NP News

မရဏမြို့တော် သို့မဟုတ် ခေတ်ဟောင်းကမ္ဘာ၏ ရုပ်ကြွင်း (နိုင်ငံတကာ ဗဟုသုတ)

Pika(NP News) - အောက်တိုဘာလ ၁၅
မိုဟန်ဂျိုဒါရို သို့မဟုတ် လူသေများ၏တောင် ကုန်းဟုအမည်ပေးထားသည့်မြို့သည် ပါကစ္စတန် နိုင်ငံ ဆင်းဒ်ပြည်နယ် လာကာနာခရိုင်တွင်တည်ရှိပြီး လက်ရှိအချိန်တွင် ရှေးဟောင်းသုတေသီများက ပြန် လည်တူးဖော်မှုများလုပ်ဆောင်နေပြီဖြစ်ကာ လုံးဝ ပျက်သုဉ်းမသွားမီအချိန်အထိ အလွန်စည်ပင်သာယာခဲ့သောမြို့ပြကြီးတစ်ခုအဖြစ်လည်း နာမည်ကြီး သည်။ ဘီစီ(၂၅၀ဝ)ဝန်းကျင်ကတည်ဆောက်ခဲ့ သော မိုဟန်ဂျိုဒါရိုမြို့သည် ရှေးခေတ် အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှု၏ အကြီးမားဆုံးသော အခြေချနေထိုင် ရာနေရာများထဲမှတစ်ခုဖြစ်ပြီး ရှေးခေတ်အီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ မီနိုအန်၊ နော်တီချီကို ယဉ် ကျေးမှုများနှင့်ခေတ်ပြိုင်ဖြစ်သော ကမ္ဘာ့အစောဆုံး အဓိကမြို့ကြီးများထဲမှတစ်မြို့လည်းဖြစ်သည်။ မို ဟန်ဂျိုဒါရိုမြို့တွင် လူဦးရေ အနည်းဆုံး(၄)သောင်း ခန့်ရှိမည်ဟု သုတေသီများက ခန့်မှန်းထားကြပြီး ရာစုနှစ်ပေါင်းများစွာကြာအောင် ဖွံ့ဖြိုးတိုးတက်ခဲ့ သော်လည်း ဘီစီ(၁၇၀ဝ)ဝန်းကျင်တွင် အိန္ဒုမြစ် ဝှမ်းယဉ်ကျေးမှု၏ အခြားမြို့ကြီးများနှင့်အတူ စွန့် ပစ်ခံခဲ့ရသည်။ လုံးဝပျက်သုဉ်းသွားခဲ့သော မိုဟန်ဂျို ဒါရိုမြို့ကို (၁၉၂၀)ပြည့်နှစ်များတွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပြီး ယင်းအချိန်မှစတင်ကာ မြို့၏ နေရာအ တော်များများတွင် တူးဖော်မှုများလုပ်ဆောင်ခဲ့ပြီး (၁၉၈၀)ပြည့်နှစ်တွင် ကမ္ဘာ့အမွေအနှစ်နေရာတစ်ခု အဖြစ် ယူနက်စကိုအဖွဲ့က သတ်မှတ်ခဲ့ကြောင်းသိရ သည်။
ထို့ပြင် မိုဟန်ဂျိုဒါရိုမြို့သည် တောင်အာရှတွင် ယူနက်စကိုနေရာအဖြစ်သတ်မှတ်ခံခဲ့ရသည့် ပထမ ဆုံးနေရာတစ်ခုလည်းဖြစ်ကာ လက်ရှိအချိန်တွင် ယင်းနေရာမှာ မြေဆီလွှာတိုက်စားမှုနှင့် သင့်လျော် မှုမရှိသော ပြန်လည်ပြုပြင် ထိန်းသိမ်းမှုများကြောင့် ထိခိုက်ပျက်စီးနိုင်ခြေရှိနေကြောင်းသိရသည်။ မို ဟန်ဂျိုဒါရိုဆိုသည့်နာမည်မှာ နောက်ပိုင်း ခေတ် သစ်အချိန်တွင်ပေးခဲ့သည့်အမည်တစ်ခုဖြစ်ပြီး မြို့ ၏ မူလအမည်အရင်းကိုမူ လက်ရှိအချိန်အထိ သိရှိရခြင်းမျိုးမရှိသေးကြောင်းလည်းသိရသည်။သို့ သော်လည်း မြို့တွင်တွေ့ရှိခဲ့သော တံဆိပ်တစ်ခုကို လေ့လာဆန်းစစ်ချက်အပေါ်အခြေခံပြီး အမည်အ ရင်းမှာ ကူကူတာမာဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆို ထားမှုများလည်းရှိသည်။ ထို့ပြင် ကြက်တိုက်ပွဲများ က မိုဟန်ဂျိုဒါရိုမြို့အတွက် ဘာသာရေးနှင့်ထုံးတမ်း စဉ်လာဆိုင်ရာအရေးပါမှုများဖြစ်နိုင်ခဲ့ပြီး အာဖရိက၊ အနောက်အာရှ၊ ဥရောပနှင့် အမေရိကတိုက်တို့တွင် တွေ့ရှိရသော အိမ်မွေးကြက်မျိုးကွဲများ စတင်ပျံ့နှံ့ ရာဗဟိုချက်နေရာတစ်ခုလည်း ဖြစ်နိုင်ခဲ့ဖွယ်ရှိ ကြောင်းသိရသည်။ မိုဟန်ဂျိုဒါရိုဆိုသည့် ခေတ်သစ် အမည်မှာ ဆင်ဒီဘာသာစကားတွင် လူသေများ၏တောင်ကုန်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်းသိရ သည်။
ပြန်လည်ရှာဖွေတွေ့ရှိခြင်းနှင့် တူးဖော်ခြင်း
အိန္ဒိယရှေးဟောင်းသုတေသနဌာနမှအရာရှိတစ်ဦးဖြစ်သူ R. D. Banerji က(၁၉၁၉-၁၉၂၀)ပြည့်နှစ်များတွင် မိုဟန်ဂျိုဒါရိုမြို့နစ်မြုပ်နေသည့် နေရာသို့ သွားရောက်လေ့လာရာမှ မြို့ကို စတင် ရှာ ဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် R. D. Banerji က ဗုဒ္ဓစေတီတော်တစ်ဆူ(ဘီစီ ၁၅၀-၅၀ဝ)ခန့်ကာလဟုယူဆရသောအဆောက်အအုံကို တွေ့ရှိ ခဲ့သလို ကျောက်ခေတ်ကိရိယာတစ်ခုကိုလည်း ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ယင်းနေရာက ရှေးဟောင်းသမိုင်း ဝင်နေရာတစ်ခုဖြစ်နိုင်သည်ဟု စတင် ယုံကြည်လာခဲ့ ခြင်းဖြစ်သည်။ အဆိုပါတွေ့ရှိမှုများကြောင့် (၁၉၂၄-၁၉၂၅)ခုနှစ်တွင် Kashinath Dikshit နှင့် (၁၉၂၅ -၁၉၂၆)ခုနှစ်တွင် John Marshall တို့၏ဦးဆောင် မှုဖြင့် မိုဟန်ဂျိုဒါရိုမြို့ကို ကြီးမားကျယ်ပြန့်သည့်တူးဖော်မှုများလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ (၁၉၃၀)ပြည့်နှစ်များအတွင်း Marshall ၊ D. K. Dikshitar နှင့် Ernest Mackay တို့၏ ဦးဆောင်မှု ဖြင့် ယင်းနေရာတွင် အဓိကတူးဖော်မှုများကို ဆက် လက်လုပ်ဆောင်ခဲ့ကြပြီး (၁၉၄၅)ခုနှစ်တွင် Mor­timer Wheeler နှင့် ၎င်း၏သင်တန်းသားများဖြစ်ကြ သော Ahmad Dani နှင့် F. A. Khan တို့က တူး ဖော်မှုများကို ထပ်မံ လုပ်ဆောင်ခဲ့ကြကြောင်းသိရ သည်။
