NP News

တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

ပြည့်ဖြိုး (NP News) - အောက်တိုဘာလ ၄

ယခုတစ်ပတ်အတွင်း ရွှေဈေးနှုန်းများ အနည်းငယ်ကျဆင်းပြီး ငွေလဲနှုန်းများ အနည်းငယ်မြင့်တက်လာသည်။ ပြည်တွင်းဈေးကွက်အတွင်း ပြည်ပသွင်း ကုန်လိုင်စင်များ ပြန်လည်ခွင့်ပြုပေးခြင်းကြောင့် အမေရိကန် ဒေါ်လာလို အပ်ချက်အရ နိုင်ငံခြားငွေလဲဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးမှာ ယခင်သီတင်းပတ်ထက် အနည်း ငယ်ကျဆင်းနေပြီး စက်တင်ဘာလ(၂၉)ရက်ပေါက်ဈေးအရ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၄၁၃၅) ဝန်း ကျင်ပေါက်ဈေးဖြစ်ပေါ်နေသည်။
ပြည်တွင်းရွှေဈေးမှာလည်း နိုင်ငံတကာဈေး ကွက်နှင့်အတူ ပြန်လည်ကျဆင်းလာပြီး ရွှေတစ်ကျပ် သားလျှင် သိန်း(၁၀ဝ)ကျပ်အောက်သို့ ရောက်ရှိနေသည်။ ကမ္ဘာ့စီးပွားရေးဈေးကွက်အတွင်း နည်းပညာ ကုမ္ပဏီများ၏ စတော့ ရှယ်ယာများ ဆက်တိုက်မြင့် တက်နေခြင်းကြောင့် နိုင်ငံတကာရွှေအရောင်းအဝယ် ကျဆင်းသွားပြီး ကမ္ဘာ့ရွှေဈေးများ ကျဆင်းနေခြင်းဖြစ်သည်။ ဟူသီသူပုန်များက ဆော်ဒီအာရေဗျ၏ရေ နံပိုက်လိုင်းကို တိုက်ခိုက်ခြင်းနှင့် စစ်ရေးတင်းမာမှု ပြန် လည်ဖြစ်ပေါ်လာရာ ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည် မြင့်တက်လာပြီး ရေနံစိမ်းတစ်စည်လျှင် အမေရိကန် ‌ဒေါ်လာ (၁၀ဝ)အထက်သို့ရောက်ရှိသွားကြောင်းသိရသည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်အတွင်း စင်ကာပူ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် စက်သုံးဆီဈေး များမြင့် တက်လာပြီး အမျိုးအစားအလိုက် တစ်လီတာလျှင် (၇၀ဝ)ကျပ်နီးပါး လက်လီဈေးနှုန်းများမြင့်တက် နေခြင်းဖြစ်သည်။ လာမည့်ရက်များအတွင်း စက်သုံး ဆီဈေးမြင့်တက်နေပါက အခြေခံကုန်စည်များအထိ ကုန်ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ပေါ်လာနိုင်သည်။ မိုးစပါးရိတ်သိမ်းချိန်ရောက်ရှိလာပြီဖြစ်သော်လည်း ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ကုန်တွင်းပိုင်းသို့ဆက်လက်ဝင်ရောက်ခဲ့သောကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် မိုးများရွာ သွန်းနိုင်ကြောင်းသိရသည်။ စပါးရိတ်သိမ်းချိန်တွင် မိုးရွာပါက အစိုဓာတ်မြင့်တက်ပြီး စပါးဈေးကျဆင်းနိုင် သောကြောင့် တောင်သူများ စိုးရိမ်မှုဖြစ်ပေါ်နေသည်။
