NP News

စက်ရုံတစ်ခြမ်းတည်း လည်ပတ်ရုံနဲ့ ရန်ကုန်တစ်မြို့လုံးကို လျှပ်စစ်ပေးနိုင်မည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာအဆင့် နျူကလီယားစွမ်းအင်စက်ရုံ အခြေအနေ (အတွေးအမြင် ဆောင်းပါး)

Htay Oung (NP News) - စက်တင်ဘာလ ၈
ဘင်္ဂလားဒေ့ရှ် "ရွတ်ပူး"နျူကလီယား ဓာတ်အားပေးစက်ရုံ အမှတ် (၂)ယူနစ်အတွက် ရုရှား နိုင်ငံမှပို့ဆောင်ပေးမယ့် နျူကလီယားလောင်စာတင် ကုန်တင်လေယာဉ်ဟာ ပါကစ္စတန်က သူရဲ့လေပိုင် နက်ကို ဖြတ်သန်းခွင့်မပေးတဲ့အတွက် ပို့ဆောင်မှု နှောင့်နှေးနေရတယ်လို့ အိန္ဒိယနိုင်ငံက အင်္ဂလိပ်ဘာ သာနဲ့ထုတ်ဝေတဲ့ WION (World is One News) သတင်းအေဂျင်စီ (29 September 2026) ကရေး တယ်။
ရုရှားအစိုးရပိုင် "ရော့စ်အက်တမ်"ကုမ္ပဏီက တာဝန်ယူပို့ဆောင်မယ့် ယူရေနီယမ်လောင်စာ ကို စက်တင်ဘာလ (၂၄)ရက် ဒါကာမြို့ကိုရောက်ရှိရန် စီစဉ်ထားပြီး အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊ ပါကစ္စ တန်နဲ့အိန္ဒိယတို့ကိုဖြတ်သန်းမယ့် လေကြောင်းခရီး စဉ်အတိုင်းပို့ဆောင်ဖို့ရည်ရွယ်ထားတယ်။ အဲဒီအထဲ မှာ ပါကစ္စတန်က သူရဲ့လေပိုင်နက်ကို အသုံးပြုခွင့် ပေးဖို့ငြင်းဆန်နေတယ်။
ပါကစ္စတန်ထံမှ ခွင့်ပြုချက်မရရှိကြောင်း အတည်ပြုလိုက်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာ တစ် စုံတစ်ရာ တရားဝင်အကြောင်းပြချက်လည်းမပေး သေးကြောင်း ဘင်္ဂလားဒေ့ရှ် သိပ္ပံနဲ့နည်းပညာဝန်ကြီး ကပြောတယ်။ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေရဲ့အဆိုအရ လေယာဉ်ကွင်းတွေဘက်က ပြင်ဆင်မှုတွေအပြီးသတ် ဖို့ နောက်ဆုံးမိနစ်မှာ ခွင့်ပြုချက်မရဘူးလို့ ရုရှားရော့စ် အက်တမ်ကုမ္ပဏီကအကြောင်းကြားကြောင်း သိရှိရ တယ်။ အဲဒီနောက် တခြားလမ်းကြောင်းတစ်ခုခုနဲ့ အောက်တိုဘာလအတွင်း ပြန်လည်ပို့ဆောင်ဖို့ ရုရှား ကစီစဉ်ခဲ့ပြီး ကျန်လောင်စာတွေကို ဒီဇင်ဘာလမတိုင် မီ ကုန်တင်လေယာဉ် (၇)စင်းနဲ့ပို့ဆောင်ပေးမယ်လို့ ပြောတယ်။ ဒီကိစ္စလောက်နဲ့ စီမံကိန်းတစ်ခုလုံးရဲ့ အချိန်ဇယားကိုမထိခိုက်နိုင်ကြောင်း ကုမ္ပဏီက အာမ ခံထားတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန်အစိုးရက တရားဝင်မှတ်ချက်ပေးခြင်းမရှိပေမယ့် ဒါကာရှိ ပါကစ္စ တန်သံအမတ်ကြီးကတော့ အဲဒီဖြစ်ရပ်ဟာ နည်း ပညာနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာပြဿနာသာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေတဲ့ နိုင်ငံရေးကိစ္စအ ဖြစ် အဓိပ္ပာယ်မဖွင့်သင့်ဘူးလို့ပြောပါတယ်။
