ္။
ပထမဦးစြာ ေက်းလက္က်န္းမာေရးဌာနေတြမွာ ဘာေတြလိုအပ္ေနသလဲဆိုတာကို စနစ္တက် ဆန္းစစ္သင့္ပါတယ္။ စက္ကိရိယာေတြ မရွိတာလား၊ ေဆးဝါးမလုံေလာက္တာလား၊ ဝန္ထမ္းအင္အား နည္းပါးတာလား၊ လွ်ပ္စစ္မီးနဲ႔ သယ္ယူပို႔ေဆာင္ေရးအခက္အခဲရွိတာလားဆိုတာ ခြဲျခားသိရွိဖို႔လိုပါ တယ္။ အဲဒီအေပၚမူတည္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဦးစားေပးေဆာင္႐ြက္သင့္ပါတယ္။
ဒုတိယအေနနဲ႔ ေက်းလက္က်န္းမာေရးဝန္ထမ္းေတြကိုခန႔္ထားေပး႐ုံသာမက သူတို႔ရဲ႕ ကြၽမ္း က်င္မႈ၊ လုပ္ငန္းခြင္အေျခအေနနဲ႔ ေရရွည္တာဝန္ထမ္းေဆာင္ႏိုင္မႈတို႔ကိုပါ အားေပးဖို႔လိုပါတယ္။
တတိယအေနနဲ႔ ရရွိႏိုင္တဲ့ နည္းပညာေတြကို လက္ေတြ႕လိုအပ္ခ်က္နဲ႔ ကိုက္ညီေအာင္ အသုံးခ် သင့္ပါတယ္။ ဒီဂ်စ္တယ္က်န္းမာေရးမွတ္တမ္းေတြ၊ လူနာလႊဲေျပာင္းမႈဆိုင္ရာ သတင္းအခ်က္အလက္ စနစ္ေတြနဲ႔ က်န္းမာေရးဝန္ေဆာင္မႈ ေစာင့္ၾကည့္ေလ့လာ ေရးစနစ္ေတြဟာ အေထာက္အကူျပဳႏိုင္ပါ တယ္။ ဒါေပမဲ့ ဒီစနစ္ေတြေအာင္ျမင္ဖို႔ဆိုရင္ လွ်ပ္စစ္မီး၊ အင္တာနက္၊ စက္ပစၥည္းထိန္းသိမ္းမႈနဲ႔ ဝန္ထမ္း သင္တန္းေတြကိုပါ တစ္ၿပိဳင္နက္တည္းစီစဥ္ေပးဖို႔ လိုအပ္ပါတယ္။
ေနာက္ထပ္အေရးႀကီးတာက လူထုအေျခ ျပဳက်န္းမာေရးစနစ္ Community-based Health Initiatives (Community Health system- CHS) ကို အားေကာင္းေစဖို႔ပါပဲ။ ေဒသခံက်န္းမာေရး ေစတနာ့ ဝန္ထမ္းေတြ၊ လူထုအေျချပဳအဖြဲ႕အစည္းေတြနဲ႔ ေဒသခံေခါင္းေဆာင္ေတြဟာ က်န္းမာေရး ဌာနေတြနဲ႔ ျပည္သူေတြအၾကား ေပါင္းကူးေပးႏိုင္သူေတြျဖစ္ပါတယ္။ သူတို႔ရဲ႕အခန္းက႑ကို အသိအ မွတ္ျပဳၿပီး လိုအပ္တဲ့ သင္တန္း၊ လုပ္ငန္းဆိုင္ရာအကူအညီနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြေပးႏိုင္မယ္ဆိုရင္ က်န္းမာေရးဝန္ေဆာင္မႈေတြကို ျပည္သူေတြဆီ ပိုမိုနီးကပ္စြာ ေရာက္ရွိေစႏိုင္မွာ ျဖစ္ပါတယ္။
