Htay Oung (NP News) - အောက်တိုဘာလ ၁၅
တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာ ဗုံး ကြဲတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ ပြောဆိုသံတွေဟာ မကြာသေးခင်က စတင်ကြားသိ လာရပြီး ယခုရက်ပိုင်း ပိုမိုကျယ်လောင်လာတယ်။ သွေးတွေ၊ မျက်ရည်တွေ၊ ထိခိုက်သေကျေပျက်စီးမှု တွေကိုဖြစ်ပေါ်စေတဲ့ စစ်ဆိုတာ မကောင်းပါဘူး၊။ ကြို ဆို၊ ရွေးချယ်သင့်တဲ့ခေါင်းစဉ်တွေမှာ စစ်ပွဲဆိုတာ မပါဝင်သင့်ပါဘူး၊ အရပ်သားတွေကို ပစ်မှတ်ထားတာ၊ စစ်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေမှာ ဗုံးကြဲတာဟာ အ လွန်ဆိုးရွားပြင်းထန်တဲ့ စစ်ရာဇဝတ်မှုဖြစ်ကြောင်း သေချာပါတယ်။ မှန်ကန်တဲ့လုပ်ရပ်လို့ ဘယ်လိုမှ မပြောနိုင်ပါဘူး။
ဒါပေမဲ့ "အရပ်သား"လို့ပြောတိုင်း၊ ရေး တိုင်း အမှန်တကယ် တရားဝင်ဖြစ်မသွားပါ။ အရပ် သား၊ ပါဝင်တိုက်ခိုက်သူ(စစ်သား)၊ စစ်ရေးပစ်မှတ်၊ ဆေးရုံ၊ စာသင်ကျောင်းဆိုတာ ဂျီနီဗာကွန်ဗင်းရှင်း၊ နိုင်ငံတကာတရားဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီအဖွဲ့ကြီးတို့လို နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့ကြီးတွေမှာ ရှင်းလင်းပြတ်သားစွာ အဓိပ္ပာယ်ဖွင့် ဆိုချက်တွေရှိနေပါတယ်။ အဲဒါတွေကို အထိုက်အ လျောက်သိထားရင် မလိုအပ်ဘဲ ထိခိုက်ပျက်စီးမှုတွေ ကိုရှောင်ရှားနိုင်ပါလိမ့်မယ်။ "ရန်လိုပဋိက္ခဖြစ်ပွားရာ နယ်မြေ"အဖြစ်သတ်မှတ်ခံရခြင်းတွေကို လျှော့ချနိုင် ပါလိမ့်မယ်။ ဒီအတွက် စစ်ရေးပစ်မှတ်၊ အရပ်သား၊ ပါဝင်တိုက်ခိုက်သူ(စစ်သား)တို့နဲ့ပတ်သက်ပြီး အများ လက်ခံထားတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အကျဉ်းသ ဘောလောက် အရင်ဆုံးပြောရလိမ့်မယ်။
နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law - IHL) ပါအဓိပ္ပာယ်ဖွင့်ဆိုချက်အရ "စစ်ရေးပစ်မှတ်" (Military Objective)ဆိုရာမှာ "သက်မဲ့-သက်ရှိ"နှစ် မျိုးစလုံးဖြစ်နိုင်တယ်။ ရန်သူ့ဌာနချုပ်၊ လက်နက် တိုက်၊ စစ်ရေးမှာအသုံးပြုနေတဲ့ ယာဉ်၊ တံတား စ တာတို့ဟာ "သက်မဲ့စစ်ရေးပစ်မှတ်"ဖြစ်တယ်။
