
ပုလဲ၊ ထိုက်စံ (NP News) - စက်တင်ဘာလ ၃ဝ
ပြည်တွင်းရှိ ဆိုလာကုမ္ပဏီတစ်ခုသည် AIKO 650W ဆိုလာပြား (၁,၄၄၀)ချပ်၊ ပေ (၄၀) ကွန်တိန်နာ (၂) လုံးစာ ကာလတန်ဖိုး ကျပ်သိန်း (၉,ဝဝဝ )ကျော်) ကို ထိုင်းနိုင်ငံ ရနောင်းမြို့မှ ရန်ကုန်မြို့သို့ နယ်စပ်ကုန်သွယ်ရေး(Border Trade)ရေကြောင်းလမ်းမှတစ်ဆင့် တရားဝင်လိုင်စင် ရယူတင်သွင်းရန်အတွက် ထိုင်းနိုင် ငံအခြေစိုက်ကုမ္ပဏီ၏လုပ်ငန်းခွဲဖြစ်သည့် “Logistics” ကုမ္ပဏီတစ်ခုနှင့် (၂၀၂၆) ခုနှစ် ဧပြီလ (၂၂) ရက်တွင် သွင်းကုန်လိုင်စင်နှင့် ပို့ဆောင်ရေးလုပ်ငန်းအတွက် တရားဝင်စာချုပ် ချုပ်ဆိုအပ်နှံခဲ့ကြောင်းသိရသည်။ “သာမညဖြိုး” ရေယာဉ်ဖြင့် တင်ဆောင်လာသည်ဟုသိရှိခဲ့သော်လည်း မြေပြင်တွင် “ Imperial Moon Light ” အမည်ရှိ ရေယာဉ်ဖြင့် တင်ဆောင်လာခဲ့ပြီး (၂၀၂၆) ခုနှစ် ဇွန်လ (၂၅)ရက်တွင် MIPL (သီလဝါ)ဆိပ်ကမ်းသို့ဆိုက်ကပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ ပစ္စည်း များထုတ်မရဖြစ်နေသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါဆိုလာကုမ္ပဏီမှ တာဝန်ရှိသူများထံ သွားရောက်မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - ဖြစ်စဉ်လေးကို ရှင်းပြပေးပါဦးရှင့်။
ဖြေ - အစ်မတို့က မြန်မာပြည်မှာ ဆယ်စုနှစ်မက ရပ် တည်နေတဲ့ ကုမ္ပဏီတစ်ခုပေါ့။ ပစ္စည်းတွေကိုလည်း တရားဝင်လိုင်စင်နဲ့ပဲ တောက်လျှောက်သွင်းလာတာ ပေါ့နော်။ ထုံးစံအတိုင်းကလည်း တောက်လျှောက် Overseas ကနေပဲသွင်းတာပေါ့။ ဒါပေမဲ့ အခု ဒီဘက်မှာ လိုင်စင်အခက်အခဲတွေရှိတဲ့အတွက်ကြောင့် မို့လို့ လိုင်စင်မရှိဘူးပေါ့နော်။ မရှိတဲ့အခါမှာ ဒီကွန် တိန်နာနှစ်လုံးကို ဒီဘက်ဆိပ်ကမ်းကိုသုံးတာပေါ့။ သုံးတဲ့အခါမှာ လိုင်စင်မရှိတဲ့အတွက်ကြောင့် လိုင်စင် ပါကူညီပေးနိုင်တဲ့ကုမ္ပဏီကို One-stop service အပ်လိုက်တာပေါ့။ ရနောင်းကနေ ရန်ကုန်ဆိပ်ကမ်း အထိသယ်လာပေးရမယ်။ လိုင်စင်လည်းပါလာရမယ်။ Custom clearance ရော အကုန်လုပ်ပေးရမယ်ပေါ့ နော်။ One-stop service ဆိုပြီးတော့ အဲဒီကုမ္ပဏီ တစ်ခုကိုစာချုပ်ချုပ်ပြီးတော့ တရားဝင်အပ်လိုက်တာ ပေါ့။ တရားဝင်လည်း စာချုပ် ချုပ်ထားတယ်ဆိုတဲ့ သက်သေလည်းရှိတယ်ပေါ့နော်။ အပ်လိုက်တဲ့ Logistics ကိုတာဝန်ယူတဲ့သူနဲ့ ဒီဘက်က သင်္ဘောပိုင် ရှင်နဲ့၊ နောက်ပြီးတော့ သင်္ဘောကို ဒီဆိပ်ကမ်း ရှင်းလင်းရေးလုပ်တဲ့တာဝန်ခံတွေနဲ့ အကုန်ပေါင်းပြီးတော့ အစ်မတို့ပစ္စည်းကို သူတို့ကသွင်းလာတယ်။ ရနောင်း အထိ သူတို့ကို ပစ္စည်းချပေးလိုက်တာပေါ့နော်။ ပစ္စည်းကကျတော့ တရုတ်ပြည်ကနေလာတာကိုး။ အဲဒီတော့ တရုတ်ပြည်ကနေလာပြီးတော့ ရနောင်းက နေချပေးလိုက်တဲ့အချိန်မှာ ရနောင်းကနေပြီးတော့ ဆိပ်ကမ်းအထိကိုသယ်လာတယ်။ သယ်လာပြီးတဲ့အ ခါမှာ သူတို့ ဒီပစ္စည်းတွေအကုန်လုံးကို ခုနကပြောတဲ့ လူတွေနဲ့ အဖွဲ့အစည်းတွေနဲ့ အကုန်လုံးပေါင်းပြီးတော့ မှောင်ခို Market ထဲကို ရောင်းချလိုက်တာပေါ့နော်။ မှောင်ခိုဈေးကွက်ထဲကို ရောင်းချလိုက်တယ်။ ရောင်းချလိုက်တဲ့အခါမှာ ခုနက Logistics agent နဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ Service fee တွေ အကုန်ပေးထားလိုက်ရတယ်။ ကုန်ပစ္စည်းတွေလည်း ပါသွားတယ်။ နောက်တစ်ခုပိုဆိုးတာကတော့ ဒီ AIKO solar ကို မြန်မာပြည်မှာ တစ်ဦးတည်းကိုယ် စားလှယ်ဖြန့်တဲ့လူပေါ့နော်။ အဲဒီတော့ ပစ္စည်းနဲ့ပတ် သက်ပြီးတော့ Warranty ကိစ္စတွေပါလာတာပေါ့။ AIKO Panel က Performance အနေနဲ့ဆိုရင် (၁၅)နှစ် Warranty ပေးရတယ်။ အခုသူတို့ဖြန့်လိုက် တဲ့ပစ္စည်းတွေက ကုမ္ပဏီ Brand နဲ့သက်ဆိုင်တဲ့ AIKO Panel ကို Market မှာဖြန့်လိုက်တဲ့အတွက် ကြောင့် ဘာဖြစ်လာနိုင်လဲဆိုတော့ ဒီ Warranty နဲ့ ပတ်သက်ပြီးတော့ စကားပြောစရာတွေဖြစ်လာနိုင် တယ်ပေါ့နော်။ အဲဒီတော့ ဒါတွေက ပစ္စည်းဆုံးရှုံးတာ အပြင်ကို နောက်ပိုင်းထပ်ဖြစ်နိုင်တာကဘာလဲဆို တော့ ကုမ္ပဏီရဲ့နာမည်ကိုပါထိခိုက်နိုင်တယ်။ ပျက် စီးနိုင်တယ်ဆိုတဲ့ဟာတွေ ဖြစ်လာနိုင်တာပေါ့နော်။ အဲဒီတော့ ရှေ့မှာလည်း တချို့သော ဆိုလာ Brand တွေက Warranty နဲ့ပတ်သက်ပြီးတော့ Distributor တွေ အများကြီးမှာ ပြဿနာအများကြီးဖြစ်သွားခဲ့ ဖူးတယ်။ AIKO ကစသွင်းလာတဲ့အချိန်ကနေ အခု ထက်ထိ ဒီလိုပြဿနာတွေလည်း ဘာမှမရှိသေးဘူး။ အဲဒီတော့ ပစ္စည်းဆုံးရှုံးတာက လက်ရှိ၊ နောက်ပိုင်း ထပ်ဖြစ်လာနိုင်တာက သူတို့မှောင်ခိုဈေးကွက်ထဲကို ဖြန့်လိုက်တဲ့ Panel တွေနဲ့ပတ်သက်ပြီးတော့ Warranty ပြဿနာတွေပါ အစ်မတို့ကုမ္ပဏီက ပတ်သက် နိုင်တယ်ပေါ့နော်။ နောက်တစ်ချက်က တောက် လျှောက်သည် မှောင်ခိုသွင်းလာတဲ့ ပစ္စည်းမဟုတ်ဘဲနဲ့ မှောင်ခိုပစ္စည်းအနေနဲ့လည်း သူတို့ကထုတ်သွား တယ်။ ြမေုနအ ထဲကိုလည်း မှောင်ခိုဈေးကွက်အနေနဲ့ လည်းဖြန့်တယ်။ နောက်တစ်ချက်ကဘာလဲဆိုတော့ ကုန်ပစ္စည်းတွေက အလိမ်ခံရတာတင်မဟုတ်ဘဲနဲ့ Market က မှောင်ခိုထဲကိုရောက်တာအပြင်ကို ဒီပစ္စည်း သွင်းလာတဲ့အချိန်ကနေပြီးတော့ အခုထက်ထိက ကုန်ပစ္စည်းသည် ဘယ်နား ဘယ်လိုရောက်နေတယ် ဆိုတာသိပေမယ့်လည်း ငါတို့ပစ္စည်းဆိုပြီး လုပ်လို့ရ မနေဘူးပေါ့နော်။ နစ်နာသူဆိုတဲ့ဟာထက် ပိုဆိုးတာ က ဘယ်နေရာကို ဘယ်လိုတိုင်ရမှန်းတောင်မသိဘူး ဆိုတဲ့အနေအထားမျိုးတွေဖြစ်ကုန်တာပေါ့။ ဘာလို့ လဲဆိုတော့ အဖွဲ့လိုက် အုပ်စုလိုက် အရာရာက အ ကွက်ကျကျနဲ့လုပ်သွားတာကိုး။ စုံစမ်းလို့ရတဲ့၊ သိရှိ လို့ရတဲ့ Informationတွေတော့ရှိတယ်။ ရှိပေမယ့် လည်း ဒါကပြောရလို့ရှိရင် ဟိုဘက်ကနေပြီးတော့ ဒီဘက်ပို့လိုက်ပြီးတဲ့နောက်ပိုင်းမှာ ပစ္စည်းတွေက မြင် တော့မြင်နေရတယ်။ ကိုယ့်ပစ္စည်းဆိုပြီး ယူလို့မရဘူး အရမ်းခံပြင်းဖို့ကောင်းတယ်။ နောက်ပြီး ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ကိုယ့်အနေနဲ့ တရားဝင်လိုင်စင်သွင်း တာတောင်မှ ကိုယ့်ပစ္စည်းပါဆိုပြီး သွားယူတာတောင် မှ ဆိပ်ကမ်းကလူတွေက ဘယ်လိုပြောရမလဲ၊ ခေါင်း စဉ်တစ်ခုနဲ့လာလိမ်တဲ့လူတွေပုံစံမျိုးတောင် သူတို့က ပြန်ပြီးဆက်ဆံတာ။ အဲဒါမျိုးတွေပေါ့နော်။ ဒါက သူတို့ရဲ့ Market ကြီးဖြစ်နေတာကိုး။
