NP News

ပြင်သစ် အကြမ်းဖက် အဓိကရုဏ်းများနှင့် ဥရောပနိုင်ငံ မြို့ကြီးများသို့ ကူးစက်မှု (နိုင်ငံတကာရေးရာ ဆောင်းပါး)

HtayOung (NP News)- အောက်တိုဘာ ၂၀
ယခုရက်ပိုင်း ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုများနဲ့ ပြင်းထန်တဲ့ အဓိကရုဏ်းတွေကြောင့် လုံခြုံ ရေးပျက်ပြားခြင်း၊ နိုင်ငံရေး-လူမှုရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်နေပါတယ်။ အလားတူ အဖြစ်အပျက် တွေဟာ ရက်အနည်းငယ်အတွင်း အခြားဥရောပနိုင်ငံအချို့ကို ကူးစက်နေပါတယ်။
စာသင်ကျောင်းများမှာ ဆရာ မလုံလောက်မှု၊ အခြေခံအဆောက်အအုံညံ့ဖျင်းမှုနဲ့ ပညာရေးဘတ်ဂျက် ဖြတ်တောက်မှုတို့ကြောင့် ကျောင်းသားများနဲ့ ဆရာများရဲ့ ဆန္ဒ္ဒပြမှုတွေဟာ စက်တင်ဘာလ ကုန်ပိုင်းကတည်းက စတင်ခဲ့တယ်။
အဆိုပါကျောင်းသားလှုပ်ရှားမှုမှာ အလုပ်သမားသမဂ္ဂများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုကို မကျေနပ်ကြသူများနဲ့ အခြေခံလူထုကိုယ်စားပြု "အင်္ကျီဝါ (Yellow Vests)" လှုပ်ရှားသူများ ပူးပေါင်းလာကြပြီး၊ ယခု အောက်တိုဘာလလယ်မှာ အရှိန်အဟုန်မြင့်တက်လာတယ်။ အစိုးရရဲ့ အသုံးစရိတ်ဖြတ်တောက်မှုနဲ့ လူနေမှုစရိတ်ကြီးမြင့်မှု ဆန့်ကျင်ရေး နိုင်ငံလုံးဆိုင်ရာ အုံကြွမှုကြီး ဖြစ်လာခဲ့တယ်။ ပါရီအပါအဝင် မြို့ ကြီးများမှာ ရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူများအကြား ပြင်းထန်တဲ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရတယ်။
အခြေအနေမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးနဲ့ အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းနေပြီး၊ အောက်တိုဘာ (၁၈) ရက် တရားဝင်သတင်းများအရ နိုင်ငံတစ်ဝှမ်း ဆန္ဒပြသူ (၅) သိန်းကျော်မှ (၈) သိန်းခန့်အထိ လမ်းပေါ်ထွက်ခဲ့ကြပြီး အဓိကရုဏ်းအတွင်း လူပေါင်း (၂,၄၀၀) ကျော် ဖမ်းဆီးခံခဲ့ရကြောင်း၊ ဆန္ဒပြသူ (၁) ဦး နှလုံးသွေးရပ် သေဆုံးခဲ့ရသလို၊ ရဲတပ်ဖွဲ့ဝင်၊ မီးသတ်သမားနဲ့ ပညာရေးဝန်ထမ်း (၁,၀၀၀) ထက်မနည်း ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း သိရှိရပါတယ်။
ကမ္ဘာကျော် ပါရီမြို့လယ်ဟာ စစ်တလင်းအသွင်ကူးပြောင်းသွားပြီး အုပ်စုငယ်အချို့က ဆိုင်များကို လုယက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို ဦးတည်တိုက်ခိုက်ခြင်း၊ မော်တော်ကားနဲ့ဘတ်စ်ကားများ မီးတင် ရှို့ခံရမှုများ ရာချီ ဖြစ်ပွားခဲ့တယ်။ လီမိုးရှ်မြို့သမိုင်းဝင် မြို့တော်ခန်းမအဆောက်အအုံကြီး မီးလောင် ပျက်စီးခဲ့ပြီး အထိမ်းအမှတ် မျှော်စင်ကြီး ပြိုကျသွားခဲ့တယ်။ အခြားမြို့ကြီးအချို့မှာလည်း အစိုးရရုံးများနဲ့ ကမ္ဘာလှည့်ခရီးသွားရုံးများ ဖျက်ဆီးခံခဲ့ရတယ်။ အဓိကရုဏ်းများကြောင့် နိုင်ငံတစ်ဝှမ်းအထက်တန်းကျောင်းပေါင်း (၄၀၀) ကျော်ကို ပိတ်ထားလိုက်ရပြီး ပညာရေးစနစ် တုန့်ဆိုင်းသွားတယ်။
