NP News

မြန်မာ့အရေးပေါ် အာဆီယံနိုင်ငံများ၏ သဘောထားအရွေ့နှင့် ရှေ့အလားအလာ

တင်ဇာ (NP News) - အောက်တိုဘာ ၂ဝ

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သဘောထားနှင့်ချဉ်းကပ်ပုံများသည် ရွေးကောက်ပွဲအလွန်ကာလမှစ၍ တဖြည်းဖြည်း ပျော့ပျောင်းလာသည်ဟုသုံးသပ်နိုင်သည်။ ထိုသို့ သတ် မှတ်နိုင်ခြင်းမှာလည်း မြန်မာခေါင်းဆောင်၏ အာဆီယံဒေသတွင်း သံတမန်ခရီးစဉ်များမှ တစ်ဆင့် သိ သာထင်ရှားသည့်တိုးတက်မှုအရွေ့များကိုတွေ့မြင်နေရသောကြောင့်ဖြစ်သည်။ လက်ရှိတွင် သမ္မတ ဦး မင်းအောင် လှိုင်ဦးဆောင်သောအစိုးရသစ်သည် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည်မှာ (၆)လတာကာ လသို့ရောက်ရှိလာပြီဖြစ်သည်။ ယင်း(၆)လတာအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် (၅) နိုင်ငံသို့ သွားရောက်ကာ သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ခဲ့ပြီဖြစ်သည်။
ဘုံသဘောတူညီချက် (၅) ရပ်နှင့် အာဆီယံ၏ ကနဦး ရပ်တည်ချက်
သို့သော် မြန်မာနိုင်ငံအနေဖြင့် (၂၀၂၁) ခုနှစ်နောက်ပိုင်း အာဆီယံကချမှတ်ထားသည့် ဘုံသ ဘောတူညီချက်(၅)ရပ်ကို အပြည့်အဝအကောင်အထည်မဖော်နိုင်သေးဟူသောယူဆချက်ဖြင့် အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ပိတ်ပင်ခံထားရဆဲဖြစ်သည်။ (၂၀၂၁) ခုနှစ် တွင် မြန်မာနိုင်ငံ၌ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအပြောင်းအလဲများကိုတုံ့ပြန်သည့်အနေဖြင့် ယင်းနှစ် ဧပြီလ တွင်ကျင်းပခဲ့သည့် အာဆီယံအရေးပေါ် ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များသည် ချက် ချင်း အကြမ်းဖက်မှု ရပ်စဲရေး၊ သက်ဆိုင်သူအားလုံးပါဝင်သော အပြုသဘောဆောင်သည့်ဆွေးနွေး ညှိ နှိုင်းရေး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ပေးရေး၊ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာအကူအညီများပေးအပ်ရေးနှင့် အထူး ကိုယ်စားလှယ်က သက်ဆိုင်သူများအားလုံးနှင့် တွေ့ ဆုံခွင့်ရရှိရေး စသည့်အချက် (၅)ချက်ပါဝင်သော ဘုံသဘောတူညီချက်ကို ချမှတ်ခဲ့သည်။
သို့သော် အဆိုပါသဘောတူညီချက်များ ချမှတ်ရာတွင် မြန်မာကိုယ်စားလှယ်ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့ခြင်း၊ သဘောတူခဲ့ခြင်းမရှိသည့်အတွက် မြန်မာဘက်ကမူ ယင်းကို ဘုံသဘောတူညီချက်ဟု ဆိုခြင်းထက် အာဆီယံ၏ထုတ်ပြန်ချက်များအဖြစ်သာ ရှုမြင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ထို ထုတ်ပြန် ချက်များမှာ လိုက်နာရန်ခဲယဉ်းမှုမရှိသည့်အတွက် လိုက်နာဆောင်ရွက်ရန်သဘောတူခဲ့သော်လည်း အာ ဆီယံ ဘက်ကမူ လက်တွေ့အကောင်အထည်ဖော်နိုင်မှုအပေါ် အားရကျေနပ်မှုမရှိသည့်သုံးသပ်ချက်များ ကိုသာ ထုတ်ပြန်ခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အစိုးရသစ်တာဝန်ယူပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံက ဥက္ကဋ္ဌအဖြစ်လက်ခံကျင်းပခဲ့သည့် (၂၀၂၆)ခုနှစ် မေလ အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း မြန်မာ နိုင်ငံ၏ ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခများအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အဆို ပါ ထိပ်သီးအစည်းအဝေး၌ ဘုံသဘောတူညီချက်(၅)ရပ် အကောင်အထည်ဖော်မှုမှာ အနည်းငယ်သာ တိုး တက်မှုရှိသေးကြောင်း အလေးပေးထောက်ပြခဲ့သလို မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရာတွင်လည်း အဆိုပါ ဘုံ သဘောတူညီချက်သည်ပင်လျှင် အဓိက ကိုးကားစရာ မူဘောင်အဖြစ်ဆက်လက်တည်ရှိနေ ကြောင်း အာဆီယံက ထပ်လောင်းအတည်ပြုခဲ့သည်။
သို့သော် ရွေးကောက်ပွဲအပြီးတွင် မြန်မာခေါင်းဆောင်သည် အာဆီယံနိုင်ငံများနှင့် နှစ်နိုင်ငံ ဆက် ဆံရေးရော ဒေသတွင်းဆက်ဆံရေးများပါ ပုံမှန်အတိုင်း ပြန်လည်ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ တက် ကြွသော သံတမန်ရေးလှုပ်ရှားမှုများကို စတင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အဆိုပါ သံတမန်ရေးလှုပ် ရှားမှုများ၏အစိတ်အပိုင်းတစ်ခုအနေဖြင့် အကျဉ်းသားများကိုလွှတ်ပေးခဲ့သလို အကျဉ်းကျနေသည့် ဒေါ် အောင်ဆန်းစုကြည်ကိုလည်း အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ပေးခဲ့သည်။ ထို့ ပြင် သိသာထင်ရှားသည့်တိုးတက်မှုတစ်ခုအဖြစ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေး နွေးပွဲအသစ်များတွင်ပါဝင်လာရန် ဖိတ်ခေါ်နိုင်ခဲ့ခြင်းကိုလည်းမြင်တွေ့ရသည်။ ထိုသို့သော မြန်မာ့ပြည် တွင်းရေးတိုးတက်မှုများနှင့်အတူ မြန်မာခေါင်းဆောင်အား အာဆီယံအဖွဲ့ဝင်နိုင်ငံများက တရားဝင် ခရီး စဉ် ဖိတ်ခေါ်မှုများကြောင့်လည်း မြန်မာအနေဖြင့် အာဆီယံနှင့် ကင်းကွာနေခြင်းများကို လျော့ကျစေ သည်။
အာဆီယံနိုင်ငံအချို့၏ ပြောင်းလဲလာသော မူဝါဒနှင့် ထိတွေ့ဆက်ဆံရေးအရွေ့များ
အာဆီယံနိုင်ငံများကို ၎င်းတို့၏ ပထဝီဝင် အနေအထားအရ အပိုင်းနှစ်ပိုင်းခွဲခြားရာတွင် ကုန်းမ ကြီးနိုင်ငံများ (Mainland) နှင့် ပင်လယ်ရေကြောင်း နိုင်ငံများ (Maritime) အဖြစ်သတ်မှတ်နိုင်သည်။ မြန်မာသည် Mainland နိုင်ငံတွင်ပါဝင်ပြီး အိမ်နီးချင်းနိုင်ငံများသည် မြန်မာအပေါ် လူသိရှင်ကြားဝေဖန် ပြစ်တင်မှုနည်းပါးခဲ့ကာ အစိုးရနှင့်ထိတွေ့ဆက်ဆံလိုသည့်ဆန္ဒကို ပိုမိုပြသခဲ့ကြသည်။ အခြားတစ်ဖက် တွင် အာဆီယံ Maritime အဖွဲ့ဝင်(၆)နိုင်ငံဖြစ်ကြသည့် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရူနိုင်းနှင့် တီမောလက်စ်တေတို့သည် အများအားဖြင့် ပိုမိုဝေဖန်လေ့ရှိကြပြီး မြန်မာ့အရေးနှင့်ပတ် သက်၍ ပိုမိုတင်းမာသော ဒေသတွင်းသဘောထားရပ်တည်ချက်ကို ဆုပ်ကိုင်ထားခဲ့ကြသည်။
