NP News

အမေရိကန်နှင့် တရုတ်တို့ သုစိဒိုက်ထောင်ချောက်ကနေ လွတ်မြောက်နိုင်မှာလား

သန်းထိုက်စိုး (NP News) - အောက်တိုဘာလ ၁၄
ရာစုနှစ်၏ အကြီးမားဆုံးသော နိုင်ငံရေး ပုစ္ဆာ
ကမ္ဘာ့အကြီးဆုံး အင်အားကြီးနှစ်နိုင်ငံဖြစ်သော အမေရိကန်နှင့် တရုတ်ခေါင်းဆောင်များတွေ့ဆုံရာတွင် ၎င်းတို့၏နှစ်နိုင်ငံဆိုင်ရာကိစ္စရပ်များထက် ပိုမိုကြီးမား သောအရာများ ပါဝင်ပတ်သက်နေသည်ကိုတွေ့ရ သည်။ အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး တစ်ခုလုံးအပေါ်လွှမ်းမိုးထားသည့် မေးခွန်းကြီးတစ်ခု အမြဲတမ်းရှိသည်။ ယင်းမေးခွန်းမှာ ထွန်းသစ်စတရုတ် နိုင်ငံနှင့် တည်ရှိပြီးသား အမေရိကန်ပြည်ထောင်စုတို့ သည် သမိုင်းတစ်လျှောက် စစ်ပွဲဖြင့်အဆုံးသတ်လေ့ ရှိသည့်ပြိုင်ဆိုင်မှုမျိုးကို ရှောင်လွှဲနိုင်မည်လားဆိုသည် ပင်ဖြစ်သည်။
ယင်းအချက်သည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အလွန်အရေးပါသောအဆုံးအဖြတ်တစ်ခုအဖြစ်ရှိနေ ပါသည်။ အမေရိကန်ပြည်ထောင်စုသို့သွားရောက် သည့်ခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်က အင်အားကြီးနှစ်နိုင်ငံကြား စစ်ပွဲဖြစ်ပွားမှုကို တားဆီး ရန်လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဆက်သွယ်ပြောဆိုမှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ စိတ်ရင်းအမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရမည်ဖြစ်ကြောင်း လည်း သမ္မတရှီကျင့်ဖျင်က အလေးအနက်ပြောဆိုခဲ့ သည်။
အမေရိကန်နှင့်တရုတ်တို့အနေဖြင့် ထိုသို့ မှန်ကန် စွာလုပ်ဆောင်နိုင်ပါက သုစိဒိုက်ထောင်ချောက်f(Th­ucydides trap)ကို အောင်မြင်စွာကျော်လွှားနိုင်မည် ဟု သမ္မတရှီက ကောက်ချက်ချခဲ့သည်။ သုစိဒိုက် ထောင်ချောက်ဆိုသည်မှာ ထွန်းသစ်စအင်အားကြီး နိုင်ငံတစ်ခုကလွှမ်းမိုးထားသည့် အင်အားကြီးနိုင်ငံကို စိန်ခေါ်သည့်အခါ စစ်ပွဲဆီသို့ ဦးတည်သွားလေ့ရှိသည် ဆိုသည့်အယူအဆဖြစ်သည်။