ထို့ပြင် မတ်လအတွင်းဖြစ်ပေါ်ခဲ့သောစပါးဈေးမှာ စပါးတင်း(၁၀ဝ)လျှင် သိန်း(၂၀)ကျပ်သို့ရောက် ရှိခဲ့သော် လည်း လက်ရှိကာလတွင် ပြန်လည်ကျဆင်း နေရာ တောင်သူလယ်သမားများ စပါးဈေး အဆမ တန်ကျဆင်းမည်ကို စိုးရိမ်နေကြောင်း သိရသည်။ ပြည်တွင်း၌ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သော SKD ကားများကို ဒေါ်လာတစ်သန်းဖိုးသာ ခွင့်ပြုပေးမည်ဟု သတင်းများထွက်ပေါ်နေရာ ကားဈေး ကွက်အတွင်း ဈေးနှုန်းများမြင့် တက်နိုင်ကြောင်း သုံး သပ်မှုများရှိနေသည်။
SKD ကားဈေးကွက်အတွင်း စက်ရုံထုတ်ဈေးမှာ အပြောင်းအလဲမရှိသော်လည်း တစ်ဆင့်ပြန်လည် ရောင်းချ သည့်ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက် ခြင်းများကြုံတွေ့နေရကြောင်းသိရသည်။ ကုမ္ပဏီ တစ်ခုလျှင် ဒေါ်လာ တစ် သန်းဖိုးသာခွင့်ပြုမည်ဖြစ်ရာ တစ်ကြိမ်လျှင် ကားအစီးရေ(၆၀)ဝန်းကျင်သာ တင်သွင်းတပ်ဆင်ထုတ်လုပ်နိုင် မည်ဖြစ် သည်။ လတ်တလော ကားဈေးကွက်အတွင်း SKD ၊ CKD ကားများ မှာ စက်ရုံထုတ်ဈေးထက် သုံးဆဝန်းကျင်အထိမြင့် တက်နေသည်။

(အနည်းငယ်ကျဆင်းနေသည့် ရွှေဈေးနှင့် ကုန်သွယ်ရေးအရမြင့်တက်လာသည့်ငွေလဲနှုန်း)
ယခုတစ်ပတ်အတွင်း နိုင်ငံတကာဈေးကွက်အတွင်း ရွှေဝယ်လိုအားကျဆင်းနေရာ ကမ္ဘာ့ရွှေဈေးသည်လည်း အကျပိုင်းသို့ရောက်ရှိနေသည်။ ထို့ကြောင့် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၄၁၃၅)အထိ‌ရောက်ရှိလာပြီး ပြည်တွင်းရွှေဈေးမှာ လည်း အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း(၁၀ဝ)အောက်အထိကျဆင်းနေကြောင်း သိရသည်။ စက်တင်ဘာလ (၂၉)ရက်ပေါက်ဈေးအရ ပြည်တွင်းရွှေ ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၉၉)သိန်း (၈)သောင်း ကျပ်အထိကျဆင်းနေပြီး နိုင်ငံခြားငွေလဲ နှုန်းများမြင့်တက်နေခြင်းကြောင့်သာ ဆက်လက်မကျ ဆင်းခြင်းဖြစ်သည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း(YGEA)၏သတ်မှတ်ပေါက်ဈေးမှာ အခေါက်‌ရွှေတစ်ကျပ်သားလျှင် (၇၁)သိန်း ဖြစ်သော် လည်း ယင်းဈေးဖြင့် အရောင်းအဝယ်ပြုလုပ်သူ နည်း ပါးကြောင်းသိရသည်။
