NP News

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပီလေးဆိုတာ ဘယ်သူလဲ (နိုင်ငံတကာထင်ရှားကျော်ကြားသူများ အထုပ္ပတ္တိ)

ဂျန်ဇက် (NP News) - အောက်တိုဘာလ ၂၂
(၂၀၂၆)ခုနှစ် အောက်တိုဘာလ (၉)ရက် တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို တောင်အာဖရိကနိုင်ငံ ဖွား နိုင်ငံတကာတရားသူကြီးနှင့် လူ့အခွင့်အရေးဆိုင် ရာဥပဒေပညာရှင် နာဗီပီလေး(Navanethem “Navi” Pillay)ကရရှိခဲ့ပါတယ်။ နော်ဝေနိုဘယ်ဆု ရွေးချယ်ရေးကော်မတီက သူ့ကို ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာဥပဒေကို မြှင့်တင်ဆောင်ရွက်ခဲ့မှုအတွက် ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
နိုဘယ်ကော်မတီက နဗီပီလေးကို ငြိမ်း ချမ်းရေးနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေစိုးမိုးရေးကို မြှင့် တင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ လူမျိုးရေးခွဲခြား မှုစနစ်ကိုဆန့်ကျင်ခဲ့ခြင်း၊ သမိုင်းဝင်တရားစီရင်မှုများ ပြုလုပ်နိုင်ခဲ့ခြင်း၊ အပြည်ပြည်ဆိုင်ရာတရားမျှတမှုစ နစ်ကိုခိုင်မာစေခြင်း စတဲ့အချက်တွေကြောင့် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ပီလေးဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို (၂၀၂၆)ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် စုစု ပေါင်းအမည်စာရင်းတင်သွင်းခံရသူ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်ပေါင်း(၂၈၇)ခုထဲကနေ ရွေးချယ်ခံရခြင်း ဖြစ်ပါတယ်။ ဒီဆုဟာ လူ့အခွင့်အရေးလှုပ်ရှားမှု တစ် ခုကိုအသိအမှတ်ပြုလိုက်ခြင်းသာမက စစ်ပွဲတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် တာဝန်ယူမှုရှိစေ ရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လောက် အရေးထားသလဲဆိုတာကိုလည်း ပြသနေပါတယ်။
နာဗီပီလေးဟာ မြန်မာနိုင်ငံအပေါ် လူမျိုး တုံးသတ်ဖြတ်မှုဆိုင်ရာစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရုံး(ICJ)မှာ ဂမ်ဘီယာက မြန်မာနိုင်ငံကိုတရားစွဲဆိုထားတဲ့အမှုမှာ အထူးခန့်အပ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ နာဗီပီလေးရဲ့အမည်အပြည့်အစုံက Navanethem Pillay ဖြစ်ပြီး သူ့ကို နာဗီပီလေးလို့ လူသိများကြပါတယ်။ သူဟာ (၁၉၄၁)ခုနှစ်မှာ တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့မှာ မွေးဖွားခဲ့သူဖြစ် ပြီး အိန္ဒိယတမီလ်မျိုးနွယ်နောက်ခံရှိတဲ့ မိသားစုတစ်ခု ကနေ ပေါက်ဖွားလာခဲ့သူဖြစ်ပါတယ်။ နာဗီပီလေးကို (၁၉၄၁)ခုနှစ် စက်တင်ဘာလ(၂၃)ရက်မှာ တောင် အာဖရိကနိုင်ငံ ဒါဘန်(Durban)မြို့ရှိ ကလဲယားဝုဒ် ဆင်းရဲသားရပ်ကွက်မှာမွေးဖွားခဲ့ပါ တယ်။