ပက်ဒမာမြစ်ကမ်းနဖူးမှာ တည်ဆောက် လျက်ရှိတဲ့ ရွတ်ပူး နျူကလီယာစွမ်းအင်စီမံကိန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စိတ်ချအားကိုးရမယ့် စွမ်းအင် ထုတ်လုပ်မှုတိုးချဲ့ရေးအစီအစဉ်မှာ အဓိကအစိတ်အ ပိုင်းတစ်ခုဖြစ်ပြီး မဟာဗျူဟာမြောက် အရေးပါလျက် ရှိတယ်။ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၃)ဘီလျံ ခန့်ကုန်ကျမယ့် ရင်းနှီးမြှုပ်နှံမှုရဲ့ (၉၀) ရာခိုင်နှုန်းခန့် မှာ ရုရှားနိုင်ငံချေးငွေဖြစ်တယ်။
စွမ်းအင်လိုအပ်မှုစစ်ခင်းနေရတဲ့ ဘင်္ဂလား ဒေ့ရှ်ဟာ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ဓာတ်အားတင် သွင်းရတဲ့တိုင်းပြည်တွေစာရင်းမှာပါဝင်နေပြီး ၎င်းတို့ အနက် ဓာတ်အားရာခိုင်နှုန်းအများစုကို အိန္ဒိယနိုင်ငံမှ ရယူထားခြင်းဖြစ်တယ်။ နိုင်ငံရဲ့စီးပွားရေးကိုမောင်း နှင်ပေးနေတဲ့ အထည်ချုပ်စက်ရုံတွေ ဆက်လက် လည်ပတ်နိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အား လိုအပ်နေ တယ်။
ဘင်္ဂလားဒေ့ရှ်ဟာ Least Developed Country (LDC) ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်ဖြစ် တယ်။ ဝင်ငွေနည်းပါးမှု၊ ကုန်ထုတ်လုပ်ဖို့အတွက် လူ့စွမ်းအင်အရင်းအမြစ် အားနည်းမှု၊ စီးပွားရေးထိရှ လွယ်မှုမြင့်မားတာတို့ကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်း ပြည်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ (၄၄)နိုင်ငံရှိတယ်။ အာဖရိက-အာရှ-ကာရစ်ဘီယံနဲ့ ပစိဖိတ်ဒေသတစ်လွှားပြန့်ကျဲနေတဲ့ အဲဒီတိုင်းပြည် နေပြည်သူတွေဟာ စံချိန်တင် ဆင်းရဲမွဲတေရာမှာ တူညီကြတယ်။
LDC တိုင်းပြည်အဖြစ်ခံယူလိုက်တဲ့အ တွက် နိုင်ငံတကာနည်းပညာနဲ့ ရန်ပုံငွေ ကူညီစောင့် ရှောက်မှု၊ အခွန်ကင်းလွတ်ခွင့်၊ ကုန်သွယ်ရေး ခွဲတမ်း ကန့်သတ်မခံရဘဲ အထူးအခွင့်အရေးရရှိတဲ့အတွက် ပို့ကုန်ကဏ္ဍကို အားကောင်းစေတယ်။
