NP News

ပထဝီနိုင်ငံရေး ဘယ်ကို ရွေ့နေလဲ

သန်းထိုက်စိုး (NP News) - အောက်တိုဘာလ ၁

အာရှ၏အခန်းကဏ္ဍ မြင့်တက်လာမှုနှင့် ကမ္ဘာ့စနစ်သစ်

ယနေ့ကမ္ဘာကြီး၏ ပထဝီနိုင်ငံရေးအခြေ အနေသည် အခြေခံကျကျပြောင်းလဲနေပြီး ယင်း၏ အကျိုးဆက်ကို ကျွနု်ပ်တို့အားလုံး နေ့စဉ်ခံစားသိရှိ နေရပြီဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် အကြီးမား ဆုံးအပြောင်းအလဲများထဲတွင် ကမ္ဘာ့စင်မြင့်ပေါ်၌ အာရှ၏အခန်းကဏ္ဍ ပြန်လည်မြင့်တက်လာမှုသည် အဓိကကျသည်။ အချက်အလက်များအရ (၂၀ဝဝ) ပြည့်နှစ်တွင် ကမ္ဘာ့ GDP ၏ (၆၂)ရာခိုင်နှုန်းကို အ နောက်နိုင်ငံများကပိုင်ဆိုင်ခဲ့ကြသည်။ ထိုအချိန်က တီဟီရန်မှတိုကျိုအထိပါဝင်သော အာရှဒေသ၏ဝေစု မှာ (၂၈)ရာခိုင်နှုန်းသာရှိခဲ့သည်။ သို့သော်လည်း (၂၀၂၅) ခုနှစ်တွင် အနောက်နိုင်ငံများ၏ ဝေစု သိသိ သာသာလျော့ကျသွားသည်ဟု ခန့်မှန်းရသည်။ တစ် ပြိုင်နက်တည်းမှာပင် အာရှဒေသ၏ ကမ္ဘာ့ GDP ပါ ဝင်မှုဝေစုသည် (၃၅)ရာခိုင်နှုန်းအထိ ကြီးထွားလာ မည်ဖြစ်သည်။ ဤအချက်က ကမ္ဘာ့စီးပွားရေး အင် အားချိန်ခွင်လျှာသည် အာရှတိုက်ဆီသို့ သိသိသာသာ ရွေ့လျားလာနေကြောင်းကို မီးမောင်းထိုးပြနေသည်။
အာရှ၏စီးပွားရေး ပြန်လည်ဦးမော့လာ သော်လည်း နိုင်ငံတကာအဖွဲ့အစည်းများတွင် အချိုး ကျကိုယ်စားပြုနိုင်မှု ကွာဟချက်များ ကြီးမားစွာရှိနေ ဆဲဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံတကာငွေကြေး ရန် ပုံငွေအဖွဲ့(IMF)၏ မဲပေးခွင့်ဝေစုသည် သက်ဆိုင်ရာ နိုင်ငံ၏ ကမ္ဘာ့ GDP ပါဝင်မှုအချိုးအစားပေါ်တွင် အ ခြေခံရမည်ဖြစ်သည်။ ယနေ့ခေတ်တွင် ဥရောပသမဂ္ဂ နှင့် တရုတ်နိုင်ငံ၏ ကမ္ဘာ့ GDP ပါဝင်မှုသည် (၁၇) မှ (၁၈)ရာခိုင်နှုန်းခန့်စီဖြင့် အတူတူနီးပါးရှိနေကြ သည်။ သို့သော်လည်း ဥရောပသမဂ္ဂ၏ IMF မဲပေး ခွင့်ဝေစုမှာ (၂၆)ရာခိုင်နှုန်းအထိရှိနေပြီး တရုတ်နိုင်ငံ မှာမူ (၆)ရာခိုင်နှုန်းသာရှိနေသည်။ အဆိုပါကွာဟ ချက်က နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အ ချိန်နှင့်အမျှပြောင်းလဲလာသော အင်အားချိန်ခွင်လျှာ နှင့် ကိုက်ညီမှုမရှိကြောင်းပြသနေသည်။ ထို့ကြောင့် အာရှ၏ ပြန်လည်ရောက်ရှိလာမှုကို အလိုက်သင့်ထင် ဟပ်နိုင်ရန် ကမ္ဘာ့အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲ ရေးလုပ်ဆောင်ရန် အလွန်လိုအပ်နေပြီဖြစ်သည်။

ပထဝီနိုင်ငံရေးမတည်ငြိမ်မှုနှင့် နည်းပညာ၏သက်ရောက်မှု

ယနေ့ကမ္ဘာကြီး၏အပြောင်းအလဲများကို မောင်းနှင်နေသည့် အခြားအဓိကအချက်များတွင် နည်းပညာတိုးတက်မှုနှင့် မမျှော်လင့်ထားသော မတည်ငြိမ်မှုများပါဝင်သည်။ နည်းပညာနယ်ပယ်ရှိ တီထွင်မှုအသစ်များနှင့် ရှာဖွေတွေ့ရှိမှုအသစ်များ တိုင်းသည် လူသားတို့၏ အလုပ်လုပ်ကိုင်ပုံများကို သာမက မူဝါဒရေးရာများကိုပါ များစွာပြောင်းလဲစေ သည်။ ယင်းအပြင် ရုရှားနှင့်ယူကရိန်းပဋိပက္ခကဲ့သို့ သော မမျှော်လင့်ထားသည့် ပထဝီနိုင်ငံရေး မတည် ငြိမ်မှုများကလည်း ကမ္ဘာတစ်ဝန်းကို ရိုက်ခတ်လျက် ရှိသည်။ အရှေ့အလယ်ပိုင်းမှပဋိပက္ခများသည်လည်း ဟော်မုဇ်ရေလက်ကြားအရှေ့ဘက်ရှိ နိုင်ငံအများစုကို မည်သူမျှမမျှော်လင့်ထားသောပုံစံမျိုးဖြင့် သက် ရောက်မှုများဖြစ်စေခဲ့သည်။ ဤကဲ့သို့သော အကျပ် အတည်းများကြောင့် နိုင်ငံတိုင်းသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအသစ်များကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြ ရသည်။ ဤပြဿနာများကို အကောင်းဆုံး မည်သို့ ဖြေရှင်းရမည်ကို နိုင်ငံတကာခေါင်းဆောင်များက အ စဉ်တစိုက် ကြိုးစားရှာဖွေနေကြသည်။
ပထဝီနိုင်ငံရေးတင်းမာမှုများ၏ တိုက်ရိုက် အကျိုးဆက်အဖြစ် ကမ္ဘာ့စီးပွားရေးအပေါ် ကြီးမား သောထိခိုက်မှုများကို အထင်အရှားမြင်တွေ့နေရ သည်။ ယနေ့ခေတ်တွင် နိုင်ငံများစွာသည် ငွေကြေး ဖောင်းပွမှုအကျပ်အတည်းနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာများကို အပြင်းအထန်ခံစားနေကြရသည်။ အထူးသဖြင့် စွမ်းအင်နှင့်ဓာတ်မြေဩဇာရှားပါးမှု ပြဿနာများသည် နိုင်ငံတိုင်း၏စီးပွားရေးကို ခြိမ်း ခြောက်လျက်ရှိသည်။ ကြီးမြင့်လာသောကုန်ကျစရိတ် များနှင့်အတူ စွမ်းအင်လုံခြုံရေးအတွက် နိုင်ငံတိုင်း သည် ခက်ခဲစွာရုန်းကန်နေကြရသည်။ အဆိုပါစိန်ခေါ် မှုများသည် လက်ရှိ ကမ္ဘာ့နိုင်ငံများရင်ဆိုင်နေရသော အခက်ခဲဆုံးသော နေ့စဉ်ပြဿနာများ ဖြစ်လာသည်။ ဤအခြေအနေများကို ကျော်လွှားနိုင်ရန် ခိုင်မာသော မူဝါဒများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ အထူးလိုအပ်နေပြီ ဖြစ်သည်။

