NP News

မလေးရှားနိုင်ငံရေးသမိုင်းမှာ မေ့ပျောက်ထားလို့မရနိုင်မယ့်သူ (သို့) မဟာသီယာမိုဟာမက်

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၆

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ အသက် (၁၀ဝ)အရွယ် ဇနီးဖြစ်သူ ကွယ်လွန်သွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဆေးရုံတင်ထားရကြောင်းသိရပါတယ်။ အသက် (၁၀၁) နှစ်ရှိပြီ ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ကို ကွာလာလမ်ပူမြို့ရှိ အမျိုးသားနှလုံးဆေးရုံ kH(National Heart Institute) မှာ စောင့်ကြည့်စစ်ဆေးဖို့တင်ထားခဲ့ကြောင်း သူရဲ့ပြောရေးဆိုခွင့်ရှိသူ ကပြောကြားထားပါတယ်။ ဇနီးဖြစ်သူ စီတီဟက်စမာမိုဟာမက်အလီရဲ့ ဈာပနအခမ်းအနားကို ကိုယ် တိုင်တက်ရောက်ခဲ့ပြီး နောက်ရက်ပိုင်းအကြာမှာပဲ ဆေးရုံတင်ခဲ့ရတာဖြစ်ပါတယ်။

မဟာသီယာဟာ မလေးရှားနိုင်ငံရဲ့ ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မလေးရှားနိုင်ငံရဲ့ စတုတ္ထ မြောက်ဝန်ကြီးချုပ်အဖြစ် (၁၉၈၁)ခုနှစ်ကနေ (၂၀ဝ၃) ခုနှစ်အထိ စုစုပေါင်း(၂၂)နှစ်ကြာ တာဝန်ယူခဲ့ပါ တယ်။ သူဟာ နိုင်ငံရေးကနေအနားယူပြီးနောက် နှစ် ပေါင်းများစွာအကြာ အသက် (၉၃) နှစ်အရွယ်မှာ ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပြီး မလေးရှားရဲ့ သတ္တမမြောက်ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

မဟာသီယာရဲ့ ဝန်ကြီးချုပ်အဖြစ် ပထမအကြိမ်အုပ်ချုပ်မှုဟာ မလေးရှားကို စိုက်ပျိုးရေးအခြေ ပြုနိုင်ငံကနေ စက်မှုနဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်လာတဲ့နိုင်ငံတစ်ခုအဖြစ်ပြောင်းလဲဖို့ တွန်း အားပေးခဲ့ပြီး အာဆီယံထိပ်သီးနိုင်ငံဖြစ်လာအောင်ကြိုးပမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အဲဒီအချိန် တုန်းက ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ မီဒီယာ လွတ်လပ်ခွင့်နဲ့ အာဏာအသုံးချမှုတွေကြောင့်လည်း ပြင်း ပြင်းထန်ထန် ဝေဖန်ခံခဲ့ရသူဖြစ်တယ်လို့ဆိုကြပါတယ်။ မဟာ သီယာဟာ (၁၉၂၅)ခုနှစ်က မလေးရှား နိုင်ငံ ကီဒက်ပြည်နယ် Alor Setar မှာမွေးဖွားကြီးပြင်းခဲ့ပြီး မိသားစုထဲမှာ ကလေး(၉)ယောက်အနက် အငယ်ဆုံးဖြစ်ပါတယ်။ လူငယ်ဘဝမှာ ပညာရေးကိုအလေးထားခဲ့ပြီး နောက်ပိုင်း စင်ကာပူရှိ King Ed­ ward VII College of Medicine မှာ ဆေးပညာသင်ယူခဲ့ပါတယ်။ သူဟာ ဆေးပညာဘွဲ့ရပြီးတဲ့နောက် မလေးရှားအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနမှာ ဆေးဝန်ထမ်းအဖြစ်အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကိုယ်ပိုင်ဆေးခန်း ဖွင့်ပြီး ဆရာဝန်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မဟာသီယာရဲ့စိတ်ဝင်စားမှုက ဆေးပညာတစ်ခု တည်းမဟုတ်ဘဲ နိုင်ငံရေးကိုလည်း လူငယ်ဘဝကတည်းကစိတ်ဝင်စားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်နဲ့ ဂျပန်တို့ရဲ့ မလေးရှားကျွန်းဆွယ်ကိုသိမ်းပိုက်ခဲ့တဲ့ကာလတွေဟာ သူ့အတွေးအမြင် တွေကိုလည်း အကျိုးသက်ရောက်စေခဲ့ပါတယ်။ (၁၉၄၀) ပြည့်လွန်နှစ်တွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ ထဲဝင်ရောက်လာခဲ့ပြီး နောက်ပိုင်း UMNO နိုင်ငံရေးပါတီနဲ့ဆက်စပ်လာခဲ့ပြီး (၁၉၆၀)ပြည့်လွန်နှစ်တွေမှာ လွှတ်တော်အမတ်ဖြစ် လာခဲ့ပေမယ့် (၁၉၆၉)ရွေးကောက်ပွဲမှာမဲရှုံးခဲ့ပါတယ်။ အဲဒီအချိန်က မဟာသီယာ ရဲ့ နိုင်ငံရေးဘဝကအခက် ခဲဆုံးကာလတွေထဲကတစ်ခုဖြစ်ခဲ့ပေမယ့် နိုင်ငံရေးမှာ တစ်ခါရှုံးတာနဲ့အဆုံး သတ်မသွားပါဘူး။ သူဟာ နောက်ပိုင်းမှာ ပြန်လည်အောင်မြင်လာပြီး ဝန်ကြီးရာထူးတွေကို ဆက်တိုက်ရ ယူနိုင်ခဲ့ပြီး (၁၉၇၆)ခုနှစ်မှာ ဒုတိယဝန်ကြီးချုပ်ဖြစ်လာခဲ့သလို (၁၉၈၁)ခုနှစ်မှာ မလေးရှားနိုင်ငံရဲ့ ဝန်ကြီး ချုပ်ဖြစ်လာခဲ့ပါတယ်။
(၁၉၈၁)ခုနှစ် ဇူလိုင်လ(၁၆)ရက်မှာ မဟာ သီယာဟာ မလေးရှားရဲ့ စတုတ္ထမြောက်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး မလေးရှားနိုင်ငံရေးမှာ “မဟာသီယာခေတ်” လို့ပြောနိုင်တဲ့ကာလတစ်ခုစတင်ခဲ့ပါတယ်။ မဟာသီယာဟာ (၁၉၈၁)ခုနှစ်ကနေ (၂၀ဝ၃)ခုနှစ် အောက် တိုဘာလ (၃၁)ရက်အထိ ဝန်ကြီးချုပ် တာ ဝန်ယူခဲ့ရာ စုစုပေါင်း (၂၂)နှစ်တာဝန်ယူခဲ့ပြီး မလေးရှားသမိုင်းမှာ အချိန်အကြာဆုံး ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်လာပါတယ်။ ဝန်ကြီးချုပ်အဖြစ်ပထမအကြိမ် တာဝန်ယူတဲ့(၂၂)နှစ်ကာလအတွင်း အဓိက အယူအဆရိုးရှင်းခဲ့ပြီး မလေးရှားကို ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်အောင်တည်ဆောက်ဖို့ သူ့အုပ်ချုပ်မှု အောက်မှာ စက်မှုလုပ်ငန်းတွေတိုးချဲ့ဖို့ကြိုးပမ်းခဲ့ရာ အောင်မြင်မှုတွေရရှိခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေကို ဆွဲဆောင်နိုင်ခဲ့သလို အခြေခံအဆောက်အအုံတွေတည်ဆောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း မဟာသီယာရဲ့ အကျော်ကြားဆုံးမျှော်မှန်းချက်တွေထဲ ကတစ်ခုကတော့ Vision 2020 ဖြစ်ပြီး ရည်ရွယ်ချက်က မလေးရှားကို (၂၀၂၀)ပြည့်နှစ်အတွင်း ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ်ရောက်ရှိအောင်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အဲဒီ Vision 2020 ဟာ စီးပွားရေးတိုးတက်မှု တစ်ခုတည်းကိုပဲမဆိုလိုဘဲ လူမှုရေး၊ နိုင်ငံရေး၊ စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံသားတွေရဲ့ ဘဝအရည်အ သွေးတိုးတက်လာဖို့ပါ ရည်ရွယ်ခဲ့ပါတယ်။ အဲဒီအတွေးအခေါ်ကြောင့် မဟာသီယာဟာ မလေးရှားနိုင်ငံ မှာ “Father of Modernisation” ခေတ်မီရေး ဖခင်ဆိုတဲ့အမည်နဲ့လည်း လူသိများလာခဲ့ပါတယ်။ မဟာ သီယာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူတဲ့ ပထမအကြိမ်သက်တမ်းအတွင်း Petronas Twin Towers ကို တည်ဆောက်နိုင်ခဲ့ရာ မလေးရှားရဲ့အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတယ်။ မဟာသီယာခေတ်ကို ပြော တဲ့အခါမှာ Petronas Twin Towers ကို ချန်ထားလို့မရဘူးလို့ဆိုကြပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ကောင်း ကင်ယံမှာ မြင့်မားနေတဲ့အဆောက်အအုံနှစ်ခုဟာ မလေးရှားရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကိုပြသတဲ့ သင်္ကေတတစ်ခုဖြစ်လာပါတယ်။ မဟာသီယာရဲ့ခေတ် မှာ ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်အပြင် KLIAl Multimedia Super Corridor နဲ့ MSC လိုစီမံကိန်း ကြီးတွေလည်း ပေါ်ပေါက်လာပါတယ်။ ဒီလိုမျိုး ကြီးမားတဲ့စီမံကိန်းကြီးတွေဟာ မဟာသီယာရဲ့ ဖွံ့ဖြိုး ရေးမူဝါဒရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်။ မဟာသီယာရဲ့အမြင်မှာတော့ အခြေခံ အ ဆောက်အအုံ၊ စက်မှုလုပ်ငန်းနဲ့ လူသားအရင်းအမြစ်တွေ တစ်ပြိုင်နက်တည်းတိုးတက်ရမယ်ဆိုတဲ့ အယူ အဆရှိခဲ့ပါတယ်။ မဟာသီယာရဲ့ နိုင်ငံရေးအယူဆတွေထဲမှာ အာရှဘက်ကိုဦးတည်ပြီး အနောက်နိုင်ငံ တွေကို အမြဲတမ်း မျက်စိမှိတ်ပြီးလိုက်နာတဲ့ နိုင်ငံရေးခေါင်းဆောင်မ ဟုတ်ခဲ့ပါဘူး။ အထူးသဖြင့် သူဟာ “Look East Policy”ဆိုတဲ့အယူအဆကို အလေးပေးခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါ တယ်။ သူဟာ အာရှရဲ့စီးပွားရေးထိပ်သီးတွေဖြစ်တဲ့ ဂျပန်နဲ့တောင်ကိုရီးယားတို့ရဲ့ စက်မှုဖွံ့ဖြိုးတိုးတက် မှု၊ အလုပ်ကျင့်ဝတ်နဲ့စီမံခန့်ခွဲမှုတွေကနေ သင်ယူဖို့ကြိုးစားခဲ့ရာ အဲဒီအယူအဆဟာ မလေးရှားရဲ့ စက်မှု ဖွံ့ဖြိုးရေးမူဝါဒတွေနဲ့လည်းဆက်စပ်ခဲ့ပါတယ်။ မဟာသီယာရဲ့ နိုင်ငံရေးအတွေးအခေါ်တွေထဲမှာ ဖွံ့ဖြိုး တိုးတက်မှုဆိုတာ အနောက်နိုင်ငံတွေရဲ့လမ်းကိုပဲလိုက်ရမယ်ဆိတာ မဟုတ်ဘဲ အာရှနိုင်ငံတွေမှာလည်း ကိုယ့်လမ်းကိုယ်ဖန်တီးနိုင်တယ်လို့ ယုံကြည်ခဲ့သူလို့ဆိုနိုင်ပါတယ်။