တစ်ဖက်မှာလည်း LDC နိုင်ငံတွေဟာ စီးပွားရေးနဲ့လူမှုရေးတည်ဆောက်မှုပုံစံ အားနည်းမှု ကြောင့် ပင်ကိုထိရှလွယ်ကူမှု(Structural Vulnera­bilities) တစ်ပုံတစ်ခေါင်းကြီးရှိနေတတ်တယ်။ ပြည် သူတစ်ဦးချင်းဝင်ငွေ(GNI per capital) အလွန် နည်းပါးပြီး၊ အခြေခံလိုအပ်ချက်တွေမပြည့်စုံတဲ့အ တွက် ဆင်းရဲမွဲတေမှုမှာ သံသရာလည်နေတတ်တယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ အာဟာရပြည့်ဝရေးမှာ အားနည်းချက်တွေရှိနေတဲ့အတွက် ကျွမ်းကျင်လုပ် သားရှားပါးပြီး သေဆုံးနှုန်းမြင့်မားနေတတ်တယ်။ ပြည်ပအထောက်အပံ့ကိုမှီခိုနေရပြီး ကိုယ်ပိုင်ဝင်ငွေ နည်းပါးမှုကြောင့် ကြွေးမြီထောင်ချောက်အတွင်း အ လွယ်တကူသက်ဆင်းရတတ်တယ်။ လျှပ်စစ်မီးရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်နည်းပညာ လက်လှမ်းမမီမှုတို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု FDI တွေကိုဆွဲဆောင်ဖို့ အခက်အခဲရှိတယ်။
LDC တိုင်းပြည်ဖြစ်နေတဲ့အတွက် အမျိုး သားဂုဏ်သိက္ခာကျဆင်းရမှုက စာရွက်ပေါ်မှာ အထင် အရှားမရေးထားတဲ့အချက်ဖြစ်တယ်။ ဆင်းရဲတဲ့နိုင်ငံ အဖြစ်တံဆိပ်ကပ်ခံရပြီး နိုင်ငံတကာ အရေးကိစ္စတွေမှာ အသံမကျယ်နိုင်ဘဲ လျစ်လျူရှုခံရတယ်။ အဲဒါ လက် တွေ့ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးဇာတ်ခုံပေါ်မှာ တကယ် ခံစားရတဲ့ ]မမြင်ရတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဂုဏ်သိက္ခာ ဆိုင်ရာအားနည်းချက် (Intangible & Geopolitical Disadvantages) ဖြစ်နေတတ်တယ်။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်ဟာ LDC တိုင်းပြည်အဖြစ်မှ ရုန်းထွက်ဖို့ အပြင်းအထန်ကြိုးစားနေတယ်။
မူလက (၂၀၂၆)ခုနှစ် နိုဝင်ဘာလမှာ LDC တိုင်းပြည်အဖြစ်မှ လွတ်မြောက်ကြောင်းကြေညာဖို့ ရှိနေပေမယ့် ကိုဗစ်ကူးစက်ကပ်ရောဂါအပြင် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ အချက်အလက်တချို့ကို အချိန်မီဖြည့်ဆည်းဖို့လိုအပ်တာကြောင့် (၂၀၂၉)ခု နှစ်မှာ တရားဝင်လွတ်မြောက်ပါလိမ့်မယ်။
ဒီအတွက် တိုင်းပြည်ရဲ့ကုန်ထုတ်လုပ်မှုမှာ အခြေခံအကျဆုံးဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ကို အလျှံ ပယ်ထုတ်လုပ်နိုင်ဖို့ကြိုးစားနေတယ်။ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေ လူနေမှုအဆင့်အတန်းမြင့်မားဖို့ ဈေးနှုန်း ချိုသာတဲ့လျှပ်စစ်ဓာတ်အားကို အလုံအလောက်ရရှိ ရေးဟာ(ရှမ်းပြည်နယ်လောက်သာကျယ်ဝန်းပြီး မြန် မာလူဦးရေစုစုပေါင်းရဲ့ (၃)ဆမျှဖြစ်နေတဲ့တိုင်းပြည် မှာ) အင်မတန်ခက်ခဲပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေး (၈၅%)ဟာ အသင့်ချုပ်အထည်လုပ်ငန်း RMG အ ပေါ်မှီခိုနေရတယ်။