ရန်သူ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ စစ် ဘက်ခေါင်းဆောင်တွေဟာ သက်ရှိစစ်ရေးပစ်မှတ် တွေဖြစ်တယ်။ ရန်လိုပဋိပက္ခမှာ တိုက်ရိုက်ပါဝင်နေ သူတွေဟာ စစ်မက်အတွင်း ပစ်မှတ်ထားခံရလိမ့်မယ်။ ရန်သူ့ဘက်သားဖြစ်ကြောင်း ယူနီဖောင်း၊ အမှတ်အ သားတစ်ခုခုကို ဝတ်ဆင် အသုံးပြုသူတွေနဲ့ ပြည်သူ့ စစ်တွေ-ဗော်လံတီယာတွေလည်း အကျုံးဝင်တယ်။
"သက်ရှိ စစ်ရေးပစ်မှတ်"ဆိုတာ ရန်သူ ခေါင်းဆောင် ဦးဖြူ-ဦးနီ၊ သူလျှိုမောင်မဲ၊ ထောက်ပို့ မောင်ညို စသူတို့ဖြစ်တယ်။ ဘယ်သူဘယ်ဝါဆိုတာ ကာယကံရှင်က အတိအကျသတ်မှတ်ထားတာရှိ တယ်။ ဥပမာ အမေရိကန်စစ်တပ်အတွက် အယ်လ် ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်နဲ့ ၉/၁၁ ကို အမိန့်ပေးခဲ့သူတွေ၊ အမေရိကန်နိုင်ငံတော်နဲ့ မဟာ မိတ်တိုင်းပြည်တို့ရဲ့အကျိုးစီးပွားကို အကြမ်းဖက်ဖျက် ဆီးသူအစွန်းရောက်တွေဟာ ဘယ်နေရာသွားသွား ]သက်ရှိစစ်ရေးပစ်မှတ်} ဖြစ်တယ်။ သူတို့အသုံးပြု၊ (ယာယီဖြစ်စေ)ခိုလှုံနေတဲ့ ဘယ်လိုအဆောက်အအုံ မဆိုနဲ့ ယာဉ်-ရထားတွေဟာ "သက်မဲ့စစ်ရေးပစ်မှတ်"ဖြစ်နေပါတယ်။
သက်မဲ့စစ်ရေးပစ်မှတ်တွေမှာ တစ်နေရာ တည်းမှာ မရွှေ့မပြောင်းဖြစ်နိုင်ပေမယ့် သက်ရှိပစ် မှတ်တွေကတော့ နေရာရွှေ့ပြောင်းနေနိုင်ပြီး တိုက်ပွဲ ဖြစ်ပွားရာဇုန်ပြင်ပမှာ ရောက်ရှိနေနိုင်တယ်။ အဲဒီအ ခါ ၎င်းတို့ရဲ့ စစ်ဘက်ဆိုင်ရာအရေးပါမှုနဲ့ ၎င်းကို ဖျက်ဆီး၊ သိမ်းပိုက်၊ ပိတ်ပင်ခဲ့ရင် သတ်မှတ်ထားတဲ့ စစ်ရေးအကျိုးအမြတ်ရရှိနိုင်တဲ့အခါ ပစ်မှတ်အဖြစ် ဆက်လက်တည်ရှိနေနိုင်တယ်။ တိုတိုရှင်းရှင်းပြောရ လျှင် သက်ရှိစစ်ရေးပစ်မှတ်တွေကို တိုက်ပွဲဖြစ်ပွား ခြင်းမရှိတဲ့နေရာတွေအထိ လိုက်လံချေမှုန်းလိမ့်မယ်။
သက်ရှိပုဂ္ဂိုလ်တွေလို့ဆိုရာမှာ "စစ်ရေး ပစ်မှတ်"လို့ အားလုံးကို သိမ်းကျုံးသတ်မှတ်လို့မရပါ။ IHL အရ ပါဝင်တိုက်ခိုက်သူ(Combatant)နဲ့ အ ရပ်သား(Civilian)ခွဲခြားထားပြီး ဂျီနီဗာကွန်ဗင်းရှင်း ပရိုတိုကောမှာလည်း ပြဋ္ဌာန်းထားပါတယ်။ စစ်တပ်အ ဖွဲ့ဝင်တွေ၊ အဖွဲ့အစည်းတစ်ခုရဲ့ စဉ်ဆက်မပြတ်တိုက် ပွဲဝင်တာဝန်(Continuous combat