NP News

အရှေ့အလယ်ပိုင်း စစ်မီးကူးစက်လာတဲ့ အာဖရိက ဦးချိုဒေသ

တင်ဇာ (NP News) - အောက်တိုဘာလ ၇

ကမ္ဘာကြီးရဲ့အာရုံက အီရန်စစ်ပွဲအပြင် အရှေ့အလယ်ပိုင်းတစ်ခွင် ကျယ်ပြန့်လာတဲ့စစ်မျက်နှာ စာတွေကိုစူးစိုက်နေကြချိန်မှာ အာဖရိကဦးချိုဒေသ ဟာလည်း ဒီမဟာဗျူဟာမြောက်စစ်ပွဲထဲကို ဆွဲသွင်း ခံနေရပါတယ်။ ပင်လယ်နီဟာ တိုက်ကြီးနှစ်ခုကိုပိုင်း ခြားထားတဲ့ရေပြင်မဟုတ်တော့ဘဲ စစ်ပွဲတွေကိုချိတ် ဆက်ပေးနေတဲ့ အပိုင်းအခြားတစ်ခု ဖြစ်လို့လာခဲ့ပါပြီ။ (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ အမေရိကန် နဲ့အစ္စရေးတို့ အီရန်နဲ့စစ်ပွဲစတင်ခဲ့ပြီးကတည်းက ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေအပေါ် ဖိအားတွေမြင့်တက်လာခဲ့လို့ ပင် လယ်နီတောင်ပိုင်းရဲ့ မဟာဗျူဟာမြောက်အရေးပါမှု က ပိုပြီးပေါ်လွင်လာခဲ့ပါတယ်။ ဟူသီအဖွဲ့ဟာ အဲဒီ လို အားနည်းချက်ကိုအခွင့်ကောင်းယူပြီး ဘတ် အယ်လ်မန်ဒတ်ရေလက်ကြားမှာ အသာစီးရအောင် ဖန်တီးခဲ့ကြပါတယ်။ မိုခါမြို့ မာယွန်ကျွန်းနဲ့ ဟာနစ်ရှ် ကျွန်းစုတွေကို သူတို့ ထိန်းချုပ်လိုက်နိုင်တာကြောင့် ဒေသတွင်း ပိုပြီး လက်ဝါးကြီးအုပ်နိုင်ခဲ့တာပါ။ ဒုံး ကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေအပါအဝင် အဲဒီကနေဖြစ်ပေါ်လာတဲ့မရေရာမှုတွေက သင်္ဘော လမ်းကြောင်းတွေကိုပြောင်းလဲပစ်နိုင်သလို ဟူသီတို့ အနေနဲ့ အပိုင်စီးထားတဲ့ ပထဝီဝင်အကွက်အကွင်းကို ပထဝီနိုင်ငံရေးအာဏာအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့ပါ တယ်။

ဒီဂယက်တွေဟာ အာဖရိကကမ်းခြေထိပါ ရိုက်ခတ်လာခဲ့ပါတယ်။ ဂျီဘူတီနိုင်ငံဟာ နိုင်ငံခြားစစ် အခြေစိုက်စခန်းတွေလက်ခံထားရှိသလို ဟူသီတွေ ထိန်းချုပ်ထားတဲ့နေရာတွေနဲ့လည်း တိုက်ရိုက်နီးကပ် နေတာပါ။ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း အီရန်ကျော ထောက်နောက်ခံပြု ဟူသီတပ်ဖွဲ့တွေနဲ့ ဆော်ဒီကျော ထောက်နောက်ခံပြုအစိုးရတပ်ဖွဲ့တွေကြား တိုက်ပွဲ တွေပိုမိုပြင်းထန်လာခဲ့တာမို့ ယီမင်ကနေထွက်ပြေး လာတဲ့ဒုက္ခသည် (၃,ဝဝဝ)နီးပါးဟာ ပင်လယ်ကိုဖြတ် ပြီး ဂျီဘူတီဘက်ကူးခပ်လာကြတယ်လို့သတင်းရရှိတာကြောင့် ဂျီဘူတီအာဏာပိုင်တွေက နိုင်ငံတကာကို အကူအညီပေးဖို့ တောင်းဆိုခဲ့ရပါတယ်။

အာဖရိကဦးချိုဒေသရဲ့ လျင်မြန်စွာဆိုး ရွားလာနေတဲ့အခြေအနေကို သီးခြားစီဖြစ်ပွားနေတဲ့ ဒေသတွင်းပဋိပက္ခအသေးစားလေးတွေပါဆိုပြီး လျစ် လျူရှုထားလို့မရတော့ပါဘူး။ ဒါဟာ နိုင်ငံတကာအ သိုင်းအဝိုင်းက ချက်ချင်းအာရုံစိုက် အရေးယူဆောင် ရွက်ဖို့လိုအပ်နေတဲ့ ကမ္ဘာ့လုံခြုံရေးအကျပ်အတည်း တစ်ခုအဖြစ် ပြောင်းလဲလို့လာခဲ့ပါပြီ။ ဒါပေမဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပထဝီနိုင်ငံရေးတုံ့ပြန်မှုတွေကတော့ စိုးရိမ်စရာကောင်းလောက်အောင် အမြင်ကျဉ်းမြောင်း နေဆဲပါ။ ဟော်မုဇ်ရေလက်ကြားအကျပ်အတည်းဟာ ပြေလည်တော့မယ့်လမ်းကြောင်းပေါ် ရောက်နေပြီဆို တဲ့ယူဆချက်နဲ့ နိုင်ငံတကာက ပင်လယ်နီရေလက် ကြားရဲ့အကျပ်အတည်းကို သတိမထားမိဘဲ ဖြစ်နေပါ တယ်။

အာဖရိကဦးချိုဒေသဟာ အီရီထရီးယား၊ အီသီယိုးပီးယား၊ ဆိုမာလီယာ၊ ဆိုမာလီလန်း၊ ဆူဒန် နဲ့ဂျီဘူတီတို့ပါဝင်နေပြီး ကမ္ဘာ့အရှုပ်ထွေးဆုံး စစ်ရေး နဲ့လုံခြုံရေးနယ်မြေတစ်ခု ဖြစ်လို့လာခဲ့ပါပြီ။ ဟူသီတပ် ဖွဲ့တွေရဲ့ ရှေ့တိုးလာမှုဟာ ဂျီဘူတီနိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့ Camp Lemonnier စစ်စခန်းနဲ့ မိုင် (၈၀)အကွာအဝေးအတွင်းကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီစခန်းဟာ အာဖရိကဦးချိုဒေသ ပူးတွဲစစ်ဆင်ရေး တပ်ဖွဲ့ အခြေစိုက်ရာနေရာဖြစ်ပြီး အာဖရိကတိုက်မှာ ရှိတဲ့ အမေရိကန်ရဲ့ တစ်ခုတည်းသော အမြဲတမ်းစစ်စ ခန်းလည်းဖြစ်ပါတယ်။ အဲဒီစခန်းရဲ့မစ်ရှင်တွေမှာ အာဖရိကဦးချိုဒေသအတွင်း အရေးပေါ်တုံ့ပြန်မှုတွေ ကိုပံ့ပိုးပေးတဲ့စစ်ဆင်ရေးတွေသာမက ရေလက်ကြား ရဲ့တခြားဘက် ယီမင်နိုင်ငံအတွင်းက အာရေဗျကျွန်း ဆွယ် အယ်လ်ကိုင်ဒါအဖွဲ့ကိုတိုက်ခိုက်တဲ့ အမေရိ ကန်ရဲ့စစ်ဆင်ရေးတွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အစ္စရေး-ဟားမတ်စ်ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ ပြီး ပင်လယ်နီအတွင်း ရေကြောင်းမလုံခြုံမှုတွေ နောက် ဆက်တွဲဖြစ်ပေါ်လာခဲ့ပြီးကတည်းက ဂျီဘူတီနိုင်ငံဟာ ဟူသီတွေကိုတိုက်ခိုက်မယ့်စစ်ဆင်ရေးတွေအတွက် အမေရိကန်ကို သူ့စခန်းအသုံးပြုခွင့်မပြုခဲ့ဘူးလို့သိရ ပါတယ်။

