NP News

လမ်းဘေး အဆိုတော်ကနေ ကမ္ဘာကျော်ခဲ့တဲ့ ထိုင်းအမျိုးသမီးငယ် (အထုပ္ပတ္တိ ဆောင်းပါး)

ဂျန်ဇက် (NP News)- အောက်တိုဘာ ၆
ပြီးခဲ့တဲ့ (၂၀၂၆)ခုနှစ် စက်တင်ဘာလ(၂၃) ရက်ဟာ ထိုင်းနိုင်ငံသားတွေအတွက် ကမ္ဘာမှာ ဂုဏ် ယူဖွယ်အကောင်းဆုံးနေ့တစ်နေ့ဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အသက် (၁၆)နှစ်အ ရွယ်သာရှိသေးတဲ့ အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ နီနီ ရွိုင်ရယ်ဟာ ကမ္ဘာကျော်ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ America Got Talent မှာ ချန်ပီယံဆုကိုရယူနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ America Got Talent(AGT) ပြိုင်ပွဲဟာ ကမ္ဘာတစ်ဝန်းမှာ အလွန်ရေပန်းစားပြီး ထင်ရှားတဲ့ အမေရိကန်တဲလန့်ရှိုး (Reality Talent Show) ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကြီးကို နာမည်ကြီးတေးထုတ်လုပ်သူ ဆိုင်မွန်ကိုဝဲလ် (Simon Cowell) ကဖန်တီးခဲ့ခြင်းဖြစ်ပြီး (၂၀၁၆)ခုနှစ်ကစတင်ကာ ၎င်းကိုယ်တိုင်လည်း ပင်တိုင် ဒိုင်လူ ကြီးတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ (၂၀၁၆)ခုနှစ်ကစတင် ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာ့အအောင်မြင်ဆုံး Got Talent ပြိုင်ပွဲတစ်ခုအဖြစ်ပါဝင်ခဲ့ပြီး အသက်အရွယ်ကန့်သတ်ချက်မထားဘဲ အဆို၊ အက၊ မှော်ပညာ၊ ဟာသ၊ အန္တရာယ်များတဲ့ပြကွက်တွေအပြင် ထူးခြားဆန်းပြားတဲ့စွမ်းရည်ရှိသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ပြိုင်ပွဲကျင်းပရာမှာ အဆင့်ဆင့်ရှိနေပြီး ဒိုင်လူကြီးတွေနဲ့ တိုက် ရိုက်တွေ့ဆုံကာယှဉ်ပြိုင်ရတဲ့အဆင့် ဒိုင်လူကြီးတစ်ဦးချင်းစီ သို့မဟုတ် တင်ဆက်သူ (Host) က အထူး ကြိုက်နှစ်သက်ပါက တိုက်ရိုက်ရှေ့ဆင့်တက်ခွင့်ပေးတဲ့ အဆင့်တို့ရှိနေပါတယ်။ ဒါ့ပြင် Live Shows (တိုက်ရိုက်ထုတ်လွှင့်မှုအဆင့်) သို့မဟုတ် ပရိသတ်မဲပေးမှုနဲ့ဆုံးဖြတ်တဲ့ ရုပ်သံတိုက်ရိုက်ပြိုင်ပွဲတွေ အဆင့်နဲ့ နောက်ဆုံး ဗိုလ်လုပွဲအဆင့်တို့ဖြစ်ပြီး ပြိုင်ပွဲမှာအနိုင်ရရှိသူဟာ အမေရိကန်ဒေါ်လာ(၁)သန်း ဆုကြေးငွေရရှိတယ်လို့ သိရပါတယ်။