function)ထမ်းဆောင်သူတွေဟာ ပစ်မှတ်ပုဂ္ဂိုလ်တွေဖြစ်နိုင်ပါ တယ်။ အရပ်သားတစ်ဦးအနေနဲ့ ရန်လိုပဋိပက္ခမှာ ကိုယ်ထိလက်ရောက်ပါဝင်နေစဉ် သာမန်လူသားတစ် ဦးနဲ့ပတ်သက်တဲ့ ရပိုင်ခွင့်တွေဆုံးရှုံးသွားတယ်။ (ဆို လိုတာက အရပ်သားဆိုပေမယ့် စစ်ရေးကိစ္စမှာ ကိုယ် ထိလက်ရောက်ပါဝင်နေခိုက် သူဟာ ချေမှုန်းခံရနိုင် ခြေရှိတယ်)
"ပါဝင်တိုက်ခိုက်သူ"ဆိုတာ ဂျီနီဗာ ကွန် ဗင်းရှင်းပရိုတိုကော(၁) အပိုဒ်(၄၃)အရ လက်နက် ကိုင်တပ်ဖွဲ့ဝင်တွေ၊ ရန်လိုပဋိပက္ခမှာပါဝင်နေတဲ့အဖွဲ့ အစည်းတစ်ခုရဲ့ လက်နက်ကိုင်တပ်၊ အဖွဲ့တွေနဲ့ ယူ နစ်တွေ အားလုံးပါဝင်ပါတယ်။ ဒီလိုလူတွေဟာ လက် နက်ကိုင်ပဋိပက္ခမှာဖမ်းဆီးမိရင် Prisoner of War စစ်သုံ့ပန်း၊ စစ်အကျဉ်းသား(POW)အဖြစ် အကာ အကွယ်တွေရရှိတယ်။
ပါဝင်တိုက်ခိုက်သူ(စစ်သား)ဆိုရာမှာ လိုက်နာရမယ့်သတ်မှတ်ချက်နဲ့ တာဝန်တွေရှိတယ်။ အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခတွေမှာ ပုံမှန်စစ်တပ်တွေအတွက် ယူနီဖောင်းဝတ်ဖို့ လိုအပ် တယ်။ ဒါပေမဲ့ ဥပဒေအရအတိအကျဆိုရင်တော့ "ဝတ်စုံ ယူနီဖောင်း"မဟုတ်ဘဲ "အဝေးမှမှတ်သားမိနိုင် တဲ့ ပုံသေ သီးသန့်အမှတ်အသား" ဖြစ်တယ်။ စစ်တပ် ဝတ်စုံအပြည့်အစုံလို့ အတိအကျမဆိုလိုပါဘူး။ ခေါင်းဆောင်း၊ လက်မောင်းအမှတ်အသား (armband)စတဲ့ တစ်စိတ်တစ်ပိုင်းအမှတ်အသားလည်း ဖြစ်နိုင်ပြီး အရောင်၊ အရွယ်အစား သတ်မှတ်ချက်မရှိ ပါ။ ဒါပေမဲ့ အဲဒီအမှတ်အသားဟာ လွယ်လွယ်နဲ့ဖြုတ် ပစ်လို့မရတဲ့ "ပုံသေ"ဖြစ်ရမယ်။ ပုံမှန် စစ်တပ်အဖွဲ့ဝင် တွေအတွက်တော့ ယူနီဖောင်းဝတ်ဆင်ဖို့ဆိုတာ နိုင်ငံ တကာလက်တွေ့ကျင့်သုံးနေတဲ့ ထုံးတမ်းစဉ်လာဖြစ် တယ်။
ဂျီနီဗာကွန်ဗင်းရှင်း တတိယစာချုပ်(GC III)အရ အစိုးရစစ်တပ်အဖွဲ့ဝင်မဟုတ်တဲ့ ပြည်သူ့ စစ် သို့မဟုတ် စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်တွေဟာ အချက်(၄)ချက်နဲ့ညီရင် တရားဝင်တိုက်ခိုက်ရေး သမား(Lawful combatant)အဖြစ် သတ်မှတ်ခံရ တယ်။ (၁) တာဝန်ခံအကြီးအကဲတစ်ဦးရဲ့ ကွပ်ကဲမှု အောက်မှာရှိခြင်း၊ (၂) အဝေးမှ သိသာမှတ်သားနိုင်တဲ့ ပုံသေသီးသန့်အမှတ်အသား(fixed distinctive sign) ဝတ်ဆင်ထားခြင်း၊ (၃) လက်နက်ကို ပွင့်လင်း မြင်သာစွာကိုင်ဆောင်ထားခြင်း၊ (၄) စစ်ပွဲဆိုင်ရာ ဥပဒေတွေနဲ့အညီ စစ်ဆင်ရေးများလုပ်ဆောင်ခြင်း တို့ဖြစ်တယ်။