မဟာဗျူဟာမြောက် ချိတ်ဆက်မှုများနှင့် ကနေဒါ၏ အခန်းကဏ္ဍ

အာရှဒေသ၏စီးပွားရေး ဦးမော့လာမှုနှင့် အတူ အိန္ဒိယနိုင်ငံ၏ကမ္ဘာ့စင်မြင့်ပေါ်မှ အခန်းကဏ္ဍ သည်လည်း သိသိသာသာကြီးထွားလာခဲ့သည်။ အိန္ဒိယသည် (၂၀၁၉)ခုနှစ်က RCEP သဘောတူညီ ချက်တွင်မပါဝင်ခဲ့သည့်အတွက် ဝေဖန်မှုများစွာခံခဲ့ရ ဖူးသည်။ သို့သော်လည်း လွန်ခဲ့သောနှစ်အနည်းငယ် အတွင်း ဗြိတိန်၊ ဥရောပသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံများစွာနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘော တူညီချက်များရယူနိုင်ခဲ့သည်။ ထို့ပြင် ဂျပန်၊ တောင် ကိုရီးယား၊ ဩစတြေးလျတို့နှင့်လည်း ကောင်းမွန် သော ကုန်သွယ်ရေးသဘောတူညီချက်များ ရရှိထား ပြီးဖြစ်သည်။ ယခုအခါ အိန္ဒိယနှင့်အရှေ့တောင်အာရှ ဆက်ဆံရေးသည် ပိုမိုကြီးထွားလာနေပြီး နိုင်ငံရေးအ ရထိတွေ့ဆက်ဆံမှုများလည်း သိသိသာသာတိုးတက် လာခဲ့သည်။ အရှေ့တောင်အာရှဒေသသည် အိန္ဒိယ သာမက ကမ္ဘာကြီးတစ်ခုလုံးအတွက်ပါ အရေးပါသော တိုးတက်မှုအင်ဂျင်တစ်ခု ဖြစ်လာနေပြီ ဖြစ်သည်။
ကနေဒါနိုင်ငံသည်လည်း အာရှ၏ အခန်း ကဏ္ဍမြင့်တက်လာမှုကို အသိအမှတ်ပြုသည့်အနေ ဖြင့် ပထမဆုံး အင်ဒို-ပစိဖိတ် မဟာဗျူဟာကို (၂၀၂၂) ခုနှစ်တွင်ချမှတ်ခဲ့သည်။ ဤမဟာဗျူဟာသည် ကနေ ဒါအစိုးရ၏ (၁၀)နှစ်တာကတိကဝတ်တစ်ခုဖြစ်ပြီး နိုင်ငံရေးအုပ်ချုပ်မှုအဆက်ဆက်က ဆက်လက် လက်ခံကျင့်သုံးလျက်ရှိသည်။ ကနေဒါသည် အဆိုပါ မဟာဗျူဟာ၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးမဏ္ဍိုင် အောက်တွင် ဤဒေသသို့ ဖရီးဂိတ်စစ်သင်္ဘောသုံးစင်း ကို စေလွှတ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ဖိလစ်ပိုင်နှင့် ထိုင် ဝမ်(တရုတ်တိုင်ပေ)တို့ကို တရားမဝင်သင်္ဘောများ ကိုထောက်လှမ်းရာတွင် ကူညီရန် အဆင့်မြင့်ဂြိုဟ်တု နည်းပညာများ တပ်ဆင်ပေးခဲ့သည်။ ကနေဒါသည် ကမ္ဘာ့လူဦးရေအများဆုံးနှင့် စီးပွားရေးအလျင်မြန်ဆုံး တိုးတက်နေသည့် ဤဒေသနှင့် ပိုမိုစနစ်ကျစွာထိတွေ့ ဆက်ဆံရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ဤလုပ် ဆောင်ချက်များသည် ဒေသတွင်းလုံခြုံရေးနှင့်တည် ငြိမ်ရေးကို များစွာ အထောက်အကူပြုစေမည်ဖြစ် သည်။
ကနေဒါသည် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအပြင် အာရှဒေသတွင် လွတ်လပ် သောကုန်သွယ်ရေးအတွက်လည်း ကျယ်ကျယ်ပြန့် ပြန့်လုပ်ဆောင်လျက်ရှိသည်။ အာဆီယံနှင့် စေ့စပ် ဆွေးနွေးမှုများပြုလုပ်နေသလို အင်ဒိုနီးရှားနှင့်နှစ်နိုင် ငံသဘောတူညီချက်ကိုလည်းအတည်ပြုခဲ့ပြီးဖြစ် သည်။ ယင်းအပြင် အိန္ဒိယ၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့နှင့် လည်း ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုများ အရှိန်အ ဟုန်ဖြင့် စတင်လုပ်ဆောင်နေပြီဖြစ်သည်။ သံတမန် ရေးရာခြေလှမ်းများကို ပိုမိုတိုးမြှင့်သည့်အနေဖြင့် ဖွံ့ ဖြိုးရေးအကူအညီရန်ပုံငွေများကိုလည်း ပိုမိုထည့်ဝင် ထောက်ပံ့ပေးခဲ့သည်။ ကနေဒါ၏ ပို့ကုန်ချေးငွေအေ ဂျင်စီနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် ၎င်းတို့၏ ရုံးခွဲများကို စင်ကာပူတွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ ဤအစီအမံများသည် အမျိုးသားအကျိုးစီးပွားအ တွက်သာမက ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော အာ ရှစီးပွားရေးတိုးတက်မှုအတွက်ပါ ရည်ရွယ်ခြင်းဖြစ်သည်။

