
သုတကျော် (NP News) - အောက်တိုဘာလ ၁
မြန်မာနိုင်ငံတွင် မြို့ကြီးမဟုတ်သည့်တိုင် လူသိများသောမြို့တို့အနက် ကသာနှင့်ထီးချိုင့်တို့မှာ ရှေ့တန်းကရှိနေကြောင်းကို မည်သူမျှ ငြင်းနိုင်လိမ့် မည်မဟုတ်ပေ။ ဧရာဝတီမြစ်ကမ်းနံဘေးတွင် မေး တင်ထားသော ယင်းနှစ်မြို့သည် တည်နေပုံအရ အချက်အချာကျသောကြောင့် ထင်ရှားသည်ဟုဆိုရ မည်ပင်။
ဦးစွာ ကသာမြို့ကိုရှုပါလော့။ ဧရာဝတီမြစ် ၏သင်္ဘောဆိပ်မြို့ဖြစ်သည့်အပြင် ကားလမ်းနှင့် ရ ထားလမ်းဆုံရာမြို့လည်း ဖြစ်သည်။ ဆိုလိုသည်မှာ ယခင်ကပင် ကုန်တို့ကို ကားလမ်း၊ ရထားလမ်းတို့ဖြင့် ကသာကိုဖြတ်ကာ အဆင့်ဆင့်ကုန်သွယ်ခဲ့သောသက် သေတို့ပင်ဖြစ်သည်။
လမ်းမကောင်းမီက သင်္ဘောဆိပ်မြို့ဖြစ် သော ကသာမှတစ်ဆင့် ကုန်သွယ်သည်။ နောက်ပိုင်း တွင် ရေလမ်း၊ ကုန်းလမ်း နှစ်ဆင့်ကုန်သွယ်သည်။ သို့သော် အထက်သို့ကုန်ပို့ရန်အတွက် ကသာမြို့ကို ကြားခံရသည်သာ။ ဆရာကြီးရွှေဥဒေါင်းတို့စာများထဲ တွင် ကသာ၏အတိတ်ကိုမြင်ရမည်။ ယင်းခေတ်က ကသာသည် ကုန်သွယ်ရေးအတွက် အချက်အချာကျ သောမြို့ဖြစ်ကြောင်းဖော်ပြနေသည်ကို သတိထားမိ မည်သာပင်။
ထို့ပြင် ယင်းမြို့သည် ကမ္ဘာလည်းကျော် ပေသေး၏။ စာရေးဆရာကြီး George Orwell ၏ ပထမဆုံးဝတ္ထုဖြစ်သော Burmese Days တွင် ကသာမြို့ပါခဲ့သည်။ George Orwell နေထိုင်ခဲ့ သောအိမ်ကြီးကိုလည်း အရေးပိုင်အိမ်အဖြစ် ယနေ့ တိုင်ထိန်းသိမ်းထားသည်။
ထီးချိုင့်မြို့သမိုင်းကား အစမှပြန်ကောက် လျှင် ပုဂံခေတ်အမတ်ကြီး ရာဇသင်္ကြန်၏သားများ ဖြစ်သော ရန္တပစ္စည်းနှင့် နန္တပစ္စည်း ညီနောင်နှစ်ပါးထိ တိုင်ရောက်၏။ ယင်းညီနောင်နှစ်ပါးကပင် ထီးချိုင့်မြို့ ကိုတည်သည်ဟု အချို့ကဆိုပြီး အချို့ကလည်း ယင်း ထက်ပင်ရှေးကျသည်ဟုဆိုသည်။
မြို့အကွက်လှသည်။ အေးချမ်းသာယာ သောမြို့ ဖြစ်ခဲ့သည်။ ကသာနှင့်မတူသည်မှာ ထီးချိုင့် သည် မြို့အဖြစ်သို့ရောက်ရှိရန်အတွက် အဆင့်ဆင့် တက်လာခဲ့ရခြင်းဖြစ်သည်။ မြန်မာဘုရင်များလက် ထက်အခါ က ထီးချိုင့်သည် မြတောင်မြို့အပိုင်အတွင်း က မြို့တစ်မြို့သာဖြစ်ခဲ့သည်။ မြတောင်မြို့သည်ကား သမိုင်းတွင် မြန်မာတို့၏နောက်ဆုံးမိဖုရားဖြစ်သော စုဖုရားလတ်အပိုင်စားရရှိဖူးရာနေရာ ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် အခြေအနေအရ မြတောင်သည် ရွာအဖြစ်ကျဆင်းသွားပြီး ထီးချိုင့်ကား မြို့ဖြစ်လာသည်။ ထို့ပြင် ကသာခရိုင်မဖြစ်မီက မြို့၏ အနေအထားနှင့်အရေးပါပုံအရ ခရိုင်မြို့လည်းဖြစ်ခဲ့ ဖူးသည်။ ယင်းနောက်တွင်မှ ကသာသည် ခရိုင်မြို့ဖြစ် သွားသော်လည်း ထီးချိုင့်သိမ်ငယ်သွားသည်တော့ မဟုတ်ပါ။