နောက်ထပ် အာဖရိကဦးချိုနိုင်ငံဖြစ်တဲ့ အီသီယိုးပီးယားနိုင်ငံကတော့ လက်နက်ကိုင်ပဋိပက္ခ တွေ ပြန်လည်စတင်နေပါတယ်။ မြောက်ပိုင်း တီဂ ရေးဒေသက ဒေသခံလက်နက်ကိုင်တပ်တွေဟာ လပေါင်းများစွာ တင်းမာမှုတွေမြင့်တက်ခဲ့ပြီးနောက် လတ်တလောမှာ လေဆိပ်သုံးခုကိုထိန်းချုပ်လိုက်သ လို အစိုးရစစ်တပ်တွေနဲ့လည်း နေရာအတော်များများ မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် စစ်ပွဲကြီးတစ်ခု ပြန်စတင်လိုက်ပြီဆိုတာကို ပြသနေပါတယ်။ ဒီလှုပ် ရှားမှုကြောင့် တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ် ဦး(TPLF)နဲ့ အစိုးရတပ်တွေကြား (၂၀၂၀)ပြည့်နှစ် ကနေ (၂၀၂၂)ခုနှစ်အထိဖြစ်ပွားခဲ့တဲ့စစ်ပွဲကို အဆုံး သတ်ပေးခဲ့တဲ့ ပရီတိုရီးယား ငြိမ်းချမ်းရေးသဘော တူညီချက် ပျက်စီးသွားခဲ့ရပါတယ်။ ဒါ့ပြင် အီသီယိုးပီး ယားနဲ့ အီရီထရီးယားကြား ဆက်ဆံရေးဆိုးရွားနေချိန်၊ ဆူဒန်မှာ ပြည်တွင်းစစ်ဖြစ်နေချိန်၊ ပင်လယ်နီထွက် ပေါက်ကိစ္စ တင်းမာနေချိန်နဲ့ အာဖရိကဦးချိုဒေသဟာ အရှေ့အလယ်ပိုင်းပဋိပက္ခတွေထဲ ပါဝင်ပတ်သက် လာနေချိန်မှာပဲ ဒီတိုက်ပွဲတွေ ပြန်စလာတာပါ။ ကုလ သမဂ္ဂမှာ အီသီယိုးပီးယားသမ္မတပြောကြားခဲ့တဲ့ မိန့် ခွန်းမှာ သူ့နိုင်ငံအနေနဲ့ ပြင်ပစွက်ဖက်မှုတွေရှိနေပေ မယ့် အစွမ်းကုန်သည်းခံထိန်းသိမ်းခဲ့တယ်လို့ ပြော သွားခဲ့ပါတယ်။ ဒါ့ပြင် သမ္မတက အီသီယိုးပီးယားကို ဒေသတွင်းတည်ငြိမ်ရေးအတွက်ဆောင်ရွက်နေတဲ့ နိုင်ငံအဖြစ် ပုံဖော်ပြောဆိုခဲ့ပြီး ပြင်ပအဖွဲ့အစည်းတွေ ရဲ့စွက်ဖက်မှုတွေရှိနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ သမ္မတက ကုလစင်မြင့်ထက်မှာ "ဖျက်ဆီးရေးနဲ့ ရုန်း ရင်းဆန်ခတ်လုပ်ချင်တဲ့အင်အားစုတွေကို ကျွန်တော် တို့ပေးချင်တဲ့သတင်းစကားကတော့ ရှင်းရှင်းလေးပါ ပဲ။ အာဖရိကဦးချိုဒေသကပြည်သူတွေ ငြိမ်းချမ်းစွာနဲ့ ြွကယ်ဝချမ်းသာစွာ လွတ်လပ်စွာနေထိုင်ခွင့်ဆိုတဲ့ မြင့် မြတ်တဲ့အခွင့်အရေးကို လေးစားကြဖို့တိုက်တွန်းပါ တယ်"လို့ပြောခဲ့ပါတယ်။

ခုဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ ပရီတိုရီးယား သဘောတူညီချက်အတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်လာပြီး အီသီယိုးပီးယားတစ်ဝန်းက လက်နက်ကိုင် အဖွဲ့တွေပါ ပါဝင်လာနိုင်တဲ့ ဒေသတွင်းစစ်ပွဲကြီးဖြစ် သွားမှာကို စိုးရိမ်နေကြပါတယ်။ ဒါဆိုရင် အိမ်နီးချင်း ဆူဒန်စစ်ပွဲနဲ့ပင်လယ်နီတင်းမာမှုတွေကြောင့် မတည် မငြိမ်ဖြစ်နေပြီးသားဒီဒေသဟာ ပိုပြီး အခြေအနေဆိုး သွားနိုင်ပါတယ်။ TPLF အပါအဝင် အီသီယိုးပီးယား လက်နက်ကိုင်(၇)ဖွဲ့ဟာ ရှင်သန်ရပ်တည်ရေးအ တွက် အီသီယိုးပီးယားပြည်သူ့တပ်ပေါင်းစုကိုဖွဲ့စည်း လိုက်ကြောင်း မကြာသေးမီကကြေညာခဲ့ပြီး ဝန်ကြီး ချုပ် အဘီအာမက်အစိုးရကိုဖြုတ်ချဖို့ ရည်ရွယ်ထား တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဘီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဘီလင်းဆီယမ်ကတော့ ဒီမဟာမိတ်အဖွဲ့ဝင် တွေဟာ အီသီယိုးပီးယားရဲ့ အိမ်နီးချင်းလည်းဖြစ်၊ သမိုင်းဝင်ရန်သူလည်းဖြစ်တဲ့ အီရီထရီးယားရဲ့ ငွေ ကြေးထောက်ပံ့မှုနဲ့ ပူးပေါင်းဆောင်ရွက်နေတာကြာ ပြီလို့ စွပ်စွဲခဲ့ပါတယ်။ အီရီထရီးယားဘက်ကတော့ ဒီလိုစွပ်စွဲချက်တွေကို အကြိမ်ကြိမ်ငြင်းဆိုထားပါ တယ်။
ကုန်းတွင်းပိတ် အီသီယိုးပီးယားဟာ အီရီ ထရီးယားခွဲထွက်မသွားမီအထိ ဆယ်စုနှစ်များစွာ ကမ်းရိုးတန်းရှိခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း အီသီယိုး ပီးယားဟာ ပင်လယ်နီထွက်ပေါက် အထူးသဖြင့် အာ ဆာဘ်ဆိပ်ကမ်းပြန်ရဖို့ဟာ စီးပွားရေးနဲ့လုံခြုံရေးအ တွက် မရှိမဖြစ်လိုအပ်တယ်လို့ အမြဲတမ်းငြင်းခုံခဲ့ပါ တယ်။ အီရီထရီးယားကတော့ အီသီယိုးပီးယားဟာ အာဆာဘ်ဆိပ်ကမ်းကို အင်အားသုံးသိမ်းယူလိမ့်မယ် လို့စိုးရိမ်နေတာပါ။ ဒီလအစောပိုင်းမှာတော့ အမေရိ ကန်အစိုးရက အီရီထရီးယားကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ တခြားအဖွဲ့အစည်းတွေအပေါ် ပိတ်ဆို့အရေးယူမှု တွေကိုဖယ်ရှားပေးခဲ့ပါတယ်။ ဒီပိတ်ဆို့မှုတွေဖယ်ရှား လိုက်တာဟာ အီသီယိုးပီးယားပဋိပက္ခအပေါ် ဘယ် လိုသက်ရောက်မှုရှိမယ်ဆိုတာမရှင်းလင်းပေမယ့် ဒေါ်နယ်ထရမ့်အစိုးရအနေနဲ့ ဆော်ဒီအာရေဗျနဲ့ မျက် နှာချင်းဆိုင်မှာရှိတဲ့ အီရီထရီးယားရဲ့ မဟာဗျူဟာကျ တဲ့ကမ်းရိုးတန်းကို အသိအမှတ်ပြုလိုက်တာဖြစ်ပြီး၊ အီသီယိုးပီးယားကိုလည်း အီရီထရီးယားနဲ့ စစ်မဖြစ်ဖို့ သတိပေးလိုက်တာလို့ရှုမြင်ကြပါတယ်။ သံတမန်တွေ ကတော့ တီဂရေးစစ်ပွဲပြန်ဖြစ်လာရင် အရင်လို အီသီ ယိုးပီးယားအတွင်းစည်းထဲမှာတင် ပြီးသွားမှာမဟုတ် တော့ဘူးလို့ သတိပေးထားပါတယ်။
တီဂရေးမှာ စစ်ပွဲပြန်စတာဟာ အိမ်နီးချင်း ဆူဒန်က တိုက်ပွဲတွေနဲ့ဆက်စပ်သွားနိုင်ပြီး မတည် မငြိမ်ဖြစ်နေတဲ့ ပင်လယ်နီဒေသကိုပါ ပိုပြီးရှုပ်ထွေး သွားစေနိုင်တာကြောင့် စစ်ပွဲကြီး ပိုမိုကျယ်ပြန့်သွားနိုင် တယ်လို့ ဒေသတွင်းသံတမန်တွေနဲ့ လေ့လာဆန်းစစ် သူတွေက သတိပေးထားပါတယ်။ ဒါဟာ ဆူဒန်မှာ စစ်ပွဲအပြင်းအထန်ဖြစ်ပွားနေတာ၊ ဆိုမာလီယာမှာ မတည်မငြိမ်ဖြစ်နေတာ၊ နိုင်းမြစ် ရေအရင်းအမြစ်တင်း မာမှုတွေနဲ့ အရှေ့အလယ်ပိုင်းဒေသတွင်းပဋိပက္ခ တွေကူးစက်လာတာတွေကြောင့် အာဖရိကဦးချိုဒေ သရဲ့ လုံခြုံရေးအခြေအနေ အဆိုးရွားဆုံးဖြစ်နေချိန် မှာ ပေါ်ပေါက်လာတာပါ။
ဒါ့ပြင် အာဖရိကဦးချိုဒေသအတွင်းကနိုင်ငံ တွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား ဆက်ဆံရေးတင်း မာမှုတွေ ရှိနှင့်ပြီးသားဖြစ်သလို တစ်နိုင်ငံရဲ့ပဋိပက္ခအ တွင်းမှာ တစ်နိုင်ငံက ပါဝင်ပတ်သက်မှုတွေရှိနေပါ တယ်။ အထူးသဖြင့် အီသီယိုးပီးယားဟာ ဆူဒန်စစ် တပ်ကိုတိုက်ခိုက်နေတဲ့ RSF ပြည်သူ့စစ်အဖွဲ့ကို နောက်ကွယ်ကကူညီနေတယ်လို့ စွပ်စွဲခံထားရတာမျိုး တွေရှိပြီး အီသီယိုးပီးယားဘက်ကတော့ ဒါကို ငြင်းဆို ထားပါတယ်။ ဒီလိုကူညီမှုဟာ ဒေသတွင်းမှာ ဩဇာ အရှိဆုံးဖြစ်တဲ့ ယူအေအီးနိုင်ငံနဲ့အီသီယိုးပီးယားတို့ ကြား နီးကပ်တဲ့ဆက်ဆံရေးဆီ ဦးတည်စေပါတယ်။ အီရီထရီးယားဘက်ကတော့ ဆူဒန်စစ်တပ်နဲ့ ပိုနီးစပ် ပြီး အီသီယိုးပီးယားရဲ့ရန်သူဟောင်းဖြစ်တဲ့ အီဂျစ်နဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်ထားပါတယ်။ အီဂျစ် နဲ့ဆူဒန် နှစ်နိုင်ငံလုံးက နိုင်းမြစ်ပေါ်မှာဆောက်လုပ် ထားတဲ့ အီသီယိုးပီးယားရဲ့တာတမံကြီးဟာ သူတို့ရဲ့ ရေထောက်ပံ့မှုကို ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်စေ တယ်လို့ ယူဆထားကြတာပါ။

ဒီလိုအကျပ်အတည်းတွေနဲ့အတူ အခွင့်အလမ်းတချို့လည်းရှိနေပါသေးတယ်။ ဟူသီအဖွဲ့က ဘတ်အယ်လ်မန်ဒတ်ရေလက်ကြားကို ထိန်းချုပ်ထား မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဘုံလုံခြုံရေးခြိမ်းခြောက်မှု တွေဟာ ဒေသတွင်း လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုတွေလုပ်ဆောင်လာဖို့ တွန်းအားပေးနေပါ တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒေသတွင်း အင် အားကြီးနိုင်ငံတွေကြားက အကျိုးစီးပွားပြိုင်ဆိုင်မှု တွေကြောင့်ဖြစ်ပေါ်နေတဲ့ဖိအားတွေကို ပိုမိုကြီးထွား လာစေတဲ့စိန်ခေါ်မှုလည်း ဖြစ်နေပါတယ်။