မဟာသီယာရဲ့ ဝန်ကြီးချုပ်အဖြစ်ပထမအ ကြိမ်တာဝန်ယူချိန်အတွင်း အုပ်ချုပ်မှုသမိုင်းမှာအရေး ကြီးဆုံးစမ်းသပ်မှုတွေထဲကတစ်ခုကတော့ (၁၉၉၇) အာရှဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းက ထိုင်းနိုင်ငံကနေစတင်ခဲ့တဲ့ ငွေကြေးအ ကျပ်အတည်းဟာ အာရှတစ်ဝန်းကိုပျံ့နှံ့လာ ပြီး မ လေးရှားကိုလည်း ထိခိုက်ခဲ့ပါတယ်။ ငွေကြေးတန်ဖိုး ကျဆင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး အခက် အခဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတကာအဖွဲ့ အစည်းတွေရဲ့အကြံပြုချက်တွေကို လက်ခံ သင့်၊ မ သင့်ဆိုတာက အငြင်းပွားစရာဖြစ်လာပြီး မဟာသီယာကတော့ အနောက်တိုင်းဘဏ္ဍာရေးစနစ်နဲ့ နိုင်ငံတကာငွေကြေးဈေးကွက်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကာ မလေးရှားရဲ့စီးပွားရေးမူဝါဒကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ရမယ်ဆိုတဲ့အချက်ကို ကိုင်စွဲခဲ့သူဖြစ်ပါတယ်။ အဲဒီဘဏ္ဍာရေးအကျပ်အတည်း ပြဿနာကြောင့် မဟာသီယာဟာ အနောက်နိုင်ငံတွေ၊ နိုင်ငံတကာဘဏ္ဍာရေးအသိုင်းအဝိုင်းတွေနဲ့ ထိပ် တိုက်တွေ့ခဲ့ပြီးနောက်ပိုင်းမှာ မလေးရှားစီးပွားရေး ပြန်လည်တည်ငြိမ်လာတဲ့အခါမှာတော့ မဟာသီယာ ရဲ့စီးပွားရေးမူဝါဒတွေကိုထောက်ခံသူတွေကလည်း ပိုများလာပါတယ်။ မဟာသီယာဟာ မလေးရှား ဝန် ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်လာအောင် အားပေး ကူညီခဲ့ဖူးတဲ့ ခေါင်းဆောင်တစ်ဦးလို့ဆိုနိုင်ပါတယ်။
(၁၉၉၀)ပြည့်နှစ်အလွန်မှာ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ထဲဝင်ရောက်ဖို့ကြိုးစားနေချိန်မှာ မဟာသီယာက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်း ပါဝင်စေဖို့ထောက်ခံခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်နဲ့အနောက်နိုင်ငံတွေဘက်က မြန်မာအစိုးရအ ပေါ်ဖိအားပေးနေတဲ့အခြေအနေတွေနဲ့မတူတဲ့ မဟာသီယာရဲ့အရှေ့တောင်အာရှနိုင်ငံတွေဟာ ဒေသ တွင်းပြဿနာတွေကို ကိုယ့်ဒေသတွင်းကပဲ ဖြေ ရှင်းသင့်တယ်ဆိုတဲ့အမြင်ကိုဖော်ပြနေတာဖြစ်ပါတယ်။ အန်ဝါကို တစ်ချိန်မှာ မဟာသီယာရဲ့အရိုက်အ ရာကို ဆက်ခံသူဖြစ်လာနိုင်မယ့်သူလို့တောင် ထင်ကြေးပေးခဲ့ကြပြီးနောက်ပိုင်းမှာ နှစ်ဦးကြား အာဏာ ရေးရာနဲ့ မူဝါဒပိုင်းဆိုင်ရာပဋိပက္ခတွေ ပေါ်ပေါက်လာပါတယ်။