အဆိုပါဝေါဟာရသည် ရှေးဟောင်းဂရိသမိုင်း ပညာရှင် သူစီဒီးဒီးစ်ထံမှ တိုက်ရိုက်ဆင်းသက်လာခြင်း ဖြစ်သည်။ စပါတာမြို့ပြနိုင်ငံသည် အေသင်မြို့ပြနိုင်ငံ(Athens) အင်အားကြီးထွားလာမှုကို အတော်စိုးရိမ် ခဲ့သည်။ ထိုသို့စိုးရိမ်ခဲ့သဖြင့် ၎င်းတို့အကြား စစ်ပွဲဖြစ် ပွားလာမှုမှာ ရှောင်လွှဲ၍မရနိုင်အောင်ဖြစ်ခဲ့ရသည်ဟု ၎င်းက သမိုင်းမှတ်တမ်းရေးသားခဲ့သည်။ ယင်းသမိုင်း ဝင်အဖြစ်အပျက်သည် ယနေ့ခေတ်အင်အားကြီးနိုင်ငံ များ၏အားပြိုင်မှုအတွက် အရေးပါသော သင်ခန်းစာ တစ်ခုဖြစ်လာခဲ့သည်။ ထို့ကြောင့် အဆိုပါသမိုင်းအ ထောက်အထားကိုအခြေခံ၍ ယနေ့ခေတ် နိုင်ငံတ ကာဆက်ဆံရေးတွင် ဤအယူအဆကို ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးလာကြခြင်းဖြစ်သည်။

ပညာရှင်များ၏ သုံးသပ်ချက်နှင့် သုစိဒိုက်ထောင်ချောက်

ဟားဗတ်တက္ကသိုလ်မှ ထင်ရှားသောပညာရှင် ဂရေဟမ်အယ်လီဆင်(Graham Allison)သည် (၂၀၁၂)ခုနှစ်တွင် ဤအယူအဆကို ပြန်လည်ဆန်းသစ် ခဲ့သည်။ သူ၏လေ့လာမှုများအရ ထွန်းသစ်စအင်အား နှင့် တည်ရှိပြီးသားအင်အားကြီးနိုင်ငံများအကြား သမိုင်းဝင်ပြိုင်ဆိုင်မှု(၁၆)ခုရှိခဲ့ကြောင်းသိရသည်။ ထို(၁၆)ခုအနက် (၁၂)ခုသည် စစ်ပွဲဖြင့် အဆုံးသတ်ခဲ့ သည်ကို သူက တိကျစွာတွေ့ရှိခဲ့သည်။
ထို့နောက် ၎င်း၏ (၂၀၁၇)ခုနှစ်ထွက်" Des- tined for War " စာအုပ်တွင် အဆိုပါသီအိုရီကို တ ရုတ်နှင့်အမေရိကန်တို့အပေါ် တိုက်ရိုက်အသုံးချခဲ့ သည်။ ထိုအချိန်မှစ၍ ယင်းသီအိုရီကို အမေရိကန်-တရုတ်ဆက်ဆံရေးတွင် လေ့လာသူများက ကျယ် ကျယ်ပြန့်ပြန့်အသုံးပြုလာခဲ့ကြသည်။ ထိုနှစ်နိုင်ငံသည် ထိပ်တိုက်တွေ့ဆုံမှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေ နိုင်ကြောင်း လေ့လာဆန်းစစ်သူအချို့က အလေးအ နက်သတိပေးခဲ့ကြသည်။
သမ္မတရှီကျင့်ဖျင်အနေဖြင့် သုစိဒိုက်ထောင် ချောက်အကြောင်းကိုထည့်သွင်းပြောဆိုခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပါ။ ဤအယူအဆကို ပြော ဆိုနေခဲ့သည်မှာ အနည်းဆုံး ဆယ်စုနှစ်တစ်ခုခန့်ပင် ရှိနေပြီဖြစ်သည်။ ဤအယူအဆသည် သူနှင့် များစွာ ထပ်တူကျနေရခြင်းတွင် ခိုင်လုံသောအကြောင်းရင်း အချို့ရှိနေသည်ဟု သုတေသီကယ်လီက သုံးသပ် သည်။ အဓိကအကြောင်းရင်းတစ်ခုမှာ ဤအယူအဆ သည် အမေရိကန်ပြည်ထောင်စုကို ကျဆင်းနေသည့် အင်အားကြီးနိုင်ငံအဖြစ် ပုံဖော်ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံကိုမူ အ ရှိန်အဟုန်ဖြင့်တက်လှမ်းလာသော ထွန်းသစ်စ အင် အားကြီးနိုင်ငံအဖြစ် ပုံဖော်ပေးလိုက်ရာရောက်သည်။ ယင်းသို့ပုံဖော်ခြင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံတကာ မျက်နှာစာတွင်ရပ်တည်မှုကို ပိုမိုအားကောင်းစေရန် ရည်ရွယ်ပုံရသည်။ ပို၍အရေးကြီးသည့်အချက်မှာ ဤသို့သော ပြိုင်ဆိုင်မှုအခြေအနေတွင် နှစ်နိုင်ငံအ ကြား စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုဖြင့် အဆုံးသတ် သွားခဲ့လျှင်ပင် ထွန်းသစ်စနိုင်ငံကို အပြစ်ကင်းစင်စေ ရန်ဖြစ်သည်။ ယင်းသို့ပဋိပက္ခဖြစ်ပွားခြင်းသည် ထွန်း သစ်စနိုင်ငံ၏ မကောင်းသောရည်ရွယ်ချက်ကြောင့်မ ဟုတ်ဟု ရှီက ဆိုလိုချင်ပုံရသည်။
အမှန်စင်စစ် မူလအင်အားကြီးနိုင်ငံကသာ ထွန်းသစ်စနိုင်ငံ၏အင်အားကြီးထွားလာမှုကို စိုးရိမ် ကြောက်ရွံ့သောကြောင့်ဖြစ်သည်ဟု ပုံဖော်ထား သည်။ ထို့ကြောင့် ဆိုးရွားသောရလဒ်များသည် မ ကောင်းသောရည်ရွယ်ချက်များကြောင့်မဟုတ်ဘဲ ထင်ယောင်မှားမှုများနှင့် ကြောက်ရွံ့မှု စိတ်ဓာတ်ကိုယ် တိုင်ကြောင့်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤ နည်းဗျူဟာမှာ အမေရိကန်ကို အဆိုပါကြောက်ရွံ့ တတ်သောအခန်းကဏ္ဍတွင် ထည့်သွင်းပုံဖော်ထား ခြင်းပင်ဖြစ်သည်။ ရလဒ်အနေဖြင့် တရုတ်၏အင်အား ကြီးထွားလာမှုနှင့်မဆိုင်ဘဲ အမေရိကန်၏စိုးရိမ်မှုကြောင့် သာ ပြဿနာများဖြစ်ပေါ်လာမည်ဟု ပြောဆိုလိုက် ခြင်းလည်းဖြစ်သည်။

တာဝန်သိ အင်အားကြီးနိုင်ငံအဖြစ် ပုံဖော်ခြင်း

သမ္မတရှီကျင့်ဖျင်သည် တရုတ်နိုင်ငံကို ထွန်း သစ်စအင်အားကြီးနိုင်ငံအဖြစ်ပုံဖော်နေရုံသာမက ပဋိပက္ခကိုရှောင်လွှဲရန်ကြိုးစားနေသည့် တာဝန်သိအင်အားကြီးနိုင်ငံအဖြစ်လည်း ပုံဖော်နေခြင်းဖြစ် သည်။ သူ၏ပြောကြားချက်များကို သေချာစွာလေ့လာ ကြည့်လျှင် ပိုမိုကောင်းမွန်သော ဆက်သွယ်ပြောဆိုမှု များထားရှိရန်အဆိုပြုထားသည်ကိုတွေ့ရသည်။ ထို့ ပြင် နှစ်နိုင်ငံအကြား စစ်ရေးအရဆွေးနွေးပွဲများဆက် လက်ထားရှိမည်ဆိုပါက