
သုတကျော် (NP News) - စက်တင်ဘာလ ၈
"အရေးကြီးတာက စိတ်အေးချမ်းဖို့ပဲ" ဟုဆိုလာသူက ရန်ကုန်-မြင်းခြံ အဝေးပြေးကား မောင်းနှင်သူတစ်ဦးဖြစ်သည်။ ယခင်က တစ်ဖြောင့် တည်းသွားခဲ့သောခရီးမှာ အဝေးပြေးယာဉ်လိုင်းတို့ ဉာဏ်ကစားရန် ကစားကွင်းဖြစ်လာသည်။ အဘယ်သို့ ပါနည်း။
ရန်ကုန်မှမြင်းခြံအထိဆိုပါက (၄၁၆)မိုင် ရှည်လျားသော မြင်းခြံ-တောင်သာ-မလှိုင်- ရန်ကုန် ခရီးသည် သွားရိုးလမ်းအားဖြင့် (၄၁၆)မိုင် ရှည်လျား ပေလိမ့်မည်။ ရန်ကုန်မှ အမြန်လမ်းအတိုင်းသွား၊ ထို့ နောက် မိတ္ထီလာမှတစ်ဆင့် ကတ္တရာလမ်းအတိုင်းသွား ရုံဖြစ်သည်။
မြင်းခြံသည်မြို့ကြီး။ တောင်သာနှင့်မလှိုင် တို့ကား မြို့ကြီးမဟုတ်သည့်တိုင် စည်ကားသည်ဟု ဆိုနိုင်သောမြို့များဖြစ်ပြီး ယင်းလမ်းသည်ပင် ခရီး သွားများအတွက် အတိုဆုံးလမ်းဖြစ်ခဲ့သည်။
"အေးဆေးပေါ့ စစ်တာ၊ ဆေးတာမရှိဘူး။ လမ်းက ကောင်းသလားဆိုတော့ ကောင်းတယ်လို့ပြော ရမှာပေါ့။ လမ်းအခြေအနေက ပြောရမယ်ဆိုရင် အ ကောင်းဆုံးက စိတ်အေးချမ်းတာ။ စိတ်မပူပင်ရတာ" ဟု မြင်းခြံမြို့ခံတစ်ဦးကဆိုသည်။
ယခင်က မြန်မာနိုင်ငံကလူတိုင်း မေ့လျော့ နေခဲ့သောအရာသည် ယခုအခါ အသက်ဝင်နေပေပြီ။ ယင်းမှာ စိတ်အေးချမ်းမှုဖြစ်သည်။ ယခင်ကဆိုလျှင် လမ်းမကောင်းသောကြောင့် ညည်းကောင်း ညည်းမိ ကြမည်။ သို့မဟုတ် ခရီးသွားရဝေးကွာသည့်အတွက် စိတ်ညစ်ကောင်း ညစ်ပေလိမ့်မည်။ သို့သော် စိတ် အေးချမ်းမှုရှိသည်ဆိုသောအရာကို မေ့လျော့ခဲ့ကြ သည်။ သို့သော် ယင်းအရာကို ပြည်သူတို့သတိရကြ ပြီ။ သို့သော် စိတ်အေးချမ်းမှုက အဘယ်မှာပါနည်း။
သူပုန်တို့ အညာဒေသသို့ရောက်စတွင် ရိုးသားသော ဒေသခံတို့အတွက် ကိုယ့်ဆွေကိုယ့်မျိုးမှဖြစ်သော လက်နက်ကိုင်တို့ဟူ၍ အတွေးမျိုး တွေးခဲ့ကြသေး သည်။ လက်နက်ကိုင်ခဲ့သူတို့အနက် လူငယ်တို့မှာ လည်း စိတ်ဓာတ်တက်ကြွခဲ့ကြသေးသည်။