အိန္ဒိယနွယ်ဖွား တမီလ်အလုပ်သမား မိ သားစုကနေ မွေးဖွားဆင်းသက်လာသူဖြစ်ပြီး ဖခင်က ဘတ်စကားဒရိုင်ဘာတစ်ဦးဖြစ်ကာ မိခင်က ကျောင်း တက်ခွင့်မရခဲ့ဖူးတဲ့ အိမ်ရှင်မတစ်ဦးဖြစ်ပါတယ်။ သူဟာ ပညာရေးကို လိုချင်စိတ်ပြင်းထန်ခဲ့ပေမယ့် မိ သားစုဆင်းရဲတဲ့အတွက် ကျောင်းစရိတ်မတတ်နိုင်ခဲ့ တာကြောင့် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူတွေက ဝိုင်းဝန်းအလှူငွေကောက်ခံပေးခဲ့လို့ တက္ကသိုလ်တက် ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ပီလေးဟာ (၁၉၆၃)ခုနှစ်မှာ Bachelor of Arts (B.A.)ဘွဲ့ရရှိခဲ့ပြီး (၁၉၆၅)ခုနှစ်မှာ Bachelor of Laws (LL.B.) ဥပဒေဘွဲ့ကို ထပ်မံ ရရှိခဲ့ပါတယ်။ သူဟာ တက္ကသိုလ်ကျောင်းသူဘဝက တည်းက လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲ တွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ပီလေးဟာ တောင်အာ ဖရိကမှာ ရှေ့နေအဖြစ်တာဝန်ထမ်းဆောင်ရင်း နောက် ပိုင်းမှာ အမေရိကန်နိုင်ငံရှိ နာမည်ကျော် ဟားဗတ် တက္ကသိုလ်ကို ဆက်လက်တက်ရောက်ခဲ့ပြီး (၁၉၈၂) ခုနှစ်မှာ Master of Laws (LL.M.) ဥပဒေမဟာဘွဲ့ ရရှိခဲ့သလို (၁၉၈၈) ခုနှစ်မှာ Do ctor of Juridical Science (J.S.D.) ဥပဒေ ပါမောက္ခ/ဒေါက်တာဘွဲ့ ရရှိခဲ့ပါတယ်။ သူဟာ ဟားဗတ်တက္ကသိုလ်ကနေ ဥပဒေပါမောက္ခ သို့မဟုတ် ဒေါက်တာဘွဲ့ကိုရရှိခဲ့တဲ့ ပထမဆုံး တောင်အာဖရိကနိုင်ငံသား ဖြစ်လာခဲ့ပါ တယ်။ မိခင်ဖြစ်သူမှာ ပညာသင်ကြားခွင့်ပင်မရခဲ့သော် လည်း၊ နဗီပီလေးဟာ သူရဲ့အလုပ်ဖော်တွေ မာစီးဒီး ကားဝယ်ကြချိန်မှာ "နင်တို့ ကားဝယ်ကြ၊ ငါကတော့ ပညာရေးမှာပဲရင်းနှီးမြှုပ်နှံမယ်"လို့ပြောဆိုကာ ပညာ ရေးကို အဓိကထားကြိုးစားခဲ့သူဖြစ်ပါတယ်။
ဘတ်စကားဒရိုင်ဘာရဲ့ သမီးဘဝ၊ ဆင်းရဲ ဒုက္ခတွေကြားကနေ ဟားဗတ်ဒေါက်တာဘွဲ့အထိ ရ ယူနိုင်ခဲ့တဲ့ သူရဲ့ ငယ်ဘဝ ပညာရေးကြိုးပမ်းမှုဟာ (၂၀၂၆)နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ခရီးစဉ်ရဲ့ အဓိက အုတ်မြစ်ဖြစ်ခဲ့ပါတယ်။ သူ့ဘဝကိုနားလည်ဖို့အတွက် တောင်အာဖရိကနိုင်ငံရဲ့သမိုင်းကြောင်းကို အရင်သိ ထားဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် နာဗီပီ လေး မွေးဖွားကြီးပြင်းခဲ့တဲ့အချိန်ကာလဟာ တောင် အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားမှုစနစ်၊ ဗစမေအ့နငိ စနစ် ကြီးစိုးနေတဲ့ကာလဖြစ်ပါတယ်။ အဲဒီစနစ်အောက်မှာ လူတစ်ဦးရဲ့အသားအရောင်နဲ့ လူမျိုးနောက်ခံဟာ သူရဲ့ ပညာရေး၊ အလုပ်အကိုင်၊ နေထိုင်ခွင့်နဲ့ နိုင်ငံရေးပါဝင်ခွင့်တို့ကိုသတ်မှတ်ပေး တဲ့ အရေးကြီးဆုံးအချက်တွေထဲက တစ်ခုဖြစ်ခဲ့ပါ တယ်။