မဝေးလှသောနှစ်မြို့သည် နီးကပ်သည်ဟု လည်းဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော ကုန် သွယ်ရေးနှင့်လူမှုရေးတို့အတွက် မြို့နှစ်မြို့အကြား ပြည်သူများ အဆက်အဆံ မပြတ်ရှိခဲ့ကြသည်။ လမ်း အကွာအဝေးကလည်း ဝေးလှသည်ဟုမဆိုသာပေ။
ပုံမှန် မန္တလေး-မြစ်ကြီးနားလမ်းမကြီးအ တိုင်းသွားမည်ဆိုပါက (၅၈)မိုင်ကျော်ကွာဝေးသည်။ ထီးချိုင့်-အင်းတော်-ကသာလမ်းဟု အကြမ်းဖျင်း ခေါ်နိုင်ပြီး ယင်းမှာ အသုံးအများဆုံးဖြစ်သည်။ အခြား တစ်လမ်းမှ ဧရာဝတီမြစ်ဘေးမှဖောက်လုပ်ထားသော လမ်းဖြစ်ပြီး ဒေသခံအချို့က ဗျူဟာလမ်းဟုခေါ်ကြ ပြီး ယင်းလမ်းတွင်မူ နေရာအများစုသည်မြေသားလမ်း ဖြစ်သည်။ နှစ်လမ်းရှိသည်။ ထို့ကြောင့် အဘယ်လမ်း ကလာစေကာမူ အဆင်ပြေသည်ဟု တွေးထင်ဖွယ် ရှိသည်။ သို့သော် မရိုးရှင်းခဲ့ပါချေ။
လက်နက်ကိုင်သူပုန်တို့ အဆိုပါ နယ်မြေ သို့ရောက်လာသည်နှင့် ကသာနှင့်ထီးချိုင့်မြို့တို့မှာ နီးလျက်နဲ့ဝေးသွားခဲ့ကြသည်။ အဆိုးဆုံးအချိန်တို့က ဆိုလျှင် မြို့နှစ်မြို့ဆက်သွယ်ရန်မဆိုထားဘိ ထီးချိုင့် မြို့ကိုပင်လျှင် မြို့သူ၊ မြို့သားတို့ စွန့်လွှတ်ကာ အခြား နီးစပ်ရာနှင့်အရပ်တစ်ပါးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရ သည်။
ယင်းနှစ်မြို့နှင့် အဓိကကုန်သွယ်ရာမြို့ကြီး သည် မန္တလေးဖြစ်သော်လည်း ယင်းအချိန်တို့က မန္တ လေးနှင့် ထီးချိုင့်၊ ကသာတို့မှာ ခရီးအဝေးကြီး ဝေးခဲ့ ကြရသည်။
"ထီးချိုင့်ကိုသွားချင်တယ်ဆိုရင် အခုအ ကောင်းဆုံးသုံးလို့ရတဲ့လမ်းက မန္တလေးကနေ ရွှေဘို၊ ရွှေဘိုကနေ ခင်ဦး၊ ပြီးတော့ ကန့်ဘလူ၊ ဇီးကုန်းကနေ မြစ်ကိုဖြတ်ကူးရတယ်။ ဇက်နဲ့ဖြတ်ကူးပြီးတော့ တ ကောင်း ကြံညှပ်၊ တွင်းငယ်ကနေသွားရတယ်"ဟု ထိုစဉ်ကအခြေအနေကို ထီးချိုင့်မြို့ခံတစ်ဦးကဆို သည်။
ယင်းနောက် တပ်မတော်၏ချေမှုန်းခြင်း နှင့်အတူ အခြေအနေတို့ ပြန်လည်ကောင်းမွန်လာ သည်။ လမ်းကြောင်းပွင့်လာသည်။ ယခုအခါ မန္တ လေး-ထီးချိုင့်လမ်း ကောင်းခဲ့ပြီ။ လမ်းရိုးအတိုင်း သွားနိုင်ပြီ။ ယင်းမှတစ်ဆင့် မြစ်ကြီးနားမြို့သို့တိုင် သွားနိုင်ခဲ့သေးသည်။
တစ်ဖက်ကကြည့်လျှင် ထီးချိုင့်မြို့သည် အခြေအနေကောင်းခဲ့ပြီ။ ကသာမြို့ကို သူပုန်များ ထိန်းချုပ်ရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့။ ယင်းအတွက် သူပုန်တို့သည် သူပုန်အလုပ်ကို ဆက် လုပ်သည်။ လမ်းပိုင်းကိုဖျက်မည်၊ ပိတ်မည်။ ခံရသည် မှာ ပြည်သူသာ။
မန္တလေး-မြစ်ကြီးနားလမ်းကို ထီးချိုင့် ဘက်က ပွင့်ပြီးသည့်နောက် သူပုန်တို့ က လမ်းပိုင်းတို့ တွင် ဘက်ဟိုးများဖြင့်တူးဖျက်ကာ လမ်းပိတ်ရန် ဆောင်ရွက်လာသည်။ မလိုအပ်ဘဲ ဟန့်တားခြင်းများ ပြုလုပ်လာ၏။