ပြိုင်ဆိုင်မှုများကို တာဝန်သိ စွာဖြင့် ထိန်းကျောင်းနိုင်မည်ဟုအကြံပြုထားသည်။ ဤချဉ်းကပ်မှုသည် အတိုင်းအတာတစ်ခုအထိ အ လွန်ဆွဲဆောင်မှုရှိသောအယူအဆတစ်ခုအဖြစ် ရှုမြင် နိုင်သည်။ တစ်ချိန်တည်းမှာပင် ယင်းသည် ဗျူဟာ မြောက်တာဝန်ရှိမှုကိုပြသသော အယူအဆတစ်ခု လည်းဖြစ်လာသည်။ သို့သော်လည်း ဤသို့သော ကောင်းမွန်သည့်စကားလုံးများနောက်ကွယ်တွင် အ မှန်တကယ် လက်တွေ့ကျကျရင်ဆိုင်ရမည့်စိန်ခေါ်မှု များစွာရှိနေဆဲဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးတွင် စကားလုံးများထက် လက်တွေ့လုပ်ဆောင်ချက်များက ပိုမိုအရေးပါသည်မှာ ငြင်းမရသောအမှန်တရားဖြစ်သည်။
အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုမှာ အကျပ်အ တည်းအချိန်အခါများတွင် အဆိုပါဆက်သွယ်ရေး ယန္တရားများ မည်သို့အလုပ်လုပ်မည်နည်းဆိုသည့်အ ချက်ဖြစ်သည်။ ပုံမှန်အချိန်များတွင် သံတမန်ရေးအရ ဆွေးနွေးပွဲများနှင့် စစ်ရေးအရဖလှယ်မှုများ လုပ်ဆောင် နိုင်သည်မှာ မှန်ကန်သည်။ သို့သော် အမှန်တကယ် အားကိုးရမည့်အကျပ်အတည်းအချိန်မျိုးတွင် ၎င်းတို့ လိုက်ပါဆောင်ရွက်နိုင်စွမ်း ရှိမရှိဆိုသည်မှာ မေးခွန်း ထုတ်စရာဖြစ်နေသည်။
အဆိုပါယန္တရားများသည် အကျပ်အတည်း၏ ဖိအားကို ကြံ့ကြံ့ခံနိုင်ပါ့မလားဆိုသည်ကိုလည်း စဉ်း စားရမည်ဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံဘက်က ထိုသို့သောအကျပ်အတည်းအချိန်မျိုးများတွင် ဖုန်း အမြဲမကိုင်လေ့ရှိသည့်အလေ့အထ ရှိနေတတ်သည်။ ဤအချက်သည် ယနေ့ခေတ် အမေရိကန်-တရုတ် ဆ်ဆံရေး၏ အမှန်တကယ်စိန်ခေါ်မှုများထဲမှ ပြဿ နာကြီးတစ်ခုဖြစ်သည်ဟု ပညာရှင်များက ထောက်ပြ ကြသည်။

မျက်မှောက်ခေတ် ပြိုင်ဆိုင်မှုနှင့် ကွာခြားချက်များ

ယနေ့ခေတ်အခြေအနေများသည် အေသင်နှင့် စပါတာတို့၏ခေတ်ထက် များစွာပိုမိုရှုပ်ထွေးပြီး များ ပြားသောအကြောင်းအရာများ ပါဝင်ပတ်သက်နေပါ သည်။ မျက်မှောက်ခေတ်ပြိုင်ဆိုင်မှုများတွင် ကုန် သွယ်ရေးအခွန်အခများနှင့် ကွန်ပျူတာချစ်ပ်ပြားများ ကဲ့သို့သော ခေတ်မီနည်းပညာများပါဝင်လာသည်။ ထို့ပြင် မြေရှားသတ္တုများပိုင်ဆိုင်မှုနှင့် အတုပြုလုပ်ထား သော ဥာဏ်ရည်(AI)နည်းပညာပြိုင်ဆိုင်မှုများက လည်း အဓိကနေရာတွင်ရှိနေသည်။ နှစ်နိုင်ငံအကြား နက်ရှိုင်းသော စီးပွားရေးဆိုင်ရာ အပြန်အလှန်မှီခိုမှု များကလည်း ထပ်တိုးစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ သို့ သော် အင်အားချိန်ခွင်လျှာပြောင်းလဲမှုဆိုသည့်အယူ အဆတွင်မူ စကြဝဠာဆိုင်ရာ ဘုံသဘောတူညီချက် တစ်ခု ရှိနေဆဲဖြစ်သည်။ ထွန်းသစ်စနိုင်ငံတစ်ခု အင် အားကြီးနိုင်ငံဖြစ်လာသည့်အခါ တည်ရှိပြီးသားနိုင်ငံ က ရင်ဆိုင်ဖြေရှင်းရခြင်းမှာ သမိုင်းတစ်လျှောက်လုံး ဖြစ်လေ့ဖြစ်ထရှိသော သဘာဝပင်ဖြစ်သည်။
ယနေ့ခေတ်ပြိုင်ဆိုင်မှုကို သမိုင်းဝင်ဥပမာများ နှင့်နှိုင်းယှဉ်ရာတွင် အရေးကြီးသော ကွာခြားချက်အ ချို့ရှိနေသည်ကိုသတိပြုသင့်သည်။ စီးပွားရေးဆိုင်ရာ အပြန်အလှန်မှီခိုမှုသည် အဓိကကွာခြားချက်မဟုတ် ကြောင်းကို ပထမကမ္ဘာစစ်မတိုင်မီ ဂျာမနီနှင့်ဗြိတိန် တို့၏သမိုင်းက သက်သေပြနေပါသည်။ ၎င်းတို့နှစ် နိုင်ငံကြားတွင် အချင်းချင်းကုန်သွယ်မှု များစွာရှိခဲ့ သော်လည်း စစ်ပွဲကိုမတားဆီးနိုင်ခဲ့ပါ။ သို့ရာတွင် ယခုတစ်ကြိမ်၌ အခြေခံအားဖြင့် အလွန်ကွဲပြားခြား နားသည့်အချက်မှာ နျူကလီးယားလက်နက်များ ပိုင် ဆိုင်ထားခြင်းပင်ဖြစ်သည်။ အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံစလုံးတွင် နျူကလီးယားလက်နက်များရှိကြပြီး ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်နိုင်စွမ်း(second strike capabilities)လည်း အခိုင်အမာရှိကြသည်။ ထို့ကြောင့် ပြိုင်ဆိုင်မှုများရှိနေသော်လည်း ဤလက် နက်များက အမှန်တကယ် ပွင့်လင်းသောပဋိပက္ခသို့ မကူးစက်သွားအောင် တည်ငြိမ်စေရန်ကူညီပေးနိုင် သည့်အလားအလာရှိသည်။ ဤသည်မှာ သမိုင်းနှင့်မ တူသော ထူးခြားသည့်အဟန့်အတားတစ်ခုဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
အကျိုးစီးပွား ကွဲလွဲမှုများနှင့် အန္တရာယ်အရှိဆုံး အမှတ်