ပြင်သစ်မှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းဂယက်နည်းတူ ဥရောပတောင်ပိုင်းနဲ့ အနောက်ပိုင်းနိုင်ငံ များဖြစ်တဲ့ အီတလီ၊ ပေါ်တူဂီ၊ စပိန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတို့မှာလည်း အလားတူ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ လူနေမှုဘဝမြှင့်တင်ရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြမှုများ စတင်ဖြစ်ပွားနေတယ်။
ဖြစ်စဉ်ကို တွန်းအားပေးတဲ့ အဓိက အကြောင်းရင်းစစ်စစ်မှာ လောင်စာစျေးနှုန်းမြင့်တက်ခြင်း စီးပွားရေးနဲ့ ပညာရေးအကျပ်အတည်းများကြောင့် ဖြစ်ပေမယ့် လူမျိုးရေး၊ ဘာသာရေး နောက်ခံအကြောင်း အရာတွေကလည်း စိုးရိမ်ပူပန်မှုဖြစ်အောင် လှုံ့ဆော်နေတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့လို နိုင်ငံရေးသမားအချို့က ဥရောပနိုင်ငံများရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒနဲ့ ဆက်စပ်ပြောဆိုပေမယ့် ပြင်သစ်အာဏာပိုင်များရဲ့ကနဦးရှင်းလင်းချက်မှာ လက်ဝဲအစွန်းရောက်အုပ်စုများနဲ့ တောကြောင် လုယက်သူများကို အဓိက ဖော်ပြတယ်။ မွတ်စလင်ဘာသာဝင်များ သို့မဟုတ် ဥရောပရောက် ရွှေ့ပြောင်းအခြေချသူတွေဟာ ယခုအဓိကရုဏ်းကို ဖြစ်ပေါ်စေကြောင်း အတည်ပြုနိုင်တဲ့ သက်သေအထောက်အထား မတွေ့ရှိရပါ။
ဒါပေမဲ့ ရွှေ့ပြောင်းအခြေချမှု၊ လူမှုအသိုင်းအဝိုင်းများ ရောနှောပေါင်းစည်းနေထိုင်ရေး၊ အလုပ်အကိုင်ကိစ္စနဲ့ အများပြည်သူဝန်ဆောင်မှုအပေါ် ဖိအားတွေဟာ ဥရောပနိုင်ငံရေးမှာ အငြင်းပွားစရာ နာတာရှည် ပြဿနာများ ဖြစ်နေပါတယ်။
ပြင်သစ်ဆန္ဒပြမှု စတင်ခဲ့ရာ ပါရီဆင်ခြေဖုံးရပ်ကွက်တွေဟာ ဆင်းရဲနွမ်းပါးပြီး အခြေခံအဆောက်အအုံ ညံ့ဖျင်းတယ်။ ဒုတိယနဲ့ တတိယမျိုးဆက် ရွှေ့ပြောင်းအခြေချသူ မွတ်စလင်မိသားစု အများအပြား စုဝေး နေထိုင်ရာဒေသများ ဖြစ်နေတယ်။ ဒါ့ကြောင့် အဲ့ဒီနယ်မြေခံ လူငယ်တွေဟာ အကြမ်းဖက်အဓိ ကရုဏ်းများမှာ ပါဝင်မှု မြင့်မားခဲ့တယ်။
ယခုဖြစ်စဉ်ဟာ ရွှေ့ပြောင်းနေထိုင်သူများကို ထိန်းချုပ်မှုမရှိ လက်ခံခဲ့တဲ့ အစိုးရရဲ့လစ်ဘရယ်မူဝါဒများ ကျရှုံးခြင်းနဲ့ အစ္စလာမ်ဘာသာဝင်ဦးရေ များပြားလာခြင်းတို့ကြောင့် ဖြစ်တယ်လို့ လက်ယာစွန်း နိုင်ငံရေးသမားများနဲ့ လေ့လာသူအချို့က ပုံဖော်ဝေဖန်ကြသည်။ လက်ဝဲအုပ်စုတွေ ကိုယ်တိုင်က တော့ ဒီကိစ္စဟာ လူမျိုးရေး/ဘာသာရေးပြဿနာ မဟုတ်ဘဲ စီးပွားရေးဆင်းရဲကျပ်တည်းမှုနဲ့ လက်ဝဲအစွန်းရောက်များက နိုင်ငံရေးအမြတ်ထုတ်ရန် နောက်ကွယ်မှ လှုံ့ဆော်နေခြင်းဖြစ်ကြောင်း တုံ့ပြန်နေကြတယ်။

မူရင်းသတင်း — NP News