လက်ရှိကာလတွင် အယ်နီညိုရာသီဥတုဖြစ်စဉ် ကြောင့် ကမ္ဘာတစ်ဝန်း စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများ ထိခိုက်နစ်နာမှုများဖြစ်ပေါ်နေရာ ရွှေစု ဆောင်းမှုသည်လည်း ကျဆင်းနေခြင်းဖြစ်သည်။ ဥရောပတိုက်နှင့်အနောက်နိုင်ငံ များမှ ဗဟိုဘဏ်များသည်လည်း ရွှေစုဆောင်းမှုကျဆင်းပြီး စစ်ရေးအသုံး စရိတ်နှင့် AI နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှု များ ပြားနေခြင်းကြောင့် ကမ္ဘာ့ရွှေဝယ်လိုအား ကျဆင်းနေ ခြင်းဖြစ်သည်။
လာမည့် အောက်တိုဘာလဆန်းပိုင်းတွင် ရွှေဈေးအနည်းငယ်မြင့်တက်လာနိုင်သော်လည်း အတက်အကျ တည် တည်ငြိမ်ငြိမ်သာဖြစ်ပေါ်နိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ခန့်မှန်းထားသည်။ ရွှေဝယ်ယူစုဆောင်း သူများအနေဖြင့် လက်ရှိအချိန်သည် ရွှေစုဆောင်းရန် သင့်တော်သောအချိန်သို့ရောက်ရှိနေကြောင်း ရွှေလုပ်ငန်းရှင်များကဆိုသည်။ ရွှေ အထည် လက်ဝတ် ရတနာဈေးကွက်အတွင်း (၁၅)ပဲရည် ရွှေတစ်ကျပ် သားလျှင် (၉၄)သိန်း(၃)သောင်းကျပ်သာ ပေါက်ဈေး ရှိနေခြင်းကြောင့် ရွှေထည်ဝတ်ဆင်သူများအတွက် ကောင်းမွန်သောဈေးကွက်ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားငွေလဲဈေးနှုန်းများ အနည်းငယ်မြင့်တက်နေ ခြင်းကြောင့် လက်ရှိရွှေဈေးမှာ အကျသက်သာနေခြင်း ဖြစ်သည်။ ပြည်တွင်း ကုန်သွယ်ရေးလုပ်ငန်းများအ တွင်း ပြည်ပသွင်းကုန်လိုင်စင်များ ပြန်လည်ရရှိလာသ ဖြင့် ကုန်သွယ်ရေးအရ နိုင်ငံခြားငွေ ဝယ်လိုအားမြင့် တက်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၄၅၀ဝ)ကျပ်အထိ ဈေးများမြင့်တက်နေသည်။
အမေရိကန်ဒေါ်လာသည် ဈေးကွက်ပေါက်ဈေး (၄၅၀ဝ)ကျပ်ဖြစ်သော်လည်း ဗဟိုဘဏ်၏ အွန်လိုင်း ငွေလဲ ဈေးနှုန်းမှာ (၃၆၇၀)ကျပ်ဖြစ်ကြောင်းသိရသည်။ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ပြင်ပဈေးကွက်အ တွင်း နိုင်ငံခြား ငွေများ ဝယ်ယူမှုမြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အခြားနိုင်ငံများ၏ ငွေ လဲဈေးနှုန်းများမှာ ထိုင်း တစ်ဘတ်လျှင် (၁၃၄)ကျပ်၊ တရုတ်တစ်ယွမ်လျှင် (၆၇၂)ကျပ်၊ အိန္ဒိယတစ်ရူပီး လျှင် (၄၆)ကျပ်နှင့် စင်ကာပူ တစ်ဒေါ်လာလျှင် (၃၅၂၀) ကျပ် အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။ လာမည့်ရက်များအတွင်း နိုင်ငံခြားငွေလဲ ဈေးနှုန်းအပြောင်း အလဲကို ဆက်လက်စောင့်ကြည်ရမည်ဖြစ်သည်။

(ကမ္ဘာ့ရေနံဈေး မြင့်တက်ခြင်းနှင့် ပြည်တွင်း စက်သုံးဆီဈေး)