ယခုအခါ အင်အားကြီးနှစ်နိုင်ငံအကြား စွန့်စားရ မှုများမှာ အလွန်များပြားနေပြီဖြစ်ကြောင်း ရှင်းလင်း စွာတွေ့မြင်ရသည်။ တရုတ်ခေါင်းဆောင်ရှီက ၎င်းတို့ အနေဖြင့် အမေရိကန်နှင့်ပဋိပက္ခဖြစ်ပွားမှုကိုရှောင် လွှဲချင်သည်ဟု တရားဝင်ပြောဆိုထားသည်။ သို့သော် အမေရိကန်၏အမြင်တွင်မူ တရုတ်၏ လက်တွေ့လုပ် ဆောင်ချက်များသည် ၎င်းတို့၏ပြောစကားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ကိုတွေ့ရသည်။ ထို့ ကြောင့် အမေရိကန်နှင့် တည်ငြိမ်သည့်ဆက်ဆံရေး မျိုးလိုချင်သည်ဆိုသော တရုတ်၏အဆိုပြုချက်မှာ လက်တွေ့ကျမှု ရှိမရှိ မေးခွန်းထုတ်စရာဖြစ်လာသည်။ နှစ်ဖက်စလုံးက တည်ငြိမ်မှုကိုလိုချင်သည်ဟုဆိုသော် လည်း ၎င်းတို့၏ ကိုယ်ပိုင် စည်းကမ်းချက်များအတိုင်း သာဖြစ်ချင်နေကြခြင်းက အဓိကပြဿနာဖြစ်သည်။
တရုတ်နိုင်ငံတွင် နှစ်နိုင်ငံဆက်ဆံရေး မည်သို့ရှိ သင့်သည်ဆိုသည့် သီးခြားမျှော်မှန်းချက်များ အခိုင် အမာရှိသည်။ အထူးသဖြင့် တရုတ်(တိုင်ပေ)ကိစ္စ တွင် အမေရိကန်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အပြည့်အဝလက်ခံရန် တရုတ်က အလိုရှိနေသည်။ ထို့ပြင် နောက်ဆုံးတွင် ပြန်လည်ပေါင်းစည်းရေးရှိလာ မည်ဆိုသည့်အချက်ကိုလည်း အမေရိကန်ကို လက် ခံစေချင်နေသည်။ တောင်တရုတ်ပင်လယ်တွင်လည်း တရုတ်၏ နယ်မြေပိုင်ဆိုင်မှုတောင်းဆိုချက်များကို အမေရိကန်က အသိအမှတ်ပြုပေးရန် လိုလားနေ သည်။ အမေရိကန်အနေဖြင့် ဒေသတွင်းရှိ မဟာမိတ် များနှင့်မိတ်ဖက်များအပေါ်ထားရှိထားသော ကတိက ဝတ်အချို့မှ နောက်ဆုတ်ပေးရန်လည်း တရုတ်က တွန်းအားပေးနေသည်။ ဤအချက်များကိုကြည့်ခြင်း အားဖြင့် ပဋိပက္ခများစတင်ဖြစ်ပေါ်လာရသည့် အရင်း အမြစ်ကို ရှင်းလင်းစွာမြင်တွေ့နိုင်သည်။ ယင်းသည် ထင်ယောင်မှားမှုနှင့် ကြောက်ရွံ့မှုသက်သက်ကြောင့် မဟုတ်ဘဲ အမေရိကန်နှင့်တရုတ်ကြား သဟဇာတ မဖြစ်နိုင်သောအကျိုးစီးပွားများကြောင့်ဖြစ်ကြောင်း သက်သေပြနေသည်။
အဆိုပါ အကျိုးစီးပွားကွဲလွဲမှုများထဲတွင် တရုတ် (တိုင်ပေ)အရေးသည် ပဋိပက္ခဖြစ်ပွားနိုင်ခြေအရှိဆုံး နေရာအဖြစ်ရပ်တည်နေပါသည်။ အကယ်၍ အမေ ရိကန်နှင့်တရုတ်တို့ စစ်ပွဲအတွင်းကျရောက်သွားစေမည့်အခြေအနေတစ်ခုရှိလာမည်ဆိုလျှင် သေချာ သည်မှာ တရုတ်(တိုင်ပေ)အရေးပင်ဖြစ်သည်။
