NP News

အမ်း - ပဒါန်းလမ်း (သို့မဟုတ်) ရပ်တန့်သွားသောအချိန်များ

သုတကျော် (NP News) - အောက်တိုဘာလ ၁၄

“လမ်းအိုတော့ မြောင်း၊ လူအိုတော့ ကျောင်း ဆိုသလိုပါဗျာ”ဟု အမ်း-ပဒါန်းလမ်းအကြောင်း ဒေသိယလေသံဖြင့် စိတ်ပျက်လက်ပျက်ဆိုလာသူ ကား ပဒါန်းဒေသခံတစ်ဦးဖြစ်သည်။
မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ် နယ် ခြား၏တစ်ဖက်တစ်ချက်စီတွင်ရှိနေကြသော ပဒါန်း နှင့်အမ်းမြို့သည်ကား စိတ်ပိုင်းဆိုင်ရာအရ ခံစားမှုတို့ ကိုပေးနိုင်သော နေရာနှစ်ခုလည်းဖြစ်သည်။ အမ်းမြို့ သည် ရခိုင်ပြည်နယ်၏ ဝင်ပေါက်၊ ထွက်ပေါက် မြို့ ဖြစ်သည်။ အမ်းကိုရောက်လျှင် ရခိုင်ပြည်နယ်သို့ ရောက်ပြီဖြစ်ကြောင်း သိနိုင်သည်။
ထို့ကြောင့် ရခိုင်သားတို့သည် အမ်းကိုရောက် လျှင် ကိုယ့်အိမ်၊ ကိုယ့်ယာကိုရောက်သကဲ့သို့ ခံစားရ သည်။ နယ်ခြားမှတ်တိုင်ကျော်ခြင်းထက် အမ်းမြို့ကို ရောက်ပြီဆိုခြင်းကသာလျှင် ရခိုင်ပြည်နယ်အတွင်း ဒုတ်ဒုတ်ထိရောက်ပြီဖြစ်ကြောင်း ခံစားကြရသည်။ ပဒါန်းမြို့သည်ကား ရိုးမတောင်းတန်းကို ဖြတ်ကျော်ခဲ့ ပြီဖြစ်သောကြောင့် မြေပြန့်ရောက်ကြောင်း အသိဝင် စေသောမြို့ဖြစ်သည်။ မကွေးတိုင်းဘက်မှ ရခိုင်ပြည် နယ်ဘက်သို့လာပါမူ ရိုးမတောင်တန်းကို ဖြတ်ကျော် ရတော့ဖြစ်ကြောင်း အတွေးဝင်စေသောနေရာဖြစ် သည်။
“အခုကတော့ လမ်းကောင်းပြီပေါ့ဗျာ။ အရင် တုန်းကတော့ ရိုးမတောင်ကျော်လမ်း၊ အမ်းတောင် ကြားလမ်းဆိုတာက အန္တရာယ်များတယ်။ မိုးတွင်းဆို ပိုဆိုးတာပေါ့။ အခုကတော့ လမ်းက ပြေသွားပြီလေ။ အရင်တုန်းကဆိုရင် ကုန်ကားကျတာ၊ ခရီးသည်တင် ကားကျတာဆိုတဲ့သတင်းတွေ ခဏခဏကြားရတာ” ဟု ရန်ကုန်မြို့ရောက် ရခိုင်တိုင်းရင်းသားတစ်ဦးက ဆိုသည်။
ထိုစဉ်က ခရီးသွားအတွေ့အကြုံတို့မှာ စိတ်လှုပ် ရှားဖွယ်ဖြစ်ခဲ့သည်။ တစ်ဖက်တွင်လည်း ရိုးမတောင် ၏မြင်ကွင်းက ခရီးသွားတို့၏ စက္ခုပသာဒကို လွှမ်းမိုး နိုင်ခဲ့သည်။ နံနက်ပိုင်းမြင်ကွင်း၊ ညနေပိုင်းမြင်ကွင်း စသည်ဖြင့် အချိန်မရွေး တောတောင်တို့၏သဘာဝ အလှကို မြင်နိုင်သည်။