လူဖြူလူနည်းစုက နိုင်ငံရေးနဲ့စီးပွားရေး အာဏာကို အများစုထိန်းချုပ်ထားပြီး လူမည်းနဲ့ တ ခြားလူမျိုးစုတွေဟာ စနစ်တကျ ခွဲခြားဆက်ဆံမှုတွေ ကိုရင်ဆိုင်ခဲ့ရပါတယ်။ နာဗီပီလေးအတွက်တော့ အဲဒီ အခြေအနေဟာ စာအုပ်ထဲမှာဖတ်ရတဲ့ သမိုင်းတစ်ခု သာမဟုတ်ခဲ့ဘဲ သူကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ လူမှု ဘဝအတွေ့အကြုံဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ ဥပဒေရှိနေရုံနဲ့ တရားမျှ တမှုရှိနေပြီလို့မဆိုနိုင်ဘဲ ဥပဒေကို ဘယ်သူတွေအ တွက်အသုံးချသလဲ၊ အာဏာရှိသူတွေကိုလည်း အဲဒီ ဥပဒေအတိုင်း တာဝန်ခံစေသလား၊ အားနည်းသူတွေ က တရားရုံးကို တန်းတူဝင်ရောက်ခွင့်ရှိသလားဆိုတာ တွေက ပိုပြီးအရေးကြီးပါတယ်။ နာဗီပီလေးရဲ့ ဘဝ တစ်လျှောက်လုံးမှာ ဒီမေးခွန်းတွေက အဓိကအခန်း ကဏ္ဍကနေပါဝင်ခဲ့ပြီး နိုဘယ်ဆုချီးမြှင့်ရေးကော်မတီ ကလည်း သူရဲ့အလုပ်အကိုင်တစ်ခုချင်းစီကို သီးခြား ကြည့်ရှုတာထက် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ခဲ့တဲ့ အစောပိုင်းကာလကနေ နိုင်ငံတကာရာဇဝတ်မှုတွေ ကိုတာဝန်ယူစေဖို့ကြိုးပမ်းခဲ့တဲ့ နောက်ပိုင်းကာလအ ထိဆက်စပ်နေတဲ့ ရေရှည်လုပ်ဆောင်မှုအဖြစ် သုံး သပ်ခဲ့ပါတယ်။
နာဗီပီလေးဟာ ဥပဒေပညာကိုသင်ယူပြီး ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းပြုဖို့ ဆုံးဖြတ် ခဲ့ပြီး (၁၉၆၇) ခုနှစ်မှာ သူဟာ တောင်အာဖရိကနိုင်ငံ နာတယ်ပြည်နယ်မှာ ကိုယ်ပိုင်ရှေ့နေအလုပ်ရုံး ဖွင့် လှစ်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။ အစောပိုင်းမှာ သူဟာ နိုင်ငံတစ်နိုင်ငံအ တွင်း ဖိနှိပ်ခံရသူတွေရဲ့အခွင့်အရေးကို ကာကွယ်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတကာတရားရုံးတွေမှာ တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်လာပြီး စစ်ပွဲ အတွင်း ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားဥပဒေနဲ့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အရေးကြီးတဲ့ မေးခွန်း တွေနဲ့ရင်ဆိုင်ခဲ့ရပြီး သူရဲ့အလုပ်အကိုင်ဟာ ရှေ့နေ တစ်ဦးရဲ့တာဝန်ကနေ နိုင်ငံတကာတရားစီရင်ရေးစ နစ်ကို ပိုမိုအားကောင်းလာအောင်ကြိုးပမ်းတဲ့ အ ဆင့်အထိ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင် ခွဲခြားမှုစနစ်ကိုပြောတဲ့အခါ နယ်လ်ဆင်မန်ဒဲလား (Nelson Mandela) ကို ချန်လှပ်ထားလို့မရဘဲ နာဗီ ပီလေးဟာ မန်ဒဲလားနဲ့အတူ အသားရောင်ခွဲခြားမှု တိုက်ဖျက်ရေးတွေကို ပူးပေါင်းပါဝင်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ နာဗီပီလေးဟာ ရှေ့နေအဖြစ်လုပ်ကိုင် ခဲ့စဉ် နိုဘယ်ဆုရှင်ဖြစ်ခဲ့သူ မန်ဒဲလားအပါအဝင် အသားအရောင်ခွဲခြားမှုစနစ်ကို ဆန့်ကျင်သူတွေရဲ့ အခွင့်အရေးကိုကာကွယ်ပေးခဲ့ရာ အဲဒီအချက်က သူရဲ့သမိုင်းမှာ အရေးကြီးပါတယ်။ နာဗီပီလေးနဲ့ မန်ဒဲလားတို့ရဲ့လမ်းကြောင်းတွေဟာ တူညီတဲ့ ပုဂ္ဂိုလ် ရေးအခန်းကဏ္ဍတွေမဟုတ်ပေမယ့် အသားအရောင် ခွဲခြားမှုစနစ်အောက်မှာ လူ့အခွင့်အရေးနဲ့ တရားမျှတ မှုအတွက်ကြိုးပမ်းခဲ့တဲ့ သမိုင်းနောက်ခံတစ်ခုတည်းနဲ့ ဆက်စပ်နေပါတယ်။