ဒေသခံများ မရှိသုံး သုံးနေရသော ထီးချိုင့် -ကသာ ဗျူဟာလမ်းကို ဘက်ဟိုးဖြင့်ဖျက်ဆီးခဲ့ခြင်း ကြောင့် ထိုစဉ်က ကားရာချီ ပိတ်မိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထီးချိုင့်-ကသာလမ်းကိုအသုံးမပြုကြရန် အတွက်လည်း စာထုတ်တားမြစ်ခြင်းမျိုးကို သူပုန်တို့ ပြုလုပ်ခဲ့ကြသေး၏။
"မနေ့က (၃၆)မိုင်လမ်း(ဗျူဟာလမ်း)ကို ပြန်ဖွင့်ပေးလိုက်ပြီ။ သိပ်တော့မသေချာသေးဘူး။ အရင်က တောဘက်(သူပုန်)ကပိတ်ထားတာ။ တော ဘက်က တော်တော် ဆိုးဆိုးရွားရွားပိတ်ထားတာ။ ကားသမားတွေ၊ ပြည်သူတွေ မလာနဲ့၊ လာရင် ထုမယ် ဆိုပြီးပြောထားတာ"ဟု ကသာမြို့နယ်မှဒေသခံတစ် ဦးကဆိုသည်။
ဆောင်းပါးတစ်နေရာတွင်ဖော်ပြထားသ ကဲ့သို့ ထီးချိုင့်-အင်းတော်-ကသာလမ်းမှာ လုံးဝသုံး မရသောအခြေအနေတွင် ဒေသခံတို့က ဗျူဟာလမ်း ကိုအားပြုခဲ့ရခြင်းဖြစ်သည်။ သို့သော် ယင်းလမ်းကို လည်း သူပုန်တို့ကပိတ်ထားခြင်းဖြစ်ရာ ဒေသခံတို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ရတော့သည်။
နီးလျက်နှင့်ဝေးနေသောအဖြစ်တွင် ထီး ချိုင့်နှင့်ကသာမြို့ကဲ့သို့အဖြစ်မျိုးက ပိုဆိုးပေလိမ့် မည်။ (၃၅)မိုင်သွားရုံဖြင့်ရောက်နိုင်သော လမ်းပင် လျှင် အသုံးပြုခွင့်မရ။ အထူးသဖြင့် ကုန်ကားသမား တို့ကို ယင်းလမ်းပေါ် အတက်မခံခြင်းဖြစ်သည်။
"တချို့ကားသမားတွေဆိုရင် မြစ်ကြီးနား ကနေမန္တလေးကိုသွားတာဆိုရင် မြစ်ကြီးနားကစထွက် ပြီး မနေ့ကလမ်းဖွင့်တာတောင်မှ သုံးလအကြာအပိတ် ခံထားရတာ"ဟု ၎င်းကပြောသည်။ ဗျူဟာလမ်းဟု ခေါ်သော (၃၆)မိုင်လမ်းသည် ဒေသခံတို့အတွက်မူ လမ်းမရှိသည့်အချိန်တွင် ကတ္တီပါရွှေကောဇောခင်း ထားသည့်လမ်းဖြစ်ခဲ့သည်။ ယင်းမှာလည်းအကြောက် ကြီးကြောက်ရမည့်အခြေအနေနှင့်နှိုင်းစာပါက မကြောက်ရသောလမ်းသည် မြေသားလမ်းပင်ဖြစ်စေ ကာမူ ဒေသခံတို့အတွက် လမ်းကောင်းသည်သာပင်။
" အင်းတော်ဘက်မှာက မသွားရဲကြတာ။ တပ်ကထိုင်ထားပေမယ့် ကြားထဲမှာ ဆိုင်ကယ်ကယ်ရီ တွေဆိုလည်း တောဘက်ကလူတွေကဆွဲတယ်။ ငါတို့ တောင်ပိတ်ထားတာ မင်းတို့က ဘာလို့လာတာလဲဆို တဲ့ပုံစံနဲ့ဆွဲတယ်။ ပြီးရင် အရေးမပါတဲ့အကြောင်းတွေ မေးတယ်။ ပြီးရင် ပိုက်ဆံတောင်းပြီးပြန်လွှတ်တယ်" ဟု ၎င်းကဆိုသည်။
ယင်းမှာ လမ်းအခြေအနေဖြစ်ပြီး မြေပြင် အခြေအနေကား အဘယ်သို့ပါနည်း။ ကသာနှင့် ထီးချိုင့်ကို နှစ်ပိုင်းခွဲပြောရန် လိုအပ်ပါသည်။
တစ်ချိန်က သူပုန်တို့ဝင်လုံးခဲ့ဖူးသော် လည်း ဆုတ်ခွာထွက်ပြေးခဲ့ရသည့်ကသာတွင် စစ်မီး ဟပ်နေသောမြို့တို့ ၏ ထုံးစံအတိုင်း ကောလာဟလ တို့ရှိနေသည်။