ဆော်ဒီအာရေဗျ၌ ဟူသီများ၏တိုက်ခိုက်မှုများ၊ ပင်လယ်ကွေ့၌ အီရန်၏တိုက်ခိုက်မှုများကြောင့် ဆော် ဒီအာရေဗျ၏ အဓိကရေနံပိုက်လိုင်း ပိတ်သိမ်းမှုအပြီး ကမ္ဘာ့ရေနံရောင်းချသူများကို စိုးရိမ်ပူပန်လာကာ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းများ ပြန်လည်မြင့်တက်လာသည်။ Brent စံချိန် ရေနံစိမ်းဈေးသည် တစ်စည်လျှင် (၂ ဒသမ ၉၀)ဒေါ်လာ (၂ ဒသမ ၇၇) ရာခိုင်နှုန်းမြင့်တက် ကာ (၁၀၇ ဒသမ ၅၁)ဒေါ်လာသို့ရောက်ရှိခဲ့ပြီး WTI စံချိန် ရေနံစိမ်းဈေးသည် တစ်စည် လျှင် (၂ ဒသမ ၂၇)ဒေါ်လာ (၂ ဒသမ ၂၇ %)မြင့်တက်ကာ (၁၀၂ ဒသမ ၃၂)ဒေါ်လာ ရောက်ရှိခဲ့ကြောင်းသိရသည်။
အီရတ်၏စတင်တိုက်ခိုက်မှုကြောင့် ကမ္ဘာ့အကြီးဆုံးရေနံတင်ပို့သည့် ဆော်ဒီအာရေဗျ၏ အရှေ့-အနောက် ရေနံပိုက်လိုင်းကို ပိတ်သိမ်းလိုက်ရသဖြင့် ကမ္ဘာ့ရေနံထောက်ပံ့မှု၏ (၄)ရာခိုင်နှုန်းအထိ ထိခိုက် စေနိုင်ကြောင်းသိရ သည်။ ထို့ပြင် ဟူသီအဖွဲ့က ကမ္ဘာ့ ရေနံထောက်ပံ့မှု၏ (၄)ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းအထိ ဖြတ်သန်းသယ်ယူနေသည့် Bab Al-Mandab ရေလက်ကြားကို ထိန်းချုပ်ရန်လုပ်ဆောင်နေကြောင်း သိရသည်။
ရေနံဈေးမှာ ပထမဆုံးအကြိမ် ဒေါ်လာ (၁၀ဝ) အထက်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အိုမန် နိုင်ငံ၌ ပြုလုပ်မည့်ဆွေးနွေးပွဲများမှ လက်တွေ့ကျသည့် ရလဒ်များထွက်ပေါ်မလာပါက သို့မဟုတ် အရှေ့-အနောက်ရေ နံပိုက် လိုင်းကို လျင်မြန်စွာပြန်မဖွင့်နိုင်ပါက ရေနံစိမ်းဈေးနှုန်းမှာ မတ်လဆန်းက စံချိန်တင်ခဲ့သည့် (၁၁၉ ဒသ မ၄၈)ဒေါ်လာသို့ ဆက်လက်မြင့် တက်သွားနိုင်ကြောင်းသိရသည်။ အရှေ့အာရှ စက်သုံးဆီဈေးကွက်အတွင်း စက်သုံးဆီဈေးများ ပြန် လည်မြင့်တက်လာရာ မြန်မာနိုင်ငံမှ အဓိကဝယ်ယူနေ ရသည့် စင်ကာပူစက်သုံးဆီဈေးမှာ မြင့်တက်လာခြင်း ဖြစ်သည်။ ပြည်တွင်းဈေးကွက်အတွင်း စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာလျှင်(၆၀ဝ)ကျပ်မှ (၇၀ဝ)ကျပ်ဝန်းကျင်အထိ တစ်ပတ်အတွင်းမြင့်တက် ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်သည် မြန်မာနိုင်ငံတွင် ဆန်စပါး ရိတ်သိမ်းချိန်ဖြစ်ရာ တောင်သူလယ်သမားများအ တွက် ရိတ်သိမ်း ခြွေလှေ့စရိတ်များ မြင့်တက်လာနိုင် ခြေရှိနေသည်။ ထို့ပြင် စက်သုံးဆီဈေးမှာ နိုင်ငံတကာ ပေါက်ဈေးအပေါ် မူတည် နေသဖြင့် ကုန်စည်သယ် ဆောင်သည့်တန်ဆာခများ မြင့်တက်လာပြီး ကုန်စည် ဈေးနှုန်းများပါ မြင့်တက်လာနိုင် သည့်အခြေအနေသို့ ရောက်ရှိနေသည်။ လာမည့်ရက်များအတွင်း စက်သုံး ဆီဈေးမကျဆင်းပါက အခြေခံစား သောက်ကုန်များ ဈေးတက်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