လူငယ်ဟူသည် တက်ကြွတတ်သည်။ ဖျတ်လတ်သည်။ ခေါင်းဆောင်မှုနောက်ကိုလိုက်တတ် သည်။ သို့သော် ခေါင်းဆောင်မှားလျှင်ကား အကျိုးမ များတော့ပြီ။ အညာဒေသတွင်လည်း လူငယ်တို့ ထို သို့နှင်နှင် ကြုံခဲ့ရခြင်းဖြစ်သည်။ ပြန်ကောက်ရပါလျှင် လက်နက်ကိုင်တို့ဝင်လာခဲ့သည့်နောက် ရိုးသားသူတို့ ကလည်း ဘာသိဘာသာလက်ခံခဲ့ကြသည်။ လူငယ် တို့ လက်နက်ကိုင်သည်။ ယင်းနောက် အနှီလက်နက် ကိုင်တို့ လက်နက်ကြိုက်လာသောအခါ ရိုးသားသူတို့ က ဖူးဖူးမှုတ်ခဲ့သောသံတုံးတို့မှာ မီးကျီးခဲများ ဖြစ်လာ ကြသည်။ မီးကျီးခဲတို့ကား ကိုင်သူကိုလည်း လောင် သည်၊ ပတ်ဝန်းကျင်ကိုလည်း လောင်သည်။ ညှော်နံ့ လည်းပေး၏။ လက်နက်ကိုင်သူပုန်တို့ကြောင့် လောင် ကျွမ်းခံရသောအရာများအနက် လမ်းတို့လည်း ပါဝင် ခဲ့ကြသည်။
"အစက ရွာတွေမှာဖြစ်ရင် နောက်ကျ တော့ လမ်းပေါ်ရောက်လာတယ်။ နောက်တော့ လမ်း သွားတဲ့ပြည်သူတွေ စိုးရိမ်စိတ်ဖြစ်လာသည်။ ပူပန် လာတယ်။ စစ်ဆေးပြီဆိုရင် ရိုးသားတဲ့ပြည်သူတွေက ဘာနေနေ လန့်နေကြတာလေ"ဟု ၎င်းကဆိုသည်။
သူပုန်တို့ လမ်းထက်ရောက်လာသောအခါ ငွေ တောင်းသည်။ မထင်လျှင် ဖမ်းဆီးသွားတတ်သည်။ မြန်မာတွင်ထွန်းကားခဲ့သော "ငါနှင့်မတူငါ့ရန်သူ"ရောဂါသည် အညာဒေသက လမ်းအချို့ထက်တွင် ပေါ်ပေါ်ထင်ထင်အသက်ဝင်ခဲ့သည်။
"တွေ့လို့ဖမ်းသွားတယ်ဆိုရင်လည်း ပါ သွားပေါ့။ ပြီးရင် အလောင်းတောင် ပြန်မရတာမျိုး လည်းရှိတယ်လေ။ အလောင်းပြန်မရတာကများ တယ်။ ဘယ်လိုကြောင့် ရှင်းလင်းတယ်ဆိုတာမျိုးပေါ့။ ရှင်းလင်းတယ်ဆိုတဲ့စကားလုံးက သုံးလုံးတည်း။ ဒါပေမဲ့ ပေးလိုက်ရတာကအသက်လေ။ မှားသွားရင် လည်း ပြန်ဖြေရှင်းခွင့်ရှိတာမှမဟုတ်တာ"ဟု ယင်း ဒေသခံတစ်ဦးကဆိုသည်။ ယင်းသို့သောအရိပ်များ သည် မြင်းခြံ-တောင်သာ-မလှိုင်-ရန်ကုန်လမ်းတွင် အရိပ်ထိုးနေသည်။
"ကျွန်တော်တို့ တောင်သာ-မလှိုင်လမ်း သွားလို့မရဘူး။ တောင်သာ-ဝဲလောင်-ပုပ္ပားလမ်း သွားလို့မရဘူး။ တောင်သာကနေမြင်းခြံသွားမယ်။ ပြီးရင်း ပခုက္ကူအထိသွား။ ပခုက္ကူကနေ ကျောက်ပန်း တောင်းပြန်ပတ်တာပေါ့"ဟု အဝေးပြေးယာဉ်မောင်း တစ်ဦးကဆိုသည်။