“သွားဖူးတဲ့သူတိုင်း အဲဒီမြင်ကွင်းတွေကို သိ တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း စိတ်လှုပ်ရှားစရာ ကောင်းတယ်။ တစ်ခါကဆို ရိုးလမ်းမှာ ကျွန်တော် စီး လာတဲ့ခရီးသည်တင်ကားက တက်နေရင်း စက်ရပ် သွားတာ။ နောက်မှာက ချောက်။ ကားက တစ်ခါလိမ့် တယ်၊ နောက်တစ်ခါ ထပ်လိမ့်တယ်။ စပယ်ယာက ဂျမ်းတုံးခုတာမြန်လို့။ မဟုတ်ရင် ကားကကျမှာ။ ခရီး သည်တွေလည်း အော်လိုက်ကြတာ ကမ္ဘာပျက်သလို ပဲ”ဟု အဆိုပါ ရခိုင်တိုင်းရင်းသားက ရယ်မောရင်း ဆိုသည်။
သို့သော် လမ်းကားကောင်းခဲ့ပြီ။ ရိုးမတောင် ကျော်လမ်းတွင် လမ်းအကွေ့တို့ကိုပြင်သည်။ လမ်း ဖြောင့်သည်။ ထို့ကြောင့် ယခုနောက်ဆုံးအချိန်အထိ အမ်းနှင့်ပဒါန်းအကွာအဝေးမှာ မဝေးလှတော့။
ထိုစဉ်ကအချိန်တို့သည် ယခုပြန်တွေးလျှင် အိပ် မက်ကဲ့သို့ဖြစ်နေပေလိမ့်မည်။ ယခင်က ရခိုင်ပြည် နယ်မှရန်ကုန်သို့လာလျှင် လမ်းတွင် ညအိပ်ရသည်။ မိုးရာသီတွင် ကံဆိုးလျှင် တစ်ပတ်မျှလောက်ပင် ကြာ တတ်သည်။ ထို့နောက် လမ်းကောင်းလာရာ အချိန်ပို မြန်လာသည်။
“နေရော ညရော ဘာဆိုဘာမှ စိုးရိမ်စိတ်ဖြစ်စရာ မရှိဘူး။ အချိန်မရွေးသွားလာနေကြတာ။ ကုန်ကား တွေ၊ ခရီးသည်တင်ကားတွေဆိုတာ အကုန် ဘာမှမ ဖြစ်ဘူး”ဟု အမ်းမြို့မှ ရန်ကုန်မြို့သို့ စစ်ဘေးရှောင် ရောက်ရှိလာသူတစ်ဦးကဆိုသည်။ ထိုစဉ်က ပဒါန်း သည် ခရီးသွားတို့ဖြင့်စည်ကားခဲ့သည်။ ပဒါန်းဟူသည် ကား မြို့ဟုပြောရခက်သည်။ မြို့မဟုတ်ပါသလော ဟုဆိုလျှင်လည်း ငြင်းရခက်သည်။ မကြာမီ တရားဝင် မြို့အဖြစ်သို့ရောက်တော့မည်ဟုကြားသိရသည်။ သို့ သော် အချက်အချာကျသည့်အတွက် ပဒါန်းတွင် အနီးအပါးမြို့များကပင် ဈေးလာဝယ်ကြရသည်။ အမ်း-ပဒါန်းလမ်းကောင်းစဉ်က ပဒါန်းမြို့သည် ခရီး တစ်ထောက်နားရာနေရာ ဖြစ်ခဲ့သည်။