အကြောင်းရင်းမှာ တရုတ်(တိုင်ပေ)ပြဿနာ သည် တရုတ်နိုင်ငံအတွက် ရပ်တည်ရှင်သန်ရေးဆိုင် ရာ အရေးအကြီးဆုံးကိစ္စတစ်ရပ်ဖြစ်နေသောကြောင့် ဖြစ်သည်။ တရုတ်အစိုးရက ဤကိစ္စသည် ၎င်းတို့အ တွက် မည်သို့မျှအလျှော့ပေးမည်မဟုတ်သော စည်း နီတားထားသည့်ကိစ္စဖြစ်ကြောင်း ရှင်းလင်းစွာပြော ထားပြီးဖြစ်သည်။ အကယ်၍ အမေရိကန်ကသာ ဤ အခြေအနေတွင် ဝင်ရောက်စွက်ဖက်ပါက တောင် တရုတ်ပင်လယ်ထက်ပင် ဆက်ဆံရေးတွင် အန္တရာယ် အရှိဆုံးပဋိပက္ခအဖြစ်သို့ရောက်ရှိသွားမည်မှာ သေ ချာသလောက်ရှိသည်။

ထောင်ချောက်မှ လွတ်မြောက်နိုင်ခြေ

တရုတ်(တိုင်ပေ)အရေးအပြင် ကုန်သွယ်ရေးအ ငြင်းပွားမှုများ၊ ဉာဏ်ရည်တုပြိုင်ဆိုင်မှုများနှင့် သယံ ဇာတအငြင်းပွားမှုများကလည်း တင်းမာမှုများကိုဖြစ် စေသည်။ ဤတင်းမာမှုများသည် တစ်ခါတစ်ရံတွင် အကျပ်အတည်းတစ်ခုခု သို့မဟုတ် ဆက်ဆံရေးကျဆင်းမှုကိုသေချာပေါက်ဖြစ်ပေါ်စေနိုင်ခြေရှိသည်။ သို့ရာတွင် ယခုလတ်တလောအချိန်၌မူ ယင်းပြဿနာ များကြောင့် ပွင့်လင်းသောစစ်ပွဲကြီးတစ်ခုဖြစ်လာရန် အလားအလာနည်းပါးနေသေးသည်။ အဘယ်ကြောင့် ဆိုသော် နှစ်ဖက်စလုံးသည် လက်ရှိအချိန်တွင် ၎င်း တို့၏ ပြည်တွင်းပြဿနာများကိုသာ အထူးအာရုံစိုက် ဖြေရှင်းနေကြရသောကြောင့်ဖြစ်သည်။ သမ္မတရှီကျင့် ဖျင်အနေဖြင့် စီးပွားရေးကျဆင်းမှု၊ အိမ်ခြံမြေဈေး ကွက်နှေးကွေးမှုနှင့် ပြည်တွင်းဝယ်လိုအားနည်းပါးမှု များကို အပြင်းအထန် ဖြေရှင်းနေရဆဲဖြစ်သည်။ ထို့ အတူ အမေရိကန်ဘက်တွင်လည်း ခက်ခဲသောရွေး ကောက်ပွဲများနှင့် နိုင်ငံရေးအရ အကဲဆတ်သောအ ချိန်ကာလများကိုဖြတ်သန်းနေရသဖြင့် အရာရာကို တည်ငြိမ်အောင်ထိန်းထားချင်ကြသည်။ ဤအကြောင်း များကြောင့် လက်ရှိအချိန်တွင် ပြဿနာဟောင်းများ ပြေလည်မသွားသော်လည်း စစ်ပွဲအဖြစ်သို့ပြောင်းလဲ သွားရန် ခက်ခဲနေသေးခြင်းဖြစ်သည်။