AGT ပြိုင်ပွဲဟာ တခြားပြိုင်ပွဲတွေနဲ့မတူညီဘဲ တင်ဆက်သူနဲ့ဒိုင်လူကြီးတွေပြောင်းလဲမှုရှိနေ ပါတယ်။ ထိုင်းနိုင်ငံမှ ဆယ်ကျော်သက်အရွယ်သာရှိတဲ့ အမျိုးသမီးငယ်ဟာ အဲဒီလိုမျိုး ခက်ခဲစွာ ယှဉ် ပြိုင်ရ တဲ့ပြိုင်ပွဲကြီးမှာ ချန်ပီယံဆုရရှိနိုင်ခဲ့တာဖြစ်ပြီး AGT ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်တဲ့ ပထမဆုံး ထိုင်းနိုင်ငံ သားအဖြစ် စံချိန် စိုက်ထူနိုင်ခဲ့ပါတယ်။ ဒါ့ပြင် နီနီရွိုင် ရယ်ဟာ အသက်(၁၆)နှစ်အရွယ်သာရှိ သေးပေမယ့် AGT ပြိုင်ပွဲ ချန်ပီယံဆုကိုရယူနိုင်တဲ့ ဒုတိယမြောက် အာရှတိုက်သားလည်းဖြစ်ပါတယ်။
ရော့ခ်အဆိုတော် နီနီ ရွိက်ရယ်ဟာ ကယ် လီဖိုးနီးယားပြည်နယ် ညစက်တင်ဘာ (၂၆)ရက်က ပြု လုပ်ခဲ့တဲ့ AGT ဖိုင်နယ်ပြိုင်ပွဲမှာ အမေရိကန် ရော့ခ်အဆိုတော်အဖွဲ့ဖြစ်တဲ့ The White Stripes ရဲ့ သီ ချင်းတစ်ပုဒ်ကို သီဆိုဖျော်ဖြေခဲ့ကာ ချန်ပီယံ ဆုကို သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
နီနီ ရွိက်ရယ်ဟာ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ Heavy Metal ဟဲဗီးမက်တယ် ဖျော်ဖြေမှုများ အပြင် မှော်ပညာပြကွက်များ၊ ခွေးများနဲ့ဖျော် ဖြေမှုများ ရိုဘော့အကအဖွဲများနဲ့ ပေါင်းစပ်ကာ သီဆို ဖျော် ဖြေခဲ့ပြီး အခြားနောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင် ပွဲဝင်(၉)ဦးကို ကျော်လွန်ကာ ချန်ပီယံဆုကိုသိမ်းပိုက်ခဲ့ တာဖြစ်ပါတယ်။ သူရဲ့အနိုင်ရမှုကို ထိုင်းနိုင်ငံရှိ လူအများအပြားက ဂုဏ်ပြုနေကြသလို ထိုင်းအစိုးရ ကိုယ်တိုင်ကလည်း နီနီရွိင်ရယ်ဟာ ကြီးကြီးမားမား အိပ်မက်ရဲဝံ့စွာ မက်သူတိုင်းအတွက် စံနမူနာ ဖြစ်ခဲ့ တယ်လို ချီးကျူးခဲ့ပါတယ်။ နီနီရွိင်ရယ် AGT ပြိုင်ပွဲ အစောပိုင်းကာလတွေကတည်းက သီချင်းတစ်ပုဒ်သီ ဆိုဖျော်ဖြေခဲ့ရာ ဒိုင်လူကြီးများကို တုန်လှုပ်အံဩမှုတွေ ဖြစ်စေခဲ့ပြီး သူမသီဆိုဖျော်ဖြေတဲ့ ရုပ်သံဖိုင်ဟာ အင်တာနက်မှာ ရေးပန်းစားခဲ့ပြီး ကြည့်ရှုသူ သန်း (၂၀)ကျော်ရှိခဲ့ရာ ပြိုင်ပွဲအစောပိုင်းကတည်းက ပရိ သတ်အကြိုက်ဆုံးသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ နီနီရွိင်ရယ်က “လက်ရှိမှာ ကျွန်မအရမ်း ပျော်ရွှင်ပြီး စိတ် လှုပ်ရှားနေပါတယ်။ ထောက်ခံအားပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်” လို (၂၁)ကြိမ်မြောက် AGT ပြိုင်ပွဲမှာ ဆုရယူနိုင်တာနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။ ထိုင်းပြည်သူများ ကိုယ်တိုင်က နီနီရွိင်ရယ်ရဲ့ AGT ပြိုင်ပွဲဝင်မှုအခြေနေကို စောင့်ကြည့်အားပေးခဲ့ပြီး ချန်ပီယံဆု ရယူနိုင်ချိန်မှာတော့ သူမရဲ့ ထိုင်းပရိ သတ်တွေက လူမူကွန်ရက်တွေမှာ ချီးကျူးရေးသားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရှိ လူအများ အပြားဟာ YouTube တိုက်ရိုက်ထုတ်လွှင့်မှု (livestream) ကို အားကိုးခဲ့ကြရပြီး ရလဒ် ကြေညာနေ ချိန်အတွင်း ထုတ်လွှင့်မှု ရုတ်တရက် ရပ်တန့်သွားတာကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရပေမယ့် နီနီ ရွိင်ရယ် ချန်ပီယံဆု ရရှိခဲ့ တာကို သိရှိချိန်မှာတော့ သမိုင်းဝင်အောင်ပွဲတစ်ခု အဖြစ်ချီူးကျူး ရေးသားခဲ့ ပါတယ်။
ထိုင်းနိုင်ငံသားတစ်ဦးက “သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီ။ ဒီထိုင်းအမျိုးသမီးငယ်လေးဟာ အလွန် ထူးချွန်တယ်ဆိုတာကို ကမ္ဘာကြီးက မှတ်တမ်းတင်ပါစေ” လို ချီးကျူးရေး သားထားပါတယ်။ ထိုင်းဝန် ကြီးချုပ် အနုတင် ကိုယ်တိုင်က နီနီရွိင်ရယ်ကို ဂုဏ်ပြုခဲ့ပြီး သူမရဲ့အနိုင်ရရှိမှုက ထိုင်းနိုင်ငံအတွက် ဂုဏ် ယူစရာဖြစ်စေခဲ့ပြီး ထိုင်းလူမျိုးများအတွက် ဂုဏ်ယူဝင့်ကြွားမှုကို ဖြစ်ပေါ်စေခဲ့တယ်လို ရေးသားပြော ဆိုခဲ့ပါတယ်။
ထိုင်းအစိုးရရဲ့ ပြည်သူ့ဆက်ဆံရေးဌာနကလည်း “ဒီအောင်ပွဲကို ထူးခြားစေတာကတော့ နီနီဟာ သူမရဲ့ ထိုင်းလူမျိုးအထောက်အထားကို ယုံကြည်မှုအပြည့်နဲ့ ကမ္ဘာအကြီးဆုံး စင်မြင့်တစ်ခုပေါ် ကို တင် ဆောင်သွားနိုင်ခဲ့တာပါပဲ” လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိုင်းအစိုးရက “အရည် အချင်း၊ ကြိုးစားအားထုတ်မှုနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုတွေဟာ ဖူးခက်မြို့အပါဝင် ဘယ်နေရာကမဆို လာနိုင် တယ်ဆိုတာကို သူမက ပြသခဲ့တယ်။ ဖူးခက်မြို့က ဂစ်တာတစ်လက်နဲ့ အိပ်မက်ကြီးကြီးမက်ဖူးသူလည်း ဖြစ်တယ်”လို ဖော်ပြထားပါတယ်။ ဟဲဗီးမက်တယ် ဖျော်ဖြေမှုများကြောင့် နာမည်ကြီးလာခဲ့တဲ့ နီနီရွိင် ရယ်ဟာ အသက် (၇) နှစ်အရွယ်ကတည်းက ဂစ်တာစတင်တီးခတ်ခဲ့ပြီး နယ်လှည့်ဂီတပညာရှင်တစ်ဦး ဖြစ်လာရန် အိပ်မက်မက်ခဲ့ကြောင်း သိရပါတယ်။