“ဥပမာတစ်ခုပြောပြမယ်။ ပဒါန်းမှာ ထမင်းဆိုင် ကြီးနှစ်ဆိုင်ရှိတယ်ဗျ။ သူတို့ဟာ မနက် (၂) နာရီ လောက်မှနားရတာ။ ရခိုင်ကို ရန်ကုန်၊ မန္တလေး စတဲ့ နေရာတွေကလာတဲ့ကားတွေ ဆိုက်တယ်။ ရခိုင်က ကားတွေလည်းဆိုက်တယ်။ အဲဒီဆိုင်တွေဆို တော် တော်ရောင်းရတာ”ဟု ပဒါန်းဒေသခံတစ်ဦးက ဆိုသည်။
ထို့နောက် ရခိုင်ပြည်နယ်အတွင်းက အခြေအ နေတို့သည် ပြောင်းလဲလာ၏။ ဗဗ က တိုက်ပွဲများ ဖော်ဆောင်ပြီးသည့်နောက် လမ်းအခြေအနေက ပြောင်းလဲလာသည်။ အမ်း-ပဒါန်းလမ်းပိုင်းသည် အမ်းကိုစစ်ရောက်ပြီဆိုကတည်းက အခြေအနေဆိုး သွားတော့သည်။
(၂၀၂၄) ခုနှစ် ဒီဇင်ဘာလအတွင်း အမ်းမြို့ကို AA တို့ထိန်းချုပ်ပြီးသည့်နောက်တွင် အမ်း-ပဒါန်း အခြေအနေမှာ အဆိုးဆုံးဖြစ်ခဲ့ပြီ။ “အစောပိုင်း သွား လို့ရတုန်းက နီးတဲ့အချိန်မှာရှောင်ကြသေးတယ်။ နောက်တော့ လမ်းက တဖြည်းဖြည်းနဲ့ သွားမရတော့ တာပေါ့။ အမ်းကိုတိုက်တဲ့အချိန်မှာ ဒီလမ်းက စစ်အ တွင်း လမ်းဖြစ်သွားတာပဲ”ဟု ၎င်းကဆိုသည်။
ထိုစဉ်က စစ်ဘေးရှောင်တို့သည် အမ်း-ပဒါန်း လမ်းကိုအသုံးပြုခဲ့ကြသေး၏။ အမ်း-ပဒါန်းလမ်း ထက်တွင် ဇာတ်လမ်းတို့ကလည်း အဖုံဖုံ။ NP News ကသိရှိရသောဖြစ်စဉ်တစ်ခုဆိုလျှင် ယင်းလမ်းကိုအသုံးပြုကာ စစ်ဘေးရှောင်ရန် ကြိုးစား သော မိသားတစ်စု AA ၏အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
“ပြေးဖို့ကြိုးစားတယ်။ အမ်း-ပဒါန်းလမ်းကိုဖြတ် ပြီး ပဒါန်းဘက်ဝင်မယ်ပေါ့နော်။ ရိုးမကျော်ရင်ဘေး ကင်းပြီဆိုပြီး ပြေးဖို့ကြိုးစားခဲ့တာ။ တခြားလမ်းတွေရှိ ပေမယ့်လည်း ဒီလမ်းက အကောင်းဆုံးဆိုပြီးတော့ ထွက်ပြေးဖို့ကြိုးစားခဲ့တာ။ မမီလိုက်ဘူး AA ဖမ်းပြီး တားတာခံလိုက်ရတယ်”ဟု အမ်းမြို့နယ်အတွင်းက အမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ဦးကဆိုသည်။ ထိုစဉ်ကအခြေအနေတို့မှာ ဗရုတ်ဗရက်။ လမ်း ကောင်းရှိပါလျက် စစ်ဘေးရှောင်ပြည်သူတို့မှာ တော လမ်းများအတွင်းက ဘေးကင်းမည်ထင်သောနေရာ သို့ပြေးကြရသည်။ အနာဂတ်တွင် မည်သို့ဖြစ်လာမည် မသိသောအခြေအနေရှိရာ နေရာသို့ အသက်ဘေးမှ လွတ်ရန် ဦးတည်ထွက်ခွာနေရချိန်တွင် နောက်ကွယ် မှအိမ်တို့ကား ပျက်စီးနေခဲ့ပြီ။