ဒီအခ်က္ေတြအားလုံးကို ေဆာင္႐ြက္တဲ့အခါ ျပည္သူေတြရဲ႕အသံကိုလည္း နားေထာင္ဖို႔လိုအပ္ ပါတယ္။ ဘယ္လိုဝန္ေဆာင္မႈေတြ လိုအပ္ေနသလဲ၊ ဘာေၾကာင့္ က်န္းမာေရးဌာနေတြကိုလာေရာက္ အသုံးျပဳဖို႔ အခက္အခဲရွိေနသလဲ၊ ဝန္ေဆာင္မႈအေပၚ ဘယ္လိုအႀကံျပဳခ်က္ေတြရွိသလဲဆိုတာ သိရွိႏိုင္ဖို႔ ျပည္သူေတြရဲ႕ပါဝင္မႈကို အားေပးသင့္ပါတယ္။ ဒါမွသာ က်န္းမာေရးဝန္ေဆာင္မႈေတြဟာ ျပည္သူေတြရဲ႕ လက္ေတြ႕လိုအပ္ခ်က္နဲ႔ ပိုမိုကိုက္ညီလာမွာျဖစ္ပါတယ္။
ျပည္ပအကူအညီက အစျပဳႏိုင္ေပမယ့္ ေရရွည္တည္တံ့မႈကို ျပည္တြင္းက တည္ေဆာက္ရမယ္
က်န္းမာေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးမွာ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးအဖြဲ႕အစည္းေတြရဲ႕ အကူအညီ ဟာ အေရးႀကီးပါတယ္။ ေငြေၾကးအရင္းအျမစ္၊ နည္းပညာ၊ ကြၽမ္းက်င္မႈနဲ႔ အေတြ႕အႀကဳံေတြကို ပံ့ပိုး ေပးႏိုင္တာေၾကာင့္ က်န္းမာေရးဝန္ေဆာင္မႈေတြကို အဆင့္ျမႇင့္တင္ရာမွာ အေထာက္အကူျပဳႏိုင္ပါ တယ္။
ဒါေပမဲ့ ျပည္ပအကူအညီရရွိျခင္းတစ္ခုတည္းနဲ႔ ေရရွည္တည္တံ့တဲ့ က်န္းမာေရးစနစ္တစ္ခု ျဖစ္ လာမွာမဟုတ္ပါဘူး။ စီမံကိန္းတစ္ခု ၿပီးဆုံးသြားတဲ့အခါ စက္ကိရိယာေတြကို ဘယ္သူက ထိန္းသိမ္း မလဲ၊ ဝန္ထမ္းေတြရဲ႕လစာနဲ႔ လုပ္ငန္းေဆာင္႐ြက္စရိတ္ေတြကို ဘယ္လိုပံ့ပိုးမလဲ၊ ေဆးဝါးနဲ႔ ေဆးဘက္ ဆိုင္ရာ ပစၥည္းေတြကို ဘယ္လိုဆက္လက္ျဖည့္ဆည္းမလဲဆိုတာေတြကို အစကတည္းက စဥ္းစားထား ဖို႔လိုပါတယ္။
အဲဒီအတြက္ ျပည္တြင္းဘ႑ာေရးအရင္းအျမစ္ေတြကို ေရရွည္အသုံးခ်ႏိုင္ဖို႔၊ က်န္းမာေရးဝန္ ေဆာင္မႈေတြကို စီမံခန႔္ခြဲႏိုင္တဲ့ အဖြဲ႕အစည္းဆိုင္ရာ စြမ္းရည္ကိုျမႇင့္တင္ဖို႔နဲ႔ အစိုးရ၊ ေဒသႏၲရ အဖြဲ႕ အစည္းေတြ၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ျပည္သူေတြ ပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔လိုအပ္ပါတယ္။