ဥပမာပြရရင် ယူအေအီးနဲ့ဆော်ဒီအာရေ ဗျတို့ဟာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ဆိပ်ကမ်းနဲ့ ကုန် သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်ဖို့ကြိုးပမ်းမှု အစိတ်အပိုင်းတစ်ခုအနေနဲ့ အာဖရိကအရှေ့ပိုင်းမှာရှိ တဲ့ ပြိုင်ဘက်လက်နက်ကိုင်အဖွဲ့တွေကို နောက်ကွယ် ကထောက်ပံ့ပေးနေကြတာပါ။ ဒါဟာ အထူးသဖြင့် ဆူဒန်စစ်ပွဲမှာ အထင်အရှားတွေ့ရသလို ဒေသတွင်း ကို မတည်မငြိမ်ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ် လာခဲ့ပါတယ်။ ခုအခါမှာတော့ ဒီပင်လယ်ကွေ့နှစ်နိုင်ငံ လုံးရဲ့ ပင်လယ်နီဆိပ်ကမ်းအသုံးပြုခွင့်နဲ့ ဒေသတွင်း ဩဇာထူထောင်ရေးနည်းဗျူဟာတွေဟာ ဘတ်အယ်လ် မန်ဒတ်ရေလက်ကြားပိတ်ဆို့မှုတွေကြောင့် ခြိမ်း ခြောက်ခံနေရပါပြီ။ ဒါကြောင့် လက်ရှိအကျပ်အတည်း ဟာ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းတစ်ခုဖြစ်လာစေနိုင်ပါတယ်။

တစ်ဖက်မှာလည်း အီသီယိုးပီးယားနိုင်ငံ ဟာ ဆိပ်ကမ်းအသုံးပြုဖို့အတွက် ဂျီဘူတီကို လုံးဝနီး ပါးမှီခိုနေရတာကြောင့် ဘတ်အယ်လ်မန်ဒတ်ရေလက် ကြားပိတ်ဆို့မှုရဲ့အကျိုးဆက်ကို ပိုမိုခံစားနေရပါ တယ်။ ဒါကြောင့် အီသီယိုးပီးယားအစိုးရအနေနဲ့ ဆို မာလီလန်းနဲ့အီရီထရီးယား စတဲ့ တခြားလမ်းကြောင်း တွေကနေ ဆိပ်ကမ်းရရှိဖို့ပြင်ဆင်မှုတွေကို ပိုမိုမြန် ဆန်အောင်ဆောင်ရွက်လာရတော့မှာပါ။ ဒါဟာ ဘုံ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာစေမယ့်တွန်းအားတစ်ခု ဖြစ်လာနိုင်သလို၊ တခြားတစ်ဖက်မှာလည်း ဒေသတွင်းတင်းမာမှုတွေ၊ အုပ်စုဖွဲ့ပြိုင်ဆိုင်မှုတွေနဲ့ ပဋိပက္ခတွေကို ပိုမိုနက်ရှိုင်း သွားစေနိုင်ပါတယ်။

ခြုံပြောရရင် ပင်လယ်နီနဲ့ အာဖရိကဦးချို ဒေသ မတည်မငြိမ်ဖြစ်နေတာဟာ ပင်လယ်ပြင်လုံခြုံ ရေးပြဿနာသက်သက်မဟုတ်ဘဲ နယ်စပ်ချင်းထိစပ် နေတဲ့ အားနည်းတဲ့တိုင်းပြည်တွေရဲ့ ရေရှည်နိုင်ငံရေး နဲ့ စစ်ရေးမတည်ငြိမ်မှုတွေကနေ စတင်လာတာပါ။ ဒါကြောင့် မဟာဗျူဟာမြောက် ပင်လယ်နီကုန်သွယ် ရေးလမ်းကြောင်းတွေကို လုံခြုံအောင်လုပ်ဖို့ဆိုရင် ပင်လယ်ပြင်နဲ့ လေကြောင်းစစ်ဆင်ရေးတွေနဲ့တင် မလုံလောက်ဘဲ အာဖရိကဦးချိုဒေသနဲ့ ပင်လယ်ကွေ့ နိုင်ငံတွေကြား ပထဝီနိုင်ငံရေးအရ ပူးပေါင်းဆောင် ရွက်တာတွေ၊ ဒေသတွင်း နယ်မြေတည်ငြိမ်ရေးအ တွက် ဘက်စုံကူညီပံ့ပိုးမှုတွေကိုပါ ရေရှည် စနစ်တ ကျလုပ်ဆောင်သွားဖို့ လိုအပ်နေပါတယ်။