အထူးသဖြင့် အန်ဝါအီဘရာဟင်နဲ့ဖြစ်ခဲ့တဲ့ပဋိပက္ခက မဟာသီယာရဲ့ နိုင်ငံရေးမှတ်တမ်းမှာ အမြဲတမ်းပါဝင်နေခဲ့ပါတယ်။ မဟာသီယာဟာ အန်ဝါနဲ့အငြင်းပွားမှုတွေရှိလာခဲ့ပြီးနောက် နိုင်ငံရေး ဖိအားတွေကို ပိုမိုရင်ဆိုင်လာရပြီး (၂၀ဝ၃)ခုနှစ်မှာ မဟာ သီယာဟာ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက် ခဲ့ရပါတယ်။ မလေးရှားနိုင်ငံကို (၂၂)နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်ဟာ နိုင်ငံရေးစင်မြင့်ကနေ တ ဖြည်းဖြည်းနောက်ဆုတ်သွားခဲ့ပြီလို့ လူအများက မှတ်ယူ ခဲ့ပြီး မဟာသီယာရဲ့နိုင်ငံရေးဘဝ ပြီးဆုံးသွား ပြီလို့ထင်ခဲ့ကြပေမယ့် မှားယွင်းခဲ့ကြပါတယ်။
မဟာသီယာဟာ ဝန်ကြီးချုပ်အဖြစ်ကနုတ် ထွက်ပြီး (၁၃)နှစ်အကြာ (၂၀၁၆)ခုနှစ်မှာ နိုင်ငံရေး လောကကို တစ်ကျော့ပြန်ဝင်လာခဲ့ရာ အသက် (၉၀)ကျော်အရွယ်ရှိနေပြီဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်နေပေမယ့် မဟာသီယာဟာ နိုင်ငံရေးကို သံယော ဇဉ်မဖြတ်နိုင်ဘဲ အတိုက်အခံအင်အားစုတွေ ပေါင်းစည်းကာ (၂၀၁၈)ရွေးကောက်ပွဲမှာ အသက် (၉၃) နှစ်နဲ့ ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ ဒါဟာ ကမ္ဘာ့ နိုင်ငံရေးသမိုင်းမှာ အလွန်ထူးခြားတဲ့ဖြစ်ရပ်တစ်ခုလို့ နိုင်ငံတကာမီဒီယာတွေက သုံးသပ်ဝေဖန်ခဲ့ပါ တယ်။ နိုင်ငံ ကို (၂၂)နှစ်ကြာအုပ်ချုပ်ခဲ့တဲ့လူတစ်ယောက်ဟာ နိုင်ငံရေးကနေအနားယူပြီး နှစ်ပေါင်းများ စွာကြာချိန် အသက် (၉၀)ကျော်အရွယ်မှာ ဝန်ကြီးချုပ်အဖြစ် တစ်ကျော့ပြန်လာခဲ့တာမျိုးဖြစ်ပါတယ်။ Perdana Leadership Foundation ရဲ့မှတ်တမ်းအရ (၂၀၁၈)ခုနှစ် မေလ (၁၀) ရက်မှာ မဟာသီယာဟာ မလေးရှားရဲ့ သတ္တမမြောက်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မဟာသီယာရဲ့ဒုတိယအကြိမ် ဝန်ကြီး ချုပ်ဘဝက ပထမအကြိမ်လောက် မရှည်ကြာခဲ့ပါဘူး။ (၂၀၁၈)ခုနှစ်ကနေ (၂၀၂၀)ပြည့်နှစ်အထိ (၂)နှစ်မ ပြည့်ခင်မှာပဲ သူ့အစိုးရအတွင်း နိုင်ငံရေးအကွဲအပြဲတွေပေါ်ပေါက်လာခဲ့ကာ အထူးသဖြင့် မဟာသီယာနဲ့ မဟာမိတ်ပါတီခေါင်းဆောင် ဖြစ်တဲ့ အန်ဝါအီဘရာဟင်တို့ရဲ့ အာဏာလွှဲပြောင်းရေးကိစ္စဟာ အဓိကအ ငြင်းပွားစရာပြဿနာတစ်ခုဖြစ်လာခဲ့ပြီး မဟာသီယာ ဟာ (၂၀၂၀)ပြည့်နှစ် ဖေဖော်ဝါရီ (၂၄)ရက်မှာ ဝန် ကြီးချုပ်ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