ဘင်္ဂလားဒေ့ရှ်လျှပ်စစ်စွမ်းအင်ကဏ္ဍရဲ့ ထူးခြားချက်မှာ စာရွက်ပေါ်ရှိ စက်ရုံထုတ်လုပ်နိုင်စွမ်း ပမာဏက အမှန်တကယ်လိုအပ်ချက်ထက် သာလွန် နေတယ်။ လက်တွေ့မှာ လောင်စာဆီပြတ်လပ်မှု ကြောင့် လိုအပ်သလောက် အပြည့်အဝမထုတ်လုပ် နိုင်ဘဲ မီးပျက်မှုတွေနဲ့ရင်ဆိုင်နေရတယ်။ (၂၀၂၆)ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်ရဲ့ နှစ်စဉ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ (၁၈၀ဝဝ)မဂ္ဂါဝပ်ခန့်ရှိပြီး (၁၆၅၀ဝ) မဂ္ဂါဝပ်ခန့်ထုတ်လုပ်နိုင်တဲ့အတွက် နှစ်စဉ် (၃၀၅)မဂ္ဂါဝပ်မှ (၄၀ဝ)မဂ္ဂါဝပ်ခန့်ဖြည့်ဆည်းရန် လိုအပ်နေ သေးတယ်။ မြန်မာနိုင်ငံရဲ့ နှစ်စဉ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ (၅၅၀ဝ)မဂ္ဂါဝပ်ခန့်ရှိနေပြီး (၂၈၀ဝ) မဂ္ဂါဝပ်ခန့်ထုတ်လုပ်နိုင်တဲ့အတွက် နှစ်စဉ် (၂၇၀ဝ) မဂ္ဂါဝပ်ခန့် ထပ်မံဖြည့်ဆည်းဖို့လိုအပ်နေတယ်။
ဆိုလိုတာက မြန်မာနိုင်ငံရဲ့ နှစ်စဉ်လျှပ်စစ် လိုအပ်/ထုတ်လုပ်နိုင်မှုမှာ ဘင်္ဂလားဒေ့ရှ်ရဲ့(၃ ပုံ ၁ ပုံ)မျှသာရှိပေမယ့် အချိန်မီဖြည့်ဆည်းနိုင်မှုမရှိတာနဲ့ အခြေခံအဆောက်အအုံအားနည်းချက် အလွန်ကြီး မားတယ်။ ဆည်၊ ကျောက်မီးသွေးစွမ်းအင်တွေကို ဆန့်ကျင်ကန့်ကွက်သူ မြန်မာကပိုများတယ်။ နှစ်စဉ် လျှပ်စစ်လိုအပ်ချက်ရာခိုင်နှုန်းမှာလည်း မြန်မာက (၂)ဆခန့်ပိုမိုများပြားတယ်။ ဒီနေရာမှာ မြန်မာတစ်နိုင် ငံလုံးရဲ့ လျှပ်စစ်လိုအပ်ချက် (၄၀-၅၀%)မှာ စီးပွား ရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်တိုင်းတစ်ခုတည်းမှဖြစ် တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွတ်ပူး နျူကလီယားစွမ်း အင်သုံးဓာတ်အားပေးစက်ရုံမှာ (၁၂၀ဝ)မဂ္ဂါဝပ်ထုတ် လုပ်နိုင်မယ့် ယူနစ်(၂)ခုပါဝင်ပြီး စုစုပေါင်း (၂၄၀ဝ)မဂ္ဂါဝပ်ထုတ်လုပ်နိုင်တယ်။ ဆိုလိုတာက မြန်မာနိုင်ငံ ရဲ့လျှပ်စစ်လိုအပ်ချက်ဟာ ရာသီဥတုနဲ့အခြေအလိုက် ပြောင်းလဲနေပေမယ့် သီအိုရီအရ ဘင်္ဂလားဒေ့ရှ် ရွတ် ပူးနျူကလီယားစွမ်းအင် စက်ရုံတစ်ခြမ်းတည်းလည် ပတ်ရုံနဲ့ ရန်ကုန်တစ်မြို့လုံးကို လျှပ်စစ်မီးပေးနိုင် တယ်။