ထို့နောက် နောက်ဆုံးအကြိမ်တူးဖော်မှုများကို (၁၉၆၄)ခုနှစ်နှင့် (၁၉၆၅)ခုနှစ်တို့တွင် George Dales ကဦးဆောင်ခဲ့ပြီး (၁၉၆၅)ခုနှစ်နောက်ပိုင်း တွင် မြေပေါ်သို့ပေါ်ထွက်လာပြီဖြစ်သော ရှေးဟောင်း အဆောက်အအုံများမှာ ရာသီဥတုဒဏ်ကြောင့် ပျက် စီးယိုယွင်းမှုများကိုကြုံတွေ့ခဲ့ရပြီးနောက် တူးဖော်ရေး လုပ်ငန်းများအားလုံးကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရသည်။ အဆိုပါအချိန်မှစတင်ပြီး ယင်းနေရာတွင် ခွင့်ပြုခဲ့သောလုပ်ငန်းများမှာ အရေးပေါ်ထိန်းသိမ်းရေး ဆိုင်ရာတူးဖော်မှုများ၊ မြေပြင်အခြေအနေ လေ့လာ စစ်ဆေးမှုများနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ် ငန်းတို့သာဖြစ်ကြောင်းလည်းသိရသည်။
(၁၉၈၀)ပြည့်နှစ်များအတွင်း Michael Jan­sen နှင့် Maurizio Tosi တို့ဦးဆောင်သော ဂျာမန် နှင့်အီတလီ လေ့လာရေးအဖွဲ့များသည် မိုဟန်ဂျိုဒါရို နှင့်ပတ်သက်သည့်အချက်အလက်များကို ထပ်မံရယူ ရန်အတွက် ဗိသုကာဆိုင်ရာမှတ်တမ်းပြုစုခြင်း၊ မြေ ပြင်အခြေအနေ လေ့လာစစ်ဆေးခြင်းနှင့် သတ်မှတ် နေရာအချို့တွင် မြေအောက်အခြေအနေ စမ်းသပ်စစ် ဆေးခြင်းတို့ကဲ့သို့သော ရှေးဟောင်းသုတေသနဆိုင် ရာနည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ ထို့နောက် (၂၀၁၅)ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၏ မိုဟန်ဂျိုဒါရို ဆိုင်ရာ အမျိုးသားရန်ပုံငွေအဖွဲ့ကပြုလုပ်ခဲ့သည့် ခြောက်သွေ့သောနမူနာမြေသားတူးဖော်မှုတစ်ခုအရ အဆိုပါရှေးဟောင်းမြို့တော်မှာ လက်ရှိတူးဖော်ထားပြီးပြီဖြစ်သောဧရိယာများထက် ပိုမိုကျယ်ဝန်းသည်ကို လေ့လာတွေ့ရှိခဲ့ကြသည်။

ဗိသုကာပညာနှင့် မြို့ ပြအခြေခံအဆောက်အအုံများ

မိုဟန်ဂျိုဒါရိုမြို့သည် ဇယားကွက်ပုံစံအတိုင်း ဖြောင့်တန်းသောလမ်းကြောင်းများဖြင့် တည်ဆောက် ထားသည့် စနစ်တကျစီစဉ်ထားသော မြို့ပြပုံစံမျိုးဖြစ် သည်။ အဆောက်အအုံအများစုကို မီးဖုတ်ထားသော အုတ်ဖြင့်တည်ဆောက်ထားပြီး အချို့အဆောက် အအုံများတွင် နေရောင်ခြည်ဖြင့် အခြောက်ခံထား သော ရွှံ့အုတ်များ၊ သစ်သားများဖြင့် ပြုလုပ်ထားသော အပေါ်ထပ်အဆောက်အအုံ အစိတ်အပိုင်းများပါဝင် ကြောင်းသိရသည်။ ထို့ပြင် မိုဟန်ဂျိုဒါရိုမြို့၏ စုစု ပေါင်းဧရိယာမှာ မြေဟက်တာ(၃၀ဝ)ခန့်ရှိနိုင်ကြောင်း သုတေသီများက ခန့်မှန်းထားကြကြောင်းလည်း သိရ သည်။ မိုဟန်ဂျိုဒါရိုမြို့၏ ကြီးမားကျယ်ပြန့်သော အရွယ်အစားနှင့် အများပြည်သူဆိုင်ရာ အဆောက် အအုံများ၊ အထောက်အကူပြု အဆောက်အအုံများ ပါဝင်တည်ရှိနေခြင်းတို့က မြင့်မားသောလူမှုအဖွဲ့အ စည်းဆိုင်ရာ စနစ်တကျဖွဲ့စည်းပုံရှိခဲ့ကြောင်းကို òန် ပြနေခြင်းမျိုးလည်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။