မေး - အစ်မတို့လိုမျိုး တခြားသူတွေ ဖြစ်တာမျိုးကော ရှိလား။
ဖြေ - အများကြီးပေါ့ညီမလေးရဲ့။ အများကြီး။
မေး - ရနောင်းဘက်က Logistics agent ကကျ တော့ မြန်မာနိုင်ငံသားလား၊ ထိုင်းနိုင်ငံသားလား။ သူတို့နဲ့စကားပြောတော့ ဘာပြန်ပြောလဲရှင့်။
ဖြေ - မြန်မာနိုင်ငံသား။ သူတို့နဲ့ပြောကြည့်တဲ့အခါ မှာကျတော့ သူတို့ဘက်က အခုထက်ထိ ဘာပဲပြော နေလဲဆိုတော့ တင်လာတဲ့ပစ္စည်းက သူတို့တင်လာ တဲ့ပစ္စည်းရဲ့ Packing list နဲ့ရောက်နေတဲ့ ပစ္စည်းရဲ့Weight နဲ့ Size နဲ့မတူတဲ့အတွက်ကြောင့်မို့လို့ Custom က ပစ္စည်းရှင်းနေတဲ့ခေါင်းစဉ်အနေနဲ့ပဲရှိနေသေးတယ်၊ သူတို့ဆွဲထုတ်ပေးတယ်ဆိုတဲ့ ခေါင်း စဉ်နဲ့ပဲ ရှိနေသေးတယ်ဆိုပြီးတော့ ဒီတိုင်းပဲ တောက် လျှောက်ပြောနေတာ။
မေး - တကယ်ပဲ ပစ္စည်းရဲ့Weight နဲ့ Size နဲ့မတူ တာ ရောက်လာတာလားရှင့် ။
ဖြေ - အဲဒီလိုဖြစ်နေတယ်ဆိုတဲ့ခေါင်းစဉ် တပ်ထား တာ၊ တကယ်တော့ အဲဒီလိုဖြစ်နေတာမဟုတ်ဘူး။ ရနောင်းကနေ ရန်ကုန်ကိုသွင်းတဲ့အခါမှာ သူတို့က လိုင်စင်နဲ့လုပ်တာမဟုတ်ဘဲနဲ့ မှောင်ခိုနည်းနဲ့ သူတို့ ကလည်းတင်ပေးလိုက်တာ။ အစ်မတို့ကသာ လိုင်စင် နဲ့ သူတို့ကိုလျှောက်ခိုင်းတာ။ ဒါပေမဲ့ သူတို့က လိုင်စင် လို့ပြောပြီးတော့ လိုင်စင်မပါဘဲနဲ့ တင်ပေးလိုက်တာ။ တင်ပေးလိုက်ပြီးတဲ့အခါမှာ ဥပမာ အဲဒီသင်္ဘောမှာ ပါလာတဲ့ပစ္စည်းက Item (၁၀)မျိုးရှိမယ်ပေါ့။ သူတို့ က (၄)မျိုးပဲလိုင်စင်ပြတယ်။ ကျန်တဲ့(၆)မျိုးကို Unlicensed အနေနဲ့ပြတာ။ အစ်မတို့ပစ္စည်း Unlicensed အနေနဲ့ကိုဝင်လာတာ။ ဝင်လာပြီးတဲ့အခါမှာ သင်္ဘောဆိပ်ကမ်းကို ဘယ်နေ့ရောက်တယ်ဆိုတာ လည်းသိတယ်။ သိပြီးတော့ အဲဒီပစ္စည်းတွေကို သူတို့ ဘယ်အချိန်ကနေပြီးတော့ ဘယ်သူတွေနဲ့ ဘယ်လို ထုတ်သွားတယ်ဆိုတာလည်းသိတယ်။ အခုဈေးကွက် ထဲမှာလည်း ပစ္စည်း ဘယ်နေရာရောက်နေလဲဆိုတာ သိတယ်။ ဒါပေမဲ့ ဟိုဘက် က Logistics agent က တောက်လျှောက် ထိုင်ပြောနေတာလဲဆိုတော့ ခုနက Custom က စစ်နေတုန်းပဲလို့ပြောတာ။ နောက်တစ်ခု က သင်္ဘောတင်တဲ့သူပေါ့နော်။ သင်္ဘောကလည်း အဲဒီသင်္ဘောပိုင်ရှင်ပေါ့။ အဲဒီသင်္ဘောပိုင်ရှင်ရယ်၊ နောက်တစ်ခုကကျတော့ ဒီဟာအပေါ်မှာ Custom clearance လုပ်ပေးတဲ့အဖွဲ့တွေ အားလုံးပေါင်းပြီး တော့ ပစ္စည်းကိုထုတ်ပြီးတော့ ရောင်းလိုက်တာ။ ရှင်းရှင်းပြောရင်။ အဲဒီတော့ ခေါင်းစဉ်တပ်နေတာက Custom စာရင်းမရှင်းရသေးဘူးဆိုတဲ့ခေါင်းစဉ် တပ် နေတာပေါ့နော်။ ဖြစ်တာက ဇူလိုင်လက စဖြစ်တာပေါ့။ အခုဆို စက်တင်ဘာလ ဖြစ်သွားပြီ။ နှစ်လရှိပြီ။
မေး - အခုလိုဖြစ်သွားတာနဲ့ပတ်သက်ပြီး အစ်မတို့ ဘာဆက်လုပ်သွားဖို့ရှိလဲ။
ဖြေ - အဲဒီတော့ ဘာလုပ်ထားလဲလို့ပြောလို့ရှိရင် တော့ အခု သက်ဆိုင်ရာဌာနတွေအကုန်လုံးကို တိုင် စာတွေပို့ထားတယ်။ ဌာနတွေဆိုတဲ့ဟာမှာ သမ္မတရုံး လည်းပါမယ်။ ပြည်ထဲရေးဝန်ကြီးလည်းပါမယ်၊ စသုံး လုံးလည်းပါမယ်၊ လွှတ်တော်ဥက္ကဋ္ဌလည်းပါမယ်။ အ ကုန်လုံးကိုတော့ တိုင်စာပို့ထားတယ်။ တိုင်စာပို့ထား တဲ့ခေါင်းစဉ်က တရားဝင်လိုင်စင်နဲ့ သွင်းလာတဲ့ကုန် ပစ္စည်းပေါ့။ အဲဒီတော့ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံ ကထုတ်ပြန်ထားတဲ့ Policy အတိုင်းလိုက်နာတဲ့ ကုမ္ပဏီပေါ့နော်။ အဲဒီကုမ္ပဏီအနေနဲ့ မတရား ဒီလို မျိုးလုပ်ခံရတာပေါ့နော်။ အဲဒီခေါင်းစဉ်နဲ့တင်ထား တယ်။ အဲဒီတော့ သက်ဆိုင်တဲ့ဌာနတွေကိုလည်း အရေးယူဆောင်ရွက်ပေးဖို့အတွက်ကို တိုင်ထားတာ ပေါ့နော်။ အခုဖြစ်စဉ်က စာရင်းမှာက ရှစ်မျိုးပဲပါတာ။ တကယ် မြန်မာနိုင်ငံပါလာတာက (၃၅)မျိုး။ အဲဒီ တော့ ဒီမှာရှာကြည့်လို့ရှိရင် အစ်မတို့ပစ္စည်း မတွေ့ရ ဘူး။ Unlicensed ဖြစ်သွားတာကိုး။ ဘာဖြစ်လို့ လိုင်စင်ကနေ Unlicensed ဖြစ်လဲဆိုရင် မေးစရာရှိတယ်။ Conflict ဖြစ်စရာရှိတယ်။ ကိုယ်တိုင်က လိုင်စင်မရှိ တော့ လိုင်စင်ရှိတဲ့ Agent ကို လိုင်စင်လျှောက်ပေး ပါဆိုပြီးတော့အပ်လိုက်တာ။ သူက လိုင်စင်လျှောက် ပေးမယ်လို့ပြောပြီးတော့ လိုင်စင်လျှောက်ထားပါ တယ်၊ ရပါတယ်ဆိုတဲ့စာရွက်လည်း မပြဘူး။ ဟိုဘက် ကနေထွက်လာတဲ့စာရွက်အတုတစ်ခုပြတယ်။ စာ ရွက်အတုတစ်ခုပြပြီးတော့ Okay တယ်ဆိုပြီး လက် ခံလိုက်တာ။ ဒီဘက်ရောက်တော့မှ သင်္ဘောမှာ သွားစစ်တဲ့အခါမှာ ပစ္စည်းတော့တွေ့ခဲ့ရတယ်။ အဲဒီ Record aတွေလည်းရှိတယ်။ အစ်မတို့မှာ Evidence အကုန်ရှိတယ်။ ဒါပေမဲ့ ဒီဟာက ကိုင်တွယ်ဆောင် ရွက်လို့ရတဲ့ဌာနဆိုင်ရာကို ပြောမှရမှာပေါ့လေ။ အဲဒီ ဟာအတွက်လည်း ပြောနေတယ်ပေါ့နော်။ ဒါပေမဲ့ နစ်နာတဲ့သူတွေက အဲဒီမှာက သိန်းပေါင်းသိန်းနဲ့ချီရှိ တယ်။ အဲဒီလူတွေကလည်း သူတို့က သက်ဆိုင်ရာ သက်ဆိုင်ရာနဲ့ သွားနေကြတယ်။ ဒါပေမဲ့ မီဒီယာပေါ် မှာတော့ ဒီလိုမျိုးတက်လာတာမရှိဘူးပေါ့နော်။ နိုင်ငံ တိုင်းမှာချမှတ်ထားတဲ့ စည်းကမ်းတွေရှိတယ်၊ Policy တွေရှိတယ်၊ ဌာနဆိုင်ရာတွေရှိတယ်။ ဒါပေမဲ့ ဒါ တွေကို Comply မလုပ်နေဘူး။ အဲဒီဟာအပေါ်မှာ မှောင်ခိုလုပ်နေတဲ့လူတွေအများကြီးရှိတယ်။ ဒါကြောင့် ဘာဖြစ်သွားလဲဆိုတော့ ရတဲ့ကွန်တိန်နာနဲ့ ရတဲ့ပစ္စည်း နဲ့ကို လုပ်ငန်းအနေနဲ့ Customer တွေကို Distribute လုပ်ရမှာ။ ဈေးနှုန်းသည် ပေးထားတဲ့ဈေးနှုန်းအ တိုင်းပဲ Market မှာ Customer တွေလိုက်နိုင်တဲ့ ဈေးနှုန်းနဲ့ပဲသွားမှာ။ ဒါပေမဲ့ အခု တကယ်လုပ်နေတဲ့ လုပ်ငန်းတွေ အကုန်လုံးရပ်လိုက်ရတယ်။ Customer တွေလည်း အကုန်တောင်းပန်ရတယ်။ အဲဒီ တော့ မှောင်ခိုဈေးကွက်မှာ သူတို့က စီးပွားဖြစ်အောင် လုပ်ပြီးတော့ တကယ်သွင်းတဲ့လူတွေကို စီးပွားပျက် အောင်လုပ်တာပေါ့။ အဲဒီတော့ မှောင်ခိုဈေးကွက်ကြီး လာရင် ဘာဖြစ်မလဲဆိုတော့ မြန်မာနိုင်ငံက ဆုတ် ယုတ်သွားမှာပေါ့။ အခုလည်း တော်တော်လေးမြင်ရမှာ ပါ။ ပစ္စည်းတွေ တစ်ခုခုဝယ်ချင်ရင် Local brand တွေပဲသုံးလို့ရတာလေ။ Import brand သုံးလို့မှ မရ တာ။ အဲဒါ အဓိကဘာလဲဆိုတော့ ဒီမှောင်ခိုဈေးကွက် က အရမ်းကြီးစိုးနေလို့ပေါ့။
မေး - တိုင်စာက နိုင်ငံတော်သမ္မတရုံးအထိ ပို့ထား တာလား။
ဖြေ - အကုန်လုံးပို့ထားတယ်။ ပြီးခဲ့တဲ့လက UMF- CCI မှာလည်း အဲဒီမှာသွားပြီးတော့ တင်ပြခဲ့တယ်။ အဲဒီအချိန်ရောက်မှ သိရတာဆိုတော့ လူကြီးတွေက ဘာဖြစ်တုံးဆိုတော့ တခြားကုမ္ပဏီတွေလည်း အများ ကြီးဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ အ ထွေအထွေတင်ပြခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ ဒီတိုင်းလေးပဲ တင်ပြခဲ့တာ သူတို့ကမသိဘူး။ တကယ့်တကယ် ရောက်တဲ့အချိန်ကျမှ ဒီဖြစ်စဉ်ကို Power Point နဲ့ ထိုးပြလိုက်တဲ့အချိန်ကျမှ သူတို့က ဒါ ဖြစ်သွားပြီဆို ပြီး။ အဲဒီလိုဖြစ်နေတာတွေက အများကြီး။ နောက် ထပ် ကော်စေ့တွေလည်း ပြဿနာဖြစ်နေကြတာ သူတို့တင်ပြတာတွေအများကြီးပဲ။ အဓိကက တရား မဝင်ပါလာခဲ့တယ်ပဲထား လက်ခံတယ်။ အစိုးရက သိမ်းသွားရင် ပြန်ပြီးတော့ ဒီပစ္စည်းကို ပြန်ယူလို့ ရဦးမယ်လေ။ လေလံပြန်ဆွဲလို့ရဦးမယ်။ ဒဏ်ကြေးနဲ့ လုပ်လို့ရသေးတယ်။ အခုက ကိုယ့်ပစ္စည်းလည်းမြင်ရ တယ်။ ကိုယ်လည်း ဘာမှလုပ်မရဘူး။ ဒါပေမဲ့ သူတို့ အဲဒီဘက်ကတာဝန်ရှိတဲ့လူတွေလည်း ပြောလာ တယ်။ မင်းတို့က တစ်ယောက်တည်း၊ ကုမ္ပဏီက တစ်ခုတည်း၊ ငါတို့က ဒီမှာ အဖွဲ့လိုက်ကြီးတဲ့။ တစ် ယောက်နဲ့အများနဲ့ ဒီလိုမျိုးဝင်လုပ်မှာ ချမှာလားပေါ့။ အဲဒီလိုမျိုး သူတို့ပြောချင်တာ။ သူတို့က ကိုယ့်ကို ပြန် ခြိမ်းခြောက်တာ။ အဲဒီလိုမျိုး၊ နောက်ပြီးတော့ ကိုယ့် ပစ္စည်းကိုသယ်သွားတာတောင် ကိုယ်က အမှားဖြစ် တာနော်။ ကိုယ်တွေကပဲ သူတို့ကိုကြောက်ပြီး သူတို့ က ပြန်ပြီးတော့ခြိမ်းခြောက်တယ်။ အဲဒီလိုဖြစ်နေတာ။ အဲဒါက အစိုးရတာဝန်ရှိတဲ့လူ။ Custom က ပြန် ပြီးတော့ မင်းတို့က တစ်ဦးတည်း သူတို့ကကျတော့ အဖွဲ့အစည်းပေါ့နော်။ သူတို့က အကုန်ပါတယ်။ အများနဲ့တစ်ယောက်ပေါ့။ One for all တို့ ဘာတို့ ပေါ့။ အများနဲ့တစ်ယောက် ဖြစ်ရဲလားပေါ့။ သူတို့နဲ့ပါ အဲဒီလိုမျိုးတွေ့ပြီး စကားပြောရတဲ့ အခြေအနေ ရောက်တယ်လေ။ လာတွေ့တယ်။ ကုန်ပစ္စည်းတွေကို သူတို့ရဲ့ဆိပ်ကမ်းနဲ့ပတ်သက်ပြီးတော့ ကုန်ပစ္စည်း တွေတင်သွင်းတဲ့အခါမှာ သက်သေအထောက်အ ထားတွေနဲ့ Procedure အတိုင်းလုပ်ကြဖို့အတွက်ကို ဆိုပြီးတော့ ဌာနတွေအကုန်လုံးပေါင်းပြီးတော့ ဆွေး နွေးပွဲလုပ်ကြတာပေါ့။ အဲဒီမှာ Custom လည်း ပါတယ်။ ညွှန်ချုပ်တက်တယ်။ ဒုညွှန်ကြားရေးမှူးချုပ် တက်တယ်။ နောက်ပြီး သင်္ဘောနဲ့ပတ်သက်တဲ့လူ တက်တယ်။ အဖွဲ့တွေအများကြီးတက်တာပေါ့နော်။ တက်ပြီးတော့ ဆွေးနွေးပွဲလုပ်ကြတယ်။ ဆွေးနွေးပွဲ လုပ်ကြတဲ့ရည်ရွယ်ချက်ကတော့ သူတို့ ဒီရေကြောင်း နဲ့ပတ်သက်ပြီးတော့ သွားနေတဲ့ဟာတွေမှာ သူတို့က Systematic နဲ့သွားမယ်ပေါ့။ Systematic ပေါ်မှာ သူတို့ထုတ်ထားတဲ့ SOP အတိုင်းထုတ်ပြထားတဲ့ Policy အတိုင်း။ နောက်ပြီးတော့ လိုက်နာရမယ့် စာ ရွက်စာတမ်းတွေအတိုင်း သွားမယ်။ မူဝါဒတွေအတိုင်း သွားမယ်ပေါ့နော်။ အဲဒါမျိုးနဲ့ သူတို့သွားတဲ့အခါမှာ အစ်မတို့ကကျတော့ Invite လုပ်ခံရတာ။ ဘာလို့လဲ ဆိုတော့ သူတို့ ဒီလိုဟာမှာ အမှုတွေ အများကြီးတိုင်ခံ ရတဲ့သူတွေထဲမှာမှ အစ်မတို့ရဲ့ Case က Solar ပြား ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ စွမ်းအင်က အဓိကလို အပ်ချက်ဖြစ်နေတာကိုး။ စွမ်းအင်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးနေတဲ့ လုပ် ငန်းရှင်ဖြစ်တယ်။ နောက်တစ်ချက်ကကျတော့ ဒီလိုင် စင်နဲ့တင်သွင်းလာတဲ့ဟာအပေါ်မှာ Unlicensed အနေနဲ့ မှောင်ခိုအနေနဲ့ပေါ့နော်။ ခေါင်းစဉ်တပ်ခံရ တယ်ဆိုတဲ့လူတွေက ပစ္စည်းပါ ထုတ်လို့မရဘူးဆိုတဲ့ ခေါင်းစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီမှာ ဆွေး နွေးတင်ပြခွင့်ရတာပေါ့။ အဲဒီလို တင်ပြခွင့်ရပြီးတဲ့ နောက်မှာ အဲဒီကိစ္စသည် သူတို့ရဲ့ ဒီ Network မှာ အကုန်ပျံ့သွားပြီးတော့ အဲဒီက သင်္ဘောပိုင်ရှင်လည်း လာတွေ့တယ်။ နောက်ပြီးတော့ Custom ကဆိုတဲ့ တစ်ယောက်လည်းလာတွေ့တယ်။ လာတွေ့တဲ့အခါ မှာပြောသွားတဲ့ဟာက ခုနကလိုမျိုးပေါ့။ ဒီ ဖြစ်သွားတဲ့ ဟာအပေါ်မှာ နင်တို့က တစ်ယောက်တည်းပေါ့။ ငါတို့က အများအဖွဲ့လိုက်ကြီး လုပ်ရဲလားပေါ့။ လုပ်ရ မှာပေါ့။ ပစ္စည်းပြန်ရလိုမှုဆိုတာထက် မတရားလည်း ခံရသေးတယ်။ ခြိမ်းခြောက်တယ်ဆိုတဲ့ အဆင့်တွေပါ ဖြစ်လာတဲ့အခါမှ ဒါက ရပ်တည်ရမယ်ဆိုတဲ့ဟာမျိုး တစ်ခုပေါ့နော်။ နိုင်ငံတော်ကကျတော့ သူ့ရဲ့ ချမှတ် ထားတဲ့လမ်းစဉ်တွေအတိုင်း သွားနေတယ်။ ဒါပေမဲ့ တချို့သောလူနည်းစုက ဒီလမ်းစဉ်တွေမဟုတ်ဘဲ သူ့ အတွင်းထဲကလူကပဲ လှိုက်စားပြီး ဖျက်ဆီးနေတာပေါ့။ အဲဒီတော့ အဲဒီဟာအပေါ်မှာ အစ်မတို့ကတော့ ရပ် တည်မယ်ဆိုတဲ့ဟာတစ်ခုနဲ့သွားတာပေါ့။
မေး - တိုင်စာပို့ထားတာတွေကော ကြာပြီလား။