ရွတ်ပူး နျူကလီယားစွမ်းအင်စက်ရုံ အ မှတ်(၁)ယူနစ်အတွက် လောင်စာထည့်သွင်းခြင်းလုပ် ငန်းကို ယခုနှစ် ဧပြီလမှာစတင်ခဲ့တယ်။ စမ်းသပ်မှုရဲ့ နောက်ဆုံးအဆင့်ကို ဩဂုတ်လမှာ စတင်နိုင်ခဲ့တယ်။ အောက်တိုဘာလမှာ နိုင်ငံရဲ့ ပထမဆုံး နျူကလီးယား စွမ်အင်သုံး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်(၃၀ဝ)ခန့်ကို နိုင်ငံတော် အမျိုးသားမဟာဓာတ်အားကွန်ရက်ထံ စမ်းသပ်ပို့လွှတ်နိုင်ဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတယ်။ ဒီဇင်ဘာလမှာ စီးပွားဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ် မှုစတင်နိုင်မယ်လို့မျှော်လင့်ရပြီး၊ ဘင်္ဂလားဒေ့ရှ်အနေ နဲ့ ကမ္ဘာ့ (၃၃)ခုမြောက်နျူကလီယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့နိုင်ငံအဖြစ် သမိုင်း မှတ်တိုင် စိုက်ထူနိုင်ပါလိမ့်မယ်။
လွန်ခဲ့တဲ့(၂)လကျော်ကာလအတွင်း ဘင်္ဂ လားဒေ့ရှ်ဟာ အီရန်စစ်ပွဲ ကြာရှည်ဖြစ်ပွားနေမှုနဲ့ သ ဘာဝဓာတ်ငွေ့တင်သွင်းမှုအပေါ် အလွန်အမင်း မှီခို အားထားနေရမှုတို့ကြောင့် အဆိုးရွားဆုံး လျှပ်စစ် ဓာတ်အားအကျပ်အတည်းနဲ့ရင်ဆိုင်နေရတယ်။ အ ခြေအနေကြောင့် အထည်အလိပ်၊ အစားအစာ၊ ကြွေ ထည်နဲ့ ဆေးဝါးစက်ရုံတွေအနေနဲ့လည်း ထုတ်လုပ်မှု ကိုလျှော့ချခဲ့ရတယ်။
ဆည်ဆောက်လုပ်ဖို့ မြစ်ချောင်းရှားပါးတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံတွေအပေါ်မှာသာ အဓိက မှီခို အားထားနေရဆဲဖြစ်တယ်။ ဒီအတွက် ကာတာနိုင်ငံ လို အရှေ့အလယ်ပိုင်းထုတ်လုပ်သူတွေဆီက ဈေး နှုန်းကြီးမြင့်တဲ့ သဘာဝဓာတ်ငွေ့တင်သွင်းမှုအပေါ် မှီခိုနေရတယ်။ အစ္စရေး-အမေရိကန်-အီရန်ပဋိပက္ခ ကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရတဲ့အခါ ကာတာနဲ့အတူ ဘင်္ဂလားဒေ့ရှ်အပေါ်မှာလည်း ပြင်း ထန်စွာသက်ရောက်မှုရှိခဲ့တယ်။
ဘင်္ဂလားဒေ့ရှ်အတွက် နျူကလီယား လောင်စာသယ်ဆောင်လာမယ့် ရုရှားလေယာဉ်ကို ပါကစ္စတန်က လေပိုင်နက်ပိတ်ခဲ့တာဟာ ထူးခြားပါ တယ်။ ရှိတ်ဟာစီနာအလွန် နှစ်နိုင်ငံဆက်ဆံရေး စတင်နွေးထွေးနေချိန် ခုလိုဖြစ်ရခြင်းရဲ့ တရားဝင်အ ကြောင်းရင်းကို သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။