မိုဟန်ဂျိုဒါရိုမြို့ကို Citadel(ခံတပ်ကုန်းမြင့်) နှင့် Lower City(မြို့အောက်ပိုင်း)ဟူ၍ အပိုင်းနှစ် ပိုင်းခွဲခြားထားပြီး Citadel ဟုခေါ်သော ရွှံ့အုတ် ဖြင့်ပြုလုပ်ထားသည့် အမြင့်(၁၂)မီတာခန့်ရှိသည့် ကုန်းမြင့်ပေါ်တွင် အများပြည်သူသုံး ရေချိုးကန်များ၊ မြို့သူမြို့သား(၅၀ဝဝ)ခန့်နေထိုင်ရန်ဒီဇိုင်းထုတ်ထား သည့် ကြီးမားသောလူနေအဆောက်အအုံနှင့် ကြီး မားသော စုဝေးရာခန်းမကြီးနှစ်ခုတို့ရှိခဲ့ကြောင်း သု တေသီများက‌ပြောကြားထားသည်။ ထို့ပြင် မိုဟန်ဂျိုဒါ ရိုမြို့တွင် ကြီးမားသည့်ရေတွင်းကြီးတစ်ခုပါဝင်သော ဗဟိုဈေးတစ်ခုရှိခဲ့ပြီး တစ်အိမ်ချင်းစီ သို့မဟုတ် အိမ် အုပ်စုများအနေဖြင့် သေးငယ်သောရေတွင်းများမှရေ ကို ရယူသုံးစွဲကြကြောင်းသိရသည်။ ရေဆိုးများကို မြို့တွင်းရှိလမ်းမကြီးတစ်လျှောက်တွင်ရှိသော အဖုံးပါသည့်မြေအောက်ရေမြောင်းများမှတစ်ဆင့် စီးဆင်း စေသည့်နည်းလမ်းကိုအသုံးပြုခဲ့ခြင်းကလည်း မိုဟန် ဂျိုဒါရိုမြို့က စနစ်တကျနှင့် စည်ပင်သာယာသောရှေး ဟောင်းမြို့တော်ကြီးဖြစ်ခဲ့သည်ဆိုသည့်အချက်ကို ပို မိုထင်ရှားစေခဲ့သည်။ တူးဖော်မှုများအတွင်း ကြီးမား သောနန်းတော်များ၊ ဘုရင်ရုပ်တုများ သို့မဟုတ် စစ် မက်ပြုသည့်လက်နက်ကိရိယာအမြောက်အမြား မတွေ့ရခြင်းတို့ကြောင့် မိုဟန်ဂျိုဒါရိုမြို့သည် အာ ဏာရှင်စနစ်မဟုတ်ဘဲ တန်းတူညီမျှမှုရှိသော စည် ပင်သာယာစနစ်ဖြင့်နေထိုင်ခဲ့ကြသည်ဟု ယူဆမှုများ လည်းရှိနေသည်။
ရေပေးဝေရေးစနစ်နှင့် ရေတွင်းများ
မိုဟန်ဂျိုဒါရိုမြို့သည် အချိန်တိုအတွင်းတည် ဆောက်ခဲ့သည့်မြို့တစ်မြို့ဖြစ်နိုင်ပြီး ရေပေးဝေရေး စနစ်များနှင့် ရေတွင်းများသည် အစောဆုံးစီမံရေးဆွဲ တည်ဆောက်ခဲ့သည့် အရာများထဲတွင်ပါဝင်နိုင်ဖွယ် ရှိနေသည်။ လက်ရှိအချိန်အထိပြုလုပ်ခဲ့သော တူး ဖော်မှုများအရ မိုဟန်ဂျိုဒါရိုတွင် ရေနုတ်မြောင်းစနစ် များနှင့် ရေချိုခန်းစနစ်များအပြင် ရေတွင်းပေါင်း (၇၀ဝ)ကျော်ကို ရှာဖွေတွေ့ရှိထားကြောင်းသိရသည်။အဆိုပါခေတ်ကာလအတွင်း အခြားသော ယဉ် ကျေးမှုထွန်းကားရာဒေသများဖြစ်သည့် အီဂျစ် သို့ မဟုတ် မက်ဆိုပိုတေးမီးယားတို့နှင့် နှိုင်းယှဉ်ကြည့် လျှင် မိုဟန်ဂျိုဒါရိုမြို့တွင်ရှိသော ရေတွင်းအရေအ တွက် ပမာဏမှာ အလွန်များပြားနေပြီး တွက်ချက်မှု များအရ အိမ်တစ်အိမ်လျှင်ရေတွင်းတစ်တွင်းနှုန်းစီရှိနေကြောင်းသိရသည်။ ထို့ပြင် အဆောက်အအုံ များမှစွန့်ထုတ်သောရေဆိုးများနှင့် အညစ်အကြေး များမှာ မြို့တွင်းလမ်းမများတစ်လျှောက် တည် ဆောက်ထားသောရေနုတ်မြောင်းများမှတစ်ဆင့် စီးဆင်းခဲ့ကြပြီး ယင်းမြောင်းများက အိန္ဒုမြစ်နှင့် တိုက်ရိုက်ဆက်ထားဖွယ်ရှိကြောင်း သုတေသီများ က ခန့်မှန်းထားကြသည်။