ဖြေ - နှစ်ပတ်လောက်တော့ရှိပြီ။ အမှုဖွင့်လိုက်မယ်။ အမှုဖွင့်ပြီးတော့ တိုင်ပြီးတော့ ပစ္စည်းလည်း ဘယ်မှာ ရှိတယ်။ ဘယ်သူရောင်းမှန်းလည်း သိပြီ။ အမှုဖွင့် လိုက်မယ်ဆိုတာတိုင်ပေမယ့် ရဲက အမှုမဖွင့်ပေးချင် ဘူး။ ဌာနဆိုင်ရာတွေက အများကြီးပါနေတယ်။ ဘာ လို့လဲဆိုတော့ တိုင်ကြားစာက ပေါ်ထွက်လာရင်လူကြီး တွေသိမယ်ဆိုရင်တော့ အမှုဖွင့်ချင်တာတောင် ဖွင့်မရဘူး ဖြစ်နေတယ်။ အဂတိလည်းတိုင်ထားတယ်။ တရားမဝင်တာလည်းပါတယ် တိုင်ထားတာက။ အဲဒီ တော့ အစ်မတို့က အမှုဖွင့်ဖို့ဟာအတွက်မှာ တိုင်ထား တဲ့တိုင်ကြားစာကနေပြီးတော့ အစ်မတို့အမှုကို ပြန် ချပေးပြီးတော့ ဘယ်က ဘယ်သူက ဆောင်ရွက်ပါဆို တဲ့ညွှန်ကြားချက်ကို အစ်မတို့ စောင့်နေတာပေါ့နော်။ အခုဖြစ်တာက ပြောရလို့ရှိရင် တခြားသူတွေနဲ့ယှဉ်လို့ ရှိရင်တော့ ဖြစ်တဲ့ပစ္စည်းက အရေအတွက် နည်းချင် နည်းမယ်။ ဒါပေမဲ့ အစ်မတို့လိုဖြစ်တဲ့သူတွေက အ ရမ်းများတယ်။ အဲဒီလိုဖြစ်ပြီးတော့ ဘာဖြစ်လဲဆိုတော့ ဘယ်သူ့ကိုတိုင်လို့တိုင်ရမှန်း မသိဘူး။ ဘယ်သူက အရေးယူလို့ယူမှန်းမသိဘူးဆိုတဲ့လူတွေ များလာ တာပေါ့နော်။ ဒီဟာအပေါ်မှာ အစ်မတို့သည် Stand လုပ်မယ်ဆိုတဲ့ဟာကို ရည်ရွယ်တာပေါ့ ။
မေး - ဆိုလာကကော အချပ်ဘယ်လောက်ပါသွားလဲ။
ဖြေ - ကွန်တိန်နာတစ်လုံးမှာ အချပ် (၇၂၀)ပါတာ။ အဲဒီတော့ အစ်မတို့ ကွန်တိန်နာနှစ်လုံးဖြစ်တဲ့အတွက် ကြောင့်မို့လို့ အချပ်က (၁၄၄၀)ပေါ့။
မေး - ပိုက်ဆံပမာဏကျတော့ ဘယ်လောက်များ လဲရှင့်။
ဖြေ - သိန်း(၉၀ဝဝ)ရှိတယ်။ သိန်း (၉၀ဝဝ)ကျော် မှာပေါ့နော်။ တော်တော်များများဖြစ်နေကြတာ။ အခု တော့ လုပ်ငန်းတွေမလည်ပတ်တော့ဘူးပေါ့။ ပစ္စည်း ရောက်မှ လုပ်ငန်းကလည်ပတ်မှာလေ။ Overhead တွေရှိတယ်။ Overhead ကထမ်းရတာပေါ့။ ဧပြီက စပြီး လုပ်ငန်းတွေကရပ်နေတာ။ တကယ်အလုပ်လုပ် တဲ့လုပ်ငန်းတွေရပ်ကုန်ရင် Grade တွေ ဆင်းလာတာ ပေါ့။ တခြားကုန်တွေသွင်းတာလည်း အဲဒီလိုပဲ။ သွင်း လို့မရရင် ဘာမှလုပ်လို့မရဘူးဖြစ်နေတာ။ ရက် (၁၀ဝ)တုန်းကလည်းစောင့်ရတယ်။ ဌာနဆိုင်ရာမှာ လူအပြောင်းအလဲတွေကိုလည်း စောင့်ရတယ် လိုင် စင်ချပေးတဲ့ဌာနမှာလည်း။ အသစ်ဝင်တဲ့ဌာနဆိုင်ရာ အကြီးအကဲကလည်း ဒါတွေကို Review ပြန်လုပ်ဆို တော့ စောင့်ရတာပေါ့။ ကျလားဆိုတော့ ကျမလာဘူး။ သူတို့က အလှည့်ကျပေးတာပေါ့။ အခုမှ စလှန်နေ တာသူတို့က။ ဧပြီ၊ မေ စာရင်းကိုပေါ့။ အစ်မတို့က ဇွန်ကျတော့မှဆို လိုဦးမှာပေါ့ (၂) လ၊ (၃)လလောက် ကို။ (၂)လတစ်ခါလောက်ချပေးရင်တော့ မဆိုးဘူး။ တစ်ခါတင်ဖို့ ခြောက်လလောက် Run ရတာဆိုတော့။ ဆောက်လုပ်ရေးသမားတွေလည်း တော်တော်ဒုက္ခ ရောက်တယ်။ အခုဖြစ်စဉ်ဆိုလည်း အဓိကက မှောင် ခိုဈေးကွက်။ မှောင်ခိုဈေးကွက်က ပုဂ္ဂလိကလူတွေ မဟုတ်ဘဲနဲ့ ဒီဌာနဆိုင်ရာလူတွေကပါ ပေါင်းပြီးတော့ မှောင်ခိုဈေးကွက်ကို အကြီးကြီးတည်ဆောက်တဲ့အခါ မှာ ပိုပြီး အာဏာကြီးသွားတယ်။ အဲဒီတော့ အာဏာ ကြီးသွားတဲ့လူတွေက ဘာဖြစ်လာလဲဆိုတော့ အစ်မ တို့လုပ်ငန်းရှင်တွေကို ဒုက္ခပေးသူဖြစ်သွားပြီ။ အခုလို လုပ်ငန်းရှင်တွေ လုပ်ငန်းမလုပ်တော့ဘူးဆိုလို့ရှိရင် ဒီထဲမှာရှိနေတဲ့ Consumer တွေ ဘယ်လိုလုပ်မလဲ။ အကုန် ပြဿနာတက်ပြီပေါ့။ အဲဒီတော့ Grade နိမ့်တဲ့ဟာတွေ စားရမယ်။ Local ထဲမှာ အစားအ သောက်တွေ ရှားပါးကုန်မယ်။ အဆင့်အတန်းတွေ အရမ်းကိုကွာဟကုန်မယ်။ အဲဒီလိုမျိုးတွေ ဖြစ်ကုန်ပြီ လေ။ မှောင်ခိုဈေးကွက်ကြီးက အတိုင်းအတာတစ်ခုထိ မဟုတ်ဘဲနဲ့ Powerful ဖြစ်လာပြီဆိုလို့ရှိရင်တော့ သေချာတယ်။ မြန်မာပြည်ရဲ့ Market က ပျက်ပြီ။ ဈေးကွက်ကပျက်ပြီ။ အခုလည်း တော်တော်ပျက်နေ ပြီ။ ဘယ်နေရာပဲကြည့်ကြည့် ပစ္စည်းဝယ်ချင်တာ ပစ္စည်းမရှိဘူး။ အလူမီနီယံလာဝယ်တယ်။ တစ် ချောင်းဘယ်လောက်လဲ (၃၀ဝဝ) တဲ့။ ဟေ့ရောင် ငါ (၁၀)ချောင်းယူမယ်တဲ့။ အဲဒါဆိုရင် (၇၀ဝဝ)တဲ့။Stock မရှိဘူး။ အဲဒီတော့ တစ်ချောင်းဝယ်ရင် ဈေး သက်သာတယ်။ အများဝယ်ရင် ဈေးပိုကြီးမယ်။ အဲဒီ လိုဖြစ်သွားပြီ။
မေး - Logistics agent ကို အကုန်လုံး ပေးပြီး သားပေါ့။
ဖြေ - အရင် စရန် သိန်း(၅၀)ပေးလိုက်တယ်။ ပြီး လည်းပြီးရော ပစ္စည်းလွှတ်လိုက်ပေး။ ပိုက်ဆံနောက် ရက်လာချ။ မချလို့ရှိရင် ခင်ဗျားတို့ပစ္စည်းက အခုပြော တဲ့ဇူလိုင်မှာ ရောက်မှာမဟုတ်ဘူး။ ခင်ဗျားတို့ကို Pending ဖြစ်မယ် ပါမယ်ဆိုတော့ ပစ်ပေးလိုက်တာ။ ပထမဆုံးလုပ်ဖူးတဲ့လူ။ တစ်ခါမှလည်း မလုပ်ဖူးဘူး။ ပစ်ပေးလိုက်တာ။ အဲဒီတော့ ပစ္စည်းလည်းဆုံးတယ်။ Logistics ဖိုးလည်းဆုံးတယ်။ နောက်ပြီးတော့ အခု ဒီဟာတွေမှာ အမှုကိစ္စဟာတွေလည်း ထပ်ဆုံးတယ်။ ဒါပေမဲ့ ရှုံးချင်ရှုံးပါစေ။ လာပြောတဲ့ဟာကို ကြိုက်ကို မကြိုက်လို့ လုပ်ကိုလုပ်မှာ။ အခုက ပစ္စည်း ပြန်ရခြင်း၊ မရခြင်းထက်၊ အဓိကက အခုလိုမျိုးတွေမကြိုက်လို့။ နိုင်ငံတော်သမ္မတမှာတော့ ပေးလိုက်ရတာသိလား ပလန်တွေလည်းချနော် ပလန်တွေချပြီးတော့ စက်မှု ဇုန်တွေဘာတွေ၊ ကျေးရွာမီးလင်းရေး ဒီ Comm- ercial City တွေကို ဒီ Commercial ဥစ္စာတွေဖြစ် ဖို့အတွက်ကို စက်ရုံတွေအတွက်ရရေးဆိုပြီးတော့ လုပ်နေတယ်။ သွားတွေ့လိုက် သွားတွေ့ပြီးတော့ အလုပ် လုပ်မယ်လုပ်လိုက် ပစ္စည်းတွေက လိုင်စင် မကျ။ သူရဲ့သွားချင်တယ်ဆိုတဲ့ Platform က Platform ပဲရှိတာပေါ့နော်။ ဘာပစ္စည်းမှမရှိတဲ့အခါ ဘာမှ လုပ်လို့မရဘူး။ ကိုယ့်ဟာကိုယ်တော့ ပရောဂျက်တွေ ကိုလုပ်ချင်လို့ လိုက်ပြီးတော့ အစိုးရကို သွားပြောနေ လုပ်ချင်လို့။ ဟုတ်တယ်။ သူကလည်းပေးတယ် လုပ်။ ဘာနဲ့လုပ်ရမလဲ။ ဘာပစ္စည်းမှမရှိဘူး။ ဘာမှမရှိဘူး။ ရှိနေတာ မြေကွက်တွေပဲရှိတယ် အဲဒီမြေကွက်တွေ ပေါ်မှာ အစ်မတို့က