အမ်းမြို့ကို AA တို့ထိန်းချုပ်ခဲ့ပြီးနောက် အမ်း -ပဒါန်းလမ်းသည် စစ်အတွင်းက လမ်းတစ်လမ်း အဖြစ်သို့ လုံးဝပြောင်းလဲသွားခဲ့သည်။ AA တို့က နယ်မြေချဲ့ရန်ကြိုးပမ်းသည်။ တပ်မတော်ကလည်း ကြံ့ကြံ့ခံခုခံသည်။ အမ်း-ပဒါန်းလမ်းအနီးက နတ်ရေ ကန်ကမ္ဘာလုံးစခန်းဆိုလျှင် အကြမ်းဖက်အားပေး မီဒီယာတို့ထက်တွင် မကြာခဏ AA အသိမ်းခံရသည်ဟု ဖော်ပြခြင်းခံခဲ့ရသောနေရာဖြစ်သည်။ သို့သော် စခန်း ကား မကျခဲ့သည့်အပြင် တပ်မတော်ဘက်က ရှေ့သို့ ပိုတိုးနိုင်ခဲ့သည်။
“စစ်ကားတွေလည်းတက်သွားတယ်။ အမ်းကို လည်း တပ်က ပြန်ရအောင်ကြိုးပမ်းမယ်ထင်တယ်။ အဲဒီဘက်မှာတော့ တိုက်ပွဲဖြစ်တယ်ပြောတယ်”ဟု အခြား ပဒါန်းမှဒေသခံတစ်ဦးကပြောသည်။ မည်သို့ ပင်ဖြစ်စေကာမူ အမ်း-ပဒါန်းလမ်းကား ထိခိုက်သွားခဲ့ ပေပြီ။ တစ်ချိန်က ယင်းလမ်းတွင် မော်တော်ကားတို့ သွားလာခဲ့ကြောင်း အရုပ်ရေးပြရတော့မည်။ စစ်မီး သည် လမ်းကိုတဖျစ်ဖျစ်မည်အောင် လောင်ကျွမ်းခဲ့ ချေပြီ။
“လမ်းက ဘယ်သူမှလည်း မသွားကြတော့ဘူး။ အဓိကတော့ လမ်းနဲ့ဆက်စပ်တဲ့နေရာတွေက လူတွေ အကုန်လုံးထိခိုက်သွားတာပေါ့။ လမ်းကလည်း ကောင်းမနေတော့ဘူး”ဟု ၎င်းကဆိုသည်။ လူမှုကွန် ရက် Tik Tok စာမျက်နှာထက်တွင် အမ်း-ပဒါန်း လမ်းထက်က ဂုတ်ကြီးရွာကိုရိုက်ပြထားသောဗီဒီယို တစ်ခုတက်လာခဲ့သည်။ ရွာကား စစ်ဘေးဒဏ်ကို ခံခဲ့ ရပြီ။ လူသွားလူလာနည်းပါးခဲ့ပြီဖြစ်သည့်အတွက် အမ်း-ပဒါန်းလမ်းပေါ်သို့ မြက်ပင်နှင့်ကိုင်းပင်တို့ နေ ရာယူနေခဲ့ပြီဖြစ်ကြောင်း ဗီဒီယိုအတွင်းမြင်ရသည်။ ကားတစ်စီးသွားရုံမျှသာဖြစ်ခဲ့ပြီ။ ဂုတ်ကြီးကျေးရွာ ကား အပျက်အစီးတို့ကြား လူသူကင်းမဲ့နေပြီဖြစ် ကြောင်းမြင်ရသည်။ တစ်ချိန်က အမ်း-ပဒါန်းလမ်း ထက်မှ စည်ကားသောကျေးရွာဖြစ်ခဲ့ကြောင်း မည်သူ ကယုံနိုင်ပါမည်နည်း။