မြို့ ပျက်သုဉ်းရခြင်း အကြောင်းရင်းသုံးသပ်ချက်များ
မိုဟန်ဂျိုဒါရိုမြို့ ပျက်သုဉ်းသွားရသည့်အ ကြောင်းရင်းမှာ နောက်ဆုံးဖြစ်ပွားခဲ့သော ရေကြီးမှု များအပြီးတွင် ရွှံ့နွံများနှင့်ဖုံးလွှမ်းသွားခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရှေးဟောင်း သုတေသနပညာရှင် အချို့ကယုံကြည်ခဲ့ကြသည်။ သို့သော်လည်း ရေ ကြီးမှုများက မြေယာကို အလွန်အကျွံအသုံးပြုခြင်း နှင့် တိုးချဲ့ခြင်းတို့ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းမျိုးဖြစ်ပြီး ရွှံ့နွံများပါဝင်သောရေကြီးမှုက မိုဟန်ဂျိုဒါရိုမြို့ကို ပျက်သုဉ်းသွားစေသည့် အကြောင်းရင်းတစ်ခုမ ဟုတ်ကြောင်းပြောဆိုခဲ့သည့် သုတေသနပညာရှင် များလည်းရှိခဲ့သည်။ အဆိုပါအချက်များထက် တစ်နှစ်ပတ်လုံး အဆက်မပြတ်ဖြစ်ပေါ်နေသော ရေကြီးမှုအသေးစားများ၊ သီးနှံစိုက်ပျိုးခြင်းနှင့် ကျွဲ နွားစားကျက်ပြုလုပ်ခြင်းတို့ကြောင့် မြေဆီလွှာကုန် ခန်းလာခြင်း၊ အုတ်နှင့်မြေထည်ပစ္စည်းများအတွက် သယံဇာတများ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းတို့ ပေါင်းစည်းသွားခြင်းကသာ မိုဟန်ဂျိုဒါရိုမြို့ ပျက် သုဉ်းသွားရခြင်း၏အကြောင်းအရင်းဖြစ်နိုင် ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ လက်ရှိ အချိန်တွင် မြေဆီလွှာတိုက်စားခြင်းနှင့် ရာသီဥတု ဒဏ်တို့ကြောင့် မိုဟန်ဂျိုဒါရိုမြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံများမှာ ပြိုကျပျက်စီးနိုင်မည့်အန္တ ရာယ်များနှင့်ရင်ဆိုင်နေရပြီး ထိန်းသိမ်းမှုများကို အထူးလုပ်ဆောင်ရန် လိုအပ်နေကြောင်းလည်းသိ ရသည်။လွန်ခဲ့သည့်ဘီစီ(၂၅၀ဝ)ခန့်တည်းက အင် ဂျင်နီယာပညာရပ်နှင့် သန့်ရှင်းရေးစနစ်များ အလွန် မြင့်မားခဲ့သည့် စည်ပင်သာယာသောမြို့ကြီးတစ်မြို့ က သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ပျက်စီးခဲ့ ရသည်ဆိုသည့်သာဓကမှာ ယနေ့ခေတ် လူသား များအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး က အလွန်အရေးကြီးသည်ဆိုသည့် သင်ခန်းစာ ကြီးတစ်ခုကို ပြသနေခြင်းမျိုးလည်းဖြစ်သည်။

မူရင်းသတင်း — NP News