ငုတ်တုတ်ထိုင်စောင့်နေတယ် ပစ္စည်းမလာလို့။ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ (၃) နှစ်အတွင်းမှာ ဒီ ဆိုလာနဲ့ပတ်သက်တဲ့ စွမ်းအင်ဟာ ကြီးက ဘယ်လောက် တိုးတက်လာရမယ် ဆိုတဲ့ဟာ က ထိုင်အော်နေရုံရှိတာ လေ။ ဘာမှမဖြစ်လာတော့ဘူး ပစ္စည်းမှသွင်းလို့မရတာ။ အခုဆို စသွင်းတုန်းက အစ်မတို့ဆီကဝယ်သွားတာ (၅) သိန်း (၃) သောင်းပဲ ထား။ အခု ဘယ်လောက်လဲ (၇) သိန်း (၄) သောင်း။ ပစ္စည်းသယ်ချင်တယ်နော် ကိုယ့်ဟာကိုယ် ကားနဲ့လာတိုက်။ အထဲထဲမှာ ပစ္စည်း ဒီလို ဒီလို တင်ပေးဖို့အတွက်ကို Forklift ကို Charge ထပ် တောင်းတယ်။ တစ်ခါမှ မကြားဖူးဘူး။ အစ်မတို့ပစ္စည်း ရောင်းတုန်းဆိုလို့ရှိရင် လိုချင်တယ် ဘယ်လောက် လဲဆိုရင် Delivery ကို Free ပေးတယ်။ အခုက ဒီထဲက စက်ရုံထဲကနေပြီးတော့ သူတို့ကားပေါ်တင်တဲ့ Forklift ကိုတောင်မှ Charge လုပ်တယ် ပစ္စည်းရှိ တဲ့လူကျတော့လည်း။ အဲဒါ ကိုယ်တွေရောင်းလိုက် တာ။ ကိုယ်တွေဆီကဝယ်ထားတာ လိုနေတော့ ပြန် ဝယ်ရတယ် သူတို့ဆီက။
မေး - အစိုးရနဲ့ပတ်သက်တဲ့ ဆိုလာပရောဂျက်တွေ အတွက် သွင်းဖို့တွေကော အဆင်ပြေလား။
ဖြေ - အခု ပုံမှန်အတိုင်းဆို MIC Permit နဲ့ သွား တာပေါ့။ အစိုးရက ပြောတဲ့လုပ်ငန်းတွေပေါ့။ အဲဒီ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆိုလို့ရှိရင်တော့ အစိုးရ Project ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစ်မတို့က MIC လိုင်စင်ကတော့ Priority ထဲမှာ ပါမှာပေါ့။ ဒါပေမဲ့လည်း အခုဟာက အဲဒီလိုတောင်မှ ဟုတ်ချင် မှ ဟုတ်တော့မယ်ဆိုတဲ့ဟာမျိုး ဖြစ်နေတာကိုး။ အဲဒီ တော့ အရင်တုန်းက Private Project နဲ့ Tender Project နဲ့ဆိုလို့ရှိရင် Tender Project အတွက်က အစ်မတို့က လိုင်စင်စိတ်ပူစရာမရှိဘူး။ သူတို့ရဲ့ ဒီဟာ Plan ပေါ့။ Plan ထဲမှာပါတာဖြစ်တဲ့အတွက်ကြောင့်မို့ လို့ Plan က ဥပမာ လာမယ့်နှစ် First Quarter မှာ ဖြစ်ရမယ်လို့ပြောလို့ရှိရင် ပစ္စည်းသည် First Quarter ထဲရအောင်လို့တင်တယ်ဆိုရင် နိုင်ငံတော်အစိုးရရဲ့ ဌာနရဲ့ရည်မှန်းချက်ဖြစ်တဲ့အတွက်ကြောင့် ဒီကာလ အတွင်း ကျအောင်လို့လုပ်တဲ့ Project ပါ ဆိုလို့ရှိရင် လိုင်စင်က အစ်မတို့စောကျမှာပေါ့။ ဟိုဘက်က Distributor တွေကလည်း ပစ္စည်းအရမ်းရောင်းချင်တယ်။ ဒီနေ့ပဲ တစ်ယောက်ကလာတွေ့သွားပြီ မဝယ်ကြ တော့ဘူးလား ဘာဖြစ်သွားလဲဆိုတော့ ပြောပြလိုက် တယ်။ အဲဒီတော့ ဒါကျတော့ သူတို့လည်းကယ်လို့မရ ဘူးလေ။ အခု Expo တွေလုပ်လည်း စည်မှာမဟုတ် ဘူး။ Expo တွေက သီတင်းကျွတ်ရင် လုပ်ကြပြီလေ။ ပစ္စည်းတွေက သူတို့လာပြတာလေ။ သူတို့လာပြတာ ကောင်းလိုက်တာ သုံးချင်လိုက်တာပဲ ရှိတာ သွင်းလို့မှ မရတာ။ သွင်းလို့မရဘူး Border ကလည်း အခုက ကွန်တိန်နာလုံးတွေလည်း ပျောက်နေတာတွေ အများ ကြီးလေ။ အဲဒီ Border က ကြောက်ဖို့ကောင်းတယ် နော်။ အလုံးလိုက်ပျောက်တာလေ။
မေး - အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ရှင့်။

zawgyi version
" ေမွာင္ခိုေဈးကြက္ႀကီးက အတိုင္းအတာတစ္ခုထိ မဟုတ္ဘဲနဲ႔ Powerful ျဖစ္လာၿပီ ဆိုလို႔ရွိရင္ေတာ့ ေသခ်ာတယ္။ ျမန္မာျပည္ရဲ႕ Market က ပ်က္ၿပီ "
ပုလဲ၊ ထိုက္စံ (NP News) - စက္တင္ဘာလ ၃ဝ
ျပည္တြင္းရွိ ဆိုလာကုမၸဏီတစ္ခုသည္ AIKO 650W ဆိုလာျပား (၁,၄၄၀)ခ်ပ္၊ ေပ (၄၀) ကြန္တိန္နာ (၂) လုံးစာ ကာလတန္ဖိုး က်ပ္သိန္း (၉,ဝဝဝ )ေက်ာ္) ကို ထိုင္းႏိုင္ငံ ရေနာင္းၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ နယ္စပ္ကုန္သြယ္ေရး(Border Trade)ေရေၾကာင္းလမ္းမွတစ္ဆင့္ တရားဝင္လိုင္စင္ ရယူတင္သြင္းရန္အတြက္ ထိုင္းႏိုင္ ငံအေျခစိုက္ကုမၸဏီ၏လုပ္ငန္းခြဲျဖစ္သည့္ “Logistics” ကုမၸဏီတစ္ခုႏွင့္ (၂၀၂၆) ခုႏွစ္ ဧၿပီလ (၂၂) ရက္တြင္ သြင္းကုန္လိုင္စင္ႏွင့္ ပို႔ေဆာင္ေရးလုပ္ငန္းအတြက္ တရားဝင္စာခ်ဳပ္ ခ်ဳပ္ဆိုအပ္ႏွံခဲ့ေၾကာင္းသိရသည္။ “သာမညၿဖိဳး” ေရယာဥ္ျဖင့္ တင္ေဆာင္လာသည္ဟုသိရွိခဲ့ေသာ္လည္း ေျမျပင္တြင္ “ Imperial Moon Light ” အမည္ရွိ ေရယာဥ္ျဖင့္ တင္ေဆာင္လာခဲ့ၿပီး (၂၀၂၆) ခုႏွစ္ ဇြန္လ (၂၅)ရက္တြင္ MIPL (သီလဝါ)ဆိပ္ကမ္းသို႔ဆိုက္ကပ္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ ပစၥည္း မ်ားထုတ္မရျဖစ္ေနသည့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ အဆိုပါဆိုလာကုမၸဏီမွ တာဝန္ရွိသူမ်ားထံ သြားေရာက္ေမးျမန္းခဲ့သည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ျဖစ္စဥ္ေလးကို ရွင္းျပေပးပါဦးရွင့္။
ေျဖ - အစ္မတို႔က ျမန္မာျပည္မွာ ဆယ္စုႏွစ္မက ရပ္ တည္ေနတဲ့ ကုမၸဏီတစ္ခုေပါ့။ ပစၥည္းေတြကိုလည္း တရားဝင္လိုင္စင္နဲ႔ပဲ ေတာက္ေလွ်ာက္သြင္းလာတာ ေပါ့ေနာ္။ ထုံးစံအတိုင္းကလည္း ေတာက္ေလွ်ာက္ Overseas ကေနပဲသြင္းတာေပါ့။ ဒါေပမဲ့ အခု ဒီဘက္မွာ လိုင္စင္အခက္အခဲေတြရွိတဲ့အတြက္ေၾကာင့္ မို႔လို႔ လိုင္စင္မရွိဘူးေပါ့ေနာ္။ မရွိတဲ့အခါမွာ ဒီကြန္ တိန္နာႏွစ္လုံးကို ဒီဘက္ဆိပ္ကမ္းကိုသုံးတာေပါ့။ သုံးတဲ့အခါမွာ လိုင္စင္မရွိတဲ့အတြက္ေၾကာင့္ လိုင္စင္ ပါကူညီေပးႏိုင္တဲ့ကုမၸဏီကို One-stop service အပ္လိုက္တာေပါ့။ ရေနာင္းကေန ရန္ကုန္ဆိပ္ကမ္း အထိသယ္လာေပးရမယ္။ လိုင္စင္လည္းပါလာရမယ္။ Custom clearance ေရာ အကုန္လုပ္ေပးရမယ္ေပါ့ ေနာ္။ One-stop service ဆိုၿပီးေတာ့ အဲဒီကုမၸဏီ တစ္ခုကိုစာခ်ဳပ္ခ်ဳပ္ၿပီးေတာ့ တရားဝင္အပ္လိုက္တာ ေပါ့။ တရားဝင္လည္း စာခ်ဳပ္ ခ်ဳပ္ထားတယ္ဆိုတဲ့ သက္ေသလည္းရွိတယ္ေပါ့ေနာ္။ အပ္လိုက္တဲ့ Logistics ကိုတာဝန္ယူတဲ့သူနဲ႔ ဒီဘက္က သေဘၤာပိုင္ ရွင္နဲ႔၊ ေနာက္ၿပီးေတာ့ သေဘၤာကို ဒီဆိပ္ကမ္း