" မြို့အခြေအနေကတော့ ကောင်းတယ်။ မြို့ပတ်ဝန်းကျင်မှာတော့ ဝိုင်းနေတယ်လို့သိထား တယ်။ ကသာမြို့ကျတော့ ဧရာဝတီမြစ်က တစ်ဖက် မှာရှိတာဆိုတော့ တောင်တန်းတွေဘက်က ဝိုင်းထား တယ်ဆိုတဲ့အနေအထားတော့ ရှိတယ်။ တိုက်ပွဲတော့ မဖော်သေးပါဘူး။ ဒါပေမဲ့လည်း မြို့သိမ်းမယ်ဆိုတဲ့ အသံကလည်း မကြာသေးဘူး"ဟု ၎င်းကဆိုသည်။
ထီးချိုင့်မြို့တွင်မူ မြို့တွင်းသို့ ပြည်သူအ များအပြား ပြန်လည်ဝင်ရောက်ရန်အတွက် အားခဲနေ ကြပြီ။ တပ်မတော်ကလည်း အားကောင်းနေပြီဖြစ် သည်။ သို့သော် တစ်ဖက်တွင်မူ ထီးချိုင့်ပတ်ချာလည် ကကျေးရွာများတွင် သူပုန်တို့ရှိနေကြသေးသည်။
" ဒီမှာက မြောက်ပြင်ဘက်ကို မရှင်းသေး သရွေ့တော့ မလွယ်ဘူး။ ထီးချိုင့်ကို မြေပုံထဲကြည့် ကြည့်လိုက်ပါ။ ထီးချိုင့်ကထွက်ထွက်ချင်း ထီးချိုင့် မြို့ရှောင်က စထွက်ထွက်ချင်း သခွပ်ချောင်၊ တည် တော၊ ပေါက်ကုန်း ပြီးတော့ ကွင်းကြီး။ ပြီးတော့ ရွာသစ်ကုန်း။ ပြီးတော့ အလယ်တော၊ လေသာ။ အလယ်တော၊ လေသာဆိုရင် PDF တွေ အများဆုံး နေတာပဲ။ လေသာက PDF က နှစ်ဖွဲ့တော့ ကွဲနေကြ ပြီ။ ရှိနေတာက KIA တို့၊ AA တို့ရှိနေတာ။ KIA ကလူသစ်စုတာလည်းရှိနေတယ်။ အရွယ်ရောက်တဲ့ သူတွေဘာတွေဆိုရင် ဆွဲမယ်လုပ်တာတဲ့။ ဆွဲရင် လည်း ပိုက်ဆံ ဆယ့်လေးငါးသိန်းနဲ့ ရွေးပေရော့ပဲ။ သူခိုးခွေးကိုက်ပေါ့ဗျာ အောင့်ခံနေရတာ။ နဂိုတည်း က သူတို့က ဒါတွေကောင်းတယ်ဆိုပြီး လက်ခံထား တာကိုး"ဟု ထီးချိုင့်မြို့ခံတစ်ဦးကဆိုသည်။
ယင်းသို့အခြေအနေတွင် ဒေသခံတို့ လမ်း ပန်းဆက်သွယ်ရေးမကျပ်တည်းပဲ အဘယ်တွင် ခံနိုင် ပါအံ့နည်း။ သူပုန်တို့နှင့် လမ်းပန်းဆက်သွယ်ရေး အကျပ်အတည်းက တွဲပါလာသကဲ့သို့ရှိနေသည်။ ယင်းအတွက်မျှော်ကြသည်မှာ တည်ငြိမ်ရေးဖြစ်သည်။ တည်ငြိမ်ရေးဆိုရာတွင်လည်း ဥပဒေဘောင်အတွင်း ကတည်ငြိမ်ရေး ဖြစ်သည်။
" အစိုးရကတော့ ဥပဒေရှိတယ်လေ။ အရင်လိုလေးပဲပြန်နေရရင် အဆင်ပြေတယ်။ စိုးရိမ် ပြီး စိတ်တထင့်ထင့်ဖြစ်နေရတာက တစ္ဆေခြောက်သ လိုဖြစ်နေတာ"ဟု အခြား ထီးချိုင့်ဒေသခံတစ်ဦးက ဆိုသည်။
လမ်းတို့ကောင်းခြင်းသည် ဒေသခံတို့အ ကျိုးစီးပွားအတွက် (၇၀)ရာခိုင်နှုန်းခန့် အကျိုးများ ပေပြီ။ ကျန်အချက်အလက်များဖြစ်သော ကုန်ဈေး နှုန်း၊ နိုင်ငံ့စီးပွားရေးတို့မှာ နောက်ကလိုက်လာမည် သာဖြစ်သည်။ ကုန်ဈေးနှုန်းသည်ပင် လမ်းပန်း ဆက် သွယ်ရေး ကောင်းခြင်း၊ မကောင်းခြင်းနှင့် သက်ဆိုင် နေပေသေးသည်။
လမ်းပန်းဆက်သွယ်ရေးမကောင်းသော ဒေသခံတို့ကိုမေးမြန်းကြည့်ပါလျှင် တစ်လေသံတည်း ထွက်ကြမည်မှာ ငြိမ်းချမ်းလိုသည်ဟုဖြစ်ပါမည်။ ယင်းကို စစ်တမ်းမကောကဘဲ သိနိုင်ပါ၏။