နျူကလီယားကုန်ပစ္စည်းတွေသယ်ယူရာမှာ အထူးခွင့်ပြုချက်တွေလိုအပ်တယ်။ ကိုယ်တိုင် နျူက လီယားလက်နက်ပိုင်နိုင်ငံဖြစ်နေပြီး ရုရှားမဟာမိတ် အိမ်နီးချင်း နျူလက်နက်ပိုင်အိန္ဒိယနဲ့ တရားဝင် စစ် ရေးတင်းမာနေတဲ့ပါကစ္စတန်အတွက် တခြားတိုင်း ပြည်တွေထက်စဉ်းစားတယ်ဆိုရင် သဘာဝကျပါ တယ်။ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ရုရှား ရော့စ်အက်တမ်ကုမ္ပဏီဖြစ်နေတာ၊ နျူကလီယား လောင်စာတွေသယ်ယူလာတယ်ဆိုတာကြောင့် မဝံ့ရဲ ပုံရပြီး တခြား နိုင်ငံရေးရည်ရွယ်ပုံမရပါ။ ရော့စ်အက် တမ်ကတော့ တခြားလေကြောင်းလမ်းနဲ့ အောက်တို ဘာလမှာ ပြန်လည်ပို့ဆောင်မယ်လို့ ကြေညာထား တယ်။ ကျန်လောင်စာတွေကို ကုန်တင်လေယာဉ် (၇)စင်းနဲ့ ဒီဇင်ဘာလမတိုင်မီပို့ဆောင်မယ်လို့ပြော တယ်။ အတိအကျလမ်းကြောင်းကိုမထုတ်ပြန်သေးပါ။
ဘင်္ဂလားဒေ့ရှ် နျူကလီယားစွမ်းအင်အသုံး ပြုမှုအပေါ် အိမ်နီးချင်းအင်အားကြီး တရုတ်နိုင်ငံက ကန့်ကွက်ခြင်းမရှိပါ။ ဘင်္ဂလားဒေ့ရှ်ရဲ့ စွမ်းအင်လုံခြုံ ရေးကို ထောက်ခံတဲ့သဘောထားရှိတယ်။ ရွတ်ပူးစီမံ ကိန်းရဲ့ အဓိကဆောက်လုပ်ရေးမှာ ရုရှားဖြစ်ပေမယ့် တခြားစွမ်းအင်နဲ့ မဟာဓာတ်လိုင်းစီမံကိန်းတွေမှာ တရုတ်က ရင်းနှီးမြှုပ်နှံထားတယ်။
အမေရိကန်ဟာ IAEA နိုင်ငံတကာအဏု မြူစွမ်းအင်အေဂျင်စီရဲ့လုံခြုံရေးစံနှုန်းတွေကိုအလေး ထားတဲ့ အခြေခံမူဝါဒရှိတယ်။ ရွတ်ပူးကို တရားဝင် ကန့်ကွက်ထားခြင်းမရှိပေမယ့် ရုရှားရော့စ်အက်တမ်နဲ့ ဆက်နွှယ်ပြီး စီးပွားရေးအရေးယူမှုတွေကြောင့် စီမံ ကိန်းမှာ ကိုယ်တိုင်မပါဝင်ပါ။
ရှိတ်ဟာစီနာနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံ ရေးအေးစက်နေပေမယ့် ရွတ်ပူးစီမံကိန်းကို အိန္ဒိယ ထောက်ခံတယ်။ ရုရှား-ဘင်္ဂလားဒေ့ရှ်တို့နဲ့အတူ (၃) နိုင်ငံပူးပေါင်းဆောင်ရွက်မှုရှိပြီး အိန္ဒိယကုမ္ပဏီတွေက ပစ္စည်းကိရိယာတွေနဲ့ အင်ဂျင်နီယာဝန်ဆောင်မှုတချို့ ပံ့ပိုးပေးထားတယ်။ ရုရှားလေယာဉ်ရဲ့ ကနဦးလမ်း ကြောင်းမှာလည်း အိန္ဒိယလေပိုင်နက်ပါဝင်နေတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့နယ်နိမိတ်ချင်းထိစပ်နေ တဲ့ တခြားနိုင်ငံဟာ မြန်မာနိုင်ငံပါ။ ကိုယ်တိုင် ရုရှား ထံမှ အသေးစားနျူကလီယားစွမ်းအင်စက်ရုံတွေ မှာ ယူထားတဲ့ မြန်မာအစိုးရက ရွတ်ပူးစီမံကိန်းအပေါ် တရားဝင်ကန့်ကွက် သို့မဟုတ် ထောက်ခံကြောင်း ကြေညာချက်မရှိပါ။ မြန်မာဟာ IAEA အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ငြိမ်းချမ်းရေးရည်ရွယ်တဲ့ နျူ ကလီးယားစွမ်းအင်အသုံးပြုခွင့်ကို နိုင်ငံတကာမူ ဘောင်အတွင်း လက်ခံထားတယ်။

မူရင်းသတင်း — NP News