ရွင္းလင္းေရးလုပ္တဲ့တာဝန္ခံေတြနဲ႔ အကုန္ေပါင္းၿပီးေတာ့ အစ္မတို႔ပစၥည္းကို သူတို႔ကသြင္းလာတယ္။ ရေနာင္း အထိ သူတို႔ကို ပစၥည္းခ်ေပးလိုက္တာေပါ့ေနာ္။ ပစၥည္းကက်ေတာ့ တ႐ုတ္ျပည္ကေနလာတာကိုး။ အဲဒီေတာ့ တ႐ုတ္ျပည္ကေနလာၿပီးေတာ့ ရေနာင္းက ေနခ်ေပးလိုက္တဲ့အခ်ိန္မွာ ရေနာင္းကေနၿပီးေတာ့ ဆိပ္ကမ္းအထိကိုသယ္လာတယ္။ သယ္လာၿပီးတဲ့အ ခါမွာ သူတို႔ ဒီပစၥည္းေတြအကုန္လုံးကို ခုနကေျပာတဲ့ လူေတြနဲ႔ အဖြဲ႕အစည္းေတြနဲ႔ အကုန္လုံးေပါင္းၿပီးေတာ့ ေမွာင္ခို Market ထဲကို ေရာင္းခ်လိုက္တာေပါ့ေနာ္။ ေမွာင္ခိုေဈးကြက္ထဲကို ေရာင္းခ်လိုက္တယ္။ ေရာင္းခ်လိုက္တဲ့အခါမွာ ခုနက Logistics agent နဲ႔ ပတ္သက္ၿပီးေတာ့လည္း သူ႔ရဲ႕ Service fee ေတြ အကုန္ေပးထားလိုက္ရတယ္။ ကုန္ပစၥည္းေတြလည္း ပါသြားတယ္။ ေနာက္တစ္ခုပိုဆိုးတာကေတာ့ ဒီ AIKO solar ကို ျမန္မာျပည္မွာ တစ္ဦးတည္းကိုယ္ စားလွယ္ျဖန႔္တဲ့လူေပါ့ေနာ္။ အဲဒီေတာ့ ပစၥည္းနဲ႔ပတ္ သက္ၿပီးေတာ့ Warranty ကိစၥေတြပါလာတာေပါ့။ AIKO Panel က Performance အေနနဲ႔ဆိုရင္ (၁၅)ႏွစ္ Warranty ေပးရတယ္။ အခုသူတို႔ျဖန႔္လိုက္ တဲ့ပစၥည္းေတြက ကုမၸဏီ Brand နဲ႔သက္ဆိုင္တဲ့ AIKO Panel ကို Market မွာျဖန႔္လိုက္တဲ့အတြက္ ေၾကာင့္ ဘာျဖစ္လာႏိုင္လဲဆိုေတာ့ ဒီ Warranty နဲ႔ ပတ္သက္ၿပီးေတာ့ စကားေျပာစရာေတြျဖစ္လာႏိုင္ တယ္ေပါ့ေနာ္။ အဲဒီေတာ့ ဒါေတြက ပစၥည္းဆုံးရႈံးတာ အျပင္ကို ေနာက္ပိုင္းထပ္ျဖစ္ႏိုင္တာကဘာလဲဆို ေတာ့ ကုမၸဏီရဲ႕နာမည္ကိုပါထိခိုက္ႏိုင္တယ္။ ပ်က္ စီးႏိုင္တယ္ဆိုတဲ့ဟာေတြ ျဖစ္လာႏိုင္တာေပါ့ေနာ္။ အဲဒီေတာ့ ေရွ႕မွာလည္း တခ်ိဳ႕ေသာ ဆိုလာ Brand ေတြက Warranty နဲ႔ပတ္သက္ၿပီးေတာ့ Distributor ေတြ အမ်ားႀကီးမွာ ျပႆနာအမ်ားႀကီးျဖစ္သြားခဲ့ ဖူးတယ္။ AIKO ကစသြင္းလာတဲ့အခ်ိန္ကေန အခု ထက္ထိ ဒီလိုျပႆနာေတြလည္း ဘာမွမရွိေသးဘူး။ အဲဒီေတာ့ ပစၥည္းဆုံးရႈံးတာက လက္ရွိ၊ ေနာက္ပိုင္း ထပ္ျဖစ္လာႏိုင္တာက သူတို႔ေမွာင္ခိုေဈးကြက္ထဲကို ျဖန႔္လိုက္တဲ့ Panel ေတြနဲ႔ပတ္သက္ၿပီးေတာ့ Warranty ျပႆနာေတြပါ အစ္မတို႔ကုမၸဏီက ပတ္သက္ ႏိုင္တယ္ေပါ့ေနာ္။ ေနာက္တစ္ခ်က္က ေတာက္ ေလွ်ာက္သည္ ေမွာင္ခိုသြင္းလာတဲ့ ပစၥည္းမဟုတ္ဘဲနဲ႔ ေမွာင္ခိုပစၥည္းအေနနဲ႔လည္း သူတို႔ကထုတ္သြား တယ္။ ျေမုနအ ထဲကိုလည္း ေမွာင္ခိုေဈးကြက္အေနနဲ႔ လည္းျဖန႔္တယ္။ ေနာက္တစ္ခ်က္ကဘာလဲဆိုေတာ့ ကုန္ပစၥည္းေတြက အလိမ္ခံရတာတင္မဟုတ္ဘဲနဲ႔ Market က ေမွာင္ခိုထဲကိုေရာက္တာအျပင္ကို ဒီပစၥည္း သြင္းလာတဲ့အခ်ိန္ကေနၿပီးေတာ့ အခုထက္ထိက ကုန္ပစၥည္းသည္ ဘယ္နား ဘယ္လိုေရာက္ေနတယ္ ဆိုတာသိေပမယ့္လည္း ငါတို႔ပစၥည္းဆိုၿပီး လုပ္လို႔ရ မေနဘူးေပါ့ေနာ္။ နစ္နာသူဆိုတဲ့ဟာထက္ ပိုဆိုးတာ က ဘယ္ေနရာကို ဘယ္လိုတိုင္ရမွန္းေတာင္မသိဘူး ဆိုတဲ့အေနအထားမ်ိဳးေတြျဖစ္ကုန္တာေပါ့။ ဘာလို႔ လဲဆိုေတာ့ အဖြဲ႕လိုက္ အုပ္စုလိုက္ အရာရာက အ ကြက္က်က်နဲ႔လုပ္သြားတာကိုး။ စုံစမ္းလို႔ရတဲ့၊ သိရွိ လို႔ရတဲ့ Informationေတြေတာ့ရွိတယ္။ ရွိေပမယ့္ လည္း ဒါကေျပာရလို႔ရွိရင္ ဟိုဘက္ကေနၿပီးေတာ့ ဒီဘက္ပို႔လိုက္ၿပီးတဲ့ေနာက္ပိုင္းမွာ ပစၥည္းေတြက ျမင္ ေတာ့ျမင္ေနရတယ္။ ကိုယ့္ပစၥည္းဆိုၿပီး ယူလို႔မရဘူး အရမ္းခံျပင္းဖို႔ေကာင္းတယ္။ ေနာက္ၿပီး ကိုယ့္ရဲ႕ ကုန္ပစၥည္းကို ကိုယ့္အေနနဲ႔ တရားဝင္လိုင္စင္သြင္း တာေတာင္မွ ကိုယ့္ပစၥည္းပါဆိုၿပီး သြားယူတာေတာင္ မွ ဆိပ္ကမ္းကလူေတြက ဘယ္လိုေျပာရမလဲ၊ ေခါင္း စဥ္တစ္ခုနဲ႔လာလိမ္တဲ့လူေတြပုံစံမ်ိဳးေတာင္ သူတို႔က ျပန္ၿပီးဆက္ဆံတာ။ အဲဒါမ်ိဳးေတြေပါ့ေနာ္။ ဒါက သူတို႔ရဲ႕ Market ႀကီးျဖစ္ေနတာကိုး။
ေမး - အစ္မတို႔လိုမ်ိဳး တျခားသူေတြ ျဖစ္တာမ်ိဳးေကာ ရွိလား။
ေျဖ - အမ်ားႀကီးေပါ့ညီမေလးရဲ႕။ အမ်ားႀကီး။
ေမး - ရေနာင္းဘက္က Logistics agent ကက် ေတာ့ ျမန္မာႏိုင္ငံသားလား၊ ထိုင္းႏိုင္ငံသားလား။ သူတို႔နဲ႔စကားေျပာေတာ့ ဘာျပန္ေျပာလဲရွင့္။
ေျဖ - ျမန္မာႏိုင္ငံသား။ သူတို႔နဲ႔ေျပာၾကည့္တဲ့အခါ မွာက်ေတာ့ သူတို႔ဘက္က အခုထက္ထိ ဘာပဲေျပာ ေနလဲဆိုေတာ့ တင္လာတဲ့ပစၥည္းက သူတို႔တင္လာ တဲ့ပစၥည္းရဲ႕ Packing list နဲ႔ေရာက္ေနတဲ့ ပစၥည္းရဲ႕Weight နဲ႔ Size နဲ႔မတူတဲ့အတြက္ေၾကာင့္မို႔လို႔ Custom က ပစၥည္းရွင္းေနတဲ့ေခါင္းစဥ္အေနနဲ႔ပဲရွိေနေသးတယ္၊ သူတို႔ဆြဲထုတ္ေပးတယ္ဆိုတဲ့ ေခါင္း စဥ္နဲ႔ပဲ ရွိေနေသးတယ္ဆိုၿပီးေတာ့ ဒီတိုင္းပဲ ေတာက္ ေလွ်ာက္ေျပာေနတာ။
ေမး - တကယ္ပဲ ပစၥည္းရဲ႕Weight နဲ႔ Size နဲ႔မတူ တာ ေရာက္လာတာလားရွင့္ ။
ေျဖ - အဲဒီလိုျဖစ္ေနတယ္ဆိုတဲ့ေခါင္းစဥ္ တပ္ထား တာ၊ တကယ္ေတာ့ အဲဒီလိုျဖစ္ေနတာမဟုတ္ဘူး။ ရေနာင္းကေန ရန္ကုန္ကိုသြင္းတဲ့အခါမွာ သူတို႔က လိုင္စင္နဲ႔လုပ္တာမဟုတ္ဘဲနဲ႔ ေမွာင္ခိုနည္းနဲ႔ သူတို႔ ကလည္းတင္ေပးလိုက္တာ။ အစ္မတို႔ကသာ လိုင္စင္ နဲ႔ သူတို႔ကိုေလွ်ာက္ခိုင္းတာ။ ဒါေပမဲ့ သူတို႔က လိုင္စင္ လို႔ေျပာၿပီးေတာ့ လိုင္စင္မပါဘဲနဲ႔ တင္ေပးလိုက္တာ။ တင္ေပးလိုက္ၿပီးတဲ့အခါမွာ ဥပမာ အဲဒီသေဘၤာမွာ ပါလာတဲ့ပစၥည္းက Item (၁၀)မ်ိဳးရွိမယ္ေပါ့။ သူတို႔ က (၄)မ်ိဳးပဲလိုင္စင္ျပတယ္။ က်န္တဲ့(၆)မ်ိဳးကို Unlicensed အေနနဲ႔ျပတာ။ အစ္မတို႔ပစၥည္း Unlicensed အေနနဲ႔ကိုဝင္လာတာ။ ဝင္လာၿပီးတဲ့အခါမွာ သေဘၤာဆိပ္ကမ္းကို ဘယ္ေန႔ေရာက္တယ္ဆိုတာ လည္းသိတယ္။ သိၿပီးေတာ့ အဲဒီပစၥည္းေတြကို သူတို႔ ဘယ္အခ်ိန္ကေနၿပီးေတာ့ ဘယ္သူေတြနဲ႔ ဘယ္လို ထုတ္သြားတယ္ဆိုတာလည္းသိတယ္။ အခုေဈးကြက္ ထဲမွာလည္း ပစၥည္း ဘယ္ေနရာေရာက္ေနလဲဆိုတာ သိတယ္။ ဒါေပမဲ့ ဟိုဘက္ က Logistics agent က ေတာက္ေလွ်ာက္ ထိုင္ေျပာေနတာလဲဆိုေတာ့ ခုနက Custom က စစ္ေနတုန္းပဲလို႔ေျပာတာ။ ေနာက္တစ္ခု က သေဘၤာတင္တဲ့သူေပါ့ေနာ္။ သေဘၤာကလည္း အဲဒီသေဘၤာပိုင္ရွင္ေပါ့။ အဲဒီသေဘၤာပိုင္ရွင္ရယ္၊ ေနာက္တစ္ခုကက်ေတာ့ ဒီဟာအေပၚမွာ Custom clearance လုပ္ေပးတဲ့အဖြဲ႕ေတြ အားလုံးေပါင္းၿပီး ေတာ့ ပစၥည္းကိုထုတ္ၿပီးေတာ့ ေရာင္းလိုက္တာ။ ရွင္းရွင္းေျပာရင္။ အဲဒီေတာ့ ေခါင္းစဥ္တပ္ေနတာက Custom စာရင္းမရွင္းရေသးဘူးဆိုတဲ့ေခါင္းစဥ္ တပ္ ေနတာေပါ့ေနာ္။ ျဖစ္တာက ဇူလိုင္လက စျဖစ္တာေပါ့။ အခုဆို စက္တင္ဘာလ ျဖစ္သြားၿပီ။ ႏွစ္လရွိၿပီ။