အဲဒီအတွေ့အကြုံဟာ နာဗီပီလေးကို နောက်ပိုင်းမှာ နိုင်ငံတကာတရားရုံးတွေအထိ ပို့ ဆောင်ပေးခဲ့တဲ့အခြေခံတွေထဲက တစ်ခုဖြစ်လာပါ တယ်။ နာဗီပီလေးရဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုကို ပိုမိုမြင့်တက်စေခဲ့တဲ့ အရေးကြီးဆုံးအခန်းကဏ္ဍတွေ ထဲမှာ ရဝမ်ဒါနိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှုအပြီး တရား စီရင်ရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။ (၁၉၉၄) ခုနှစ် မှာ ရဝမ်ဒါနိုင်ငံ၌ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး လူမျိုးစုဆိုင်ရာပဋိပက္ခနဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေ ကြောင့် အရပ်သားအများအပြားအသတ်ခံခဲ့ရပြီး နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အလွန်ပြင်းထန် တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်တွေအပြီးမှာ ပြစ်မှုကျူးလွန်သူ တွေကိုတရားစွဲဆိုဖို့ ကုလသမဂ္ဂက ရဝမ်ဒါနိုင်ငံဆိုင် ရာ နိုင်ငံတကာရာဇဝတ်ခုံရုံး (International Crim- inal Tribunal for Rwanda - ICTR) ကို တည် ထောင်ခဲ့ရာ နာဗီပီလေးဟာ (၁၉၉၅)ခုနှစ်မှာ အဲဒီ ခုံ ရုံးရဲ့တရားသူကြီးတစ်ဦးဖြစ်လာခဲ့ပြီးနောက်ပိုင်း ခုံရုံး ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရဝမ်ဒါခုံရုံးမှာ နာဗီပီလေးပါဝင်ခဲ့တဲ့ အရေးကြီးတဲ့ တရားစီရင်ရေးဆိုင်ရာအခန်းကဏ္ဍတစ်ခုက လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုကို နိုင်ငံတကာရာဇဝတ်ဥပဒေ အရ ဘယ်လိုသတ်မှတ်ရမလဲဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။
ရဝမ်ဒါခုံရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက် နာဗီပီလေးဟာ နိုင်ငံတကာတရားစီရင်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေမှာ ပိုမိုကျယ် ပြန့်တဲ့တာဝန်တွေကိုထမ်းဆောင်လာခဲ့ပါတယ်။ သူ ဟာ နိုင်ငံတကာရာဇဝတ်တရားရုံး (International Criminal Court - ICC) မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း (၂၀ဝ၈)ခုနှစ်မှ (၂၀၁၄)ခုနှစ်အထိ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင် ရာမဟာမင်းကြီး (United Nations High Com­missioner for Human Rights) အဖြစ် တာဝန် ယူခဲ့ပါတယ်။
နိုင်ငံတကာရာဇဝတ်တရားရုံးဟာ တရားစီရင်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး သက်ဆိုင်ရာအာ ဏာပိုင်ခွင့်အတွင်းကျရောက်တဲ့ လူမျိုးတုံးသတ်ဖြတ် မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ တခြားသတ်မှတ်ထားတဲ့ ရာဇဝတ် မှုတွေကို စစ်ဆေးတရားစီရင်နိုင်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့တာဝန်က တော့ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေကို မြှင့် တင်ဖို့၊ ချိုးဖောက်မှုတွေကို စောင့်ကြည့်ဖော်ထုတ်ဖို့၊ နိုင်ငံတွေကို လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရား တွေသတိပေးဖို့နဲ့ ထိခိုက်လွယ်သူတွေကို ကာကွယ် ပေးရေးအတွက် ကြိုးပမ်းဖို့ဖြစ်ပါတယ်။