သို့သော် ယင်းမှာလည်း ပုံမှန်သွားနေကျ လမ်းရိုးတစ်ခုမဟုတ်ဟု အခြားယာဉ်မောင်းတစ်ဦးက ဆိုပြန်သည်။
"ကားကတော့ မနက်ကားလည်းရှိတယ်။ ညကားလည်းရှိတယ်။ လမ်းကြောတွေက ပြောင်းပြီး သွားတာပေါ့။ လမ်းကြောက အဆင်ပြေသလိုသွား တာပေါ့။ ရက်ကတော့မတူဘူး"ဟု အခြားယာဉ် မောင်းတစ်ဦးကဆိုသည်။
ယင်းနှင့်ပတ်သက်၍ မြင်းခြံ-တောင်သာ -မလှိုင်-ရန်ကုန်ပြေးဆွဲနေသည့် အဝေးပြေးယာဉ် လိုင်းတစ်ခုကို ဆက်သွယ်စုံစမ်းကြည့်ရာ အခြေအ နေကိုကြည့်၍သွားသည်ဟုဆိုသည်။
"လမ်းကြောအခြေအနေကတော့ ဟို ဘက်ကသွားတဲ့ရက်နဲ့ ဒီဘက်ကသွားတဲ့ရက်နဲ့ မတူ ဘူး။ မနက်ဖြန်ဖြစ်ဖြစ်၊ သန်ဘက်ခါဖြစ်ဖြစ်သွားမယ် ဆိုရင် ဘယ်လမ်းကသွားမယ်ဆိုတာ ကားကို ပြန်မေး ရပါသေးတယ်"ဟု ဖုန်းကိုင်ဖြေကြားသူတစ်ဦးက ပြောသည်။
အခြား မြင်းခြံမြို့ခံတစ်ဦးကလည်း ၎င်းပုံမှန်ပြန်သည့်အခါ ကျောက်ပန်းတောင်းဘက်မှ ပြန် သည်ဟုဆိုသည်။ အဘယ်ကြောင့်ပြန်သနည်းဟုမေး လျှင် စိုးရိမ်စိတ်ကြောင့်ဟုဖြေသည်။ လမ်းပိုင်းနောက် ဆုံးအခြေအနေကိုမသိသော်ငြား ဒေသခံတို့တွင် စိုး ရိမ်စိတ်ရှိနေသည်က ထင်ရှားသည်။
"မိတ္ထီလာကနေမှ ကျောက်ပန်းတောင်း လမ်းကနေပြန်တာ။ မိတ္ထီလာ-တောင်သာလမ်းကနေ ပြန်လို့မရဘူး။ မိတ္ထီလာ-တောင်သာလမ်းက ပိုပြီးမ လုံခြုံဘူးလေ။ အဲဒါကြောင့် မိတ္ထီလာ-ကျောက်ပန်း တောင်းဘက်ကနေပတ်ပြန်တာ။ မိတ္ထီလာကနေ ကျောက်ပန်းတောင်း၊ ကျောက်ပန်းတောင်းကနေမှ မြင်းခြံကို ကားတစ်ဆင့်ထပ်စီးရတာဆိုတော့ (၃၊ ၄) နာရီကြာတယ်"ဟု ၎င်း ကဆိုသည်။
NP News အနေဖြင့် အဆို ပါလမ်းပိုင်းနှင့်ပတ်သက်၍ ဆက်သွယ်၊ မေးမြန်း ရရှိ သမျှသောအခြေအနေများကို ဆန်းစစ်ကြည့်ခြင်းအား ဖြင့် အဖြေတစ်ခုထွက်သည်။ ယင်းမှာ လမ်းအခြေအ နေကိုကြည့်ကာ အဆင်ပြေသည့်လမ်းမှသွားနေရ သည်ဆိုသောအကြောင်းဖြစ်သည်။ သို့ဆိုလျှင် ယင်း လမ်းများမှာ အခြေအနေဆိုးလွန်းနေ၍လောဟု မေး ဖွယ်ရှိသည်။ ဆိုးသည်ဆိုခြင်းထက် PDF များ တက် လာတတ်ခြင်းဖြစ်သည်။ ယင်းသည်ပင်လျှင် ဆိုးသော အကြောင်းပင်။ လူအများ စိုးရိမ်စိတ်ဖြစ်သည်မှာ လည်း အဆိုပါအကြောင်းများကြောင့် ဖြစ်သည်။