ဗြိတိန်၏ အာရှသို့ဦးတည်ချက်နှင့် အဖွဲ့အစည်းများ ခေတ်မီရေး

ဗြိတိန်နိုင်ငံသည်လည်း အနာဂတ်စီးပွား ရေးနှင့်စစ်ရေးအင်အားများ အာရှတွင်စုစည်းလာမည် ကို ကောင်းစွာသဘောပေါက်ထားသည်။ ထို့ကြောင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ်သည် တာဝန်ပေးအပ် ခံရပြီး (၄၈)နာရီအတွင်းမှာပင် မနီလာရှိ အာဆီယံအ စည်းအဝေးသို့သွားရောက်ခဲ့သည်။ ဗြိတိန်လေယာဉ် တင်သင်္ဘောအုပ်စုသည် စစ်ရေးအရလည်း ဤဒေသ သို့ ဖြတ်သန်းသွားလာကာ အိန္ဒိယ၊ ဩစတြေးလျ၊ စင်ကာပူ၊ မလေးရှားရေတပ်များနှင့် စစ်ရေးလေ့ကျင့်မှု များပြုလုပ်ခဲ့သည်။ ၎င်းလေယာဉ်တင်သင်္ဘောအုပ်စု သည် ဂျပန်နှင့်တောင်ကိုရီးယားအထိပင် သွားရောက် ၍ စစ်ရေးတည်ငြိမ်မှုကို မြှင့်တင်ပေးခဲ့သည်။ အာရှ ဒေသ၏ စီးပွားရေးနှင့်စစ်ရေးတည်ငြိမ်မှုသည် ဗြိ တိန်အပါအဝင် ကမ္ဘာတစ်ဝန်းလုံး၏ ကြီးပွားတိုးတက် မှုကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။ အာရှဒေသသည် နည်းပညာအပြောင်းအလဲများ မည် သို့ပင်ရှိစေကာမူ အနာဂတ်အတွက် အချက်အချာဖြစ် လာမည်မှာ သေချာနေပြီဖြစ်သည်။
အာရှဒေသနှင့် ကုန်သွယ်ရေးပိုမိုနက်ရှိုင်း စေရန် ယူကေသည် ကမ္ဘာ့၏ GDP (၁၅)ရာခိုင်နှုန်း ကိုလွှမ်းခြုံထားသော(Comprehensive and Pro­gressive Agreement for Trans-Pacific Par­tnership-CPTPP)အဖွဲ့သို့ဝင်ရောက်ခဲ့သည်။ ပထ ဝီဝင်အနေအထားအရ ဗြိတိန်သည် ပစိဖိတ်ဒေသနှင့် မနီးစပ်သော်လည်း ဤအဖွဲ့သို့ဝင်ရောက်ခြင်းမှာ မဟာဗျူဟာကျသော ဆုံးဖြတ်ချက်ဖြစ်သည်။ ဤသို့ ဝင်ရောက်နိုင်ရန် စင်ကာပူ၊ ကနေဒါနှင့် အခြားနိုင်ငံ များစွာက အကူအညီများပေးခဲ့ကြသည်။ CPTPP သို့ဝင်ရောက်ခြင်းဖြင့် မလေးရှားနှင့်ဘရူနိုင်းကဲ့သို့ နိုင်ငံများနှင့်ပါ လွတ်လပ်သော ကုန်သွယ်ရေးဆက်ဆံ မှုကိုရရှိစေမည်ဖြစ်သည်။ ထို့ပြင် ယင်းအဖွဲ့၏ ပြဋ္ဌာန်းချက်များသည် ပိုမိုကောင်းမွန်သည့် ရင်းနှီးမြှုပ် နှံမှုစည်းမျဉ်းများကိုလည်း တည်ဆောက်နိုင်မည်ဖြစ် သည်။ ထို့ကြောင့် CPTPP တွင်ပါဝင်ခြင်းသည် ဗြိ တိန်အတွက် ရေတိုရော ရေရှည်မှာပါ ကြီးမားသော အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေမည်ဖြစ်သည်။
အာရှ၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာသော် လည်း ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာအဖွဲ့အ စည်းများတွင် ကိုယ်စားပြုမှု ပြုပြင်ပြောင်းလဲရန် ခက် ခဲနေဆဲဖြစ်သည်။ လွန်ခဲ့သော နှစ်(၈၀)ခန့်က နိုင်ငံ (၅၁)နိုင်ငံဖြင့်သာစတင်ခဲ့သော ကုလသမဂ္ဂသည် ယခုအခါ အဖွဲ့ဝင်(၁၉၃)နိုင်ငံအထိရှိလာပြီဖြစ်သည်။ သို့သော်လည်း ထွန်းသစ်စစီးပွားရေးနိုင်ငံများ၏ကိုယ်စားပြုနိုင်မှုသည် ကုလသမဂ္ဂ၏ ကြီးထွားလာ မှုနှင့်အညီ လိုက်ပါပြောင်းလဲခြင်းမရှိပါ။ လုံခြုံရေး ကောင်စီ ပြုပြင်ပြောင်းလဲရေးအတွက်ဖွဲ့စည်းခဲ့သော လုပ်ငန်းအဖွဲ့သည်လည်း (၃၅)နှစ်ကြာသည်အထိ မည်သည့်ရလဒ်မှမထွက်ပေါ်ခဲ့ပါ။ နိုင်ငံတကာအဖွဲ့အ စည်းများ၏အောင်မြင်မှုသည် ကိုယ်စားပြုမှုအပေါ်၌ သာမက ငြိမ်းချမ်းရေးအတွက် လက်ရှိကိရိယာများကို အသုံးပြုနိုင်စွမ်းပေါ်တွင်လည်း မူတည်သည်။ သို့ရာ တွင် ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း ထိုယန္တရားများ ကို ထိရောက်စွာအသုံးပြုနိုင်ခြင်းမရှိသည်ကို ဝမ်း နည်းဖွယ် တွေ့မြင်နေရသည်။

အဖွဲ့အစည်းဟောင်းများနှင့် ဖွဲ့စည်းမှုအသစ်များ၏ အားပြိုင်မှု

သမားရိုးကျ နိုင်ငံတကာအဖွဲ့အစည်းများ က လုပ်ဆောင်နိုင်စွမ်းလျော့ကျလာချိန်တွင် BRICS နှင့် SCO ကဲ့သို့သောအဖွဲ့အစည်းသစ်များ ပိုမိုထင် ရှားလာသည်။ ဤအဖွဲ့အစည်းသစ်များမှတစ်ဆင့်BRICS ဘဏ်(NDB)ကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့အ စည်းများပေါ်ထွက်လာပြီး စီမံကိန်းများကို ဘဏ္ဍာငွေ ထောက်ပံ့နေပြီဖြစ်သည်။ အလားတူပင် အာရှအခြေခံ အဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB)သည် လည်း ထွန်းသစ်စဈေးကွက်များအတွက် အလွန်အ ရေးပါသောအခန်းကဏ္ဍမှပါဝင်နေပါသည်။ နိုင်ငံအ များစုသည် မိမိတို့၏အသံကိုထုတ်ဖော်နိုင်ပြီး ရလဒ် ကောင်းများဖော်ဆောင်ပေးနိုင်သော ဤအဖွဲ့အစည်း သစ်များကို ပိုမိုအားထားလာကြသည်။ သို့သော် အဖွဲ့ အစည်းအသစ်များပေါ်လာခြင်းသည် အဟောင်းများ ကိုစွန့်လွှတ်လိုက်ရန်မဟုတ်ဘဲ အပြန်အလှန်ဖြည့် ဆည်းပေးရန်သာဖြစ်သည်။ ဤကဲ့သို့ အုပ်စုဖွဲ့စည်းမှုပုံစံအမျိုးမျိုးဖြင့် ထိတွေ့ဆက်ဆံခြင်းက ကမ္ဘာလုံး ဆိုင်ရာတည်ငြိမ်မှုအတွက် ခိုင်မာသော အခြေခံအုတ် မြစ်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
ကမ္ဘာပေါ်ရှိ အဖွဲ့အစည်းများအားလုံးတွင်G-20 သည် အထိရောက်ဆုံးနှင့် အစွမ်းအထက်ဆုံး ယန္တရားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ် သည်။ အိန္ဒိယနိုင်ငံသည် (၂၀၂၃)ခုနှစ်တွင် G-20 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် အောင်မြင် စွာ လက်ခံကျင်းပနိုင်ခဲ့သည်။ ထိုအစည်းအဝေးတွင် အာဖရိကသမဂ္ဂကို အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရအောင် အိန္ဒိယက စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့ပြင် G-20 တွင်မပါဝင်သော နိုင်ငံပေါင်း(၁၂၅)နိုင်ငံနှင့်ဆွေးနွေး ပြီး ၎င်းတို့၏ပြဿနာများကို G-20 အစီအစဉ်တွင် ထည့်သွင်းနိုင်ခဲ့သည်။ အထူးသဖြင့် ယူကရိန်း-ရုရှား ပဋိပက္ခကြောင့်ဖြစ်ပေါ်လာသော လောင်စာဆီနှင့်ဓာတ် မြေဩဇာအကျပ်အတည်းများကို အာရုံစိုက် ဆွေးနွေး နိုင်ခဲ့သည်။ ဗြိတိန်နိုင်ငံကလည်း လာမည့်နှစ်များတွင်G-20 ဥက္ကဋ္ဌတာဝန်ယူမည့်အချိန်၌ စီးပွားရေးခံနိုင် ရည်ရှိမှုနှင့် ကုန်စည်ထောက်ပံ့မှုပြဿနာများကို ဦးစားပေးဖြေရှင်းရန် ရည်ရွယ်ထားသည်။
လက်ရှိကာလတွင် နိုင်ငံစုံပါဝင်သောစနစ် ကြီးများသည် ထိရောက်မှုအားနည်းလာသဖြင့် သ ဘောထားတူရာနိုင်ငံများစုပေါင်းသည့် အသေးစားပူး ပေါင်းမှုများ(minilaterals) ပိုမိုခေတ်စားလာသည်။ ကိစ္စရပ်အမျိုးမျိုးအပေါ်မူတည်၍ နိုင်ငံများသည် မိမိ တို့အကျိုးစီးပွားတူညီရာ သုံးနိုင်ငံ၊ လေးနိုင်ငံ စသဖြင့်ခွဲထွက်၍ ပူးပေါင်းဆောင်ရွက်လာကြသည်။ ဤခေတ်ကာလသည် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် နှစ်နိုင်ငံ သဘောတူညီချက်များ ရှုပ်ထွေးစွာရော ယှက်နေသောအချိန်အခါဖြစ်သည်။ စိန်ခေါ်မှုများပြား သောယခုအချိန်တွင် ကနေဒါနိုင်ငံကဦးဆောင်၍ ကာကွယ်ရေး၊ လုံခြုံရေးနှင့် ခံနိုင်ရည်ရှိမှုဆိုင်ရာဘဏ် အသစ်တစ်ခုကိုလည်း တည်ထောင်လျက်ရှိသည်။ ဤဘဏ်သည် အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေး ဂေဟစနစ်များအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးရန် ရည်ရွယ်ပြီး နေတိုး ထိပ်သီးအစည်းအဝေးကအတည် ပြုခဲ့သည်။ ထို့ကြောင့် အဖွဲ့အစည်းဟောင်းများကို ဖျက်သိမ်းမည့်အစား ခေတ်ကာလနှင့်အညီ ပိုမိုထိ ရောက်အောင် အားစိုက်ကြိုးပမ်းသွားရန်သာ အရေး ကြီးသည်။

ကမ္ဘာ့စနစ်ပြိုကွဲမှုနှင့် ကုန်သွယ်ရေးကို လက်နက်သဖွယ်အသုံးပြုလာခြင်း

ယနေ့ ကမ္ဘာ့စနစ်သစ်တွင် အက်ကြောင်း တစ်ခုဖြစ်ပေါ်နေပြီဟူသော ဝန်ကြီးချုပ် မတ်ကာနေး ၏ ဒါဗို့စ်မိန့်ခွန်းသည် များစွာအရေးပါသည်။ အင်အား ကြီးနိုင်ငံများသည် ၎င်းတို့၏ စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးအင်အားများကိုသုံး၍ နိုင်ငံတကာစံနှုန်းများ မှ သွေဖည်လာကြသည်။ ဥပမာအားဖြင့် တောင် တရုတ်ပင်လယ် အနုညာတခုံရုံး၏ဆုံးဖြတ်ချက်ကို လေးစားလိုက်နာခြင်းမရှိဘဲ နိုင်ငံတကာ ရာဇဝတ်တ ရားရုံးကိုလည်း ထိခိုက်ပျက်ပြားစေရန် လုပ်ဆောင် လာကြသည်။ ကုလသမဂ္ဂ၏ခွင့်ပြုချက်မပါဘဲ စစ် ရေးလှုပ်ရှားမှုများလုပ်ဆောင်ခြင်းနှင့် အခြားနိုင်ငံများ အပေါ် စီးပွားရေးအရ အကျပ်ကိုင်မှုများကိုပါ ကျူးလွန် လာကြသည်။ ဘဏ္ဍာရေးစနစ်နှင့် နည်းပညာနယ်ပယ် များတွင် နိုင်ငံပြင်ပအာဏာစက်ကိုအသုံးပြုကာ ကိုယ်ကျိုးအတွက် တစ်ဖက်သတ် အမြတ်ထုတ်လာ ကြသည်။ ဤသို့ ဗိုလ်ကျစိုးမိုးသူများ၏လုပ်ရပ်များကို ငြင်းကွယ်၍မရဘဲ လက်တွေ့အခြေအနေကို မှန်ကန် စွာအသိအမှတ်ပြုရန် အလွန်လိုအပ်နေပြီဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစနစ်ကို ခြိမ်းခြောက်လာသော အကြီးမားဆုံးစိန်ခေါ်မှုမှာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ကြီးထွားလာခြင်း ပင်ဖြစ်သည်။ ပွင့်လင်းသော ကုန်သွယ်ဖက်နိုင်ငံများ အတွက် အခွန်အခများနှင့်အတားအဆီးများ ချမှတ် ခံရခြင်းသည် အလွန်စိုးရိမ်ဖွယ်ရာအခြေအနေတစ်ရပ်ဖြစ်လာသည်။ အထူးသဖြင့် ကုန်သွယ်ရေးကို လက်နက်သဖွယ်အသုံးချလာခြင်းနှင့် ယှဉ်ပြိုင်မှုအား သာချက်ကို အလွဲသုံးစားလုပ်လာခြင်းသည် လူတိုင်း အတွက် ကြီးမားသောခြိမ်းခြောက်မှုဖြစ်သည်။ ကိုဗစ် ကာလအတွင်းက အချို့သောနိုင်ငံများသည် ထောက် ပံ့မှုကွင်းဆက်များကို အခွင့်ကောင်းယူအသုံးချခဲ့ကြ သည်မှာ အထင်အရှားပင်ဖြစ်သည်။ ယခုအခါ မည် သည့်အချိန်တွင် မိမိတို့၏ထုတ်ကုန်များအပေါ် အကျပ်ကိုင်လာမည်ကိုမသိနိုင်သော မသေချာမရေ ရာမှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကဲ့သို့သောအဖွဲ့အစည်းများ ပိုမိုထိရောက်လာအောင်ကြိုးပမ်းရင်း နိုင်ငံများကြား ခိုင်မာသော ယန္တရားအသစ်များတည်ဆောက်သွားရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။

zawgyi version

ပထဝီႏိုင္ငံေရး ဘယ္ကို ေ႐ြ႕ေနလဲ

သန္းထိုက္စိုး (NP News) - ေအာက္တိုဘာလ ၁

အာရွ၏အခန္းက႑ ျမင့္တက္လာမႈႏွင့္ ကမာၻ႔စနစ္သစ္

ယေန႔ကမာၻႀကီး၏ ပထဝီႏိုင္ငံေရးအေျခ အေနသည္ အေျခခံက်က်ေျပာင္းလဲေနၿပီး ယင္း၏ အက်ိဳးဆက္ကို ကြၽႏု္ပ္တို႔အားလုံး ေန႔စဥ္ခံစားသိရွိ ေနရၿပီျဖစ္သည္။ လက္ရွိျဖစ္ေပၚေနသည့္ အႀကီးမား ဆုံးအေျပာင္းအလဲမ်ားထဲတြင္ ကမာၻ႔စင္ျမင့္ေပၚ၌ အာရွ၏အခန္းက႑ ျပန္လည္ျမင့္တက္လာမႈသည္ အဓိကက်သည္။ အခ်က္အလက္မ်ားအရ (၂၀ဝဝ) ျပည့္ႏွစ္တြင္ ကမာၻ႔ GDP ၏ (၆၂)ရာခိုင္ႏႈန္းကို အ ေနာက္ႏိုင္ငံမ်ားကပိုင္ဆိုင္ခဲ့ၾကသည္။ ထိုအခ်ိန္က တီဟီရန္မွတိုက်ိဳအထိပါဝင္ေသာ အာရွေဒသ၏ေဝစု မွာ (၂၈)ရာခိုင္ႏႈန္းသာရွိခဲ့သည္။ သို႔ေသာ္လည္း (၂၀၂၅) ခုႏွစ္တြင္ အေနာက္ႏိုင္ငံမ်ား၏ ေဝစု သိသိ သာသာေလ်ာ့က်သြားသည္ဟု ခန႔္မွန္းရသည္။ တစ္ ၿပိဳင္နက္တည္းမွာပင္ အာရွေဒသ၏ ကမာၻ႔ GDP ပါ ဝင္မႈေဝစုသည္ (၃၅)ရာခိုင္ႏႈန္းအထိ ႀကီးထြားလာ မည္ျဖစ္သည္။ ဤအခ်က္က ကမာၻ႔စီးပြားေရး အင္ အားခ်ိန္ခြင္လွ်ာသည္ အာရွတိုက္ဆီသို႔ သိသိသာသာ ေ႐ြ႕လ်ားလာေနေၾကာင္းကို မီးေမာင္းထိုးျပေနသည္။
အာရွ၏စီးပြားေရး ျပန္လည္ဦးေမာ့လာ ေသာ္လည္း ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားတြင္ အခ်ိဳး က်ကိုယ္စားျပဳႏိုင္မႈ ကြာဟခ်က္မ်ား ႀကီးမားစြာရွိေန ဆဲျဖစ္သည္။ ဥပမာအားျဖင့္ ႏိုင္ငံတကာေငြေၾကး ရန္ ပုံေငြအဖြဲ႕(IMF)၏ မဲေပးခြင့္ေဝစုသည္ သက္ဆိုင္ရာ ႏိုင္ငံ၏ ကမာၻ႔ GDP ပါဝင္မႈအခ်ိဳးအစားေပၚတြင္ အ ေျခခံရမည္ျဖစ္သည္။ ယေန႔ေခတ္တြင္ ဥေရာပသမဂၢ ႏွင့္ တ႐ုတ္ႏိုင္ငံ၏ ကမာၻ႔ GDP ပါဝင္မႈသည္ (၁၇) မွ (၁၈)ရာခိုင္ႏႈန္းခန႔္စီျဖင့္ အတူတူနီးပါးရွိေနၾက သည္။ သို႔ေသာ္လည္း ဥေရာပသမဂၢ၏ IMF မဲေပး ခြင့္ေဝစုမွာ (၂၆)ရာခိုင္ႏႈန္းအထိရွိေနၿပီး တ႐ုတ္ႏိုင္ငံ မွာမူ (၆)ရာခိုင္ႏႈန္းသာရွိေနသည္။ အဆိုပါကြာဟ ခ်က္က ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအေနျဖင့္ အ ခ်ိန္ႏွင့္အမွ်ေျပာင္းလဲလာေသာ အင္အားခ်ိန္ခြင္လွ်ာ ႏွင့္ ကိုက္ညီမႈမရွိေၾကာင္းျပသေနသည္။ ထို႔ေၾကာင့္ အာရွ၏ ျပန္လည္ေရာက္ရွိလာမႈကို အလိုက္သင့္ထင္ ဟပ္ႏိုင္ရန္ ကမာၻ႔အဖြဲ႕အစည္းမ်ား ျပဳျပင္ေျပာင္းလဲ ေရးလုပ္ေဆာင္ရန္ အလြန္လိုအပ္ေနၿပီျဖစ္သည္။