ေမး - အခုလိုျဖစ္သြားတာနဲ႔ပတ္သက္ၿပီး အစ္မတို႔ ဘာဆက္လုပ္သြားဖို႔ရွိလဲ။
ေျဖ - အဲဒီေတာ့ ဘာလုပ္ထားလဲလို႔ေျပာလို႔ရွိရင္ ေတာ့ အခု သက္ဆိုင္ရာဌာနေတြအကုန္လုံးကို တိုင္ စာေတြပို႔ထားတယ္။ ဌာနေတြဆိုတဲ့ဟာမွာ သမၼတ႐ုံး လည္းပါမယ္။ ျပည္ထဲေရးဝန္ႀကီးလည္းပါမယ္၊ စသုံး လုံးလည္းပါမယ္၊ လႊတ္ေတာ္ဥကၠ႒လည္းပါမယ္။ အ ကုန္လုံးကိုေတာ့ တိုင္စာပို႔ထားတယ္။ တိုင္စာပို႔ထား တဲ့ေခါင္းစဥ္က တရားဝင္လိုင္စင္နဲ႔ သြင္းလာတဲ့ကုန္ ပစၥည္းေပါ့။ အဲဒီေတာ့ ျမန္မာႏိုင္ငံမွာရွိတဲ့ ျမန္မာႏိုင္ငံ ကထုတ္ျပန္ထားတဲ့ Policy အတိုင္းလိုက္နာတဲ့ ကုမၸဏီေပါ့ေနာ္။ အဲဒီကုမၸဏီအေနနဲ႔ မတရား ဒီလို မ်ိဳးလုပ္ခံရတာေပါ့ေနာ္။ အဲဒီေခါင္းစဥ္နဲ႔တင္ထား တယ္။ အဲဒီေတာ့ သက္ဆိုင္တဲ့ဌာနေတြကိုလည္း အေရးယူေဆာင္႐ြက္ေပးဖို႔အတြက္ကို တိုင္ထားတာ ေပါ့ေနာ္။ အခုျဖစ္စဥ္က စာရင္းမွာက ရွစ္မ်ိဳးပဲပါတာ။ တကယ္ ျမန္မာႏိုင္ငံပါလာတာက (၃၅)မ်ိဳး။ အဲဒီ ေတာ့ ဒီမွာရွာၾကည့္လို႔ရွိရင္ အစ္မတို႔ပစၥည္း မေတြ႕ရ ဘူး။ Unlicensed ျဖစ္သြားတာကိုး။ ဘာျဖစ္လို႔ လိုင္စင္ကေန Unlicensed ျဖစ္လဲဆိုရင္ ေမးစရာရွိတယ္။ Conflict ျဖစ္စရာရွိတယ္။ ကိုယ္တိုင္က လိုင္စင္မရွိ ေတာ့ လိုင္စင္ရွိတဲ့ Agent ကို လိုင္စင္ေလွ်ာက္ေပး ပါဆိုၿပီးေတာ့အပ္လိုက္တာ။ သူက လိုင္စင္ေလွ်ာက္ ေပးမယ္လို႔ေျပာၿပီးေတာ့ လိုင္စင္ေလွ်ာက္ထားပါ တယ္၊ ရပါတယ္ဆိုတဲ့စာ႐ြက္လည္း မျပဘူး။ ဟိုဘက္ ကေနထြက္လာတဲ့စာ႐ြက္အတုတစ္ခုျပတယ္။ စာ ႐ြက္အတုတစ္ခုျပၿပီးေတာ့ Okay တယ္ဆိုၿပီး လက္ ခံလိုက္တာ။ ဒီဘက္ေရာက္ေတာ့မွ သေဘၤာမွာ သြားစစ္တဲ့အခါမွာ ပစၥည္းေတာ့ေတြ႕ခဲ့ရတယ္။ အဲဒီ Record aေတြလည္းရွိတယ္။ အစ္မတို႔မွာ Evidence အကုန္ရွိတယ္။ ဒါေပမဲ့ ဒီဟာက ကိုင္တြယ္ေဆာင္ ႐ြက္လို႔ရတဲ့ဌာနဆိုင္ရာကို ေျပာမွရမွာေပါ့ေလ။ အဲဒီ ဟာအတြက္လည္း ေျပာေနတယ္ေပါ့ေနာ္။ ဒါေပမဲ့ နစ္နာတဲ့သူေတြက အဲဒီမွာက သိန္းေပါင္းသိန္းနဲ႔ခ်ီရွိ တယ္။ အဲဒီလူေတြကလည္း သူတို႔က သက္ဆိုင္ရာ သက္ဆိုင္ရာနဲ႔ သြားေနၾကတယ္။ ဒါေပမဲ့ မီဒီယာေပၚ မွာေတာ့ ဒီလိုမ်ိဳးတက္လာတာမရွိဘူးေပါ့ေနာ္။ ႏိုင္ငံ တိုင္းမွာခ်မွတ္ထားတဲ့ စည္းကမ္းေတြရွိတယ္၊ Policy ေတြရွိတယ္၊ ဌာနဆိုင္ရာေတြရွိတယ္။ ဒါေပမဲ့ ဒါ ေတြကို Comply မလုပ္ေနဘူး။ အဲဒီဟာအေပၚမွာ ေမွာင္ခိုလုပ္ေနတဲ့လူေတြအမ်ားႀကီးရွိတယ္။ ဒါေၾကာင့္ ဘာျဖစ္သြားလဲဆိုေတာ့ ရတဲ့ကြန္တိန္နာနဲ႔ ရတဲ့ပစၥည္း နဲ႔ကို လုပ္ငန္းအေနနဲ႔ Customer ေတြကို Distribute လုပ္ရမွာ။ ေဈးႏႈန္းသည္ ေပးထားတဲ့ေဈးႏႈန္းအ တိုင္းပဲ Market မွာ Customer ေတြလိုက္ႏိုင္တဲ့ ေဈးႏႈန္းနဲ႔ပဲသြားမွာ။ ဒါေပမဲ့ အခု တကယ္လုပ္ေနတဲ့ လုပ္ငန္းေတြ အကုန္လုံးရပ္လိုက္ရတယ္။ Customer ေတြလည္း အကုန္ေတာင္းပန္ရတယ္။ အဲဒီ ေတာ့ ေမွာင္ခိုေဈးကြက္မွာ သူတို႔က စီးပြားျဖစ္ေအာင္ လုပ္ၿပီးေတာ့ တကယ္သြင္းတဲ့လူေတြကို စီးပြားပ်က္ ေအာင္လုပ္တာေပါ့။ အဲဒီေတာ့ ေမွာင္ခိုေဈးကြက္ႀကီး လာရင္ ဘာျဖစ္မလဲဆိုေတာ့ ျမန္မာႏိုင္ငံက ဆုတ္ ယုတ္သြားမွာေပါ့။ အခုလည္း ေတာ္ေတာ္ေလးျမင္ရမွာ ပါ။ ပစၥည္းေတြ တစ္ခုခုဝယ္ခ်င္ရင္ Local brand ေတြပဲသုံးလို႔ရတာေလ။ Import brand သုံးလို႔မွ မရ တာ။ အဲဒါ အဓိကဘာလဲဆိုေတာ့ ဒီေမွာင္ခိုေဈးကြက္ က အရမ္းႀကီးစိုးေနလို႔ေပါ့။
ေမး - တိုင္စာက ႏိုင္ငံေတာ္သမၼတ႐ုံးအထိ ပို႔ထား တာလား။
ေျဖ - အကုန္လုံးပို႔ထားတယ္။ ၿပီးခဲ့တဲ့လက UMF- CCI မွာလည္း အဲဒီမွာသြားၿပီးေတာ့ တင္ျပခဲ့တယ္။ အဲဒီအခ်ိန္ေရာက္မွ သိရတာဆိုေတာ့ လူႀကီးေတြက ဘာျဖစ္တုံးဆိုေတာ့ တျခားကုမၸဏီေတြလည္း အမ်ား ႀကီးျဖစ္တယ္။ ဒါေပမဲ့ အဲဒီအခ်ိန္တုန္းကေတာ့ အ ေထြအေထြတင္ျပျခင္းဆိုတဲ့ေခါင္းစဥ္နဲ႔ ဒီတိုင္းေလးပဲ တင္ျပခဲ့တာ သူတို႔ကမသိဘူး။ တကယ့္တကယ္ ေရာက္တဲ့အခ်ိန္က်မွ ဒီျဖစ္စဥ္ကို Power Point နဲ႔ ထိုးျပလိုက္တဲ့အခ်ိန္က်မွ သူတို႔က ဒါ ျဖစ္သြားၿပီဆို ၿပီး။ အဲဒီလိုျဖစ္ေနတာေတြက အမ်ားႀကီး။ ေနာက္ ထပ္ ေကာ္ေစ့ေတြလည္း ျပႆနာျဖစ္ေနၾကတာ သူတို႔တင္ျပတာေတြအမ်ားႀကီးပဲ။ အဓိကက တရား မဝင္ပါလာခဲ့တယ္ပဲထား လက္ခံတယ္။ အစိုးရက သိမ္းသြားရင္ ျပန္ၿပီးေတာ့ ဒီပစၥည္းကို ျပန္ယူလို႔ ရဦးမယ္ေလ။ ေလလံျပန္ဆြဲလို႔ရဦးမယ္။ ဒဏ္ေၾကးနဲ႔ လုပ္လို႔ရေသးတယ္။ အခုက ကိုယ့္ပစၥည္းလည္းျမင္ရ တယ္။ ကိုယ္လည္း ဘာမွလုပ္မရဘူး။ ဒါေပမဲ့ သူတို႔ အဲဒီဘက္ကတာဝန္ရွိတဲ့လူေတြလည္း ေျပာလာ တယ္။ မင္းတို႔က တစ္ေယာက္တည္း၊ ကုမၸဏီက တစ္ခုတည္း၊ ငါတို႔က ဒီမွာ အဖြဲ႕လိုက္ႀကီးတဲ့။ တစ္ ေယာက္နဲ႔အမ်ားနဲ႔ ဒီလိုမ်ိဳးဝင္လုပ္မွာ ခ်မွာလားေပါ့။ အဲဒီလိုမ်ိဳး သူတို႔ေျပာခ်င္တာ။ သူတို႔က ကိုယ့္ကို ျပန္ ၿခိမ္းေျခာက္တာ။ အဲဒီလိုမ်ိဳး၊ ေနာက္ၿပီးေတာ့ ကိုယ့္ ပစၥည္းကိုသယ္သြားတာေတာင္ ကိုယ္က အမွားျဖစ္ တာေနာ္။ ကိုယ္ေတြကပဲ သူတို႔ကိုေၾကာက္ၿပီး သူတို႔ က ျပန္ၿပီးေတာ့ၿခိမ္းေျခာက္တယ္။ အဲဒီလိုျဖစ္ေနတာ။ အဲဒါက အစိုးရတာဝန္ရွိတဲ့လူ။ Custom က ျပန္ ၿပီးေတာ့ မင္းတို႔က တစ္ဦးတည္း သူတို႔ကက်ေတာ့ အဖြဲ႕အစည္းေပါ့ေနာ္။ သူတို႔က အကုန္ပါတယ္။ အမ်ားနဲ႔တစ္ေယာက္ေပါ့။ One