လက်ရှိတွင် တပ်မတော်က ထိန်းချုပ်မှုတိုးလာ ပြီဖြစ်သော်လည်း အမ်း-ပဒါန်းလမ်းပိုင်းကား ရိုးမ ဖြတ်ကျော်လမ်းသည့်အတွက် ပုန်းအောင်းရန် တော တောင်တို့ထူထပ်သည်။ အလစ်ချောင်းတိုက်ခိုက်ရန် လွယ်ကူနေသေးသည်။ “လမ်းမှာက တောတောင်ထူ ထပ်တော့ ကြားဖြတ်ပြီး ပြောက်ကျားတိုက်တာမျိုး တော့ရှိမယ်။ လမ်းကလည်း တောတောင်ထူထပ်တာ ကိုး။ ပြီးတော့ သူတို့က ပုန်းကျင်းတွေလည်း ရှိတယ်။ လေယာဉ်လာရင် ဝင်၊ လေယာဉ်သွားရင် ပြန်ထွက်ပေါ့ အဲဒီလိုဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။
တပ်မတော်အနေဖြင့် လက်ရှိတွင်လည်း ရခိုင် ပြည်နယ်တွင်ထိုးစစ်ဆင်နေရာ အမ်းမြို့ကိုလည်း ဦး တည်ချက်ထားကြောင်း သတင်းများထွက်ပေါ်နေ သည်။ သို့သော် အမ်းမြို့ကို တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်လျှင်ပင် အမ်း-ပဒါန်းလမ်းသည် ကာလ တစ်ခုမျှ သတိထားရမည့်လမ်းတစ်လမ်း ဖြစ်နေဖွယ် ရှိသည်။
“လမ်းအခြေအနေက စကားပြောတာကိုး။ သွား လို့လာလို့ကတော့ အရင်လိုပြန်ဖြစ်ဖို့ လုပ်ရဦးမှာပေါ့” ဟု ၎င်းကပြောသည်။ သို့သော် ယင်းသို့အခြေအနေ တွင် အမ်းနှင့်ပဒါန်းကြားအခြေအနေတို့ကား မတူကြ ပါ။ အမ်းကား AA ၏လက်အောက်တွင် ထွက်ပေါက် ပိတ်နေသည်။ ဒေသခံတို့၏ လူမှုစီးပွားဘဝတို့မှာ စစ် ဘေးကြားတွင်နစ်မွန်းနေ၏။ သို့သော် ပဒါန်းကား စစ် မီးမရှိ။ အစိုးရ၏ထိန်းချုပ်မှုအောက်တွင် ရောင်းရေး၊ ဝယ်တာကိစ္စများ ကောင်းနေဆဲပင်။
ပဒါန်းတွင်လည်း မထိခိုက်ပါသလောဟုမေး သော် အမ်း-ပဒါန်းလမ်းကြောင့် လူမှုစီးပွားဘဝတို့ ထိခိုက်မှုရှိသည်မှာမှန်၏။ သို့သော် အမ်းတွင်နေသူတို့ ကဲ့သို့ မရေရာသောအခြေအနေကား မဟုတ်ပါ။
စစ်မီးလောင်ခံရသော အမ်း-ပဒါန်းလမ်းနှင့် ပတ်သက်၍ ယခင်အခြေအနေကို ဒေသခံတို့ လွမ်း ကြသည်။ ယခင်အတိုင်းလိုလားကြသည်။ သို့သော် ကျည်ဆန်ထိပ်ဖူးများစွာတို့က ဒေသခံတို့၏ဘဝကို ထိမှန်ခဲ့ပြီဖြစ်သည်။ “အရင်လိုအခြေအနေမျိုးကို လွမ်းတာပေါ့။ လွမ်းတယ်ဆိုတာထက် အရင်ခံစားမှုကို ပြန်ရချင်တယ်”ဟု ရခိုင်တိုင်းရင်းသားတစ်ဦးက ဆိုသည်။

မူရင်းသတင်း — NP News