zawgyi version

အေရွ႕အလယ္ပိုင္း စစ္မီးကူးစက္လာတဲ့ အာဖရိက ဦးခ်ိဳေဒသ

တင္ဇာ (NP News) - ေအာက္တိုဘာလ ၇

ကမာၻႀကီးရဲ႕အာ႐ုံက အီရန္စစ္ပြဲအျပင္ အေရွ႕အလယ္ပိုင္းတစ္ခြင္ က်ယ္ျပန႔္လာတဲ့စစ္မ်က္ႏွာ စာေတြကိုစူးစိုက္ေနၾကခ်ိန္မွာ အာဖရိကဦးခ်ိဳေဒသ ဟာလည္း ဒီမဟာဗ်ဴဟာေျမာက္စစ္ပြဲထဲကို ဆြဲသြင္း ခံေနရပါတယ္။ ပင္လယ္နီဟာ တိုက္ႀကီးႏွစ္ခုကိုပိုင္း ျခားထားတဲ့ေရျပင္မဟုတ္ေတာ့ဘဲ စစ္ပြဲေတြကိုခ်ိတ္ ဆက္ေပးေနတဲ့ အပိုင္းအျခားတစ္ခု ျဖစ္လို႔လာခဲ့ပါၿပီ။ (၂၀၂၆) ခုႏွစ္ ေဖေဖာ္ဝါရီလကုန္ပိုင္းမွာ အေမရိကန္ နဲ႔အစၥေရးတို႔ အီရန္နဲ႔စစ္ပြဲစတင္ခဲ့ၿပီးကတည္းက ေဟာ္မုဇ္ေရလက္ၾကားကိုျဖတ္သန္းသြားလာေနတဲ့ သေဘၤာေတြအေပၚ ဖိအားေတြျမင့္တက္လာခဲ့လို႔ ပင္ လယ္နီေတာင္ပိုင္းရဲ႕ မဟာဗ်ဴဟာေျမာက္အေရးပါမႈ က ပိုၿပီးေပၚလြင္လာခဲ့ပါတယ္။ ဟူသီအဖြဲ႕ဟာ အဲဒီ လို အားနည္းခ်က္ကိုအခြင့္ေကာင္းယူၿပီး ဘတ္ အယ္လ္မန္ဒတ္ေရလက္ၾကားမွာ အသာစီးရေအာင္ ဖန္တီးခဲ့ၾကပါတယ္။ မိုခါၿမိဳ႕ မာယြန္ကြၽန္းနဲ႔ ဟာနစ္ရွ္ ကြၽန္းစုေတြကို သူတို႔ ထိန္းခ်ဳပ္လိုက္ႏိုင္တာေၾကာင့္ ေဒသတြင္း ပိုၿပီး လက္ဝါးႀကီးအုပ္ႏိုင္ခဲ့တာပါ။ ဒုံး က်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္မႈေတြအပါအဝင္ အဲဒီကေနျဖစ္ေပၚလာတဲ့မေရရာမႈေတြက သေဘၤာ လမ္းေၾကာင္းေတြကိုေျပာင္းလဲပစ္ႏိုင္သလို ဟူသီတို႔ အေနနဲ႔ အပိုင္စီးထားတဲ့ ပထဝီဝင္အကြက္အကြင္းကို ပထဝီႏိုင္ငံေရးအာဏာအျဖစ္ ေျပာင္းလဲပစ္ႏိုင္ခဲ့ပါ တယ္။
ဒီဂယက္ေတြဟာ အာဖရိကကမ္းေျခထိပါ ႐ိုက္ခတ္လာခဲ့ပါတယ္။ ဂ်ီဘူတီႏိုင္ငံဟာ ႏိုင္ငံျခားစစ္ အေျခစိုက္စခန္းေတြလက္ခံထားရွိသလို ဟူသီေတြ ထိန္းခ်ဳပ္ထားတဲ့ေနရာေတြနဲ႔လည္း တိုက္႐ိုက္နီးကပ္ ေနတာပါ။ လြန္ခဲ့တဲ့သီတင္းပတ္အတြင္း အီရန္ေက်ာ ေထာက္ေနာက္ခံျပဳ ဟူသီတပ္ဖြဲ႕ေတြနဲ႔ ေဆာ္ဒီေက်ာ ေထာက္ေနာက္ခံျပဳအစိုးရတပ္ဖြဲ႕ေတြၾကား တိုက္ပြဲ ေတြပိုမိုျပင္းထန္လာခဲ့တာမို႔ ယီမင္ကေနထြက္ေျပး လာတဲ့ဒုကၡသည္ (၃,ဝဝဝ)နီးပါးဟာ ပင္လယ္ကိုျဖတ္ ၿပီး ဂ်ီဘူတီဘက္ကူးခပ္လာၾကတယ္လို႔သတင္းရရွိတာေၾကာင့္ ဂ်ီဘူတီအာဏာပိုင္ေတြက ႏိုင္ငံတကာကို အကူအညီေပးဖို႔ ေတာင္းဆိုခဲ့ရပါတယ္။
အာဖရိကဦးခ်ိဳေဒသရဲ႕ လ်င္ျမန္စြာဆိုး ႐ြားလာေနတဲ့အေျခအေနကို သီးျခားစီျဖစ္ပြားေနတဲ့ ေဒသတြင္းပဋိပကၡအေသးစားေလးေတြပါဆိုၿပီး လ်စ္ လ်ဴရႈထားလို႔မရေတာ့ပါဘူး။ ဒါဟာ ႏိုင္ငံတကာအ သိုင္းအဝိုင္းက ခ်က္ခ်င္းအာ႐ုံစိုက္ အေရးယူေဆာင္ ႐ြက္ဖို႔လိုအပ္ေနတဲ့ ကမာၻ႔လုံၿခဳံေရးအက်ပ္အတည္း တစ္ခုအျဖစ္ ေျပာင္းလဲလို႔လာခဲ့ပါၿပီ။ ဒါေပမဲ့ လက္ရွိ ျဖစ္ေပၚေနတဲ့ ပထဝီႏိုင္ငံေရးတုံ႔ျပန္မႈေတြကေတာ့ စိုးရိမ္စရာေကာင္းေလာက္ေအာင္ အျမင္က်ဥ္းေျမာင္း ေနဆဲပါ။ ေဟာ္မုဇ္ေရလက္ၾကားအက်ပ္အတည္းဟာ ေျပလည္ေတာ့မယ့္လမ္းေၾကာင္းေပၚ ေရာက္ေနၿပီဆို တဲ့ယူဆခ်က္နဲ႔ ႏိုင္ငံတကာက ပင္လယ္နီေရလက္ ၾကားရဲ႕အက်ပ္အတည္းကို သတိမထားမိဘဲ ျဖစ္ေနပါ တယ္။
