NP News

တိုင်းပြည်ကို ဘယ်လိုတည်ဆောက်ကြသလဲ (အတွေးအမြင် ဆောင်းပါး)

အောင်နိုင်သူ(ဇွဲကပင်) - အောက်တိုဘာလ ၁၅
တိုင်းပြည်တည်ဆောက်ရေး (Nation Buil ding) နှင့် နိုင်ငံတည်ဆောက်ရေး (State Build- ing) လုပ်ငန်းစဉ်များသည် နိုင်ငံတိုင်းတွင် မဖြစ်မနေ ဆောင်ရွက်ကြရသည့်လုပ်ငန်းတာဝန်များဖြစ်ကြပါ သည်။ အဆိုပါ လုပ်ငန်းစဉ်များကိုဆောင်ရွက်ကြရာ တွင် တရားမျှတမှုသည် အဓိက အုတ်မြစ်ဖြစ်သည်ဟု ဆိုကြပါသည်။ သို့သော်ကမ္ဘာ့နိုင်ငံများ၏တိုင်းပြည် တည်ဆောက်ရေးကိုလေ့လာကြည့်လျှင် ကနဦးတည် ဆောက်မှုမှန်သမျှသည် တရားမျှတမှုထက် အင်အား ကိုအခြေပြုပြီး တည်ဆောက်ခဲ့ကြသည်ကို အများဆုံး တွေ့ရမည်ဖြစ်ပါသည်။
ထို့ကြောင့် တိုင်းပြည်တည်ဆောက်ရေးတာဝန် သည် နိုင်ငံတိုင်းအတွက် အရေးကြီးသည်နှင့်အမျှ စနစ်တကျတည်ဆောက်နိုင်ရေးကြိုးပမ်းကြရမည်မှာ နိုင်ငံတိုင်းနှင့် နိုင်ငံသားတိုင်း၏တာဝန်လည်း ဖြစ် ပါသည်။ တိုင်းပြည်တည်ဆောက်ရေးနှင့် ပတ်သက် လာလျှင်စာရေးသူတို့ မြန်မာလူမျိုးများအကြား မကြာ ခဏ ဆွေးနွေးငြင်းခုံကြသည့် အဓိကအကြောင်းအရာ တစ်ခုမှာ "တရားမျှတမှု" ပင် ဖြစ်သည်။ တိုင်းပြည် အတွင်း ဖြစ်ပျက်နေသောပဋိပက္ခများနှင့်မငြိမ်မ သက်မှုများသည် တရားမျှတမှု မရှိခြင်းကြောင့် ဖြစ် ပေါ်လာရသည်ဟု ယေဘုယျအားဖြင့် ယူဆပြောဆို ကြလေ့ရှိသည်။ သာမာန်အားဖြင့်တော့ ဤအယူအဆ ကို မငြင်းလိုပါ။
သို့သော် နိုင်ငံတစ်နိုင်ငံကိုတည်ဆောက်ရာတွင် State Building (ပြည်နယ်/အစိုးရယန္တရား တည် ဆောက်ခြင်း) နှင့် Nation Building (နိုင်ငံသား များအကြား အမျိုးသားရေးစည်းလုံးညီညွတ်မှု တည်ဆောက်ခြင်း) တို့ကိုဆောင်ရွက်သည့်အခါ "အင် အား" ဖြင့် အရင်တည်ဆောက်ရမည်လား၊ သို့မဟုတ် "တရားမျှတမှု" ဖြင့် အရင်တည်ဆောက်ရမည်လား ဆိုသည့်အချက်ကိုမူ လေ့လာဆန်းစစ်သူ မရှိသ လောက် ရှားပါးလှပါသည်။
မြန်မာနိုင်ငံ၏နိုင်ငံရေး ပဋိပက္ခများကို လေ့လာ ဆန်းစစ်ကြည့်လျှင် လူမျိုးရေးကိုအခြေပြုထားသည့် အိုင်ဒန်နတီ (Identity) ပြဿနာနှင့် ဝါဒရေးရာ အခြေပြုထားသည့် အိုင်ဒီယိုလော်ဂျီ (Ideology) ပြဿနာဟူ၍ တွေ့ရမည်ဖြစ်ပါသည်။ အဆိုပါ ပြဿနာများကို စာရေးသူရေးသားသည့်အခါတွင်လည်း တရားမျှတမှု မရှိခြင်းကြောင့်သာ အဆိုပါပြဿနာများ ဖြစ်ပွားရသည်ဟူသော မှတ်ချက်ပေးမှုများကို အများ ဆုံး ကြုံတွေ့ခဲ့ရသည်။ ဒုတိယအများဆုံး ထောက်ပြ ကြသည်မှာမူ နိုင်ငံရေးစနစ်အတွင်း တပ်မတော်၏ ပါဝင်ပတ်သက်မှု အပိုင်းကို မှတ်ချက်ပြုလေ့ရှိကြပါ သည်။ ဤအချက်များသည် အလွန်ကျယ်ပြန့် နက်နဲ လှသဖြင့် အကျယ်ချဲ့ရေးလျှင် ကျမ်းတစ်စောင် လောက် ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် တရားမျှတမှု နှင့်မြန်မာနိုင်ငံရေး ပဋိပက္ခများကိုသာ ဆက်လက်လေ့ လာကြပါမည်။
တရားမျှတမှုကို လူတိုင်း လိုလားတောင်းတကြ သည်မှာ သဘာဝပဲဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ ၏ လက်ရှိအခြေအနေအရ မည်သည့်အတိုင်းအထိ ဆောင်ရွက်ပေးနိုင်မှ တရားမျှတသည်ဟု ယူဆမည် နည်း။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) တောင်းဆိုနေကြသော တရားမျှတမှုများ ကရော အမှန်တကယ် ဖြစ်သင့် ဖြစ်ထိုက်ပါသလား။မြန်မာနိုင်ငံသည် လူမျိုးအများအပြားဖြင့် ဖွဲ့စည်း ထားသော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် တရားမျှတမှုကို မည်သို့ဆန်းစစ်ကြမလဲ (ဥပမာ-လူမျိုးတစ်မျိုးချင်းစီ၏ တန်းတူ အခွင့်အရေး လား၊ လူတစ်ဦးချင်းစီ၊ နိုင်ငံသားတစ်ဦးချင်းစီ၏ တန်း တူ အခွင့်အရေးလား) စသည်မေးခွန်းများဖြင့် ဆန်း စစ်လေ့လာသင့်ပါသည်။
ဤမေးခွန်းများကိုဖြေဆိုနိုင်ရန်အတွက် နိုင်ငံ တကာတွင် ကျင့်သုံးခဲ့ကြ သို့မဟုတ် ကျင့်သုံးဆဲ ဖြစ် သောအုပ်ချုပ်ရေးစနစ်များကိုအဓိကအားဖြင့် အောက်ပါအတိုင်း (၃) မျိုးခွဲခြားကာ နှိုင်းယှဉ်လေ့ လာရန် လိုအပ်မည်ဟု စာရေးသူယူဆမိပါသည်။ အဆိုပါ နိုင်ငံရေးစနစ်(၃) ခုမှာ -
(၁) တစ်ပြည်ထောင်စနစ် (Unitary System)။ ဗဟိုအစိုးရတစ်ရပ်တည်းက အာဏာကို ချုပ်ကိုင်အုပ် ချုပ်သည့် စနစ်။
(၂) ဖက်ဒရယ်ပြည်ထောင်စုစနစ် (Federal Union System)။ ဗဟိုနှင့် ပြည်နယ်များအကြား အာဏာ၊ အခွန်နှင့် သယံဇာတများကို ဥပဒေနှင့်အညီ ခွဲဝေ ကျင့်သုံးသည့် စနစ်။
(၃) နိုင်ငံပေါင်းစုပြည်ထောင်စုစနစ် (Confederal System)။ လွတ်လပ်သော နိုင်ငံငယ်များ သို့မဟုတ် နယ်မြေများက အကျိုးတူ ပူးပေါင်းထားကြပြီး လိုအပ် ပါက ခွဲထွက်ခွင့်အထိ အပြည့်အဝ ရှိနေသည့်စနစ် တို့ဖြစ်ပါသည်။
အဆိုပါ စနစ် (၃) ခုအနက် တတိယမြောက်ဖြစ် သော ကွန်ဖက်ဒရေးရှင်းစနစ်သည် ယနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးစနစ်တွင် လက်တွေ့ကျင့်သုံးခြင်း မရှိ တော့ပေ။ သမိုင်းကြောင်းအရ အမေရိကန်ပြည် ထောင်စုအပါအဝင် နိုင်ငံပေါင်း (၃၀) နီးပါးခန့်က အတိတ်ကာလက ကျင့်သုံးဖူးသော်လည်း အများစုမှာ နောက်ဆုံးတွင် ခွဲထွက်ရေးဆီသို့သာ ဦးတည်သွား ကြသဖြင့် ယနေ့ခေတ် ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့် ဤစနစ်ကို လုံးဝလက်မခံကြတော့ခြင်းဖြစ်ပါသည်။
ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုသည် ပြည်နယ်များ ပါဝင်ဖွဲ့စည်းထားသော ဖက်ဒရယ် နိုင်ငံဖြစ်သော်လည်း ခြေဥအရ ခွဲထွက်ခွင့်ကို လုံးဝ ခွင့်မပြုထားပေ။ ထို့ပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ် နိုင်ငံ ဖြစ်လာသည်တိုင်အောင် နိုင်ငံတော်တည် ဆောက်ရေးတွင် တရားမျှတမှုထက် "အင်အား (Power)" ကိုသာ အဓိကအခြေပြု၍ တည်ဆောက် နေဆဲ ဖြစ်သည်ကိုတွေ့ရသည်။ ဗင်နီဇွဲလားနိုင်ငံ၏ ရေနံသိုက်များကိုကိုယ်ကျိုးအတွက် လွှမ်းမိုးရန် ကြိုး ပမ်းခြင်းနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းတို့မှာ နိုင်ငံတော်၏ အကျိုး စီးပွားအတွက် အင်အားကို အဓိကသုံးစွဲနေခြင်းပင် ဖြစ်သည်။ ထို့အတူ ရုရှားနိုင်ငံသည်လည်း ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေသည့်တိုင် အင်အားဖြင့် တိုင်းပြည်ကိုတည်ဆောက်ရန် လိုအပ် သောကြောင့် စစ်ပွဲများကို ယှဉ်နွှဲနေရဆဲ ဖြစ်ပါသည်။
ထို့ကြောင့် တိုင်းပြည်ကို တည်ဆောက်ရာတွင် အင် အားကိုအခြေခံပြီး အာဏာစက်နှင့် တည်ဆောက်ပြီး နောက်မှသာ တရားမျှတမှုကိုဖန်တီးလုပ်ဆောင်ကြ ရသည်ကို တွေ့ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လက်တွေ့ပကတိ အခြေအနေကို လေ့လာကြည့်လျှင် နိုင်ငံတကာက လက်မခံတော့ဘဲ ခွဲထွက်ရေးကိုသာ ဦးတည်စေတတ်သော ကွန်ဖက်ဒ ရေးရှင်းစနစ်ကို မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့ အစည်းအချို့က လိုလားတောင့်တနေကြသည်။ အထူးသဖြင့် အကြမ်းဖက် AA အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်က ရခိုင်ကို ကွန်ဖက်ဒရေးရှင်းစနစ် ကို လိုချင်ကြောင်း ထုတ်ပြောဖူးသည်။ AA ကဲ့သို့ ထုတ် မပြောကြသော်လည်း ကွန်ဖက်ဒရေးရှင်းပုံစံ ကျင့် သုံးနေသည့် UWSA (ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်) နှင့် NDAA (မိုင်းလားအဖွဲ့) တို့လည်းရှိနေသည်။
တစ်ဖန် UWSA ဝ နှင့် NDAA မိုင်းလားအဖွဲ့ တို့ကို အတုယူကာ MNDAA၊TNLA၊ KIAနှင့် AA တို့ကပါ မိမိတို့၏ သီးခြားအုပ်ချုပ်ရေးနယ်မြေများ ကိုတည်ထောင်ရန် ကြိုးပမ်းလာကြသည်မှာ ငြင်း မရ နိုင်သော အမှန်တရားပင် ဖြစ်သည်။ ပညာရှင်များ၏ အဆိုအရ ဖက်ဒရယ်စနစ်ဆိုသည်မှာ ပြည်နယ်များ ပူးပေါင်းထားသည့် "ပြည်နယ်ပေါင်းစု ပြည်ထောင်စု စနစ်" ဖြစ်ပြီး၊ ကွန်ဖက်ဒရေးရှင်းမှာမူ လွတ်လပ်သော နိုင်ငံငယ်များ စုစည်းထားသည့်ပုံစံနှင့်တူနေသဖြင့် "နိုင်ငံပေါင်းစု ပြည်ထောင်စုစနစ်"ဖြစ်သည်ဟုဆို ကြသည်။
ဖက်ဒရယ်စနစ်တွင် ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရများအကြား အောက်ပါအဓိက အချက် (၃) ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှင်းလင်းစွာ ခွဲဝေကျင့်သုံးကြရပါသည်။