နီနီ ရွိင်ရယ်ဟာ AGT ပြိုင်ပွဲမှာ ဆု မရခင်ကမ်းခြေများနဲ့ပင်လယ်ကမ်းစပ် အပန်းဖြေစခန်းများ ကြောင့် ကျော်ကြားတဲ့ ခရီးသွားလုပ်ငန်းမြို့ ဖြစ်သလိုသူမရဲ့ မွေးရပ်ဇာတိ ဖူးခက်မြိုရှိ နာကာ ရပ်ကွက် ဈေးမှာ လမ်းဘေးသီချင်းဆိုသူအဖြစ်လူသိများခဲ့သူ ဖြစ်ပါတယ်။
နီနီရွိင်ရယ်ရဲ့ အမည်ရင်းက Rattikarn “Praew” Amloy (ရတ်တီကန် “ပရောဝ်” အမ်လွိင်) ဖြစ် ပြီး ထိုင်းနိုင်ငံ ဖူးခက်မြိုက အသက် (၁၆)နှစ်အရွယ် အဆိုတော်၊ ဂစ်တာသမား တစ်ဦး ဖြစ်ကာ Rock ဂီတကို အဓိကထားပြီး သီချင်းဆိုခြင်းနဲ့ ဂစ်တာတီးခြင်း နှစ်မျိုးစလုံးကြောင့် လူသိများလာခဲ့ သူလိုဆို ကြပါတယ်။ သူမဟာ အခြားကလေးများနဲ့ မတူဘဲ ငယ်စဉ်ကလေးဘဝတည်းက ဂီတကို နှစ် သက်ခဲ့သူ ဖြစ်ပြီး အသက် (၆-၇) နှစ်ခန့်ကတည်းက ဂစ်တာစတင်တီးခဲ့ကာ YouTube ဗီဒီယိုတွေကို ကြည့်ကာ ကိုယ်တိုင်လေ့ကျင့်ခဲ့သူဖြစ်ပါတယ်။
နီနီဟာ မူလက ကျောင်းမှာ Computer အတန်းတက်ချင်ခဲ့ပေမယ့် အတန်းပြည့်နေတဲ့အတွက် ဂီတဘက်ကိုရောက်သွားပြီး ဂစ်တာနဲ့ စတင် ရင်းနှီးခဲ့ရာကနေ သူမဟာ ကမ္ဘာကျော်တဲ့အထိ အောင်မြင် မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။ နီနီရွိင်ရယ် ဆိုတဲ့အမည်ဟာ စတိတ်အမည်ဖြစ်ပြီး အသက် (၁၂)နှစ်အရွယ် မှာ ဖူးခက်မြို့ရဲ့ဈေးတွေမှာ လူရှေ့ ထွက်ဖျော်ဖြေခဲ့ပြီးရရှိခဲ့တဲ့ နာမည်လည်း ဖြစ်ပါတယ်။ နီနီရွိင်ရယ် ဟာ AGT Season 21 Audition မှ The Cranberries ရဲ့ “Zombie” ကို Rock ပုံစံနဲ့ ဖျော်ဖြေခဲ့ပြီး ဒိုင် အားလုံးထံက Yes Vote 4 ခု ရရှိခဲ့ပြီး အဲဒီဖျော်ဖြေမှုက သူမကို နိုင်ငံတကာပရိ သတ်တွေကြား အလျင် အမြန် လူသိများစေခဲ့ပါတယ်။ နီနီရွိင်ရယ်ဟာ AGT ပြိုင်ပွဲနောက်ပိုင်းမှာ Muse ရဲ့ “Hysteria” ကို ဖျော် ဖြေခဲ့ပြီး Judges’ Callbacks မှာလည်း ဂစ်တာနဲ့ အသံစွမ်းရည်ကို ဆက်လက် ပြသခဲ့ပါတယ်။ ပြိုင်ပွဲမှာ အရေးကြီးဆုံးအဆင့်ကတော့ Soundgarden ရဲ့ “Black Hole Sun” ကို Live Quarterfinals မှာ ဖျော် ဖြေခဲ့တဲ့အချိန်ဖြစ်ပြီး အဲဒီဖျော်ဖြေမှုအပြီး Mel B က Live Golden Buzzer နှိပ်ပေးခဲ့တာကြောင့် Semi-final ကို ကျော်ပြီး တိုက်ရိုက် Final