သို့သော် အပြုသဘောဆောင်သည့်အပြောင်း အလဲအချို့ကိုမူ နှစ်နိုင်ငံဆက်ဆံရေးတွင် မကြာသေး မီက စတင်မြင်တွေ့လာရသည်။ အတော်လေး နိမ့်ကျ နေခဲ့သောအခြေအနေများမှ ယခုအခါ အထက်တန်း အဆင့်သာမက အောက်ခြေအဆင့်များတွင်ပါ ဆွေး နွေးမှုများပြန်လည်ရှိလာခဲ့သည်။ အမေရိကန်ကျောင်း သားများကို တရုတ်တွင် လာရောက်ပညာသင်ကြားခွင့် ပိုမိုပြုလာခြင်းသည် နှစ်ဦးနှစ်ဖက် နားလည်မှုရရှိရန် ကောင်းမွန်သောခြေလှမ်းတစ်ရပ်ဖြစ်သည်။ သို့တိုင် အောင် ဤဆွေးနွေးပွဲများနှင့်ဖလှယ်မှုများသည် အ တိုင်းအတာတစ်ခုအထိသာ ထိရောက်မှုရှိနိုင်သည်ကို သတိပြုသင့်သည်။ အထူးသဖြင့် ဆက်သွယ်ရေးများ ပျက်ပြားသွားလေ့ရှိသော အကျပ်အတည်းအချိန်အခါ မျိုးတွင် အဆိုပါဆွေးနွေးပွဲများမှာ ကြံ့ကြံ့ခံနိုင်စွမ်း နည်းပါးသည်။ စစ်အေးတိုက်ပွဲခေတ်က အမေရိကန် နှင့်ရုရှားတို့ကြားရှိခဲ့သော ခိုင်မာသည့်ဆက်သွယ်ရေး ယန္တရားမျိုး တရုတ်နှင့်အမေရိကန်ကြားတွင် မရှိသေး သည်မှာ စိုးရိမ်စရာဖြစ်သည်။ ထို့ကြောင့် အန္တရာယ်အ ရှိဆုံးအကျပ်အတည်းအချိန်သို့ရောက်လာလျှင် အဆို ပါဆွေးနွေးပွဲများ ဆက်လက်ခိုင်မြဲနေဦးမည်လားဆို သည်မှာ အာမခံချက်မရှိပါ။
ယေဘုယျအားဖြင့်ကြည့်လျှင် စကားလုံးအသုံး အနှုန်းများ ပြင်းထန်မှုလျော့ကျလာခြင်းက အပြုသ ဘောဆောင်သောလက္ခဏာရပ်တစ်ခုဖြစ်သည်။ သို့ ရာတွင် အကျိုးစီးပွားဆိုင်ရာ အခြေခံအငြင်းပွားမှု များမှာမူ ပြေလည်မသွားဘဲ အရင်အတိုင်း ခိုင်မာစွာ တည်ရှိနေဆဲဖြစ်သည်။ သုစိဒိုက်ထောင်ချောက်နှင့် ပတ်သက်၍ အင်အားကြီးနိုင်ငံများပြိုင်ဆိုင်မှုတွင် ပိတ်မိနေပြီး စစ်ပွဲဖြင့် မရှောင်လွှဲနိုင်ဘဲ အဆုံးသတ်ရ မည်ဆိုသည့် စိတ်ပျက်ဖွယ်အမြင်ကိုမူ ဖယ်ရှားပစ် သင့်သည်။ စစ်ပွဲဖြစ်ပွားခြင်းဆိုသည်မှာ မရှောင်လွှဲနိုင် သောကံကြမ္မာမဟုတ်ဘဲ နိုင်ငံ့ခေါင်းဆောင်များ၏ မူဝါဒဆိုင်ရာရွေးချယ်မှုအစုအဝေးများအပေါ်တွင်သာ မူတည်ပါသည်။ အမေရိကန်နှင့်တရုတ်တို့အနေဖြင့် လက်ရှိပြိုင်ဆိုင်မှုကို ပညာသားပါပါထိန်းကျောင်းပြီး ဘေးဒုက္ခဆိုးကြီးဖြစ်သောစစ်ပွဲဆီသို့ မရောက်အောင် တားဆီးရန်အခွင့်အလမ်းများ ရှိနေဆဲဖြစ်သည်။ အ ဆုံးသတ်တွင် မှန်ကန်သောမူဝါဒရွေးချယ်မှုများဖြင့် သာ နှစ်နိုင်ငံခေါင်းဆောင်များသည် သုစိဒိုက်ထောင် ချောက်ထဲမှ အောင်မြင်စွာ လွတ်မြောက်နိုင်ကြမည် ဖြစ်ကြောင်း တင်ပြရသည်။

မူရင်းသတင်း — NP News