ပထဝီႏိုင္ငံေရးမတည္ၿငိမ္မႈႏွင့္ နည္းပညာ၏သက္ေရာက္မႈ

ယေန႔ကမာၻႀကီး၏အေျပာင္းအလဲမ်ားကို ေမာင္းႏွင္ေနသည့္ အျခားအဓိကအခ်က္မ်ားတြင္ နည္းပညာတိုးတက္မႈႏွင့္ မေမွ်ာ္လင့္ထားေသာ မတည္ၿငိမ္မႈမ်ားပါဝင္သည္။ နည္းပညာနယ္ပယ္ရွိ တီထြင္မႈအသစ္မ်ားႏွင့္ ရွာေဖြေတြ႕ရွိမႈအသစ္မ်ား တိုင္းသည္ လူသားတို႔၏ အလုပ္လုပ္ကိုင္ပုံမ်ားကို သာမက မူဝါဒေရးရာမ်ားကိုပါ မ်ားစြာေျပာင္းလဲေစ သည္။ ယင္းအျပင္ ႐ုရွားႏွင့္ယူကရိန္းပဋိပကၡကဲ့သို႔ ေသာ မေမွ်ာ္လင့္ထားသည့္ ပထဝီႏိုင္ငံေရး မတည္ ၿငိမ္မႈမ်ားကလည္း ကမာၻတစ္ဝန္းကို ႐ိုက္ခတ္လ်က္ ရွိသည္။ အေရွ႕အလယ္ပိုင္းမွပဋိပကၡမ်ားသည္လည္း ေဟာ္မုဇ္ေရလက္ၾကားအေရွ႕ဘက္ရွိ ႏိုင္ငံအမ်ားစုကို မည္သူမွ်မေမွ်ာ္လင့္ထားေသာပုံစံမ်ိဳးျဖင့္ သက္ ေရာက္မႈမ်ားျဖစ္ေစခဲ့သည္။ ဤကဲ့သို႔ေသာ အက်ပ္ အတည္းမ်ားေၾကာင့္ ႏိုင္ငံတိုင္းသည္ ကမာၻလုံးဆိုင္ရာ စိန္ေခၚမႈအသစ္မ်ားကို ေန႔စဥ္ႏွင့္အမွ် ရင္ဆိုင္ေနၾက ရသည္။ ဤျပႆနာမ်ားကို အေကာင္းဆုံး မည္သို႔ ေျဖရွင္းရမည္ကို ႏိုင္ငံတကာေခါင္းေဆာင္မ်ားက အ စဥ္တစိုက္ ႀကိဳးစားရွာေဖြေနၾကသည္။
ပထဝီႏိုင္ငံေရးတင္းမာမႈမ်ား၏ တိုက္႐ိုက္ အက်ိဳးဆက္အျဖစ္ ကမာၻ႔စီးပြားေရးအေပၚ ႀကီးမား ေသာထိခိုက္မႈမ်ားကို အထင္အရွားျမင္ေတြ႕ေနရ သည္။ ယေန႔ေခတ္တြင္ ႏိုင္ငံမ်ားစြာသည္ ေငြေၾကး ေဖာင္းပြမႈအက်ပ္အတည္းႏွင့္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ ျပႆနာမ်ားကို အျပင္းအထန္ခံစားေနၾကရသည္။ အထူးသျဖင့္ စြမ္းအင္ႏွင့္ဓာတ္ေျမဩဇာရွားပါးမႈ ျပႆနာမ်ားသည္ ႏိုင္ငံတိုင္း၏စီးပြားေရးကို ၿခိမ္း ေျခာက္လ်က္ရွိသည္။ ႀကီးျမင့္လာေသာကုန္က်စရိတ္ မ်ားႏွင့္အတူ စြမ္းအင္လုံၿခဳံေရးအတြက္ ႏိုင္ငံတိုင္း သည္ ခက္ခဲစြာ႐ုန္းကန္ေနၾကရသည္။ အဆိုပါစိန္ေခၚ မႈမ်ားသည္ လက္ရွိ ကမာၻ႔ႏိုင္ငံမ်ားရင္ဆိုင္ေနရေသာ အခက္ခဲဆုံးေသာ ေန႔စဥ္ျပႆနာမ်ား ျဖစ္လာသည္။ ဤအေျခအေနမ်ားကို ေက်ာ္လႊားႏိုင္ရန္ ခိုင္မာေသာ မူဝါဒမ်ားႏွင့္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား အထူးလိုအပ္ေနၿပီ ျဖစ္သည္။