တက်ခွင့်ရခဲ့တယ်လို သိရပါတယ်။ AGT ပြိုင်ပွဲ ဗိုလ်လုပွဲမှာ သူမဟာ The White Stripes ရဲ့ “Seven Nation Army” ကို Rock/Metal ပုံစံနဲ့ ဖျော်ဖြေခဲ့ပြီး ကိုယ်တိုင်ဂီတာ Solo ပါ ထည့်သွင်းဖျော်ဖြေခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်မာရရှိခဲ့ကာ နောက်ဆုံး (၂၀၂၆) စက်တင်ဘာ (၂၃) ရက်မှာ ပရိသတ်မဲပေးမှု အရ Season 21 ချန်ပီယံအဖြစ် ကြေညာခံခဲ့ရပြီး US$1 million ဆုကြေး ရရှိခဲ့ပါတယ်။ နီနီ ရွိင်ရယ်ဟာ အသက် (၁၆) နှစ်သာရှိသေးပေမယ့် ဂစ်တာကို ငယ်စဉ်ကတည်းက ကိုယ် တိုင်လေ့လာခဲ့သလို Rock/Heavy Rock သီချင်းတွေကို အားကောင်းတဲ့အသံ နဲ့ ဖျော်ဖြေနိုင်သလို ဂစ် တာ တီးခြင်းနဲ့ သီချင်းဆိုခြင်းကို တစ်ချိန်တည်းပေါင်းစပ်နိုင်ခြင်းတွေက သူမရဲ့အားသာချက်တွေဖြစ် ခဲ့ပါတယ်။မည်သိုပင် ဆိုနေစေကာမှု လမ်းဘေးဈေးတန်းမှာ ဂစ်တာတီးပြီး ဖျော်ဖြေခဲ့တဲ့ ကလေး မလေး တစ်ဦးကနေ ကမ္ဘာကျော် America's Got Talent ချန်ပီယံဆုရယူနိုင်မှုဟာ ထူးခြားတဲ့ အဖြစ်ပျက် တစ် ခုဖြစ်သလို ထိုင်းနိုင်ငံနဲ့ အာရှတိုက်အတွက်လည်း ဂုဏ်ယူစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့တယ်လိုဆိုနိုင်ပါ တယ်။ ဒါပေမဲ့ Guitar ကြိုးတွေကို စတင်တီးလိုက်တဲ့ ထိုင်းနိုင်ငံဖူးခက်မှာ မွေးဖွားကြီးပြင်းလာတဲ့ နီနီ ရွိင်ရယ်ဟာ အသက် (၁၆) နှစ်သာရှိပေမယ့် ကိုယ်တိုင်တီးသလို သီဆိုနိုင်တဲ့အပြင် တေးသီချင်းတွေကို လည်း ကိုယ်တိုင်ရေးသားနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။
သူမရဲ့ ထူးခြားချက်က အသက်ငယ်ပေမယ့် Rock ဂီတကို အလွန်စိတ်ဝင်စားပြီးဂစ်တာနဲ့ အသုံး နှစ်မျိုးစလုံးကို အာရုံစိုက်လေ့ကျင့်ခဲ့တာဖြစ်ပြီး အသက် (၇)နှစ်ခန့်ကတည်းက Guitar ဂစ်တာ စတင် လေ့လာရာမှာ အခြားသူများနဲ့မတူဘဲဂစ်တာ သင်တန်းတွေတက်ပြီး ဆရာတွေဆီကနေ သင်ယူတာမျိုး မဟုတ်ဘဲ Online Video တွေကို ကြည့်ပြီး ကိုယ်တိုင်လေ့ကျင့်တဲ့ Self-taught ပုံစံနဲ့ တဖြည်းဖြည်း တိုး တက်လာခဲ့သူဖြစ်ပါတယ်။ အသက်ငယ်ငယ်ကတည်းက Guitar ကို သူမရဲ့ဘဝရဲ့ အရေးကြီးတဲ့ အစိတ် အပိုင်းတစ်ခုအဖြစ်ပြောင်းလဲလာခဲ့တဲ့ နီနီဟာ ဖူးခက်မြိုရှိ Naka Weekend ဈေးမှာ လူရှေ့ ထွက်ပြီး သီချင်းဆို၊ Guitar တီးမှုနဲ့အတူ Street Performance လုပ်ပြီးပရိသတ်ရှေ့မှာ သီချင်းဆိုနိုင်တဲ့ အတွေ့ အကြုံကို တဖြည်းဖြည်းစုဆောင်းခဲ့သူလည်း ဖြစ်ပါတယ်။