zawgyi version
ထီးခ်ိဳင့္ - ကသာ (သို႔မဟုတ္) ျမစ္တစ္စင္းတည္းေဘးက ေဝးကြာျခင္း
သုတေက်ာ္ (NP News) - ေအာက္တိုဘာလ ၁
ျမန္မာႏိုင္ငံတြင္ ၿမိဳ႕ႀကီးမဟုတ္သည့္တိုင္ လူသိမ်ားေသာၿမိဳ႕တို႔အနက္ ကသာႏွင့္ထီးခ်ိဳင့္တို႔မွာ ေရွ႕တန္းကရွိေနေၾကာင္းကို မည္သူမွ် ျငင္းႏိုင္လိမ့္ မည္မဟုတ္ေပ။ ဧရာဝတီျမစ္ကမ္းနံေဘးတြင္ ေမး တင္ထားေသာ ယင္းႏွစ္ၿမိဳ႕သည္ တည္ေနပုံအရ အခ်က္အခ်ာက်ေသာေၾကာင့္ ထင္ရွားသည္ဟုဆိုရ မည္ပင္။
ဦးစြာ ကသာၿမိဳ႕ကိုရႈပါေလာ့။ ဧရာဝတီျမစ္ ၏သေဘၤာဆိပ္ၿမိဳ႕ျဖစ္သည့္အျပင္ ကားလမ္းႏွင့္ ရ ထားလမ္းဆုံရာၿမိဳ႕လည္း ျဖစ္သည္။ ဆိုလိုသည္မွာ ယခင္ကပင္ ကုန္တို႔ကို ကားလမ္း၊ ရထားလမ္းတို႔ျဖင့္ ကသာကိုျဖတ္ကာ အဆင့္ဆင့္ကုန္သြယ္ခဲ့ေသာသက္ ေသတို႔ပင္ျဖစ္သည္။
လမ္းမေကာင္းမီက သေဘၤာဆိပ္ၿမိဳ႕ျဖစ္ ေသာ ကသာမွတစ္ဆင့္ ကုန္သြယ္သည္။ ေနာက္ပိုင္း တြင္ ေရလမ္း၊ ကုန္းလမ္း ႏွစ္ဆင့္ကုန္သြယ္သည္။ သို႔ေသာ္ အထက္သို႔ကုန္ပို႔ရန္အတြက္ ကသာၿမိဳ႕ကို ၾကားခံရသည္သာ။ ဆရာႀကီးေ႐ႊဥေဒါင္းတို႔စာမ်ားထဲ တြင္ ကသာ၏အတိတ္ကိုျမင္ရမည္။ ယင္းေခတ္က ကသာသည္ ကုန္သြယ္ေရးအတြက္ အခ်က္အခ်ာက် ေသာၿမိဳ႕ျဖစ္ေၾကာင္းေဖာ္ျပေနသည္ကို သတိထားမိ မည္သာပင္။
ထို႔ျပင္ ယင္းၿမိဳ႕သည္ ကမာၻလည္းေက်ာ္ ေပေသး၏။ စာေရးဆရာႀကီး George Orwell ၏ ပထမဆုံးဝတၳဳျဖစ္ေသာ Burmese Days တြင္ ကသာၿမိဳ႕ပါခဲ့သည္။ George Orwell ေနထိုင္ခဲ့ ေသာအိမ္ႀကီးကိုလည္း အေရးပိုင္အိမ္အျဖစ္ ယေန႔ တိုင္ထိန္းသိမ္းထားသည္။
ထီးခ်ိဳင့္ၿမိဳ႕သမိုင္းကား အစမွျပန္ေကာက္ လွ်င္ ပုဂံေခတ္အမတ္ႀကီး ရာဇသၾကၤန္၏သားမ်ား ျဖစ္ေသာ ရႏၲပစၥည္းႏွင့္ နႏၲပစၥည္း ညီေနာင္ႏွစ္ပါးထိ တိုင္ေရာက္၏။ ယင္းညီေနာင္ႏွစ္ပါးကပင္ ထီးခ်ိဳင့္ၿမိဳ႕ ကိုတည္သည္ဟု အခ်ိဳ႕ကဆိုၿပီး အခ်ိဳ႕ကလည္း ယင္း ထက္ပင္ေရွးက်သည္ဟုဆိုသည္။
ၿမိဳ႕အကြက္လွသည္။ ေအးခ်မ္းသာယာ ေသာၿမိဳ႕ ျဖစ္ခဲ့သည္။ ကသာႏွင့္မတူသည္မွာ ထီးခ်ိဳင့္ သည္ ၿမိဳ႕အျဖစ္သို႔ေရာက္ရွိရန္အတြက္ အဆင့္ဆင့္ တက္လာခဲ့ရျခင္းျဖစ္သည္။ ျမန္မာဘုရင္မ်ားလက္ ထက္အခါ က ထီးခ်ိဳင့္သည္ ျမေတာင္ၿမိဳ႕အပိုင္အတြင္း က ၿမိဳ႕တစ္ၿမိဳ႕သာျဖစ္ခဲ့သည္။ ျမေတာင္ၿမိဳ႕သည္ကား သမိုင္းတြင္ ျမန္မာတို႔၏ေနာက္ဆုံးမိဖုရားျဖစ္ေသာ စုဖုရားလတ္အပိုင္စားရရွိဖူးရာေနရာ ျဖစ္သည္။
သို႔ေသာ္ ေနာက္ပိုင္းတြင္ အေျခအေနအရ ျမေတာင္သည္ ႐ြာအျဖစ္က်ဆင္းသြားၿပီး ထီးခ်ိဳင့္ကား ၿမိဳ႕ျဖစ္လာသည္။ ထို႔ျပင္ ကသာခ႐ိုင္မျဖစ္မီက ၿမိဳ႕၏ အေနအထားႏွင့္အေရးပါပုံအရ ခ႐ိုင္ၿမိဳ႕လည္းျဖစ္ခဲ့ ဖူးသည္။ ယင္းေနာက္တြင္မွ ကသာသည္ ခ႐ိုင္ၿမိဳ႕ျဖစ္ သြားေသာ္လည္း ထီးခ်ိဳင့္သိမ္ငယ္သြားသည္ေတာ့ မဟုတ္ပါ။