မဟာဗ်ဴဟာေျမာက္ ခ်ိတ္ဆက္မႈမ်ားႏွင့္ ကေနဒါ၏ အခန္းက႑

အာရွေဒသ၏စီးပြားေရး ဦးေမာ့လာမႈႏွင့္ အတူ အိႏၵိယႏိုင္ငံ၏ကမာၻ႔စင္ျမင့္ေပၚမွ အခန္းက႑ သည္လည္း သိသိသာသာႀကီးထြားလာခဲ့သည္။ အိႏၵိယသည္ (၂၀၁၉)ခုႏွစ္က RCEP သေဘာတူညီ ခ်က္တြင္မပါဝင္ခဲ့သည့္အတြက္ ေဝဖန္မႈမ်ားစြာခံခဲ့ရ ဖူးသည္။ သို႔ေသာ္လည္း လြန္ခဲ့ေသာႏွစ္အနည္းငယ္ အတြင္း ၿဗိတိန္၊ ဥေရာပသမဂၢ၊ အာဆီယံအပါအဝင္ ႏိုင္ငံမ်ားစြာႏွင့္ လြတ္လပ္ေသာ ကုန္သြယ္ေရးသေဘာ တူညီခ်က္မ်ားရယူႏိုင္ခဲ့သည္။ ထို႔ျပင္ ဂ်ပန္၊ ေတာင္ ကိုရီးယား၊ ဩစေၾတးလ်တို႔ႏွင့္လည္း ေကာင္းမြန္ ေသာ ကုန္သြယ္ေရးသေဘာတူညီခ်က္မ်ား ရရွိထား ၿပီးျဖစ္သည္။ ယခုအခါ အိႏၵိယႏွင့္အေရွ႕ေတာင္အာရွ ဆက္ဆံေရးသည္ ပိုမိုႀကီးထြားလာေနၿပီး ႏိုင္ငံေရးအ ရထိေတြ႕ဆက္ဆံမႈမ်ားလည္း သိသိသာသာတိုးတက္ လာခဲ့သည္။ အေရွ႕ေတာင္အာရွေဒသသည္ အိႏၵိယ သာမက ကမာၻႀကီးတစ္ခုလုံးအတြက္ပါ အေရးပါေသာ တိုးတက္မႈအင္ဂ်င္တစ္ခု ျဖစ္လာေနၿပီ ျဖစ္သည္။
ကေနဒါႏိုင္ငံသည္လည္း အာရွ၏ အခန္း က႑ျမင့္တက္လာမႈကို အသိအမွတ္ျပဳသည့္အေန ျဖင့္ ပထမဆုံး အင္ဒို-ပစိဖိတ္ မဟာဗ်ဴဟာကို (၂၀၂၂) ခုႏွစ္တြင္ခ်မွတ္ခဲ့သည္။ ဤမဟာဗ်ဴဟာသည္ ကေန ဒါအစိုးရ၏ (၁၀)ႏွစ္တာကတိကဝတ္တစ္ခုျဖစ္ၿပီး ႏိုင္ငံေရးအုပ္ခ်ဳပ္မႈအဆက္ဆက္က ဆက္လက္ လက္ခံက်င့္သုံးလ်က္ရွိသည္။ ကေနဒါသည္ အဆိုပါ မဟာဗ်ဴဟာ၏ ၿငိမ္းခ်မ္းေရးႏွင့္လုံၿခဳံေရးမ႑ိဳင္ ေအာက္တြင္ ဤေဒသသို႔ ဖရီးဂိတ္စစ္သေဘၤာသုံးစင္း ကို ေစလႊတ္ခဲ့ၿပီးျဖစ္သည္။ ထို႔ျပင္ ဖိလစ္ပိုင္ႏွင့္ ထိုင္ ဝမ္(တ႐ုတ္တိုင္ေပ)တို႔ကို တရားမဝင္သေဘၤာမ်ား ကိုေထာက္လွမ္းရာတြင္ ကူညီရန္ အဆင့္ျမင့္ၿဂိဳဟ္တု နည္းပညာမ်ား တပ္ဆင္ေပးခဲ့သည္။ ကေနဒါသည္ ကမာၻ႔လူဦးေရအမ်ားဆုံးႏွင့္ စီးပြားေရးအလ်င္ျမန္ဆုံး တိုးတက္ေနသည့္ ဤေဒသႏွင့္ ပိုမိုစနစ္က်စြာထိေတြ႕ ဆက္ဆံရန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္။ ဤလုပ္ ေဆာင္ခ်က္မ်ားသည္ ေဒသတြင္းလုံၿခဳံေရးႏွင့္တည္ ၿငိမ္ေရးကို မ်ားစြာ အေထာက္အကူျပဳေစမည္ျဖစ္ သည္။
ကေနဒါသည္ လုံၿခဳံေရးဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္မႈမ်ားအျပင္ အာရွေဒသတြင္ လြတ္လပ္ ေသာကုန္သြယ္ေရးအတြက္လည္း က်ယ္က်ယ္ျပန႔္ ျပန႔္လုပ္ေဆာင္လ်က္ရွိသည္။ အာဆီယံႏွင့္ ေစ့စပ္ ေဆြးေႏြးမႈမ်ားျပဳလုပ္ေနသလို အင္ဒိုနီးရွားႏွင့္ႏွစ္ႏိုင္ ငံသေဘာတူညီခ်က္ကိုလည္းအတည္ျပဳခဲ့ၿပီးျဖစ္ သည္။ ယင္းအျပင္ အိႏၵိယ၊ ဖိလစ္ပိုင္၊ ထိုင္းႏိုင္ငံတို႔ႏွင့္ လည္း ကုန္သြယ္ေရးဆိုင္ရာေဆြးေႏြးမႈမ်ား အရွိန္အ ဟုန္ျဖင့္ စတင္လုပ္ေဆာင္ေနၿပီျဖစ္သည္။ သံတမန္ ေရးရာေျခလွမ္းမ်ားကို ပိုမိုတိုးျမႇင့္သည့္အေနျဖင့္ ဖြံ႕ ၿဖိဳးေရးအကူအညီရန္ပုံေငြမ်ားကိုလည္း ပိုမိုထည့္ဝင္ ေထာက္ပံ့ေပးခဲ့သည္။ ကေနဒါ၏ ပို႔ကုန္ေခ်းေငြေအ ဂ်င္စီႏွင့္ ဘ႑ာေရးအဖြဲ႕အစည္းမ်ားသည္ ၎တို႔၏ ႐ုံးခြဲမ်ားကို စင္ကာပူတြင္ တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ခဲ့သည္။ ဤအစီအမံမ်ားသည္ အမ်ိဳးသားအက်ိဳးစီးပြားအ တြက္သာမက ၿငိမ္းခ်မ္းၿပီး ေရရွည္တည္တံ့ေသာ အာ ရွစီးပြားေရးတိုးတက္မႈအတြက္ပါ ရည္႐ြယ္ျခင္းျဖစ္သည္။