လက်ရှိ အဆိုပါဒေသမှလမ်းများအနက် တောင်သာ-ဝဲလောင်-ပုပ္ပါးလမ်းဟုလည်းခေါ်သော ရန်ကုန်-ပြည်-မန္တလေးလမ်းအဆစ်ပိုင်းမှာ အဆိုး ဆုံးဖြစ်နေကြောင်း အခြားဒေသခံတစ်ဦးကဆိုသည်။
" လမ်းပေါ် PDF ကတက်လာပြီး ဆွဲတတ် တော့ လူတွေက မသွားရဲကြတော့တာ။ ဆိုးဆိုးရွားရွား ကြီးလည်းမဟုတ်ဘူး။ သူတို့ဂိတ်ဖွင့်တာလည်းမဟုတ် ဘူး။ တက်လာတတ်တာပေါ့"ဟု ၎င်းကဆိုသည်။ တောင်သာနှင့်မလှိုင်ကြားတွင်မူ PDF ဂိတ်ဖွင့်ခြင်းတို့ ရှိနေသည်ဟုသိရကြောင်း ၎င်းကဆိုသည်။
"မှတ်ပုံတင်စစ်ပြီးတော့ ဝန်ထမ်း ဘာညာ ဆိုဆွဲချတာတွေ ဘာတွေရှိတယ်"ဟု ၎င်းကဆိုသည်။
ယင်းမှာ အဆိုပါဒေသနှင့်ပတ်သက်၍ သတင်းဆိုး ထွက်သောအခြေအနေဖြစ်သည်။ အခြားတစ်ဖက် တွင်လည်း တပ်မတော်အနေဖြင့် ယင်းလမ်းကြောတွင် သူပုန်ကင်းရှင်းရေးအတွက် စစ်ကြောင်းထိုးခြင်းများ ကိုလည်းဆောင်ရွက်နေသည်။ PDF တို့က ကျေး လက်နှင့်လမ်းပိုင်းတွင် စစ်ရေးစိုးမိုးမှုရယူရန်ကြိုးပမ်း သည်။ တစ်ဖက်တွင် တပ်မတော်ကလည်းစစ်ကြောင်း ထိုးခြင်းများရှိသည်။ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားခြင်း များရှိသည်။ အလင်းနှင့်အမှောင်ဘက်က လူကွဲပြား ခြင်းမှာ အလင်းထဲကလူကို အမှောင်တွင်းကလူက မြင်ရသည်။ အမှောင်တွင်းကိုကား မမြင်ရ။ မမြင်ရ သည့်အတွက် ရမ်းသမ်းပစ်ခတ်ရန်အတွက်လည်း ဥပဒေဖြင့်စည်းနှောင်ထားသော တရားဝင်တပ်မတော် တစ်ခုဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက်ရ သည်။
" PDF က ရွာထဲဝင်သွားရင် ရွာသားဖြစ် သွားပြီ။ အဲဒီတော့ စစ်တပ်က ဘာမှလုပ်မရတော့ဘူး။ ပစ်လိုက်ရင်လည်း ရွာသားသေတယ်ဖြစ်ပြန်ရော။ တပ်ဘက်ကလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်နေရ တယ်လို့မြင်တယ်"ဟု တောင်သာမြို့ခံတစ်ဦးက ဆိုသည်။ ဆောင်းပါးတွင်ဖော်ပြသည့်အတိုင်း ယင်း နေရာတစ်ဝိုက်ကလမ်းများအားလုံးပင် ဆိုးနေသည် ဟုလည်းမဆိုသာပါ။ လမ်းတို့ဆိုးခဲ့သည်။ သို့သော် ကောင်းသောအခြေအနေများလည်း ရှိနေပြီဖြစ် သည်။