အရပ်သားဝတ်စုံနဲ့တိုက်ခိုက်တာ၊ ဒါမှမ ဟုတ် တိုက်ပွဲအတွင်းမှာ အမှတ်အသားတွေဖျောက် ထားတာဟာ ဥပဒေအရ ဆိုးကျိုး ကြီးကြီးမားမားခံစား ရနိုင်ပါတယ်။ ဒီလိုလူမျိုးကို "တရားမဝင် တိုက်ခိုက် ရေးသမား(Unlawful Com batant)"လို့ သတ် မှတ်တယ်။ အဓိကဆိုးကျိုးကတော့ စစ်အကျဉ်းသား (POW)အဖြစ် အသိအမှတ်ပြုခံရမှု ဆုံးရှုံးတာပါပဲ။ POW တွေဟာ ရန်သူ့လက်ထဲရောက်သွားရင် အထူး အကာအကွယ်တွေရရှိပေမယ့် တရားမဝင်တိုက်ခိုက် ရေးသမားတွေကတော့ အဲဒီအကာအကွယ်တွေ မရရှိ နိုင်ပါဘူး။
သူတို့ဟာ ရန်သူ့စစ်သားတွေကို သတ်တာ၊ အဆောက်အအုံတွေမီးရှို့မူတွေအတွက် ဖမ်းဆီးထား တဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ပြည်တွင်းရာဇဝတ်ဥပဒေအ ရ လုယက်၊ ဓားပြတိုက်၊ လူသတ်မှု စတဲ့ သာမန်ရာဇ ဝတ်မှုတွေနဲ့ တရားစွဲဆိုခံရနိုင်ပါတယ်။ ဒီအခြေအ နေဟာ နိုင်ငံတကာလက်နက်ကိုင်ပဋိပက္ခ (International armed conflict)တွေအတွက် အဓိကသက် ဆိုင်တယ်ဆိုပေမယ့် ပြည်တွင်းစစ်တွေမှာလည်း အ လားတူအခြေအနေမျိုးဖြစ်ပေါ်နိုင်တယ်။ အရေးကြီး ဆုံးက ရန်သူ့တပ်ဖွဲ့ဝင်လိုဟန်ဆောင်ပြီး အရပ်သား အဖြစ် အသွင်ယူတိုက်ခိုက်တာဟာ "လှည့်စားမှုဖြင့် အကာအကွယ်ရပိုင်ခွင့်ကို အသုံးချတိုက်ခိုက်ခြင်း" ဖြစ်တဲ့ Perfidy "ဖောက်လှဲဖောက်ပြန်ပြုလုပ်ရာ ရောက်ရှိတယ်"လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအ ဖွဲ့ကြီးကအဓိပ္ပာယ်ဖွင့်ဆိုတယ်။ သူတို့ကို လက်ရ ဖမ်း ဆီးရမိလျှင် စစ်တရားရုံးက အကျဉ်းနည်းနဲ့ အတိုချုပ် စစ်ဆေးပြီး ငြိမ်ဝပ်ပိပြားရေးနဲ့ တရားဥပဒေစိုးမိုးမှု တည်ဆောက်ရေးကို ကာကွယ်စောင့်ရှောက်တဲ့အနေ နဲ့ အဆုံးစီရင်ကွပ်မျက်ခွင့်ရှိတယ်။
ပရိုတိုကော(၁) အပိုဒ်(၅၀)အရ တိုက် ခိုက်ရေးသမားမဟုတ်သူအားလုံး၊ ဂျီနီဗာကွန်ဗင်းရှင်း တတိယစာချုပ် သက်ဆိုင်ရာစာပိုဒ်မှာ ဖော်ပြထားတဲ့ အုပ်စုဝင်မဟုတ်သူတွေဟာ အရပ်သားဖြစ်တယ်။ အ ပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီးကတော့ အရပ် သား ဟုတ် မဟုတ် သံသယရှိသူတစ်ဦးကို အရပ်သား အဖြစ်သတ်မှတ်တယ်။