အဲဒီအဖွဲ့အစည်းနှစ်ခုအနက် တစ်ခုက တရားစီရင်ရေးကိုအဓိကလုပ်ဆောင်ပြီး နောက်တစ်ခု က လူ့အခွင့်အရေးကာကွယ်ရေးနဲ့ စောင့်ကြည့်ရေး ကို အဓိကလုပ်ဆောင်တာဖြစ်ပါတယ်။ နာဗီ ပီလေး ဟာ အဲဒီလို မတူညီတဲ့အဖွဲ့အစည်းတွေမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့အတွက် လူ့အခွင့်အရေးပြဿနာ တွေကို တရားရုံးအတွင်းကနေသာမက နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့မူဝါဒနဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုအထိ လေ့လာကိုင်တွယ်နိုင်ခဲ့ပါတယ်။
နာဗီပီလေးရဲ့ (၂၀၂၆)ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု နဲ့ပတ်သက်ပြီး နိုင်ငံတကာမှာအာရုံစိုက်ခံရတဲ့ တခြား အကြောင်းအရာတစ်ခုက အစ္စရေးနဲ့ပါလက်စတိုင်းအ ရေးဖြစ်ပါတယ်။
သူဟာ (၂၀၂၁)ခုနှစ်မှ (၂၀၂၅)ခုနှစ်အ ထိ ပါလက်စတိုင်းနယ်မြေတွေနဲ့ အစ္စရေးဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော် မရှင်ရဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီကော်မရှင်ဟာ ဂါဇာစစ်ပွဲနဲ့ဆက်စပ်တဲ့ဖြစ်ရပ် တွေ၊ အရပ်သားတွေအပေါ်သက်ရောက်မှုတွေ၊ လူ သားချင်းစာနာမှုဆိုင်ရာအခြေအနေတွေနဲ့ နိုင်ငံတ ကာ ဥပဒေချိုးဖောက်မှုဆိုင်ရာစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ (၂၀၂၅) ခုနှစ်မှာ ထုတ်ပြန် ခဲ့တဲ့ ကော်မရှင်ရဲ့အစီရင်ခံစာက အစ္စရေးဘက်မှာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ကောက် ချက်ချခဲ့ပါတယ်။ ဒီကောက်ချက်ကို အစ္စရေးအစိုးရ က ပြင်းပြင်းထန်ထန်ပယ်ချခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့အ စည်းတွေရဲ့ ဘက်လိုက်မှုရှိကြောင်းလည်းစွပ်စွဲခဲ့ပါတယ်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီရဲ့ ထုတ် ပြန်ချက်အရ ပီလေးဟာ ဆယ်စုနှစ်များစွာကြာ လုပ် ဆောင်ခဲ့တဲ့ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေးနဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံစေရေးဆိုင်ရာ အခန်း ကဏ္ဍကို အဓိကအသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ ဂါဇာဒေသဆိုင်ရာတရားစီရင်ရေးလုပ် ငန်းတွေဟာ နိုင်ငံတကာ နိုင်ငံရေးအငြင်းပွားမှုတွေနဲ့ လည်း နီးကပ်စွာဆက်စပ်နေပါတယ်။ နိုင်ငံတကာ ဥပဒေကိုအသုံးချပြီး အင်အားကြီးနိုင်ငံတွေ၊ အစိုးရ တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုစိစစ်တဲ့အခါ အဲဒီအဖွဲ့အစည်းတွေရဲ့ လွတ်လပ်မှုနဲ့ ယုံကြည်စိတ်ချ ရမှုအကြောင်း အငြင်းပွားမှုတွေ ပေါ်ပေါက်လာတတ် ပါတယ်။