(မိုးစပါးရိတ်သိမ်းချိန် မုန်တိုင်းဝင်ရောက်မှုနှင့်စပါးဈေးနှုန်း)
မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တချို့သောမြို့နယ်များတွင် မိုးစပါးများ ရိတ်သိမ်းနေ ကြပြီး စပါး ဈေးကျဆင်းလာမည်ကို တောင်သူများက စိုးရိမ်နေကြသည်။ လက်ရှိတွင် နေ့တိုင်း မိုးရွာသွန်း နေသည့်အတွက် ရိတ် သိမ်းပြီးသားစပါးများကို နေ လှန်းရန် အခက်အခဲဖြစ်ပေါ်နေပြီး အခြောက်ခံစက် ဖြင့်အခြောက်ခံနေကြရသည်။ စပါးကို အခြောက်ခံ စက်ဖြင့်အခြောက်ခံရာတွင် စပါးတင်း(၁၀ဝ)လျှင် (၁)သိန်းကျပ်ကုန်ကျသည်ဟု စပါးစိုက်တောင်သူများ ကပြောသည်။
ထို့အတူ ပြီးခဲ့သည့်လတွင် စပါး တင်း(၁၀ဝ)လျှင် ငွေကျပ် သိန်း(၂၀)ကျော်အထိရရှိခဲ့သည့်စပါးသည် လက်ရှိ အချိန်တွင် ငွေကျပ်(၁၈)သိန်းခန့်သာ ရှိနေကြောင်း၊ စပါးလှိုင်လှိုင်ပေါ်ချိန်၌ စပါးဈေးနှုန်း သည် ထပ်မံကျဆင်းနိုင် သည့်အတွက် စပါးဈေး တင်း (၁၀ဝ)လျှင် ငွေကျပ်(၁၆)သိန်းအောက်ရောက်ပါက တောင်သူများအရှုံးပေါ်နိုင်သည်ဟု ခန့်မှန်းချက်များ လည်းထွက်ပေါ်နေသည်။ စပါးအခြောက်ခံရာတွင် အခြောက်ခံစက်ကို ဒီဇယ်ဖြင့်မောင်းနှင်ရခြင်း ကြောင့် လက်ရှိ စက်သုံးဆီဈေးမြင့်တက်ခြင်းကြောင့် အခြောက် ခံစရိတ်များ ပိုမိုသုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။
စပါးစိုက်ပျိုးရာတွင် ဓာတ်မြေဇာ၊ ပိုးသတ်ဈေး၊ စက်သုံးဆီ၊ အလုပ်သမားစရိတ်များသည် တစ်နှစ် ထက်တစ်နှစ် မြင့်တက်မှုများဖြစ်ပေါ်နေသော်လည်း တောင်သူများစိုက်ပျိုးထားသည့်စပါးများသည် ပြီးခဲ့သည့်နှစ်နှင့် ဈေးတန်းတူညီ နေခြင်း၊ ဈေးကျခြင်းများသာ ဖြစ်ပေါ်လျက်ရှိနေသည်။ လက်ရှိဖြစ်ပေါ်နေသည့် စပါးတင်း(၁၀ဝ)လျှင်(၁၈)သိန်းကျပ် သည် ဆန်ကြမ်း စပါးသာဖြစ်ပြီး ဆန်ချောစပါးများဖြစ်သည့် ကျားပျံ နှင့်ပေါ်ဆန်းမွှေးဖြစ်သည့်စပါးသည် ငွေကျပ် (၂၅) သိန်းမှ (၃၅)သိန်းကျပ်အထိရရှိရန် လယ်သမားများ ကမျှော်လင့်ထားကြောင်း သိရသည်။
လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ် သောမုန်တိုင်းသည် မုတ္တမကမ်းလွန်မှ ကုန်တွင်းသို့ ဝင်ရောက်ခဲ့ ရာ မြန်မာနိုင်ငံအောက်ပိုင်းရှိ ရိတ်သိမ်း ရန်ရှိသောစပါးများမှာ အစိုဓာတ်မြင့်တက်ခြင်းနှင့်ကြုံ တွေ့နေသည်။ လာမည့် ရက်များအတွင်း မိုးရွာသွန်းမှု အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ပြီး စပါးဈေးမှာ စပါးအထူးစိုက်ပျိုးရေးဇုန်များ ကြောင့် အလွန်အမင်း ကျဆင်းနိုင်ခြေနည်းပါးကြောင်း ခန့်မှန်းမှုများလည်းရှိ နေသည်။

( SKD ကားကုမ္ပဏီ တစ်ခုလျှင် အမေရိကန် ဒေါ်လာ (၁) သန်းဖိုးသာ တင်သွင်းရမည်)
ပြည်တွင်းကားဈေးကွက်အတွင်း ပြည်တွင်း၌ တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်လုပ်‌သော SKD ကားကုမ္ပဏီ တစ်ခုလျှင် အမေရိကန်ဒေါ်လာ (၁) သန်းဖိုးသာတင်သွင်းခွင့်ပေးမည်ဟု ကန့်သတ်ချက် ထွက်ပေါ်လာခြင်းကြောင့် ဈေးကွက်အတွင်း လှုပ်ခတ်မှုများဖြစ်ပေါ်နေသည်။ SKD ကားမှာ ဈေးကွက်အတွင်း လူကြိုက်များသောကားများမှာ စက်ရုံထုတ် ဈေးထက် သုံးဆခန့်မြင့်မားသောပေါက်ဈေးများဖြစ် ပေါ်နေသည်။
ထို့ကြောင့် လက်ရှိ ဒေါ်လာတစ်သန်းတန်ဖိုးကန့် သတ်ချက်သည် ကုမ္ပဏီတစ်ခုလျှင် ကားအစီး(၆၀) ဝန်းကျင်သာ တင်သွင်းရောင်းချရမည့်အခြေအနေသို့ရောက်ရှိလာသည်။ မြန်မာနိုင်ငံ၏ကားမူဝါဒအရ အိမ်စီးကား တင်သွင်းမှုကို ကုမ္ပဏီအလိုက် နှစ်စဉ်ခွဲတမ်းဖြင့်ရောင်းချပေးခြင်းဖြစ်ရာ ဝယ်ယူသူများအနေ ဖြင့် ကြိုတင်ဘို ကင်တင်ပြီး စောင့်ဝယ်ရသည့်အခြေအနေသို့ရောက်ရှိနေကြောင်းသိရသည်။
ပြည်တွင်းကားဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်နေခြင်းမှာ ဂျပန်တစ်ပတ်ရစ်ကားများ တင် သွင်းခွင့် မရခြင်းနှင့် လက်ရှိကားမူဝါဒအရ ကားထုတ် လုပ်သည့်ကုမ္ပဏီနှင့်အသုံးပြုဝယ်ယူသူအကြားတွင် အမြတ်တင်ရောင်းချ နေသူများပြားလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ SKD ကားမှာ စက်ရုံထုတ် ရောင်းဈေးများမှာ အပြောင်း အလဲမရှိနိုင်သော်လည်း တစ်ဆင့်ပြန်ရောင်းသောဈေးကွက်တွင် ကားဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံသည် မော်တော်ယာဉ်လိုအပ်ချက်မြင့်မားသော နိုင်ငံဖြစ်သော်လည်း နိုင်ငံခြားငွေသုံးစွဲမှုမူဝါဒများအရ ကား တင်သွင်းမှုကိုကန့်သတ်ထားဆဲဖြစ်ရာ ပြည်တွင်း ရှိကားဈေးကွက်မှာ ဈေးနှုန်းမြင့်တက်ခြင်းဖြင့် ကြုံတွေ့နေရသည်။

မူရင်းသတင်း — NP News