သမ္မတဦးမင်းအောင်လှိုင်သည် ဒေသတွင်း ကုန်းတွင်းပိုင်း အာဆီယံနိုင်ငံများဖြစ်ကြသော လာ အို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သို့ တရားဝင် သံတမန်ခရီးစဉ်များသွားရောက်ခဲ့ပြီးဖြစ် သည်။ ယင်းခရီးစဉ်များအနက် ထိုင်းနိုင်ငံသည် မြန်မာနှင့် တင်းမာမှုရှိသော Maritime အာဆီယံနိုင်ငံ များအကြား ပေါင်းကူးတံတားသဖွယ် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ပေးခဲ့သည်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်က အာဆီယံသည် လွန်ခဲ့သည့် (၅)နှစ်တာအတွင်း ဘုံသဘောတူညီချက် (၅)ရပ်ကို စာရွက်ပေါ်၌သာ ထပ်ခါထပ်ခါအတည်ပြုနေခဲ့ပြီး အာဆီယံအထူးသံတမန်၏လုပ်ပိုင်ခွင့်ကိုလည်း လွတ် လပ်စွာဆောင်ရွက်ခွင့်ပေးထားရုံမှလွဲ၍ တကယ့် လက်တွေ့တွင် အရာမထင်ဘဲဖြစ်နေကြောင်းသုံးသပ်ခဲ့ သည်။ “အများအားဖြင့်တော့ ဒါဟာ ဘာရေရေရာ ရာရလဒ်မှထွက်မလာဘဲ နှစ်စဉ် မတူညီတဲ့အုပ်စုတွေ၊ အတိုက်အခံအုပ်စုတွေနဲ့ တွေ့ဆုံပြီးတော့ပဲ အဆုံး သတ်သွားခဲ့ရတာဖြစ်ပါတယ်”ဟု၎င်းက ထောက် ပြခဲ့သည်။
ထို့ပြင် မြန်မာအစိုးရသစ်ကိုလက်ခံရန် တွန့်ဆုတ်နေသော အာဆီယံနိုင်ငံအချို့ကို မြန်မာအစိုး ရမှာ ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာခြင်းဖြစ်၍ ရှေ့လုပ်ငန်းစဉ်များထိရောက်ရေးကိုသာ ပိုမို တွန်းအားပေးသင့်ကြောင်း ဆီဟာဆက်ကတိုက်တွန်းခဲ့သည်။ “သူတို့အနေနဲ့ ရွေးကောက်ပွဲကျင်းပပြီး ဖြစ်တာကြောင့် အသစ်ပြန်ကျင်းပဖို့ပြောဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ အနာဂတ်ကိုပဲ မျှော် ကြည့်ရပါမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ရင်ကြားစေ့ရေးတို့ကို ရှေ့ဆက်နိုင် အောင် တွန်းအားပေးရပါမယ်”ဟု ၎င်းကဆိုသည်။ ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် မူဝါဒပုံစံသစ်ဖြင့် မြန်မာနှင့်ဆက်ဆံ ရေးလမ်းကြောင်းကိုထိန်းသိမ်းနိုင်မည့် “ချိန်ညှိ ထိတွေ့ဆက်ဆံ ရေး” (Calibrated Engagement) နည်းလမ်းကိုအသုံးပြုကာ ဆက်လက်ထိတွေ့သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာ ဝန်ယူထားသည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီ ယာကလည်း အောက်တိုဘာလ(၈)ရက်က The Strait Times သတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် သီးသန့် အင်တာဗျူးတွင် လက်ရှိအာဆီယံ၏ ဘုံသဘောတူညီချက်(၅)ရပ်မှာ မအောင်မြင်သဖြင့် (၂၀၂၆) ခုနှစ် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ချဉ်းကပ်ပုံနည်းလမ်းသစ်များ စတင် ရန် ဖိလစ်ပိုင်နိုင်ငံကကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်းက ဘုံသဘောတူညီချက် (၅) ရပ် မှာ လုံးဝမှန်ကန်ကြောင်းပြောကြားခဲ့သော်လည်း အာဆီယံအနေဖြင့် မြန်မာအတွက် ချဉ်းကပ်ပုံနည်း လမ်းသစ်တစ်ခုကိုစမ်းသပ်ကြည့်ရန်လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
“ကျွန်တော်က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ချဉ်းကပ်ပုံနည်းလမ်းသစ်သုံးဖို့ အဆိုပြုပြောကြားခဲ့ ပါတယ်။ ဘာမှဖြစ်မလာတဲ့အတွက် ကျွန်တော်တို့ တခြားတစ်ခုခုကိုလုပ်ရမှာပါ” ဟု ၎င်းကဆိုသည်။ ထို့ ပြင် ၎င်းချဉ်းကပ်ပုံနည်းလမ်းသစ်အောက်တွင် တိုးတက်မှုအချို့ရှိလာကြောင်းလည်း ဖိလစ်ပိုင်သမ္မတ က ထုတ်ဖော်ပြောကြားခဲ့သည်။