အာဖရိကဦးခ်ိဳေဒသဟာ အီရီထရီးယား၊ အီသီယိုးပီးယား၊ ဆိုမာလီယာ၊ ဆိုမာလီလန္း၊ ဆူဒန္ နဲ႔ဂ်ီဘူတီတို႔ပါဝင္ေနၿပီး ကမာၻ႔အရႈပ္ေထြးဆုံး စစ္ေရး နဲ႔လုံၿခဳံေရးနယ္ေျမတစ္ခု ျဖစ္လို႔လာခဲ့ပါၿပီ။ ဟူသီတပ္ ဖြဲ႕ေတြရဲ႕ ေရွ႕တိုးလာမႈဟာ ဂ်ီဘူတီႏိုင္ငံမွာရွိတဲ့ အေမရိကန္ရဲ႕ Camp Lemonnier စစ္စခန္းနဲ႔ မိုင္ (၈၀)အကြာအေဝးအတြင္းကို ေရာက္ရွိလာခဲ့ပါတယ္။ အဲဒီစခန္းဟာ အာဖရိကဦးခ်ိဳေဒသ ပူးတြဲစစ္ဆင္ေရး တပ္ဖြဲ႕ အေျခစိုက္ရာေနရာျဖစ္ၿပီး အာဖရိကတိုက္မွာ ရွိတဲ့ အေမရိကန္ရဲ႕ တစ္ခုတည္းေသာ အၿမဲတမ္းစစ္စ ခန္းလည္းျဖစ္ပါတယ္။ အဲဒီစခန္းရဲ႕မစ္ရွင္ေတြမွာ အာဖရိကဦးခ်ိဳေဒသအတြင္း အေရးေပၚတုံ႔ျပန္မႈေတြ ကိုပံ့ပိုးေပးတဲ့စစ္ဆင္ေရးေတြသာမက ေရလက္ၾကား ရဲ႕တျခားဘက္ ယီမင္ႏိုင္ငံအတြင္းက အာေရဗ်ကြၽန္း ဆြယ္ အယ္လ္ကိုင္ဒါအဖြဲ႕ကိုတိုက္ခိုက္တဲ့ အေမရိ ကန္ရဲ႕စစ္ဆင္ေရးေတြမွာလည္း ပါဝင္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ အစၥေရး-ဟားမတ္စ္ပဋိပကၡ စတင္ျဖစ္ပြားခဲ့ ၿပီး ပင္လယ္နီအတြင္း ေရေၾကာင္းမလုံၿခဳံမႈေတြ ေနာက္ ဆက္တြဲျဖစ္ေပၚလာခဲ့ၿပီးကတည္းက ဂ်ီဘူတီႏိုင္ငံဟာ ဟူသီေတြကိုတိုက္ခိုက္မယ့္စစ္ဆင္ေရးေတြအတြက္ အေမရိကန္ကို သူ႔စခန္းအသုံးျပဳခြင့္မျပဳခဲ့ဘူးလို႔သိရ ပါတယ္။
ေနာက္ထပ္ အာဖရိကဦးခ်ိဳႏိုင္ငံျဖစ္တဲ့ အီသီယိုးပီးယားႏိုင္ငံကေတာ့ လက္နက္ကိုင္ပဋိပကၡ ေတြ ျပန္လည္စတင္ေနပါတယ္။ ေျမာက္ပိုင္း တီဂ ေရးေဒသက ေဒသခံလက္နက္ကိုင္တပ္ေတြဟာ လေပါင္းမ်ားစြာ တင္းမာမႈေတြျမင့္တက္ခဲ့ၿပီးေနာက္ လတ္တေလာမွာ ေလဆိပ္သုံးခုကိုထိန္းခ်ဳပ္လိုက္သ လို အစိုးရစစ္တပ္ေတြနဲ႔လည္း ေနရာအေတာ္မ်ားမ်ား မွာ တိုက္ပြဲေတြျဖစ္ပြားခဲ့တာေၾကာင့္ စစ္ပြဲႀကီးတစ္ခု ျပန္စတင္လိုက္ၿပီဆိုတာကို ျပသေနပါတယ္။ ဒီလႈပ္ ရွားမႈေၾကာင့္ တီဂေရး ျပည္သူ႔လြတ္ေျမာက္ေရးတပ္ ဦး(TPLF)နဲ႔ အစိုးရတပ္ေတြၾကား (၂၀၂၀)ျပည့္ႏွစ္ ကေန (၂၀၂၂)ခုႏွစ္အထိျဖစ္ပြားခဲ့တဲ့စစ္ပြဲကို အဆုံး သတ္ေပးခဲ့တဲ့ ပရီတိုရီးယား ၿငိမ္းခ်မ္းေရးသေဘာ တူညီခ်က္ ပ်က္စီးသြားခဲ့ရပါတယ္။ ဒါ့ျပင္ အီသီယိုးပီး ယားနဲ႔ အီရီထရီးယားၾကား ဆက္ဆံေရးဆိုး႐ြားေနခ်ိန္၊ ဆူဒန္မွာ ျပည္တြင္းစစ္ျဖစ္ေနခ်ိန္၊ ပင္လယ္နီထြက္ ေပါက္ကိစၥ တင္းမာေနခ်ိန္နဲ႔ အာဖရိကဦးခ်ိဳေဒသဟာ အေရွ႕အလယ္ပိုင္းပဋိပကၡေတြထဲ ပါဝင္ပတ္သက္ လာေနခ်ိန္မွာပဲ ဒီတိုက္ပြဲေတြ ျပန္စလာတာပါ။ ကုလ သမဂၢမွာ အီသီယိုးပီးယားသမၼတေျပာၾကားခဲ့တဲ့ မိန႔္ ခြန္းမွာ သူ႔ႏိုင္ငံအေနနဲ႔ ျပင္ပစြက္ဖက္မႈေတြရွိေနေပ မယ့္ အစြမ္းကုန္သည္းခံထိန္းသိမ္းခဲ့တယ္လို႔ ေျပာ သြားခဲ့ပါတယ္။ ဒါ့ျပင္ သမၼတက အီသီယိုးပီးယားကို ေဒသတြင္းတည္ၿငိမ္ေရးအတြက္ေဆာင္႐ြက္ေနတဲ့ ႏိုင္ငံအျဖစ္ ပုံေဖာ္ေျပာဆိုခဲ့ၿပီး ျပင္ပအဖြဲ႕အစည္းေတြ ရဲ႕စြက္ဖက္မႈေတြရွိေနတယ္လို႔ စြပ္စြဲခဲ့ပါတယ္။ သမၼတက ကုလစင္ျမင့္ထက္မွာ "ဖ်က္ဆီးေရးနဲ႔ ႐ုန္း ရင္းဆန္ခတ္လုပ္ခ်င္တဲ့အင္အားစုေတြကို ကြၽန္ေတာ္ တို႔ေပးခ်င္တဲ့သတင္းစကားကေတာ့ ရွင္းရွင္းေလးပါ ပဲ။ အာဖရိကဦးခ်ိဳေဒသကျပည္သူေတြ ၿငိမ္းခ်မ္းစြာနဲ႔ ျြကယ္ဝခ်မ္းသာစြာ လြတ္လပ္စြာေနထိုင္ခြင့္ဆိုတဲ့ ျမင့္ ျမတ္တဲ့အခြင့္အေရးကို ေလးစားၾကဖို႔တိုက္တြန္းပါ တယ္"လို႔ေျပာခဲ့ပါတယ္။
ခုျဖစ္ပြားတဲ့တိုက္ပြဲေတြဟာ ပရီတိုရီးယား သေဘာတူညီခ်က္အတြက္ အႀကီးမားဆုံးစိန္ေခၚမႈ ျဖစ္လာၿပီး အီသီယိုးပီးယားတစ္ဝန္းက လက္နက္ကိုင္ အဖြဲ႕ေတြပါ ပါဝင္လာႏိုင္တဲ့ ေဒသတြင္းစစ္ပြဲႀကီးျဖစ္ သြားမွာကို စိုးရိမ္ေနၾကပါတယ္။ ဒါဆိုရင္ အိမ္နီးခ်င္း ဆူဒန္စစ္ပြဲနဲ႔ပင္လယ္နီတင္းမာမႈေတြေၾကာင့္ မတည္ မၿငိမ္ျဖစ္ေနၿပီးသားဒီေဒသဟာ ပိုၿပီး အေျခအေနဆိုး သြားႏိုင္ပါတယ္။ TPLF အပါအဝင္ အီသီယိုးပီးယား လက္နက္ကိုင္(၇)ဖြဲ႕ဟာ ရွင္သန္ရပ္တည္ေရးအ တြက္ အီသီယိုးပီးယားျပည္သူ႔တပ္ေပါင္းစုကိုဖြဲ႕စည္း လိုက္ေၾကာင္း မၾကာေသးမီကေၾကညာခဲ့ၿပီး ဝန္ႀကီး ခ်ဳပ္ အဘီအာမက္အစိုးရကိုျဖဳတ္ခ်ဖို႔ ရည္႐ြယ္ထား တာျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္အဘီရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ ဘီလင္းဆီယမ္ကေတာ့ ဒီမဟာမိတ္အဖြဲ႕ဝင္ ေတြဟာ အီသီယိုးပီးယားရဲ႕ အိမ္နီးခ်င္းလည္းျဖစ္၊ သမိုင္းဝင္ရန္သူလည္းျဖစ္တဲ့ အီရီထရီးယားရဲ႕ ေငြ ေၾကးေထာက္ပံ့မႈနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတာၾကာ ၿပီလို႔ စြပ္စြဲခဲ့ပါတယ္။ အီရီထရီးယားဘက္ကေတာ့ ဒီလိုစြပ္စြဲခ်က္ေတြကို အႀကိမ္ႀကိမ္ျငင္းဆိုထားပါ တယ္။
ကုန္းတြင္းပိတ္ အီသီယိုးပီးယားဟာ အီရီ ထရီးယားခြဲထြက္မသြားမီအထိ ဆယ္စုႏွစ္မ်ားစြာ ကမ္း႐ိုးတန္းရွိခဲ့ဖူးပါတယ္။ အဲဒီေနာက္ပိုင္း အီသီယိုး ပီးယားဟာ ပင္လယ္နီထြက္ေပါက္ အထူးသျဖင့္ အာ ဆာဘ္ဆိပ္ကမ္းျပန္ရဖို႔ဟာ စီးပြားေရးနဲ႔လုံၿခဳံေရးအ တြက္ မရွိမျဖစ္လိုအပ္တယ္လို႔ အၿမဲတမ္းျငင္းခုံခဲ့ပါ တယ္။ အီရီထရီးယားကေတာ့ အီသီယိုးပီးယားဟာ အာဆာဘ္ဆိပ္ကမ္းကို အင္အားသုံးသိမ္းယူလိမ့္မယ္ လို႔စိုးရိမ္ေနတာပါ။ ဒီလအေစာပိုင္းမွာေတာ့ အေမရိ ကန္အစိုးရက အီရီထရီးယားကာကြယ္ေရးတပ္ဖြဲ႕ေတြ နဲ႔ တျခားအဖြဲ႕အစည္းေတြအေပၚ ပိတ္ဆို႔အေရးယူမႈ ေတြကိုဖယ္ရွားေပးခဲ့ပါတယ္။ ဒီပိတ္ဆို႔မႈေတြဖယ္ရွား လိုက္တာဟာ အီသီယိုးပီးယားပဋိပကၡအေပၚ ဘယ္ လိုသက္ေရာက္မႈရွိမယ္ဆိုတာမရွင္းလင္းေပမယ့္ ေဒၚနယ္ထရမ့္အစိုးရအေနနဲ႔ ေဆာ္ဒီအာေရဗ်နဲ႔ မ်က္ ႏွာခ်င္းဆိုင္မွာရွိတဲ့ အီရီထရီးယားရဲ႕ မဟာဗ်ဴဟာက် တဲ့ကမ္း႐ိုးတန္းကို အသိအမွတ္ျပဳလိုက္တာျဖစ္ၿပီး၊ အီသီယိုးပီးယားကိုလည္း အီရီထရီးယားနဲ႔ စစ္မျဖစ္ဖို႔ သတိေပးလိုက္တာလို႔ရႈျမင္ၾကပါတယ္။ သံတမန္ေတြ ကေတာ့ တီဂေရးစစ္ပြဲျပန္ျဖစ္လာရင္ အရင္လို အီသီ ယိုးပီးယားအတြင္းစည္းထဲမွာတင္ ၿပီးသြားမွာမဟုတ္ ေတာ့ဘူးလို႔ သတိေပးထားပါတယ္။
တီဂေရးမွာ စစ္ပြဲျပန္စတာဟာ အိမ္နီးခ်င္း ဆူဒန္က တိုက္ပြဲေတြနဲ႔ဆက္စပ္သြားႏိုင္ၿပီး မတည္ မၿငိမ္ျဖစ္ေနတဲ့ ပင္လယ္နီေဒသကိုပါ ပိုၿပီးရႈပ္ေထြး သြားေစႏိုင္တာေၾကာင့္ စစ္ပြဲႀကီး ပိုမိုက်ယ္ျပန႔္သြားႏိုင္ တယ္လို႔ ေဒသတြင္းသံတမန္ေတြနဲ႔ ေလ့လာဆန္းစစ္ သူေတြက သတိေပးထားပါတယ္။ ဒါဟာ ဆူဒန္မွာ စစ္ပြဲအျပင္းအထန္ျဖစ္ပြားေနတာ၊ ဆိုမာလီယာမွာ မတည္မၿငိမ္ျဖစ္ေနတာ၊ ႏိုင္းျမစ္ ေရအရင္းအျမစ္တင္း မာမႈေတြနဲ႔ အေရွ႕အလယ္ပိုင္းေဒသတြင္းပဋိပကၡ ေတြကူးစက္လာတာေတြေၾကာင့္ အာဖရိကဦးခ်ိဳေဒ သရဲ႕ လုံၿခဳံေရးအေျခအေန အဆိုး႐ြားဆုံးျဖစ္ေနခ်ိန္ မွာ ေပၚေပါက္လာတာပါ။
ဒါ့ျပင္ အာဖရိကဦးခ်ိဳေဒသအတြင္းကႏိုင္ငံ ေတြဟာ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံၾကား ဆက္ဆံေရးတင္း မာမႈေတြ ရွိႏွင့္ၿပီးသားျဖစ္သလို တစ္ႏိုင္ငံရဲ႕ပဋိပကၡအ တြင္းမွာ တစ္ႏိုင္ငံက ပါဝင္ပတ္သက္မႈေတြရွိေနပါ တယ္။ အထူးသျဖင့္ အီသီယိုးပီးယားဟာ ဆူဒန္စစ္ တပ္ကိုတိုက္ခိုက္ေနတဲ့ RSF ျပည္သူ႔စစ္အဖြဲ႕ကို ေနာက္ကြယ္ကကူညီေနတယ္လို႔ စြပ္စြဲခံထားရတာမ်ိဳး ေတြရွိၿပီး အီသီယိုးပီးယားဘက္ကေတာ့ ဒါကို ျငင္းဆို ထားပါတယ္။ ဒီလိုကူညီမႈဟာ ေဒသတြင္းမွာ ဩဇာ အရွိဆုံးျဖစ္တဲ့ ယူေအအီးႏိုင္ငံနဲ႔အီသီယိုးပီးယားတို႔ ၾကား နီးကပ္တဲ့ဆက္ဆံေရးဆီ ဦးတည္ေစပါတယ္။ အီရီထရီးယားဘက္ကေတာ့ ဆူဒန္စစ္တပ္နဲ႔ ပိုနီးစပ္ ၿပီး အီသီယိုးပီးယားရဲ႕ရန္သူေဟာင္းျဖစ္တဲ့ အီဂ်စ္နဲ႔ပါ ရင္းႏွီးတဲ့ဆက္ဆံေရး ထူေထာင္ထားပါတယ္။ အီဂ်စ္ နဲ႔ဆူဒန္ ႏွစ္ႏိုင္ငံလုံးက ႏိုင္းျမစ္ေပၚမွာေဆာက္လုပ္ ထားတဲ့ အီသီယိုးပီးယားရဲ႕တာတမံႀကီးဟာ သူတို႔ရဲ႕ ေရေထာက္ပံ့မႈကို ႀကီးမားတဲ့ ၿခိမ္းေျခာက္မႈျဖစ္ေစ တယ္လို႔ ယူဆထားၾကတာပါ။