"အခု ဗျတ္တပန်းဆက်လမ်းဆိုရင်လည်း အဘထွက်ပွဲသွားနေကြပြီလေ။ လမ်းက အဆင်ပြေ တယ်။ ဂိတ်တွေလည်းရှိနေပြီ။ ဒါကြောင့် အေးအေး ဆေးဆေးသွားလို့ ရပြီ"ဟု ကျောက်ပန်းတောင်းမြို့ခံ တစ်ဦးကဆိုသည်။ ယင်းလမ်းသည် တစ်ချိန်က ပြန် ပေးမှုများကြောင့်နာမည်ကျော်ခဲ့သည်။ အင်တာနက် တွင် နာမည်ကျော်လူပျောက်သောဖြစ်စဉ် များစွာရှိခဲ့ သည်။ သို့သော် လက်ရှိတွင်ကား အခြေအနေကောင်း နေပေပြီ။
တစ်ဖက်တွင်မူ ချောက်-စဉ့်ကူ-ပုဂံ လမ်း မှာမူ အခြေအနေမကောင်းသေးကြောင်း ၎င်းကဆို သည်။ "အဲဒီဘက်လမ်းကတော့ သွားလို့မရသေးဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ မြန်မြန်ပြန်ကောင်းတော့ မယ်လို့မျှော်လင့်တယ်။ ဘာလို့ဆို လမ်းပိုင်းမှာ တပ်မ တော်ကထိန်းချုပ်တာတွေများလာပြီ"ဟု ၎င်းကဆို သည်။ တစ်ချိန်ကဆိုလျှင် မြင်းခြံ-တောင်သာ- မလှိုင်လမ်းအပါအဝင် ယင်းဒေသမှလမ်းတို့သည် စိုး ရိမ်ဖွယ်ဖြစ်ခဲ့ကြသည်။ မဖြစ်ခံနိုင်ပါမည်လော။ တောင်သာနှင့်မလှိုင်တို့သည် လက်နက်ကိုင်တို့ ကြောင့် နာမည်ကျော်သထက်ကျော်သောမြို့များ ဖြစ် ခဲ့သည်မဟုတ်ပါလား။
"အခုကတော့ လူတွေမျှော်လင့်နေကြတာ ကတစ်ခုတည်း။ နယ်မြေ မြန်မြန်အေးချမ်းစေချင် တယ်၊ ငြိမ်းချမ်းစေချင်တယ်။ ဘာလို့လဲဆိုတော့ လက်နက်ကိုင်တွေရဲ့ဆိုးကျိုးကိုသိလာတာ။ အရင် တုန်းကအခြေအနေကိုပြန်လိုချင်ကြတာ"ဟု တောင် သာမြို့ခံကဆိုသည်။
မြင်းခြံ-တောင်သာ-မလှိုင်-ရန်ကုန်လမ်း သည် ယခင်ကဲ့သို့ အေးချမ်းသောအချိန်ကား ပြန် ရောက်တော့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နယ်မြေစိုးမိုးမှုများကြောင့်ဖြစ်ပါ၏။ တစ်ဖက်တွင် လည်း ယင်းလမ်းမှာ အများထင်သကဲ့သို့ မဆိုးသည့် တိုင် ဒေသခံတို့က စိုးရိမ်နေကြသည့် ကြောက်စိတ်က လူအများကို ဖိစီးနေသည်။ ကြောက်စိတ်တို့ကင်းရန် လိုသည်။ လမ်းလည်း လုံးဝ အေးချမ်းပါလိမ့်မည်။ သို့သော် စောင့်နေသူအတွက် အချိန်မှာ ကြာလွန်းပါ ချိမ့်မည်။