အလားတူ မလေးရှားနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်းသို့ ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် ]ဖြစ်နိုင်သမျှ အရာရာကို လုပ်ဆောင်သွားမယ်”ဟု မလေးရှားဝန်ကြီးချုပ် အန် ဝါအီ ဘရာဟင်က သမ္မတဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် ပတ် သက်၍ စိုးရိမ်ပူပန်မှုများကို အသိအမှတ်ပြုခဲ့သော်လည်း မတူကွဲပြားမှုများကိုလေးစားရမည်ဖြစ်ကြောင်း နှင့် သမ္မတ ဦးမင်းအောင်လှိုင်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်လိုသည့်ဆန္ဒကို ပြသခဲ့ကြောင်း ဆို သည်။
၎င်းက “ကျွန်တော်တို့ မလေးရှားဘက်ကနေ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမှာပါ၊ အ ထူးသဖြင့် အာဆီယံအခြေအနေမှာ ဘက်လိုက်မှုမရှိဘဲ မြန်မာနိုင်ငံကို ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံ များ အသိုက်အဝန်းရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် နောက်ဆုံးမှာ ပြန်လည်ပါဝင်လာနိုင်အောင် ဖြစ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ” ဟုပြောကြားခဲ့သည်။ ယင်းကဲ့သို့ ထိတွေ့ဆက်ဆံမှုတိုးမြှင့်လာသည့် အပေါ် ဖိလစ်ပိုင် သမ္မတကလည်း “မြန်မာခေါင်းဆောင်ဟာ မလေးရှားနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကို သွား ရောက်ခဲ့တယ် ဆိုတဲ့သတင်းကိုတွေ့လိုက်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါဟာ အရင်ကမရှိခဲ့ဖူးတဲ့ အစပျိုးမှုတစ်ခုပဲ ဖြစ်ပါတယ်”ဟု အသိအမှတ်ပြု ချီးကျူးပြောကြားခဲ့သည်။
ယခုကဲ့သို့ ထိတွေ့ဆက်ဆံရေးဆီသို့ တွန်းအားပေးဆောင်ရွက်လာမှုသည် မြန်မာနှင့် အာဆီယံ တို့အကြားဆက်ဆံရေး အပြည့်အဝ ပုံမှန်ပြန်ဖြစ်သွားမည်လားဆိုသည်ကမူ ယခုထက်တိုင် မရေမရာ ရှိ နေဆဲဖြစ်သည်။ ထိုင်းနှင့်မလေးရှားအပါအဝင် Mainland နိုင်ငံများ၏ မူလရည်မှန်းချက်မှာ မြန်မာနိုင်ငံ ကို အာဆီယံအတွင်း ပြန်လည်ပါဝင်လာရေးဖြစ်ကြောင်း အတိအလင်းဖော်ပြခဲ့ကြသော်လည်း အခြား နိုင်ငံများကမူ ဘုံသဘောတူညီချက်ကိုအကောင်အထည်ဖော်ရေးအပေါ် ပိုမိုအလေးပေးဖော်ပြကြသည်။
ဖေဖော်ဝါရီလအတွင်းက စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က လွှတ် တော်သို့ပြောကြားရာ၌ ဘုံသဘောတူညီချက်(၅)ရပ်သည် မြန်မာ့အရေးအတွက် အာဆီယံ၏ အဓိကကိုး ကားချက်အဖြစ် ဆက်လက်တည်ရှိနေကြောင်းနှင့် ဘုံသဘောတူညီချက် အကောင်အထည်ဖော်မှုတွင် အဓိပ္ပာယ်ရှိသော တိုးတက်မှုမရှိသရွေ့ “အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးများတွင် မြန်မာ၏နိုင်ငံရေး အရမဟုတ်သော ကိုယ်စားပြုမှုကိုသာ ထိန်းသိမ်း ထားရှိမည်”ဆိုသည့်ဆုံးဖြတ်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ နောက်ပိုင်းတွင် လာမည့်နှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည့် စင်ကာပူနိုင်ငံက “အဓိပ္ပာယ်ရှိသော တိုးတက်မှု” ဆိုသည်မှာ “အကြမ်းဖက်မှုများ အပြီးတိုင်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရေးနှင့် အာဆီယံ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ဗဟိုဌာန (AHA Centre) သို့ ဝင်ရောက်ကူညီခွင့်ပြုရေးတို့ဖြစ်သည်ဟုသတ်မှတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာအစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသည့် တီမောလက်စ်တေနိုင်ငံသည် မြန်မာခေါင်းဆောင်နှင့် အခြား အဆင့်မြင့်အရာရှိများကို တရားစွဲဆိုရန်ပင် ၎င်းတို့၏ ဥပဒေရေးရာအာဏာပိုင်များကို ခွင့်ပြုပေးခဲ့သည်။
သို့သော် ထိုကဲ့သို့ သဘောထားတင်းမာဆဲ ဖြစ်သည့်နိုင်ငံများရှိလင့်ကစား မြန်မာ၏ နောက်ထပ် အာဆီယံဒေသတွင်း သံတမန်ရေးအောင်မြင်မှုများကို ဆက်လက်တွေ့မြင်ရဖွယ်ရှိနေသည်။ မြန်မာခေါင်း ဆောင်အနေဖြင့် မလေးရှားခရီးစဉ်အပြီး နောက် ဆက်တွဲအဖြစ် အင်ဒိုနီးရှားနှင့်ဘရူနိုင်းနိုင်ငံများသို့ လည်း ဆက်လက်သွားရောက်ဖွယ်ရှိကြောင်း သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ၏ပြောကြားချက်အရ သိရ သည်။ “ကျွန်မတို့ကို ဖိတ်ကြားမှုမပြုသေးတဲ့ အာဆီယံနိုင်ငံတွေအတွက် ဘယ်လို အထောက်အကူပြုသ လဲဆိုတော့ ဝန်ကြီးချုပ်နဲ့ဆွေးနွေးစဉ်မှာပဲ Press release မှာ ဝန်ကြီးချုပ်ကပြောပါတယ်။ ကျွန်မတို့ သမ္မတကြီးက အာဆီယံနိုင်ငံတွေမှာသွားခဲ့တယ်၊ ထိတွေ့ဆက်ဆံမှုတွေလုပ်ခဲ့တယ်။ အဲဒီတော့ တခြား နိုင်ငံက အင်ဒိုနီးရှားနဲ့ဘရူနိုင်းနိုင်ငံက ဖိတ်ဖို့ရှိပါတယ်ဆိုတဲ့ Information လေးကို Share လုပ် လိုက်ပါ တယ်”ဟု ဒေါက်တာခိုင်ခိုင်စိုးက အင်တာဗျူးတွင်ပြောကြားခဲ့သည်။
အချုပ်ဆိုရသော် လွန်ခဲ့သည့် (၅)နှစ်တာကာလအတွင်း အေးစက်ခဲယဉ်းခဲ့သော အာဆီယံနှင့် မြန်မာနိုင်ငံကြား သံတမန်ရေးရာတံတိုင်းကြီးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ချဉ်းကပ်ပုံပြောင်းလဲမှု အရွေ့များနှင့်အတူ တဖြည်းဖြည်း ပြိုလဲစပြုလာပြီဖြစ်သည်။ ဘုံသဘောတူညီချက် (၅)ရပ်ကိုဆက် လက် စွဲကိုင်ထားဆဲဖြစ်သော်လည်း အာဆီယံအဖွဲ့ဝင်အများစုမှာ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံရေး လမ်းကြောင်းကိုသာ ရွေးချယ်လာကြသည်။ မြန်မာနိုင်ငံအား ဒေသတွင်းအသိုက်အဝန်းမှ ဖယ်ကြဉ်ထား ခြင်းထက် ပြန်လည်ပေါင်းစည်းပေးခြင်းကသာ ဒေသတွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အကျိုး ရှိစေမည်ဆိုသည့် ပထဝီနိုင်ငံရေး အသိတရားမှာလည်း အာဆီယံခေါင်းဆောင်များအကြား ပိုမိုအား ကောင်းလာခဲ့သည်။ ဤသို့သော အာဆီယံအဖွဲ့ဝင်အများစု၏ အပြုသဘောဆောင်သည့် သဘောထား အရွေ့များနှင့် သံတမန်ရေးရာတိုးတက်မှုများကြောင့် မြန်မာနိုင် ငံအနေဖြင့် အာဆီယံ၌ နိုင်ငံရေးအရ ကိုယ်စားပြုခွင့် နှင့် မူလအခွင့်အရေးများကို မဝေးတော့သောအနာဂတ်တွင် ပြန်လည်ရရှိလာတော့မည်ဟု သုံးသပ်နိုင်ပါသည်။

မူရင်းသတင်း — NP News