မဟာသီယာရဲ့ နိုင်ငံရေးအယူဆဟာ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမူဝါဒတွေကို အမြဲတမ်းလက်ခံသူမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံရေးမှာ Malaysia First ဆိုတဲ့ အမျိုးသားအကျိုးစီးပွား အခြေ ပြုအမြင်မျိုးကို အလေးထားသူဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကိုယ့်အသံကို ကိုယ်တိုင်ထုတ်ဖော်သင့် တယ်လို့ ယုံကြည်မှုနဲ့အတူ အာရှနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုကိုအလေးပေးခဲ့တဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ အမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေးလွှမ်းမိုးမှုတွေကိုလည်း မကြာခဏ ဝေဖန်လေ့ရှိရာ မဟာသီယာဟာ အာရှနိုင်ငံရေးမှာ ထူး ခြားတဲ့အသံတစ်ခုဖြစ်လာခဲ့ပါတယ်။
မဟာသီယာရဲ့ နိုင်ငံရေးစိတ်ဓာတ် ခိုင်မာပြတ်သားမှုတွေကြောင့် လူတချို့က ရဲရင့်တဲ့ခေါင်း ဆောင်လို့ခေါ်ဆိုကြသလို တချို့ကလည်း အလွန်အမင်းခေါင်း မာတဲ့နိုင်ငံရေးသမားလို့ဆိုကြပါတယ်။ မဟာသီယာရဲ့ အကြီးမားဆုံးအောင်မြင်မှုကို တစ်ချက်တည်းနဲ့သတ် မှတ်ရမယ်ဆိုရင် မလေးရှားရဲ့ ခေတ်မီစက်မှုနိုင်ငံအဖြစ်ပြောင်းလဲရေးကို အရှိန်မြှင့်ခဲ့ခြင်းလို့ဆိုနိုင်ပြီး သူ့အုပ်ချုပ်မှုကာလမှာ စက်မှု လုပ်ငန်း၊ အခြေခံအဆောက်အအုံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ မြို့ပြဖွံ့ဖြိုးမှုတွေ အားကောင်းလာခဲ့ပါတယ်။ ဒါကြောင့် မဟာသီယာဟာ အောင်မြင်မှုရှိတဲ့ခေါင်းဆောင်တစ်ယောက်ဆိုတာသေချာပေမယ့် အငြင်းပွား စရာမရှိတဲ့ခေါင်းဆောင်တော့မဟုတ်ဘူးလို့ဆိုနိုင်ပါတယ်။ (၂၀၂၆)ခုနှစ်အထိ မဟာသီယာဟာ အသက် (၁၀၁) နှစ်အရွယ်ရှိနေပြီး မလေးရှားကို ခေတ်မီစက်မှုနိုင်ငံတစ်ခုဖြစ်အောင်တွန်းအားပေးခဲ့တဲ့ခေါင်း ဆောင်ဖြစ်ခဲ့ပေမယ့် သူရဲ့နိုင်ငံရေးဘဝဟာ အောင်မြင်မှုနဲ့အငြင်းပွား မှုဖွံ့ဖြိုးတိုးတက်မှုနဲ့ အာဏာရေး ရာ အမျိုးသားရေးဝါဒ နဲ့ နိုင်ငံတကာဆက်ဆံရေးအားလုံး ရောယှက်နေတဲ့သမိုင်းတစ်ခုရှိနေပါတယ်။ မဟာသီယာမိုဟာမက်ဟာ နိုင်ငံရေးကနေ အနားယူသွားနိုင်ခဲ့ပေမယ့် မလေးရှား နိုင်ငံရေးသမိုင်းထဲက တော့ သူရဲ့အမည်က အလွယ်တကူ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။
အသက် (၁၀ဝ)ကျော်ရှိနေပေမယ့် နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုမလျော့ကျသေးဘဲ မလေး ရှားလူမျိုးတွေအတွက် ရပ်တည်ပြောဆိုနေဆဲဖြစ်တဲ့ မဟာသီယာမိုဟာမက်ရဲ့ဘဝခရီးလမ်းဟာ မလေး ရှား နဲ့ကမ္ဘာ့နိုင်ငံရေးသမိုင်းမှာ မေ့ပျောက်လို့မရနိုင်တဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လို့နေပါတော့တယ်။

မူရင်းသတင်း — NP News