ဒီနေရာမှာ အလွန်အရေးကြီးတဲ့ ကန့်သတ် ချက်က ဂျီနီဗာကွန်ဗင်းရှင်းဆိုတာကြီး ထည့်ပြောနေ ပေမယ့် အဲဒီသဘောတူညီချက်ဟာ တိုင်းပြည်အချင်း ချင်း လက်နက်ကိုင်ပဋိပက္ခ International Armed Conflict(IAC) ဖြစ်တယ်။ လက်ရှိမြန်မာဟာ တခြား တိုင်းပြည်နဲ့မဟုတ်ဘဲ ပြည်တွင်းလက်နက်ကိုင်အုပ်စု တွေကြား ပဋိပက္ခ Non-International Armed Conflict(NIAC) ဖြစ်တဲ့အတွက် ဂျီနီဗာကွန်ဗင်း ရှင်းပြဋ္ဌာန်းချက်တချို့နဲ့မသက်ဆိုင်ပါဘူး၊ "မျက်နှာ ချင်းဆိုင်လျှင် နွားကျောင်းသား၊ ကျောခိုင်းလိုက်လျှင် တိုက်ခိုက်ရေးသမား" ဖြစ်လေ့ရှိတဲ့ ပြည်တွင်းစစ်တွေ မှာ"တိုက်ခိုက်ရေးသမား"ဆိုပြီး ဥပဒေရေးရာအဆင့် အတန်းမရှိပါဘူး။ လက်တွေ့ခွဲခြားသတ်မှတ်ရတာ ပိုပြီးခက်ခဲတယ်။
ဒါ့ပြင် စာသင်ကျောင်း၊ ဆေးရုံ၊ စစ်ဘေး ရှောင် အရပ်ဘက်အဆောက်အအုံလို့ နာမည်တပ်ရုံနဲ့IHLအရ စစ်ရေးနဲ့မသက်ဆိုင်ဘဲ သတိပြုဆင်ခြင်ရှောင်ရှားပေးရမယ်လို့ တရားဝင်ဖြစ်မသွားပါဘူး။ Additional Protocol I, Article ၅၂(၃)က ပုံမှန်အရပ်ဘက်စာသင်ကျောင်းဆိုတာ စစ်ရေးအတွက် အသုံးပြုနေခြင်းမဖြစ်ရန်လိုအပ်ပြီး၊ ဟုတ် မဟုတ် သံသယရှိရင် အရပ်ဘက်အဆောက်အအုံအဖြစ် ယူဆ ရမယ်။
ဒါပေမဲ့ စာသင်ကျောင်းဟောင်း၊ ဆေးရုံ ဟောင်းကို စစ်ဌာနချုပ်၊ လက်နက်/ခဲယမ်းသိုလှောင် ရုံ၊ စစ်တန်းလျား၊ စစ်ဆင်ရေးအတွက် အရေးကြီး စစ်ဘက်ဌာနတစ်ခုခုအဖြစ် ထိရောက်စွာအသုံးပြုနေ ပြီး အဲဒီအဆောက်အအုံကိုဖျက်ဆီးခြင်းဖြင့် မိမိအ တွက် တိကျတဲ့ စစ်ရေးအကျိုးအမြတ် ရရှိစေနိုင်ခဲ့ရင် စစ်ရေးပစ်မှတ် ဖြစ်လာနိုင်တယ်။
စစ်ဆိုတာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းလို့မရတဲ့အခါအသုံးပြုတဲ့ တခြားနည်းဖြစ်တယ်။ ဒါကြောင့် စစ်မဖြစ်ရဘူးလို့တားမြစ်တဲ့ နိုင်ငံတကာ ဥပဒေ၊ သ ဘောတူစာချုပ်တွေမရှိပါ။ တခြားတစ်ဖက်မှာလည်း စစ်တိုက်ရင် လူသေဆုံးတတ်ပေမယ့် စစ်ပွဲဆိုရုံနဲ့ တရားဝင် လူသတ်ခွင့်ပြုထားခြင်း မရှိပါ။