မေဝးလွေသာႏွစ္ၿမိဳ႕သည္ နီးကပ္သည္ဟု လည္းဆိုႏိုင္သည္။ အဘယ္ေၾကာင့္ဆိုေသာ ကုန္ သြယ္ေရးႏွင့္လူမႈေရးတို႔အတြက္ ၿမိဳ႕ႏွစ္ၿမိဳ႕အၾကား ျပည္သူမ်ား အဆက္အဆံ မျပတ္ရွိခဲ့ၾကသည္။ လမ္း အကြာအေဝးကလည္း ေဝးလွသည္ဟုမဆိုသာေပ။
ပုံမွန္ မႏၲေလး-ျမစ္ႀကီးနားလမ္းမႀကီးအ တိုင္းသြားမည္ဆိုပါက (၅၈)မိုင္ေက်ာ္ကြာေဝးသည္။ ထီးခ်ိဳင့္-အင္းေတာ္-ကသာလမ္းဟု အၾကမ္းဖ်င္း ေခၚႏိုင္ၿပီး ယင္းမွာ အသုံးအမ်ားဆုံးျဖစ္သည္။ အျခား တစ္လမ္းမွ ဧရာဝတီျမစ္ေဘးမွေဖာက္လုပ္ထားေသာ လမ္းျဖစ္ၿပီး ေဒသခံအခ်ိဳ႕က ဗ်ဴဟာလမ္းဟုေခၚၾက ၿပီး ယင္းလမ္းတြင္မူ ေနရာအမ်ားစုသည္ေျမသားလမ္း ျဖစ္သည္။ ႏွစ္လမ္းရွိသည္။ ထို႔ေၾကာင့္ အဘယ္လမ္း ကလာေစကာမူ အဆင္ေျပသည္ဟု ေတြးထင္ဖြယ္ ရွိသည္။ သို႔ေသာ္ မ႐ိုးရွင္းခဲ့ပါေခ်။
လက္နက္ကိုင္သူပုန္တို႔ အဆိုပါ နယ္ေျမ သို႔ေရာက္လာသည္ႏွင့္ ကသာႏွင့္ထီးခ်ိဳင့္ၿမိဳ႕တို႔မွာ နီးလ်က္နဲ႔ေဝးသြားခဲ့ၾကသည္။ အဆိုးဆုံးအခ်ိန္တို႔က ဆိုလွ်င္ ၿမိဳ႕ႏွစ္ၿမိဳ႕ဆက္သြယ္ရန္မဆိုထားဘိ ထီးခ်ိဳင့္ ၿမိဳ႕ကိုပင္လွ်င္ ၿမိဳ႕သူ၊ ၿမိဳ႕သားတို႔ စြန႔္လႊတ္ကာ အျခား နီးစပ္ရာႏွင့္အရပ္တစ္ပါးသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကရ သည္။
ယင္းႏွစ္ၿမိဳ႕ႏွင့္ အဓိကကုန္သြယ္ရာၿမိဳ႕ႀကီး သည္ မႏၲေလးျဖစ္ေသာ္လည္း ယင္းအခ်ိန္တို႔က မႏၲ ေလးႏွင့္ ထီးခ်ိဳင့္၊ ကသာတို႔မွာ ခရီးအေဝးႀကီး ေဝးခဲ့ ၾကရသည္။
"ထီးခ်ိဳင့္ကိုသြားခ်င္တယ္ဆိုရင္ အခုအ ေကာင္းဆုံးသုံးလို႔ရတဲ့လမ္းက မႏၲေလးကေန ေ႐ႊဘို၊ ေ႐ႊဘိုကေန ခင္ဦး၊ ၿပီးေတာ့ ကန႔္ဘလူ၊ ဇီးကုန္းကေန ျမစ္ကိုျဖတ္ကူးရတယ္။ ဇက္နဲ႔ျဖတ္ကူးၿပီးေတာ့ တ ေကာင္း ႀကံညႇပ္၊ တြင္းငယ္ကေနသြားရတယ္"ဟု ထိုစဥ္ကအေျခအေနကို ထီးခ်ိဳင့္ၿမိဳ႕ခံတစ္ဦးကဆို သည္။
ယင္းေနာက္ တပ္မေတာ္၏ေခ်မႈန္းျခင္း ႏွင့္အတူ အေျခအေနတို႔ ျပန္လည္ေကာင္းမြန္လာ သည္။ လမ္းေၾကာင္းပြင့္လာသည္။ ယခုအခါ မႏၲ ေလး-ထီးခ်ိဳင့္လမ္း ေကာင္းခဲ့ၿပီ။ လမ္း႐ိုးအတိုင္း သြားႏိုင္ၿပီ။ ယင္းမွတစ္ဆင့္ ျမစ္ႀကီးနားၿမိဳ႕သို႔တိုင္ သြားႏိုင္ခဲ့ေသးသည္။
တစ္ဖက္ကၾကည့္လွ်င္ ထီးခ်ိဳင့္ၿမိဳ႕သည္ အေျခအေနေကာင္းခဲ့ၿပီ။ ကသာၿမိဳ႕ကို သူပုန္မ်ား ထိန္းခ်ဳပ္ရန္ႀကိဳးစားေသာ္လည္း မေအာင္ျမင္ခဲ့။ ယင္းအတြက္ သူပုန္တို႔သည္ သူပုန္အလုပ္ကို ဆက္ လုပ္သည္။ လမ္းပိုင္းကိုဖ်က္မည္၊ ပိတ္မည္။ ခံရသည္ မွာ ျပည္သူသာ။
မႏၲေလး-ျမစ္ႀကီးနားလမ္းကို ထီးခ်ိဳင့္ ဘက္က ပြင့္ၿပီးသည့္ေနာက္ သူပုန္တို႔ က လမ္းပိုင္းတို႔ တြင္ ဘက္ဟိုးမ်ားျဖင့္တူးဖ်က္ကာ လမ္းပိတ္ရန္ ေဆာင္႐ြက္လာသည္။ မလိုအပ္ဘဲ ဟန႔္တားျခင္းမ်ား ျပဳလုပ္လာ၏။