ဒီလိုအက်ပ္အတည္းေတြနဲ႔အတူ အခြင့္အလမ္းတခ်ိဳ႕လည္းရွိေနပါေသးတယ္။ ဟူသီအဖြဲ႕က ဘတ္အယ္လ္မန္ဒတ္ေရလက္ၾကားကို ထိန္းခ်ဳပ္ထား မႈေၾကာင့္ျဖစ္ေပၚလာတဲ့ ဘုံလုံၿခဳံေရးၿခိမ္းေျခာက္မႈ ေတြဟာ ေဒသတြင္း လုံၿခဳံေရးဆိုင္ရာပူးေပါင္းေဆာင္ ႐ြက္မႈေတြလုပ္ေဆာင္လာဖို႔ တြန္းအားေပးေနပါ တယ္။ ဒါေပမဲ့ တစ္ဖက္မွာလည္း ေဒသတြင္း အင္ အားႀကီးႏိုင္ငံေတြၾကားက အက်ိဳးစီးပြားၿပိဳင္ဆိုင္မႈ ေတြေၾကာင့္ျဖစ္ေပၚေနတဲ့ဖိအားေတြကို ပိုမိုႀကီးထြား လာေစတဲ့စိန္ေခၚမႈလည္း ျဖစ္ေနပါတယ္။
ဥပမာျပရရင္ ယူေအအီးနဲ႔ေဆာ္ဒီအာေရ ဗ်တို႔ဟာ ပင္လယ္ေကြ႕ႏိုင္ငံေတြရဲ႕ ဆိပ္ကမ္းနဲ႔ ကုန္ သြယ္ေရးလမ္းေၾကာင္းေတြကို ထိန္းခ်ဳပ္ဖို႔ႀကိဳးပမ္းမႈ အစိတ္အပိုင္းတစ္ခုအေနနဲ႔ အာဖရိကအေရွ႕ပိုင္းမွာရွိ တဲ့ ၿပိဳင္ဘက္လက္နက္ကိုင္အဖြဲ႕ေတြကို ေနာက္ကြယ္ ကေထာက္ပံ့ေပးေနၾကတာပါ။ ဒါဟာ အထူးသျဖင့္ ဆူဒန္စစ္ပြဲမွာ အထင္အရွားေတြ႕ရသလို ေဒသတြင္း ကို မတည္မၿငိမ္ျဖစ္ေစတဲ့ အဓိကအေၾကာင္းရင္းျဖစ္ လာခဲ့ပါတယ္။ ခုအခါမွာေတာ့ ဒီပင္လယ္ေကြ႕ႏွစ္ႏိုင္ငံ လုံးရဲ႕ ပင္လယ္နီဆိပ္ကမ္းအသုံးျပဳခြင့္နဲ႔ ေဒသတြင္း ဩဇာထူေထာင္ေရးနည္းဗ်ဴဟာေတြဟာ ဘတ္အယ္လ္ မန္ဒတ္ေရလက္ၾကားပိတ္ဆို႔မႈေတြေၾကာင့္ ၿခိမ္း ေျခာက္ခံေနရပါၿပီ။ ဒါေၾကာင့္ လက္ရွိအက်ပ္အတည္း ဟာ ပူးေပါင္းေဆာင္႐ြက္ႏိုင္မယ့္အခြင့္အလမ္းတစ္ခုျဖစ္လာေစႏိုင္ပါတယ္။
တစ္ဖက္မွာလည္း အီသီယိုးပီးယားႏိုင္ငံ ဟာ ဆိပ္ကမ္းအသုံးျပဳဖို႔အတြက္ ဂ်ီဘူတီကို လုံးဝနီး ပါးမွီခိုေနရတာေၾကာင့္ ဘတ္အယ္လ္မန္ဒတ္ေရလက္ ၾကားပိတ္ဆို႔မႈရဲ႕အက်ိဳးဆက္ကို ပိုမိုခံစားေနရပါ တယ္။ ဒါေၾကာင့္ အီသီယိုးပီးယားအစိုးရအေနနဲ႔ ဆို မာလီလန္းနဲ႔အီရီထရီးယား စတဲ့ တျခားလမ္းေၾကာင္း ေတြကေန ဆိပ္ကမ္းရရွိဖို႔ျပင္ဆင္မႈေတြကို ပိုမိုျမန္ ဆန္ေအာင္ေဆာင္႐ြက္လာရေတာ့မွာပါ။ ဒါဟာ ဘုံ အက်ိဳးစီးပြားအတြက္ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုအား ေကာင္းလာေစမယ့္တြန္းအားတစ္ခု ျဖစ္လာႏိုင္သလို၊ တျခားတစ္ဖက္မွာလည္း ေဒသတြင္းတင္းမာမႈေတြ၊ အုပ္စုဖြဲ႕ၿပိဳင္ဆိုင္မႈေတြနဲ႔ ပဋိပကၡေတြကို ပိုမိုနက္ရႈိင္း သြားေစႏိုင္ပါတယ္။
ၿခဳံေျပာရရင္ ပင္လယ္နီနဲ႔ အာဖရိကဦးခ်ိဳ ေဒသ မတည္မၿငိမ္ျဖစ္ေနတာဟာ ပင္လယ္ျပင္လုံၿခဳံ ေရးျပႆနာသက္သက္မဟုတ္ဘဲ နယ္စပ္ခ်င္းထိစပ္ ေနတဲ့ အားနည္းတဲ့တိုင္းျပည္ေတြရဲ႕ ေရရွည္ႏိုင္ငံေရး နဲ႔ စစ္ေရးမတည္ၿငိမ္မႈေတြကေန စတင္လာတာပါ။ ဒါေၾကာင့္ မဟာဗ်ဴဟာေျမာက္ ပင္လယ္နီကုန္သြယ္ ေရးလမ္းေၾကာင္းေတြကို လုံၿခဳံေအာင္လုပ္ဖို႔ဆိုရင္ ပင္လယ္ျပင္နဲ႔ ေလေၾကာင္းစစ္ဆင္ေရးေတြနဲ႔တင္ မလုံေလာက္ဘဲ အာဖရိကဦးခ်ိဳေဒသနဲ႔ ပင္လယ္ေကြ႕ ႏိုင္ငံေတြၾကား ပထဝီႏိုင္ငံေရးအရ ပူးေပါင္းေဆာင္ ႐ြက္တာေတြ၊ ေဒသတြင္း နယ္ေျမတည္ၿငိမ္ေရးအ တြက္ ဘက္စုံကူညီပံ့ပိုးမႈေတြကိုပါ ေရရွည္ စနစ္တ က်လုပ္ေဆာင္သြားဖို႔ လိုအပ္ေနပါတယ္။

မူရင်းသတင်း — NP News