ၿဗိတိန္၏ အာရွသို႔ဦးတည္ခ်က္ႏွင့္ အဖြဲ႕အစည္းမ်ား ေခတ္မီေရး

ၿဗိတိန္ႏိုင္ငံသည္လည္း အနာဂတ္စီးပြား ေရးႏွင့္စစ္ေရးအင္အားမ်ား အာရွတြင္စုစည္းလာမည္ ကို ေကာင္းစြာသေဘာေပါက္ထားသည္။ ထို႔ေၾကာင့္ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးသစ္သည္ တာဝန္ေပးအပ္ ခံရၿပီး (၄၈)နာရီအတြင္းမွာပင္ မနီလာရွိ အာဆီယံအ စည္းအေဝးသို႔သြားေရာက္ခဲ့သည္။ ၿဗိတိန္ေလယာဥ္ တင္သေဘၤာအုပ္စုသည္ စစ္ေရးအရလည္း ဤေဒသ သို႔ ျဖတ္သန္းသြားလာကာ အိႏၵိယ၊ ဩစေၾတးလ်၊ စင္ကာပူ၊ မေလးရွားေရတပ္မ်ားႏွင့္ စစ္ေရးေလ့က်င့္မႈ မ်ားျပဳလုပ္ခဲ့သည္။ ၎ေလယာဥ္တင္သေဘၤာအုပ္စု သည္ ဂ်ပန္ႏွင့္ေတာင္ကိုရီးယားအထိပင္ သြားေရာက္ ၍ စစ္ေရးတည္ၿငိမ္မႈကို ျမႇင့္တင္ေပးခဲ့သည္။ အာရွ ေဒသ၏ စီးပြားေရးႏွင့္စစ္ေရးတည္ၿငိမ္မႈသည္ ၿဗိ တိန္အပါအဝင္ ကမာၻတစ္ဝန္းလုံး၏ ႀကီးပြားတိုးတက္ မႈကို မ်ားစြာ အေထာက္အကူျပဳႏိုင္မည္ျဖစ္သည္။ အာရွေဒသသည္ နည္းပညာအေျပာင္းအလဲမ်ား မည္ သို႔ပင္ရွိေစကာမူ အနာဂတ္အတြက္ အခ်က္အခ်ာျဖစ္ လာမည္မွာ ေသခ်ာေနၿပီျဖစ္သည္။
အာရွေဒသႏွင့္ ကုန္သြယ္ေရးပိုမိုနက္ရႈိင္း ေစရန္ ယူေကသည္ ကမာၻ႔၏ GDP (၁၅)ရာခိုင္ႏႈန္း ကိုလႊမ္းၿခဳံထားေသာ(Comprehensive and Pro­gressive Agreement for Trans-Pacific Par­tnership-CPTPP)အဖြဲ႕သို႔ဝင္ေရာက္ခဲ့သည္။ ပထ ဝီဝင္အေနအထားအရ ၿဗိတိန္သည္ ပစိဖိတ္ေဒသႏွင့္ မနီးစပ္ေသာ္လည္း ဤအဖြဲ႕သို႔ဝင္ေရာက္ျခင္းမွာ မဟာဗ်ဴဟာက်ေသာ ဆုံးျဖတ္ခ်က္ျဖစ္သည္။ ဤသို႔ ဝင္ေရာက္ႏိုင္ရန္ စင္ကာပူ၊ ကေနဒါႏွင့္ အျခားႏိုင္ငံ မ်ားစြာက အကူအညီမ်ားေပးခဲ့ၾကသည္။ CPTPP သို႔ဝင္ေရာက္ျခင္းျဖင့္ မေလးရွားႏွင့္ဘ႐ူႏိုင္းကဲ့သို႔ ႏိုင္ငံမ်ားႏွင့္ပါ လြတ္လပ္ေသာ ကုန္သြယ္ေရးဆက္ဆံ မႈကိုရရွိေစမည္ျဖစ္သည္။ ထို႔ျပင္ ယင္းအဖြဲ႕၏ ျပ႒ာန္းခ်က္မ်ားသည္ ပိုမိုေကာင္းမြန္သည့္ ရင္းႏွီးျမႇဳပ္ ႏွံမႈစည္းမ်ဥ္းမ်ားကိုလည္း တည္ေဆာက္ႏိုင္မည္ျဖစ္ သည္။ ထို႔ေၾကာင့္ CPTPP တြင္ပါဝင္ျခင္းသည္ ၿဗိ တိန္အတြက္ ေရတိုေရာ ေရရွည္မွာပါ ႀကီးမားေသာ အက်ိဳးေက်းဇူးမ်ားကို ျဖစ္ထြန္းေစမည္ျဖစ္သည္။
အာရွ၏ ဩဇာလႊမ္းမိုးမႈ ႀကီးထြားလာေသာ္ လည္း ကုလသမဂၢကဲ့သို႔ေသာ ႏိုင္ငံတကာအဖြဲ႕အ စည္းမ်ားတြင္ ကိုယ္စားျပဳမႈ ျပဳျပင္ေျပာင္းလဲရန္ ခက္ ခဲေနဆဲျဖစ္သည္။ လြန္ခဲ့ေသာ ႏွစ္(၈၀)ခန႔္က ႏိုင္ငံ (၅၁)ႏိုင္ငံျဖင့္သာစတင္ခဲ့ေသာ ကုလသမဂၢသည္ ယခုအခါ အဖြဲ႕ဝင္(၁၉၃)ႏိုင္ငံအထိရွိလာၿပီျဖစ္သည္။ သို႔ေသာ္လည္း ထြန္းသစ္စစီးပြားေရးႏိုင္ငံမ်ား၏ကိုယ္စားျပဳႏိုင္မႈသည္ ကုလသမဂၢ၏ ႀကီးထြားလာ မႈႏွင့္အညီ လိုက္ပါေျပာင္းလဲျခင္းမရွိပါ။ လုံၿခဳံေရး ေကာင္စီ ျပဳျပင္ေျပာင္းလဲေရးအတြက္ဖြဲ႕စည္းခဲ့ေသာ လုပ္ငန္းအဖြဲ႕သည္လည္း (၃၅)ႏွစ္ၾကာသည္အထိ မည္သည့္ရလဒ္မွမထြက္ေပၚခဲ့ပါ။ ႏိုင္ငံတကာအဖြဲ႕အ စည္းမ်ား၏ေအာင္ျမင္မႈသည္ ကိုယ္စားျပဳမႈအေပၚ၌ သာမက ၿငိမ္းခ်မ္းေရးအတြက္ လက္ရွိကိရိယာမ်ားကို အသုံးျပဳႏိုင္စြမ္းေပၚတြင္လည္း မူတည္သည္။ သို႔ရာ တြင္ ၿပီးခဲ့ေသာႏွစ္အနည္းငယ္အတြင္း ထိုယႏၲရားမ်ား ကို ထိေရာက္စြာအသုံးျပဳႏိုင္ျခင္းမရွိသည္ကို ဝမ္း နည္းဖြယ္ ေတြ႕ျမင္ေနရသည္။

အဖြဲ႕အစည္းေဟာင္းမ်ားႏွင့္ ဖြဲ႕စည္းမႈအသစ္မ်ား၏ အားၿပိဳင္မႈ

သမား႐ိုးက် ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား က လုပ္ေဆာင္ႏိုင္စြမ္းေလ်ာ့က်လာခ်ိန္တြင္ BRICS ႏွင့္ SCO ကဲ့သို႔ေသာအဖြဲ႕အစည္းသစ္မ်ား ပိုမိုထင္ ရွားလာသည္။ ဤအဖြဲ႕အစည္းသစ္မ်ားမွတစ္ဆင့္BRICS ဘဏ္(NDB)ကဲ့သို႔ေသာ ဘ႑ာေရးအဖြဲ႕အ စည္းမ်ားေပၚထြက္လာၿပီး စီမံကိန္းမ်ားကို ဘ႑ာေငြ ေထာက္ပံ့ေနၿပီျဖစ္သည္။ အလားတူပင္ အာရွအေျခခံ အေဆာက္အအုံရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္(AIIB)သည္ လည္း ထြန္းသစ္စေဈးကြက္မ်ားအတြက္ အလြန္အ ေရးပါေသာအခန္းက႑မွပါဝင္ေနပါသည္။ ႏိုင္ငံအ မ်ားစုသည္ မိမိတို႔၏အသံကိုထုတ္ေဖာ္ႏိုင္ၿပီး ရလဒ္ ေကာင္းမ်ားေဖာ္ေဆာင္ေပးႏိုင္ေသာ ဤအဖြဲ႕အစည္း သစ္မ်ားကို ပိုမိုအားထားလာၾကသည္။ သို႔ေသာ္ အဖြဲ႕ အစည္းအသစ္မ်ားေပၚလာျခင္းသည္ အေဟာင္းမ်ား ကိုစြန႔္လႊတ္လိုက္ရန္မဟုတ္ဘဲ အျပန္အလွန္ျဖည့္ ဆည္းေပးရန္သာျဖစ္သည္။ ဤကဲ့သို႔ အုပ္စုဖြဲ႕စည္းမႈပုံစံအမ်ိဳးမ်ိဳးျဖင့္ ထိေတြ႕ဆက္ဆံျခင္းက ကမာၻလုံး ဆိုင္ရာတည္ၿငိမ္မႈအတြက္ ခိုင္မာေသာ အေျခခံအုတ္ ျမစ္ကို ေပးစြမ္းႏိုင္မည္ျဖစ္သည္။
ကမာၻေပၚရွိ အဖြဲ႕အစည္းမ်ားအားလုံးတြင္G-20 သည္ အထိေရာက္ဆုံးႏွင့္ အစြမ္းအထက္ဆုံး ယႏၲရားတစ္ခုအျဖစ္ ဆက္လက္တည္ရွိေနဆဲျဖစ္ သည္။ အိႏၵိယႏိုင္ငံသည္ (၂၀၂၃)ခုႏွစ္တြင္ G-20 ထိပ္သီးအစည္းအေဝးကို အိမ္ရွင္အျဖစ္ ေအာင္ျမင္ စြာ လက္ခံက်င္းပႏိုင္ခဲ့သည္။ ထိုအစည္းအေဝးတြင္ အာဖရိကသမဂၢကို အဖြဲ႕ဝင္အျဖစ္ ပါဝင္ခြင့္ရေအာင္ အိႏၵိယက စြမ္းေဆာင္ေပးႏိုင္ခဲ့သည္။ ထို႔ျပင္ G-20 တြင္မပါဝင္ေသာ ႏိုင္ငံေပါင္း(၁၂၅)ႏိုင္ငံႏွင့္ေဆြးေႏြး ၿပီး ၎တို႔၏ျပႆနာမ်ားကို G-20 အစီအစဥ္တြင္ ထည့္သြင္းႏိုင္ခဲ့သည္။ အထူးသျဖင့္ ယူကရိန္း-႐ုရွား ပဋိပကၡေၾကာင့္ျဖစ္ေပၚလာေသာ ေလာင္စာဆီႏွင့္ဓာတ္ ေျမဩဇာအက်ပ္အတည္းမ်ားကို အာ႐ုံစိုက္ ေဆြးေႏြး ႏိုင္ခဲ့သည္။ ၿဗိတိန္ႏိုင္ငံကလည္း လာမည့္ႏွစ္မ်ားတြင္G-20 ဥကၠ႒တာဝန္ယူမည့္အခ်ိန္၌ စီးပြားေရးခံႏိုင္ ရည္ရွိမႈႏွင့္ ကုန္စည္ေထာက္ပံ့မႈျပႆနာမ်ားကို ဦးစားေပးေျဖရွင္းရန္ ရည္႐ြယ္ထားသည္။
လက္ရွိကာလတြင္ ႏိုင္ငံစုံပါဝင္ေသာစနစ္ ႀကီးမ်ားသည္ ထိေရာက္မႈအားနည္းလာသျဖင့္ သ ေဘာထားတူရာႏိုင္ငံမ်ားစုေပါင္းသည့္ အေသးစားပူး ေပါင္းမႈမ်ား(minilaterals) ပိုမိုေခတ္စားလာသည္။ ကိစၥရပ္အမ်ိဳးမ်ိဳးအေပၚမူတည္၍ ႏိုင္ငံမ်ားသည္ မိမိ တို႔အက်ိဳးစီးပြားတူညီရာ သုံးႏိုင္ငံ၊ ေလးႏိုင္ငံ စသျဖင့္ခြဲထြက္၍ ပူးေပါင္းေဆာင္႐ြက္လာၾကသည္။ ဤေခတ္ကာလသည္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား ႏွင့္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္မ်ား ရႈပ္ေထြးစြာေရာ ယွက္ေနေသာအခ်ိန္အခါျဖစ္သည္။ စိန္ေခၚမႈမ်ားျပား ေသာယခုအခ်ိန္တြင္ ကေနဒါႏိုင္ငံကဦးေဆာင္၍ ကာကြယ္ေရး၊ လုံၿခဳံေရးႏွင့္ ခံႏိုင္ရည္ရွိမႈဆိုင္ရာဘဏ္ အသစ္တစ္ခုကိုလည္း တည္ေထာင္လ်က္ရွိသည္။ ဤဘဏ္သည္ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ကာကြယ္ေရး ေဂဟစနစ္မ်ားအတြက္ ဘ႑ာေငြေထာက္ပံ့ေပးရန္ ရည္႐ြယ္ၿပီး ေနတိုး ထိပ္သီးအစည္းအေဝးကအတည္ ျပဳခဲ့သည္။ ထို႔ေၾကာင့္ အဖြဲ႕အစည္းေဟာင္းမ်ားကို ဖ်က္သိမ္းမည့္အစား ေခတ္ကာလႏွင့္အညီ ပိုမိုထိ ေရာက္ေအာင္ အားစိုက္ႀကိဳးပမ္းသြားရန္သာ အေရး ႀကီးသည္။