ဒါပေမဲ့ သူရဲ့အလုပ်အကိုင်နဲ့ပတ်သက် တဲ့ အငြင်းပွားဖွယ်ကိစ္စတွေရှိနေခဲ့ပေမယ့် သူရဲ့ အ လုပ်အကိုင်တစ်လျှောက်လုံးကို အဓိပ္ပာယ်မရှိဘူးလို့ လည်း မဆိုနိုင်ပါဘူး။ (၂၀၂၆)ခုနှစ် ငြိမ်းချမ်းရေးနို ဘယ်ဆုရှင် နာဗီပီလေးရဲ့ဘဝကိုလေ့လာမယ်ဆိုရင် သူရဲ့လုပ်ငန်းခရီးဟာ တောင်အာဖရိကနိုင်ငံမှာ အသား အရောင်ခွဲခြားမှုကိုဆန့်ကျင်ခဲ့တဲ့ ရှေ့နေတစ်ဦးရဲ့ ဘဝကနေ ရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစီရင်ရေး၊ နိုင်ငံတကာရာဇဝတ်တရားရုံးနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးလုပ်ငန်းတွေ၊ မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ ICJ အမှုအထိရောက်ရှိလာခဲ့ပါတယ်။
ဒီလမ်းကြောင်းတစ်လျှောက်မှာ သူအ လေးထားခဲ့တဲ့ အဓိကအကြောင်းအရာတွေက လူ့ အ ခွင့်အရေး၊ တရားမျှတမှု၊ နိုင်ငံတကာဥပဒေစိုးမိုးရေး နဲ့ ပြင်းထန်တဲ့ရာဇဝတ်မှုတွေကို တာဝန်ခံစေရေးတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့နိုဘယ်ဆုကို နိုင်ငံရေးအ ငြင်းပွားမှုတွေရှိနေဆဲဖြစ်ပြီး နိုင်ငံတကာတရားစီရင် ရေးမှာ အထောက်အထား၊ သက်ဆိုင်ရာဥပဒေ၊ လုပ် ထုံးလုပ်နည်းနဲ့ သီးခြားစီစစ်သုံးသပ်မှုတွေဟာ အရေး ကြီးနေဆဲဖြစ်ပါတယ်။ နိုဘယ်ဆုရရှိခြင်းက တရားရုံး တစ်ခုရဲ့ဆုံးဖြတ်ချက်ကို အစားထိုးမပေးနိုင်သလို နိုင် ငံရေးအငြင်းပွားမှုတွေကိုလည်း အလိုအလျောက် အဆုံးသတ်မပေးနိုင်ပါဘူး။
သို့သော် ဒီဆုက ကမ္ဘာကို အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးလိုက်ပါတယ်။ အင်အားကြီးသူတွေ ကိုပါ ဥပဒေအောက်မှာ တာဝန်ခံစေနိုင်မလား။ စစ်ပွဲ အတွင်း ထိခိုက်နစ်နာခဲ့သူတွေဟာ တရားမျှတမှုကို ရရှိနိုင်မလား။ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အခါ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ် လောက်အထိ အလေးထားနိုင်မလဲ စတဲ့ ဒီမေးခွန်း တွေဟာ တောင်အာဖရိကတစ်နိုင်ငံတည်းနဲ့ မသက် ဆိုင်ဘဲ ရဝမ်ဒါ၊ ပါလက်စတိုင်းအပါအဝင် ပဋိပက္ခ တွေ၊ လူ့အခွင့်အရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံများစွာအတွက်လည်း အရေးကြီးပါတယ်။ ငြိမ်း ချမ်းရေးဆိုတာ သေနတ်သံတွေ တိတ်ဆိတ်သွားခြင်း တစ်ခုတည်း မဟုတ်ပါဘူး။ လူတွေဟာ ကြောက်ရွံ့မှု မရှိဘဲ နေထိုင်နိုင်ဖို့၊ အခွင့်အရေးတွေကို တန်းတူ ခံစားနိုင်ဖို့၊ မတရားမှုတွေကို ဥပဒေနဲ့ ဖြေရှင်းနိုင်ဖို့နဲ့ အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားစေဖို့ ကြိုးပမ်းရတဲ့ ရေရှည်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ နာဗီ ပီလေးရဲ့ ဘဝနဲ့ (၂၀၂၆) ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုက ပေး နေတဲ့ အဓိကသင်ခန်းစာဟာ ဒီအချက်ပဲဖြစ်ပါတယ်။

မူရင်းသတင်း — NP News