စစ်ရေးပစ်မှတ်ဖြစ်နေရင် အရပ်သား သေ ဆုံး ဒဏ်ရာရမှု၊ အရပ်ဘက်အဆောက်အအုံပျက်စီးမှု အနည်းဆုံးဖြစ်ပြီး အကျိုးအမြတ် ပိုမိုများပြားကြောင်း သေချာဖို့လိုအပ်တယ်။ ဆေးရုံကို စစ်ရေးအသုံးပြုနေ တယ်ဆိုရုံနဲ့ ချက်ချင်းဗုံးကြဲတာမျိုးမဟုတ်ဘဲ လုပ်ထုံး လုပ်နည်းတွေကိုဖြည့်ဆည်းရပြီး၊ အခြေအနေတချို့ မှာ ကြိုတင်သတိပေးတာနဲ့ အချိန်ပေးတာတွေလည်း ပြုလုပ်တယ်။ အရပ်သားတွေအတွက် မသိနားမလည် နိုင်ပေမယ့် ဥပဒေပြဋ္ဌာန်းပြီး တရားဝင်ဖွဲ့စည်းထား တဲ့စစ်တပ်တွေမှာတော့ Rule Engagement (RoE) ထိတွေ့မှုဆိုင်ရာစည်းမျဉ်း ရှိတတ်တယ်။
RoE ဟာ အပြည်ပြည်ဆိုင်ရာဥပဒေ မဟုတ်ပါ။ စစ်တပ်တစ်ခု၊ စစ်ဆင်ရေးတစ်ရပ် သို့ မဟုတ် တပ်ဖွဲ့တစ်ခုက မိမိတပ်ဖွဲ့ဝင်တွေ လိုက်နာ ဖို့သတ်မှတ်တဲ့ စစ်ဆင်ရေးစည်းမျဉ်းဖြစ်တယ်။ ဘယ် သူ့ကို တရားဝင်စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်နိုင် လဲ၊ ဘယ်အခြေအနေမှာ လက်နက်အသုံးပြုခွင့်ရှိလဲ၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့(self-defence) ဘယ်အတိုင်း အတာအထိပစ်ခတ်နိုင်လဲ၊ အရပ်သားထိခိုက်နိုင်ခြေရှိ ရင် ဘယ်လိုလုပ်ရမလဲ၊ လက်နက်အမျိုးအစားတချို့ ကို အသုံးပြုခွင့် ရှိ မရှိ၊ လက်နက်၊ ယာဉ်၊ ပစ္စည်းတွေ ကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း သို့မဟုတ် ဖြတ်သန်းခွင့် ပေးခြင်းစတာတွေကို အင်အားဘယ်လောက် ဘယ် အတိုင်းအတာထိ ပြုလုပ်နိုင်တယ်ဆိုတာ သတ်မှတ် ထားတယ်။ ဆိုလိုတာက မိမိတို့တပ်ဟာ ဥပဒေကို လေးစားလိုက်နာကြောင်း ပြသခြင်းဖြစ်တယ်။
ပြည်တွင်းစစ်မှာ ရန်သူက အင်အားသုံးတဲ့ အတွက် ဆုတ်ခွာပေးလိုက်ရတဲ့မြို့ရွာတွေ၊ စာသင် ကျောင်း၊ ဆေးရုံဆိုတာ ဆက်လက်အဓိပ္ပာယ်ဖွင့်ဆို ဖို့ရှုပ်ထွေးတယ်။ မိမိရဲ့ ပညာရေး၊ ကျန်းမာရေးဝန် ထမ်း၊ ရုံးပစ္စည်းနဲ့ဆေးဝါးကိရိယာတွေကို ဖျက်ဆီး၊ သယ်ယူလာတာကြောင့် မိမိအတွက် အဲဒီမှာ စာသင် ကျောင်း၊ ဆေးရုံဆိုတာ မရှိတော့ပါ။ အဲဒီအခါ ဝင် ရောက်ထိန်းချုပ်သူအနေနဲ့ စာသင်ကျောင်း-ဆေးရုံ -စစ်ဘေးရှောင်စခန်းဖြစ်ကြောင်း အခိုင်အမာပြောဆို ဖို့ စိန်ခေါ်မှုတွေရှိနေတယ်။