ကမာၻ႔စနစ္ၿပိဳကြဲမႈႏွင့္ ကုန္သြယ္ေရးကို လက္နက္သဖြယ္အသုံးျပဳလာျခင္း

ယေန႔ ကမာၻ႔စနစ္သစ္တြင္ အက္ေၾကာင္း တစ္ခုျဖစ္ေပၚေနၿပီဟူေသာ ဝန္ႀကီးခ်ဳပ္ မတ္ကာေနး ၏ ဒါဗို႔စ္မိန႔္ခြန္းသည္ မ်ားစြာအေရးပါသည္။ အင္အား ႀကီးႏိုင္ငံမ်ားသည္ ၎တို႔၏ စစ္ေရး၊ သံတမန္ေရးႏွင့္ စီးပြားေရးအင္အားမ်ားကိုသုံး၍ ႏိုင္ငံတကာစံႏႈန္းမ်ား မွ ေသြဖည္လာၾကသည္။ ဥပမာအားျဖင့္ ေတာင္ တ႐ုတ္ပင္လယ္ အႏုညာတခုံ႐ုံး၏ဆုံးျဖတ္ခ်က္ကို ေလးစားလိုက္နာျခင္းမရွိဘဲ ႏိုင္ငံတကာ ရာဇဝတ္တ ရား႐ုံးကိုလည္း ထိခိုက္ပ်က္ျပားေစရန္ လုပ္ေဆာင္ လာၾကသည္။ ကုလသမဂၢ၏ခြင့္ျပဳခ်က္မပါဘဲ စစ္ ေရးလႈပ္ရွားမႈမ်ားလုပ္ေဆာင္ျခင္းႏွင့္ အျခားႏိုင္ငံမ်ား အေပၚ စီးပြားေရးအရ အက်ပ္ကိုင္မႈမ်ားကိုပါ က်ဴးလြန္ လာၾကသည္။ ဘ႑ာေရးစနစ္ႏွင့္ နည္းပညာနယ္ပယ္ မ်ားတြင္ ႏိုင္ငံျပင္ပအာဏာစက္ကိုအသုံးျပဳကာ ကိုယ္က်ိဳးအတြက္ တစ္ဖက္သတ္ အျမတ္ထုတ္လာ ၾကသည္။ ဤသို႔ ဗိုလ္က်စိုးမိုးသူမ်ား၏လုပ္ရပ္မ်ားကို ျငင္းကြယ္၍မရဘဲ လက္ေတြ႕အေျခအေနကို မွန္ကန္ စြာအသိအမွတ္ျပဳရန္ အလြန္လိုအပ္ေနၿပီျဖစ္သည္။
ကမာၻလုံးဆိုင္ရာကုန္သြယ္ေရးစနစ္ကို ၿခိမ္းေျခာက္လာေသာ အႀကီးမားဆုံးစိန္ေခၚမႈမွာ ကိုယ္က်ိဳးစီးပြားကာကြယ္ေရးဝါဒ ႀကီးထြားလာျခင္း ပင္ျဖစ္သည္။ ပြင့္လင္းေသာ ကုန္သြယ္ဖက္ႏိုင္ငံမ်ား အတြက္ အခြန္အခမ်ားႏွင့္အတားအဆီးမ်ား ခ်မွတ္ ခံရျခင္းသည္ အလြန္စိုးရိမ္ဖြယ္ရာအေျခအေနတစ္ရပ္ျဖစ္လာသည္။ အထူးသျဖင့္ ကုန္သြယ္ေရးကို လက္နက္သဖြယ္အသုံးခ်လာျခင္းႏွင့္ ယွဥ္ၿပိဳင္မႈအား သာခ်က္ကို အလြဲသုံးစားလုပ္လာျခင္းသည္ လူတိုင္း အတြက္ ႀကီးမားေသာၿခိမ္းေျခာက္မႈျဖစ္သည္။ ကိုဗစ္ ကာလအတြင္းက အခ်ိဳ႕ေသာႏိုင္ငံမ်ားသည္ ေထာက္ ပံ့မႈကြင္းဆက္မ်ားကို အခြင့္ေကာင္းယူအသုံးခ်ခဲ့ၾက သည္မွာ အထင္အရွားပင္ျဖစ္သည္။ ယခုအခါ မည္ သည့္အခ်ိန္တြင္ မိမိတို႔၏ထုတ္ကုန္မ်ားအေပၚ အက်ပ္ကိုင္လာမည္ကိုမသိႏိုင္ေသာ မေသခ်ာမေရ ရာမႈအဆင့္သို႔ ေရာက္ရွိေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ကဲ့သို႔ေသာအဖြဲ႕အစည္းမ်ား ပိုမိုထိေရာက္လာေအာင္ႀကိဳးပမ္းရင္း ႏိုင္ငံမ်ားၾကား ခိုင္မာေသာ ယႏၲရားအသစ္မ်ားတည္ေဆာက္သြားရန္ အေရးတႀကီးလိုအပ္ေနၿပီျဖစ္ေၾကာင္း တင္ျပလိုက္ရ ပါသည္။

မူရင်းသတင်း — NP News