ေဒသခံမ်ား မရွိသုံး သုံးေနရေသာ ထီးခ်ိဳင့္ -ကသာ ဗ်ဴဟာလမ္းကို ဘက္ဟိုးျဖင့္ဖ်က္ဆီးခဲ့ျခင္း ေၾကာင့္ ထိုစဥ္က ကားရာခ်ီ ပိတ္မိခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ ထီးခ်ိဳင့္-ကသာလမ္းကိုအသုံးမျပဳၾကရန္ အတြက္လည္း စာထုတ္တားျမစ္ျခင္းမ်ိဳးကို သူပုန္တို႔ ျပဳလုပ္ခဲ့ၾကေသး၏။
"မေန႔က (၃၆)မိုင္လမ္း(ဗ်ဴဟာလမ္း)ကို ျပန္ဖြင့္ေပးလိုက္ၿပီ။ သိပ္ေတာ့မေသခ်ာေသးဘူး။ အရင္က ေတာဘက္(သူပုန္)ကပိတ္ထားတာ။ ေတာ ဘက္က ေတာ္ေတာ္ ဆိုးဆိုး႐ြား႐ြားပိတ္ထားတာ။ ကားသမားေတြ၊ ျပည္သူေတြ မလာနဲ႔၊ လာရင္ ထုမယ္ ဆိုၿပီးေျပာထားတာ"ဟု ကသာၿမိဳ႕နယ္မွေဒသခံတစ္ ဦးကဆိုသည္။
ေဆာင္းပါးတစ္ေနရာတြင္ေဖာ္ျပထားသ ကဲ့သို႔ ထီးခ်ိဳင့္-အင္းေတာ္-ကသာလမ္းမွာ လုံးဝသုံး မရေသာအေျခအေနတြင္ ေဒသခံတို႔က ဗ်ဴဟာလမ္း ကိုအားျပဳခဲ့ရျခင္းျဖစ္သည္။ သို႔ေသာ္ ယင္းလမ္းကို လည္း သူပုန္တို႔ကပိတ္ထားျခင္းျဖစ္ရာ ေဒသခံတို႔ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ရေတာ့သည္။
နီးလ်က္ႏွင့္ေဝးေနေသာအျဖစ္တြင္ ထီး ခ်ိဳင့္ႏွင့္ကသာၿမိဳ႕ကဲ့သို႔အျဖစ္မ်ိဳးက ပိုဆိုးေပလိမ့္ မည္။ (၃၅)မိုင္သြား႐ုံျဖင့္ေရာက္ႏိုင္ေသာ လမ္းပင္ လွ်င္ အသုံးျပဳခြင့္မရ။ အထူးသျဖင့္ ကုန္ကားသမား တို႔ကို ယင္းလမ္းေပၚ အတက္မခံျခင္းျဖစ္သည္။
"တခ်ိဳ႕ကားသမားေတြဆိုရင္ ျမစ္ႀကီးနား ကေနမႏၲေလးကိုသြားတာဆိုရင္ ျမစ္ႀကီးနားကစထြက္ ၿပီး မေန႔ကလမ္းဖြင့္တာေတာင္မွ သုံးလအၾကာအပိတ္ ခံထားရတာ"ဟု ၎ကေျပာသည္။ ဗ်ဴဟာလမ္းဟု ေခၚေသာ (၃၆)မိုင္လမ္းသည္ ေဒသခံတို႔အတြက္မူ လမ္းမရွိသည့္အခ်ိန္တြင္ ကတၱီပါေ႐ႊေကာေဇာခင္း ထားသည့္လမ္းျဖစ္ခဲ့သည္။ ယင္းမွာလည္းအေၾကာက္ ႀကီးေၾကာက္ရမည့္အေျခအေနႏွင့္ႏႈိင္းစာပါက မေၾကာက္ရေသာလမ္းသည္ ေျမသားလမ္းပင္ျဖစ္ေစ ကာမူ ေဒသခံတို႔အတြက္ လမ္းေကာင္းသည္သာပင္။
" အင္းေတာ္ဘက္မွာက မသြားရဲၾကတာ။ တပ္ကထိုင္ထားေပမယ့္ ၾကားထဲမွာ ဆိုင္ကယ္ကယ္ရီ ေတြဆိုလည္း ေတာဘက္ကလူေတြကဆြဲတယ္။ ငါတို႔ ေတာင္ပိတ္ထားတာ မင္းတို႔က ဘာလို႔လာတာလဲဆို တဲ့ပုံစံနဲ႔ဆြဲတယ္။ ၿပီးရင္ အေရးမပါတဲ့အေၾကာင္းေတြ ေမးတယ္။ ၿပီးရင္ ပိုက္ဆံေတာင္းၿပီးျပန္လႊတ္တယ္" ဟု ၎ကဆိုသည္။
ယင္းမွာ လမ္းအေျခအေနျဖစ္ၿပီး ေျမျပင္ အေျခအေနကား အဘယ္သို႔ပါနည္း။ ကသာႏွင့္ ထီးခ်ိဳင့္ကို ႏွစ္ပိုင္းခြဲေျပာရန္ လိုအပ္ပါသည္။
တစ္ခ်ိန္က သူပုန္တို႔ဝင္လုံးခဲ့ဖူးေသာ္ လည္း ဆုတ္ခြာထြက္ေျပးခဲ့ရသည့္ကသာတြင္ စစ္မီး ဟပ္ေနေသာၿမိဳ႕တို႔ ၏ ထုံးစံအတိုင္း ေကာလာဟလ တို႔ရွိေနသည္။