အဓိကအခ်က္ကေတာ့ ျပည္ပအကူအညီကို အစားထိုးမရတဲ့အားကိုးရာတစ္ခုအျဖစ္ မျမင္ဘဲ ျပည္တြင္းက်န္းမာေရးစနစ္ကို ျပည္တြင္း အားနဲ႔ ကိုယ္တိုင္တည္ေဆာက္ႏိုင္ဖို႔ အေထာက္အကူျပဳတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခုအျဖစ္ျမင္ၿပီး အသုံးခ်တတ္ဖို႔ပဲလိုမွာျဖစ္ပါတယ္။
နိဂုံး
အားေကာင္းတဲ့က်န္းမာေရးစနစ္ဆိုတာ ျပည္သူေတြဆီေရာက္ရွိႏိုင္တဲ့စနစ္ ျဖစ္တယ္
ေနာက္ဆုံးအေနနဲ႔ ကြၽန္ေတာ္တို႔ ျပန္စဥ္းစားသင့္တာက က်န္းမာေရးစနစ္တစ္ခုရဲ႕ ေအာင္ျမင္မႈ ကို ဘယ္လိုသတ္မွတ္ၾကမလဲဆိုတဲ့ ေမးခြန္းပါပဲ။ ေဆး႐ုံႀကီးေတြ မ်ားလာတာ၊ ေခတ္မီစက္ကိရိယာေတြ တိုးလာတာနဲ႔ အထူးကုဝန္ေဆာင္မႈေတြ ပိုမိုရရွိလာတာဟာ တိုးတက္မႈရဲ႕ အေရးႀကီးတဲ့အစိတ္အပိုင္း ေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီတိုးတက္မႈေတြဟာ က်န္းမာေရးေစာင့္ေရွာက္မႈကို အမွန္တကယ္ လိုအပ္ ေနတဲ့ ျပည္သူေတြဆီ မေရာက္ရွိႏိုင္ဘူးဆိုရင္ က်န္းမာေရးစနစ္တစ္ခုလုံး ေအာင္ျမင္တယ္လို႔ေျပာဖို႔ ခက္ခဲပါလိမ့္မယ္။
အထူးကုေဆး႐ုံေတြနဲ႔ အေျခခံက်န္းမာေရးဌာနေတြဟာ တစ္ခုနဲ႔တစ္ခုယွဥ္ၿပိဳင္ေနတဲ့ ဝန္ေဆာင္ မႈေတြမဟုတ္ပါဘူး။ တစ္ခုက ေနာက္တစ္ခုကိုျဖည့္ဆည္းေပးေနတဲ့ က်န္းမာေရးစနစ္တစ္ခုလုံးရဲ႕ အ စိတ္အပိုင္းေတြ ျဖစ္ပါတယ္။ အေျခခံ က်န္းမာေရးေစာင့္ေရွာက္မႈအားေကာင္းလာရင္ ေရာဂါေတြကို ေစာစီးစြာရွာေဖြကုသႏိုင္မယ္၊ ကာကြယ္ႏိုင္တဲ့ ေရာဂါေတြကို မျဖစ္ပြားေအာင္ေလွ်ာ့ခ်ႏိုင္မယ္၊ လိုအပ္ တဲ့လူနာေတြကိုလည္း အထူးကုေဆး႐ုံေတြဆီ အခ်ိန္မီ လႊဲေျပာင္းေပးႏိုင္ပါမယ္။ ဒါေၾကာင့္ အေျခခံ က်န္းမာေရးေစာင့္ေရွာက္မႈကို အားေကာင္းေစျခင္းဟာ တန္းတူညီမွ်မႈ (Equity) ကို ျမႇင့္တင္ေပး႐ုံ သာ မက က်န္းမာေရးစနစ္တစ္ခုလုံးရဲ႕ထိေရာက္မႈI (Efficiency) ကိုပါ တိုးတက္ေစပါတယ္။