နီနီဟာ Street Performance ကနေ ပရိသတ်ရဲ့အာရုံကို ဘယ်လိုဖမ်းမလဲ၊ ဘယ်လိုထိန်းမလဲ ဆိုတဲ့အချက်တွေကို ကောင်းစွာသိရှိခဲ့သူလို ဆိုနိုင်ပါတယ်။ နီနီရွိင်ရယ်ဟာ AGT ပြိုင်ပွဲ မယှဉ်ပြုင် ခင် သူမဟာ ထိုင်းနိုင်ငံအတွင်းမှာလည်း ဂီတနဲ့ပတ်သက်တဲ့ ပြိုင်ပွဲတွေ၊ TV အစီအစဉ်တွေမှာ ပါဝင်ခဲ့တယ် လို သိရပါတယ်။ သူမဟာ Super 10 လို ထိုင်း TV Program မှာ ပါဝင်ခဲ့သလို ၂၀၂၃ ခုနှစ် 2023 ခုနှစ် Overdrive Guitar Contest မှာ First Runner-up ရရှိခဲ့ဖူးပြီး(၂၀၂၅) ခုနှစ် King Power Band Competition မှာလည်း Outstanding Player ဆုရရှိခဲ့ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက Guitar လေ့ကျင့်ခဲ့ပြီးနောက် ဈေးတန်းတွေမှာ ဖျော်ဖြေခဲ့သလို ပြိုင်ပွဲတွေဝင်ခဲ့ကာ TV Program တွေမှာ ပါဝင်ခဲ့ခြင်းအပြင် Social Media ကနေ သီဆိုဖျော်ဖြေမှုတွေက သူမရဲ့ပရိသတ်အခြေခံလည်း တဖြည်း ဖြည်း ကြီးထွားလာခဲ့ပြီး အမေရိကန် AGT ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခြင်းကြောင့် နီနီရွိင်ရယ်မှာ ကမ္ဘာ တဝန်းမှာ ပရိသတ်အခိုင်မာ ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ သူမဟာ America's Got Talent ပြိုင်ပွဲ ယှဉ် ပြုင်ချိန်အတွင်း သီချင်း စုစုပေါင်း (၄) ပုဒ်သာ သီဆိုယှဉ်ပြိုင်ခဲ့ပြီး အဲဒီသီချင်းတွေကတော့ Zombie သီချင်း Hysteria သီချင်း Black Hole Sun သီချင်း Seven Nation Army သီချင်းတို့ဖြစ်ပြီး အပုဒ်တိုင်း ကို အသံပါဝါ ကောင်းကောင်းနဲ့ သီဆိုမှုအပြင် performance တွေကို အကောင်းဆုံးလုပ်ပြနိုင်တဲ့အတွက် ချန်ပီယံဆုကို ထိုက်တန်စွာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ နီနီရွိင်ရယ်ရဲ့ ဇာတ်လမ်းဟာ ဆုတစ်ခုရရှိခဲ့ တဲ့ ဇာတ်လမ်းတစ်ခုထက်ပိုပြီး အိပ်မက်တစ်ခုကို ငယ်ငယ်ကတည်းက စတင်ကာမရပ်မနား လေ့ကျင့် လာတဲ့ လူငယ်တစ်ယောက် ဘယ်အထိရောက်နိုင်သလဲဆိုတာ ပြသခဲ့တဲ့ အတုယူဖွယ်ကောင်းတဲ့ လက် တွေ့ တစ်ခုလည်း ဖြစ်ပါတယ်။

မူရင်းသတင်း — NP News