(၁) Power Sharing (အာဏာကြီး (၃) ရပ် ခွဲဝေ ခြင်း)
(၂)Tax Sharing (အခွန်အခ ခွဲဝေကောက်ခံခြင်း)
(၃ ) Resource Sharing (သယံဇာတ ခွဲဝေခြင်း)
သို့သော် ဖက်ဒရယ်စနစ်တွင်ပင် ဗဟိုအစိုးရက မည် သည့်အခါမျှ လက်လွှတ်မခံဘဲ တင်းကျပ်စွာ ကိုင် တွယ်ရမည့် မဟာဗျူဟာကျသော ဌာနကြီး (၄) ခု လည်း ရှိပါသည်။ ၎င်းတို့မှာ-
(၁)National Defense/ Military (တပ်မတော် ဆိုင်ရာ ကာကွယ်ရေးကိစ္စရပ်များ (ပြည်ထောင်စု တပ်မတော် တစ်ခုတည်းသာ ရှိရမည်ဖြစ်ပြီး စင်ပြိုင် တပ်များ လုံးဝမရှိရပါ)
(၂) Foreign Affairs / Diplomacy (နိုင်ငံခြား ရေး နှင့် သံတမန်ရေးရာ ကိစ္စရပ်များ)
(၃) Currency & Monetary Policy (ဘဏ္ဍာ ရေး နှင့် ငွေကြေးမူဝါဒစနစ်များ)
(၄) Interstate Commerce & Federal Laws။ (ပြည်နယ်အချင်းချင်း ကူးသန်းရောင်းဝယ် ရေးနှင့် ပြည်ထောင်စု ဥပဒေပြုရေးလုပ်ငန်းများ)
ဤသို့ဆိုလျှင် လက်ရှိ မြန်မာနိုင်ငံ၏ လက်နက် ကိုင်အဖွဲ့အစည်းအချို့မှာမူ ကိုယ်ပိုင်တပ်များ ထူ ထောင်ထားကြရုံသာမက မိမိတို့ဆန္ဒရှိသလို အုပ်ချုပ် ရေး၊ တရားစီရင်ရေးတို့ကိုလုပ်ဆောင်နေကြသည်။ထိုနည်းတူ ပြည်ထောင်စုအစိုးရကို အခွန်ရော သယံ ဇာတပါ လုံးဝပေးအပ်ခြင်း မရှိကြပေ။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ မြေရှားသတ္တုတင်ပို့မှုသည် တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ သန်းရာချီ၍ ရရှိနေပါသည်။ ISP-Myanmar ၏ထုတ်ပြန်ချက်အရ (၂၀၂၅) ခုနှစ် ပထမ (၉) လအတွင်း တရုတ်နိုင်ငံသို့ မြေရှား တန်ချိန် (၂၈ယဝဝဝ) ကျော် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ (၆၂၄) သန်းနီးပါး ရရှိ ခဲ့သည်။
သို့သော် ဤဘဏ္ဍာငွေအမြောက်အမြားသည် နိုင်ငံတော်ဘဏ္ဍာတိုက်သို့ ရောက်ရှိမသွားဘဲ KIA/KIO နှင့် UWSA ကဲ့သို့သော ထိန်းချုပ်နယ် မြေရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်ဝယ်သို့ သာ ရောက်ရှိသွားခဲ့သည်။ ထိုသို့ရရှိလာသော ငွေ ကြေးများကို ပြည်သူလူထု၏ကျန်းမာရေး၊ ပညာရေး နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံး မပြုဘဲ ပြည်ထောင်စုအစိုးရကို ပြန်လည်တိုက်ခိုက် ရန် လက်နက်ခဲယမ်းများ ဝယ်ယူရာတွင်သာ အဓိက အသုံးပြုနေကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ဒေါက်တာ မတင်ဝင်း၏စာအုပ်အမည်တစ်ခုကို ငှား သုံး၍ ပြောရလျှင် "စစ်မီးမငြိမ်း မြက်မစိမ်းသည့်မြေ" အဖြစ်ရပ်တည်နေရသည်မှာ ဆယ်စုနှစ်များစွာ ကြာ မြင့်ခဲ့ရပြီဖြစ်ပါသည်။ ဤကဲ့သို့ EAOs များ လုပ်ချင် တာ လုပ်ခွင့်ရရေးသည် ၎င်းတို့ပြောသည့်တရား မျှတ မှုများ ဖြစ်နေမလားဟု စဉ်းစားစရာ ဖြစ်မိပါသည်။
သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs များ၏လိုလားချက်ကို အနှစ်ချုပ်ကောက် ချက်ချရလျှင်
(၁) EAOs များ လိုလားနေကြသည့် ကွန်ဖက်ဒရေး ရှင်းစနစ်သည် အချိန်အခါအရ နောင်တစ်ချိန်တွင် နိုင်ငံတော်မှ ခွဲထွက်ရန်အတွက် ခြေကုတ်ယူခြင်းသာ ဖြစ်ပေလိမ့်မည်။
(၂) ဤကဲ့သို့သော စနစ်မျိုးသည် တစ်ကမ္ဘာလုံးက လက်မခံနိုင်တော့ဘဲ ပြည်ထောင်စုပျက်သုဉ်းခြင်းကို ဖြစ်စေနိုင်သဖြင့် တရားဝင် တိုက်ခိုက်နှိမ်နင်းရန် လိုအပ်သော အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ် တစ်ခုဖြစ်လာပါသည်။
(၃) လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ စစ်ဘုရင် ဝါဒဆန်ဆန် လိုချင်သလို လုပ်ပိုင်ခွင့်ရရေးအတွက် မြန်မာလူငယ်များအနေဖြင့် PDF ကဲ့သို့သော လမ်း ကြောင်းများတွင် အသက်စွန့်ပေးနေရခြင်းမှာ လုံးဝ မဖြစ်သင့်၊ မဖြစ်ထိုက်သည့် ကိစ္စဖြစ်ပါပေသည်။ ထို့ ကြောင့် ၎င်းတို့လိုလားသည့် တရားမျှတမှုဟူသော တောင်းဆိုချက်များသည်လည်း ပြည်ထောင်စု ပြိုကွဲ သွားနိုင်သည်အထင် အန္တရာယ်ကြီးသည်ကို သတိပြု ရမည်ဖြစ်ပါသည်။
လူသားဆန်မှုနှင့် လူသားဝါဒအရ တရားမျှတမှု ကို မည်သူမဆို နှစ်သက်လိုလားကြသည်မှာ သဘာဝ ပင်ဖြစ်သည်။ သို့သော် State Building နှင့် Nat- ion Building လုပ်ငန်းစဉ်များကို တရားမျှတမှုဖြင့် အစ ပြုတည်ဆောက်၍ မရနိုင်သလို လွယ်လည်း မလွယ်လှပါ။ သမိုင်းတစ်လျှောက်တွင် မည်သည့် နိုင်ငံကိုမဆို အာဏာစက်နှင့် အင်အားကိုအခြေခံ၍ သာ တိုင်းပြည်ကို ဦးစွာတည်ဆောက်ခဲ့ကြရပါသည်။
သမိုင်းကြောင်းများကို ပြန်ကြည့်လျှင် မြန်မာ ပြည်မှ အနော်ရထား၊ ဘုရင့်နောင်၊ အလောင်းမင်း တရားတို့သည်လည်း အင်အားဖြင့် တိုင်းပြည်တည် ဆောက်ပြီးမှ တရားမျှတမှုကိုဖန်တီးပေးခဲ့ကြပါသည်။ ထိုနည်းတူ ကမ္ဘာ့သမိုင်းဝင် ခေါင်းဆောင်များဖြစ်ကြ သော အမေရိကန်မှ ဝါရှင်တန်နှင့် လင်ကွန်း၊ တရုတ် မှ မော်စီတုန်း၊ စင်ကာပူမှ လီကွမ်ယု၊ ရုရှားမှ ပူတင် အထိ အားလုံးသည် နိုင်ငံကို အင်အားဖြင့်သာ တည် ဆောက်ခဲ့ကြသည်ကိုတွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် (၁၅၃၂) ခုနှစ်တွင် အီတလီ စာရေး ဆရာ မက်ခ်ဗီလီယာ(Niccolò Machiavelli) ရေး သားခဲ့သည့် ရာဇောဝါဒကျမ်းတွင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများသည် တိုင်းပြည်ကောင်းကျိုးအတွက် ဆိုလျှင် မည်သည့်နည်းလမ်းကိုအသုံးပြုပါစေ၊ တိုင်း ပြည်ကောင်းမည်ဆိုလျှင် တရားမျှတမှုရှိသည်ဟု ဖော်ပြခဲ့ခြင်းမှာလည်း အင်အလားကိုအခြေခံ၍ နိုင်ငံ တည်ဆောက်ရေးကို ညွှန်ပြခဲ့ခြင်းပင် ဖြစ်ပါသည်။
သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံတွင် တရားမျှတမှု မလွဲမသွေ လိုအပ်သော်လည်း၊ ပထမဦးစွာ အင်အား ဖြင့် တိုင်းပြည်ကိုတည်ဆောက်ကာ တည်ငြိမ်အေး ချမ်းရေးကိုရယူရမည်ဖြစ်ပြီးမှသာ နိုင်ငံသားတစ် ဦးချင်းစီ၏ ရပိုင်ခွင့်များနှင့် တရားမျှတမှုများကို အဆင့်ဆင့် ဖန်တီးပေးခြင်းသည် အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံး နည်းလမ်းဖြစ်ပေလိမ့်မည်။ အကယ် ၍ ယခုလက်ရှိအခြေအနေတွင် EAOs များ တောင်း ဆိုနေသည့်အလွန်အမင်း လိုလားချက်များကိုသာ လိုက်လျောပေးမည်ဆိုပါက မြန်မာနိုင်ငံသည် မိဘ အမွေကို ခွဲဝေခံရသကဲ့သို့ ပြိုကွဲသွားနိုင်ပါသည်။ ယူဂိုဆလားဗီးယား ပြည်ထောင်စုကဲ့သို့လည်း ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် "အင်အားဖြင့် တည် ဆောက်မှုနောက်တွင် တရားမျှတမှုပါလာခြင်း"သာ လျှင် စစ်မှန်သော နိုင်ငံတော်တည်ဆောက်ရေး၏အကောင်းဆုံးနှင့် မှန်ကန်သောပုံစံဖြစ်သည်ကို အ များပြည်သူ နားလည်သဘောပေါက်ကြရန် လိုအပ် ပါသည်။
အချုပ်ဆိုလျှင် တိုင်းပြည်ကိုတည်ဆောက်ရာ တွင် တရားမျှတမှုသက်သက်ဖြင့် တိုင်းပြည်ကို အခြေ အမြစ်မှစပြီး တည်ဆောက်၍ မရနိုင်သကဲ့သို့၊ အင် အားသက်သက်ကိုသာ အလွန်အကျွံသုံးစွဲ၍ ဖိနှိပ် အုပ်ချုပ်နေခြင်းဖြင့်လည်း ရေရှည်တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီးကိုတည်ဆောက်နိုင်မည် မဟုတ် ပေ။ ထို့ကြောင့် တိုင်းပြည်ကို ဦးစွာခိုင်မာသော အင် အားဖြင့် တည်ငြိမ်အေးချမ်းအောင် တည်ဆောက်ပြီး မှသာလျှင် ပြည်သူတစ်ရပ်လုံးအတွက် တရားမျှတမှု နှင့် တန်းတူညီမျှမှု ရရှိခံစားရရှိနိုင်အောင် စီမံခန့်ခွဲ ပေးရမည်ဖြစ်ပါသည်။ သို့မှသာ နိုင်ငံတော်၏ အမျိုး သားရေးတာဝန်ဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ထာဝရ ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် စစ်မှန်စည်း ကမ်းပြည့်ဝသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ကြီးကို အခိုင်အမာ ဖော်ဆောင်နိုင်လိမ့်မည်ဖြစ် ကြောင်း အကြံပြုလိုက်ရပါသည်။
ကျမ်းကိုးကားစာရင်း

(၁) နွယ်သစ်၏ ကမ္ဘာကျော် စာအုပ် (၁၀ဝ)
(၂) ကျော်ဝင်း၏ တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံတည်ဆောက်ရေး
(၃) အတ္တကျော်၏ ဖက်ဒရယ်ဝါဒ မိတ်ဆက်

မူရင်းသတင်း — NP News