" ၿမိဳ႕အေျခအေနကေတာ့ ေကာင္းတယ္။ ၿမိဳ႕ပတ္ဝန္းက်င္မွာေတာ့ ဝိုင္းေနတယ္လို႔သိထား တယ္။ ကသာၿမိဳ႕က်ေတာ့ ဧရာဝတီျမစ္က တစ္ဖက္ မွာရွိတာဆိုေတာ့ ေတာင္တန္းေတြဘက္က ဝိုင္းထား တယ္ဆိုတဲ့အေနအထားေတာ့ ရွိတယ္။ တိုက္ပြဲေတာ့ မေဖာ္ေသးပါဘူး။ ဒါေပမဲ့လည္း ၿမိဳ႕သိမ္းမယ္ဆိုတဲ့ အသံကလည္း မၾကာေသးဘူး"ဟု ၎ကဆိုသည္။
ထီးခ်ိဳင့္ၿမိဳ႕တြင္မူ ၿမိဳ႕တြင္းသို႔ ျပည္သူအ မ်ားအျပား ျပန္လည္ဝင္ေရာက္ရန္အတြက္ အားခဲေန ၾကၿပီ။ တပ္မေတာ္ကလည္း အားေကာင္းေနၿပီျဖစ္ သည္။ သို႔ေသာ္ တစ္ဖက္တြင္မူ ထီးခ်ိဳင့္ပတ္ခ်ာလည္ ကေက်း႐ြာမ်ားတြင္ သူပုန္တို႔ရွိေနၾကေသးသည္။
" ဒီမွာက ေျမာက္ျပင္ဘက္ကို မရွင္းေသး သေ႐ြ႕ေတာ့ မလြယ္ဘူး။ ထီးခ်ိဳင့္ကို ေျမပုံထဲၾကည့္ ၾကည့္လိုက္ပါ။ ထီးခ်ိဳင့္ကထြက္ထြက္ခ်င္း ထီးခ်ိဳင့္ ၿမိဳ႕ေရွာင္က စထြက္ထြက္ခ်င္း သခြပ္ေခ်ာင္၊ တည္ ေတာ၊ ေပါက္ကုန္း ၿပီးေတာ့ ကြင္းႀကီး။ ၿပီးေတာ့ ႐ြာသစ္ကုန္း။ ၿပီးေတာ့ အလယ္ေတာ၊ ေလသာ။ အလယ္ေတာ၊ ေလသာဆိုရင္ PDF ေတြ အမ်ားဆုံး ေနတာပဲ။ ေလသာက PDF က ႏွစ္ဖြဲ႕ေတာ့ ကြဲေနၾက ၿပီ။ ရွိေနတာက KIA တို႔၊ AA တို႔ရွိေနတာ။ KIA ကလူသစ္စုတာလည္းရွိေနတယ္။ အ႐ြယ္ေရာက္တဲ့ သူေတြဘာေတြဆိုရင္ ဆြဲမယ္လုပ္တာတဲ့။ ဆြဲရင္ လည္း ပိုက္ဆံ ဆယ့္ေလးငါးသိန္းနဲ႔ ေ႐ြးေပေရာ့ပဲ။ သူခိုးေခြးကိုက္ေပါ့ဗ်ာ ေအာင့္ခံေနရတာ။ နဂိုတည္း က သူတို႔က ဒါေတြေကာင္းတယ္ဆိုၿပီး လက္ခံထား တာကိုး"ဟု ထီးခ်ိဳင့္ၿမိဳ႕ခံတစ္ဦးကဆိုသည္။
ယင္းသို႔အေျခအေနတြင္ ေဒသခံတို႔ လမ္း ပန္းဆက္သြယ္ေရးမက်ပ္တည္းပဲ အဘယ္တြင္ ခံႏိုင္ ပါအံ့နည္း။ သူပုန္တို႔ႏွင့္ လမ္းပန္းဆက္သြယ္ေရး အက်ပ္အတည္းက တြဲပါလာသကဲ့သို႔ရွိေနသည္။ ယင္းအတြက္ေမွ်ာ္ၾကသည္မွာ တည္ၿငိမ္ေရးျဖစ္သည္။ တည္ၿငိမ္ေရးဆိုရာတြင္လည္း ဥပေဒေဘာင္အတြင္း ကတည္ၿငိမ္ေရး ျဖစ္သည္။
" အစိုးရကေတာ့ ဥပေဒရွိတယ္ေလ။ အရင္လိုေလးပဲျပန္ေနရရင္ အဆင္ေျပတယ္။ စိုးရိမ္ ၿပီး စိတ္တထင့္ထင့္ျဖစ္ေနရတာက တေစၦေျခာက္သ လိုျဖစ္ေနတာ"ဟု အျခား ထီးခ်ိဳင့္ေဒသခံတစ္ဦးက ဆိုသည္။
လမ္းတို႔ေကာင္းျခင္းသည္ ေဒသခံတို႔အ က်ိဳးစီးပြားအတြက္ (၇၀)ရာခိုင္ႏႈန္းခန႔္ အက်ိဳးမ်ား ေပၿပီ။ က်န္အခ်က္အလက္မ်ားျဖစ္ေသာ ကုန္ေဈး ႏႈန္း၊ ႏိုင္ငံ့စီးပြားေရးတို႔မွာ ေနာက္ကလိုက္လာမည္ သာျဖစ္သည္။ ကုန္ေဈးႏႈန္းသည္ပင္ လမ္းပန္း ဆက္ သြယ္ေရး ေကာင္းျခင္း၊ မေကာင္းျခင္းႏွင့္ သက္ဆိုင္ ေနေပေသးသည္။
လမ္းပန္းဆက္သြယ္ေရးမေကာင္းေသာ ေဒသခံတို႔ကိုေမးျမန္းၾကည့္ပါလွ်င္ တစ္ေလသံတည္း ထြက္ၾကမည္မွာ ၿငိမ္းခ်မ္းလိုသည္ဟုျဖစ္ပါမည္။ ယင္းကို စစ္တမ္းမေကာကဘဲ သိႏိုင္ပါ၏။