ျမန္မာႏိုင္ငံအတြက္ဆိုရင္ ေက်းလက္ အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈကို အားေကာင္းေစ ျခင္းဟာ က်န္းမာေရးက႑ရဲ႕ ဦးစားေပးလုပ္ငန္း တစ္ခုျဖစ္သင့္ပါတယ္။ ဒါဟာ ေဆးခန္းေတြမွာ စက္ ကိရိယာေတြ ျဖည့္ဆည္းေပးျခင္းတစ္ခုတည္းမဟုတ္ ပါဘူး။ က်န္းမာေရးဝန္ထမ္းေတြကို အားေပးျခင္း၊ လူနာလႊဲေျပာင္းမႈစနစ္ကို တိုးတက္ေစျခင္း၊ ျပည္သူ႔ က်န္းမာေရးအသိပညာျမႇင့္တင္ျခင္း၊ လူထု ပါဝင္မႈ ကို အားေကာင္းေစျခင္းနဲ႔ ေရရွည္ဘ႑ာေရးတည္တံ့မႈကိုတည္ေဆာက္ျခင္းတို႔ပါဝင္တဲ့ ဘက္စုံလုပ္ငန္း စဥ္တစ္ခု ျဖစ္ပါတယ္။
နိဂုံးခ်ဳပ္ေျပာရရင္ က်န္းမာေရးစနစ္တစ္ခုရဲ႕အားေကာင္းမႈဟာ အဆင့္ျမင့္ဆုံးေဆး႐ုံတစ္႐ုံရဲ႕ စြမ္းေဆာင္ရည္နဲ႔ပဲ ဆုံးျဖတ္လို႔မရပါဘူး။ က်န္းမာေရးေစာင့္ေရွာက္မႈကိုလိုအပ္ေနတဲ့ ျပည္သူတစ္ဦး ခ်င္းစီဆီကို ဘယ္ေလာက္ နီးကပ္စြာ၊ ဘယ္ေလာက္မွ် တစြာနဲ႔ ဘယ္ေလာက္ထိေရာက္စြာ ေရာက္ရွိ ေပးႏိုင္သလဲဆိုတာက ပိုၿပီးအေရးႀကီးပါတယ္။
တကယ္ေတာ့ က်န္းမာေရးစနစ္တစ္ခုဟာ အဲဒီစနစ္ဆီ ကိုယ္တိုင္လာေရာက္ႏိုင္တဲ့သူေတြကိုပဲ ဝန္ေဆာင္မႈေပး ႏိုင္ခဲ့ရင္ အမွန္တကယ္ အားေကာင္းလာတယ္လို႔ သတ္မွတ္ႏိုင္မွာမဟုတ္ပါဘူး။ က်န္း မာေရးေစာင့္ေရွာက္မႈကို အလိုအပ္ဆုံးသူေတြနဲ႔ အနီးဆုံးေရာက္ေအာင္ေဆာင္႐ြက္ေပးႏိုင္တဲ့ အခါမွသာ အားေကာင္းၿပီး တန္းတူညီမွ်မႈရွိတဲ့ က်န္းမာေရးစနစ္တစ္ခု ျဖစ္လာမွာျဖစ္ပါတယ္။
ဒါေၾကာင့္ က်န္းမာေရးစနစ္ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ျပင္ပလူနာဌာနေတြ ေဆး႐ုံအသစ္ေတြကလည္း အေရးပါသလို တန္းတူညီမွ်မႈကို ေဖာ္ေဆာင္ေပးေနတဲ့ အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈကလည္း အဲဒီ ထက္မပိုရင္ေတာင္ မေလ်ာ့တဲ့ အေရးပါတဲ့ေနရာမွာ ရွိေနတဲ့အတြက္ က်န္းမာေရးစနစ္တစ္ခုလုံးရဲ႕ အေျခခံအုတ္ျမစ္ျဖစ္တဲ့ အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈစနစ္အားေကာင္းေအာင္ အစိုးရ၊ ျပည္သူနဲ႔ က်န္းမာေရးဝန္ထမ္းေတြက တက္ညီလက္ညီ ပူးေပါင္းေဖာ္ေဆာင္သင့္တယ္လို႔ ေစတနာအရင္းခံၿပီး တိုက္တြန္းေရးသားလိုက္ရပါတယ္။

မူရင်းသတင်း — NP News