for all တို႔ ဘာတို႔ ေပါ့။ အမ်ားနဲ႔တစ္ေယာက္ ျဖစ္ရဲလားေပါ့။ သူတို႔နဲ႔ပါ အဲဒီလိုမ်ိဳးေတြ႕ၿပီး စကားေျပာရတဲ့ အေျခအေန ေရာက္တယ္ေလ။ လာေတြ႕တယ္။ ကုန္ပစၥည္းေတြကို သူတို႔ရဲ႕ဆိပ္ကမ္းနဲ႔ပတ္သက္ၿပီးေတာ့ ကုန္ပစၥည္း ေတြတင္သြင္းတဲ့အခါမွာ သက္ေသအေထာက္အ ထားေတြနဲ႔ Procedure အတိုင္းလုပ္ၾကဖို႔အတြက္ကို ဆိုၿပီးေတာ့ ဌာနေတြအကုန္လုံးေပါင္းၿပီးေတာ့ ေဆြး ေႏြးပြဲလုပ္ၾကတာေပါ့။ အဲဒီမွာ Custom လည္း ပါတယ္။ ၫႊန္ခ်ဳပ္တက္တယ္။ ဒုၫႊန္ၾကားေရးမႉးခ်ဳပ္ တက္တယ္။ ေနာက္ၿပီး သေဘၤာနဲ႔ပတ္သက္တဲ့လူ တက္တယ္။ အဖြဲ႕ေတြအမ်ားႀကီးတက္တာေပါ့ေနာ္။ တက္ၿပီးေတာ့ ေဆြးေႏြးပြဲလုပ္ၾကတယ္။ ေဆြးေႏြးပြဲ လုပ္ၾကတဲ့ရည္႐ြယ္ခ်က္ကေတာ့ သူတို႔ ဒီေရေၾကာင္း နဲ႔ပတ္သက္ၿပီးေတာ့ သြားေနတဲ့ဟာေတြမွာ သူတို႔က Systematic နဲ႔သြားမယ္ေပါ့။ Systematic ေပၚမွာ သူတို႔ထုတ္ထားတဲ့ SOP အတိုင္းထုတ္ျပထားတဲ့ Policy အတိုင္း။ ေနာက္ၿပီးေတာ့ လိုက္နာရမယ့္ စာ ႐ြက္စာတမ္းေတြအတိုင္း သြားမယ္။ မူဝါဒေတြအတိုင္း သြားမယ္ေပါ့ေနာ္။ အဲဒါမ်ိဳးနဲ႔ သူတို႔သြားတဲ့အခါမွာ အစ္မတို႔ကက်ေတာ့ Invite လုပ္ခံရတာ။ ဘာလို႔လဲ ဆိုေတာ့ သူတို႔ ဒီလိုဟာမွာ အမႈေတြ အမ်ားႀကီးတိုင္ခံ ရတဲ့သူေတြထဲမွာမွ အစ္မတို႔ရဲ႕ Case က Solar ျပား ျဖစ္ေနတယ္။ ျမန္မာႏိုင္ငံမွာ စြမ္းအင္က အဓိကလို အပ္ခ်က္ျဖစ္ေနတာကိုး။ စြမ္းအင္လိုအပ္ခ်က္ကို တစ္ဖက္တစ္လမ္းကေန ေထာက္ပံ့ေပးေနတဲ့ လုပ္ ငန္းရွင္ျဖစ္တယ္။ ေနာက္တစ္ခ်က္ကက်ေတာ့ ဒီလိုင္ စင္နဲ႔တင္သြင္းလာတဲ့ဟာအေပၚမွာ Unlicensed အေနနဲ႔ ေမွာင္ခိုအေနနဲ႔ေပါ့ေနာ္။ ေခါင္းစဥ္တပ္ခံရ တယ္ဆိုတဲ့လူေတြက ပစၥည္းပါ ထုတ္လို႔မရဘူးဆိုတဲ့ ေခါင္းစဥ္ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အဲဒီမွာ ေဆြး ေႏြးတင္ျပခြင့္ရတာေပါ့။ အဲဒီလို တင္ျပခြင့္ရၿပီးတဲ့ ေနာက္မွာ အဲဒီကိစၥသည္ သူတို႔ရဲ႕ ဒီ Network မွာ အကုန္ပ်ံ႕သြားၿပီးေတာ့ အဲဒီက သေဘၤာပိုင္ရွင္လည္း လာေတြ႕တယ္။ ေနာက္ၿပီးေတာ့ Custom ကဆိုတဲ့ တစ္ေယာက္လည္းလာေတြ႕တယ္။ လာေတြ႕တဲ့အခါ မွာေျပာသြားတဲ့ဟာက ခုနကလိုမ်ိဳးေပါ့။ ဒီ ျဖစ္သြားတဲ့ ဟာအေပၚမွာ နင္တို႔က တစ္ေယာက္တည္းေပါ့။ ငါတို႔က အမ်ားအဖြဲ႕လိုက္ႀကီး လုပ္ရဲလားေပါ့။ လုပ္ရ မွာေပါ့။ ပစၥည္းျပန္ရလိုမႈဆိုတာထက္ မတရားလည္း ခံရေသးတယ္။ ၿခိမ္းေျခာက္တယ္ဆိုတဲ့ အဆင့္ေတြပါ ျဖစ္လာတဲ့အခါမွ ဒါက ရပ္တည္ရမယ္ဆိုတဲ့ဟာမ်ိဳး တစ္ခုေပါ့ေနာ္။ ႏိုင္ငံေတာ္ကက်ေတာ့ သူ႔ရဲ႕ ခ်မွတ္ ထားတဲ့လမ္းစဥ္ေတြအတိုင္း သြားေနတယ္။ ဒါေပမဲ့ တခ်ိဳ႕ေသာလူနည္းစုက ဒီလမ္းစဥ္ေတြမဟုတ္ဘဲ သူ႔ အတြင္းထဲကလူကပဲ လႈိက္စားၿပီး ဖ်က္ဆီးေနတာေပါ့။ အဲဒီေတာ့ အဲဒီဟာအေပၚမွာ အစ္မတို႔ကေတာ့ ရပ္ တည္မယ္ဆိုတဲ့ဟာတစ္ခုနဲ႔သြားတာေပါ့။
ေမး - တိုင္စာပို႔ထားတာေတြေကာ ၾကာၿပီလား။
ေျဖ - ႏွစ္ပတ္ေလာက္ေတာ့ရွိၿပီ။ အမႈဖြင့္လိုက္မယ္။ အမႈဖြင့္ၿပီးေတာ့ တိုင္ၿပီးေတာ့ ပစၥည္းလည္း ဘယ္မွာ ရွိတယ္။ ဘယ္သူေရာင္းမွန္းလည္း သိၿပီ။ အမႈဖြင့္ လိုက္မယ္ဆိုတာတိုင္ေပမယ့္ ရဲက အမႈမဖြင့္ေပးခ်င္ ဘူး။ ဌာနဆိုင္ရာေတြက အမ်ားႀကီးပါေနတယ္။ ဘာ လို႔လဲဆိုေတာ့ တိုင္ၾကားစာက ေပၚထြက္လာရင္လူႀကီး ေတြသိမယ္ဆိုရင္ေတာ့ အမႈဖြင့္ခ်င္တာေတာင္ ဖြင့္မရဘူး ျဖစ္ေနတယ္။ အဂတိလည္းတိုင္ထားတယ္။ တရားမဝင္တာလည္းပါတယ္ တိုင္ထားတာက။ အဲဒီ ေတာ့ အစ္မတို႔က အမႈဖြင့္ဖို႔ဟာအတြက္မွာ တိုင္ထား တဲ့တိုင္ၾကားစာကေနၿပီးေတာ့ အစ္မတို႔အမႈကို ျပန္ ခ်ေပးၿပီးေတာ့ ဘယ္က ဘယ္သူက ေဆာင္႐ြက္ပါဆို တဲ့ၫႊန္ၾကားခ်က္ကို အစ္မတို႔ ေစာင့္ေနတာေပါ့ေနာ္။ အခုျဖစ္တာက ေျပာရလို႔ရွိရင္ တျခားသူေတြနဲ႔ယွဥ္လို႔ ရွိရင္ေတာ့ ျဖစ္တဲ့ပစၥည္းက အေရအတြက္ နည္းခ်င္ နည္းမယ္။ ဒါေပမဲ့ အစ္မတို႔လိုျဖစ္တဲ့သူေတြက အ ရမ္းမ်ားတယ္။ အဲဒီလိုျဖစ္ၿပီးေတာ့ ဘာျဖစ္လဲဆိုေတာ့ ဘယ္သူ႔ကိုတိုင္လို႔တိုင္ရမွန္း မသိဘူး။ ဘယ္သူက အေရးယူလို႔ယူမွန္းမသိဘူးဆိုတဲ့လူေတြ မ်ားလာ တာေပါ့ေနာ္။ ဒီဟာအေပၚမွာ အစ္မတို႔သည္ Stand လုပ္မယ္ဆိုတဲ့ဟာကို ရည္႐ြယ္တာေပါ့ ။
ေမး - ဆိုလာကေကာ အခ်ပ္ဘယ္ေလာက္ပါသြားလဲ။
ေျဖ - ကြန္တိန္နာတစ္လုံးမွာ အခ်ပ္ (၇၂၀)ပါတာ။ အဲဒီေတာ့ အစ္မတို႔ ကြန္တိန္နာႏွစ္လုံးျဖစ္တဲ့အတြက္ ေၾကာင့္မို႔လို႔ အခ်ပ္က (၁၄၄၀)ေပါ့။
ေမး - ပိုက္ဆံပမာဏက်ေတာ့ ဘယ္ေလာက္မ်ား လဲရွင့္။
ေျဖ - သိန္း(၉၀ဝဝ)ရွိတယ္။ သိန္း (၉၀ဝဝ)ေက်ာ္ မွာေပါ့ေနာ္။ ေတာ္ေတာ္မ်ားမ်ားျဖစ္ေနၾကတာ။ အခု ေတာ့ လုပ္ငန္းေတြမလည္ပတ္ေတာ့ဘူးေပါ့။ ပစၥည္း ေရာက္မွ လုပ္ငန္းကလည္ပတ္မွာေလ။ Overhead ေတြရွိတယ္။ Overhead ကထမ္းရတာေပါ့။ ဧၿပီက စၿပီး လုပ္ငန္းေတြကရပ္ေနတာ။ တကယ္အလုပ္လုပ္ တဲ့လုပ္ငန္းေတြရပ္ကုန္ရင္ Grade ေတြ ဆင္းလာတာ ေပါ့။ တျခားကုန္ေတြသြင္းတာလည္း အဲဒီလိုပဲ။ သြင္း လို႔မရရင္ ဘာမွလုပ္လို႔မရဘူးျဖစ္ေနတာ။ ရက္ (၁၀ဝ)တုန္းကလည္းေစာင့္ရတယ္။ ဌာနဆိုင္ရာမွာ လူအေျပာင္းအလဲေတြကိုလည္း ေစာင့္ရတယ္ လိုင္ စင္ခ်ေပးတဲ့ဌာနမွာလည္း။ အသစ္ဝင္တဲ့ဌာနဆိုင္ရာ အႀကီးအကဲကလည္း ဒါေတြကို Review ျပန္လုပ္ဆို ေတာ့ ေစာင့္ရတာေပါ့။ က်လားဆိုေတာ့ က်မလာဘူး။ သူတို႔က အလွည့္က်ေပးတာေပါ့။ အခုမွ စလွန္ေန တာသူတို႔က။ ဧၿပီ၊ ေမ စာရင္းကိုေပါ့။ အစ္မတို႔က ဇြန္က်ေတာ့မွဆို လိုဦးမွာေပါ့ (၂) လ၊ (၃)လေလာက္ ကို။ (၂)လတစ္ခါေလာက္ခ်ေပးရင္ေတာ့ မဆိုးဘူး။ တစ္ခါတင္ဖို႔ ေျခာက္လေလာက္ Run ရတာဆိုေတာ့။ ေဆာက္လုပ္ေရးသမားေတြလည္း ေတာ္ေတာ္ဒုကၡ ေရာက္တယ္။ အခုျဖစ္စဥ္ဆိုလည္း အဓိကက ေမွာင္ ခိုေဈးကြက္။ ေမွာင္ခိုေဈးကြက္က ပုဂၢလိကလူေတြ မဟုတ္ဘဲနဲ႔ ဒီဌာနဆိုင္ရာလူေတြကပါ ေပါင္းၿပီးေတာ့ ေမွာင္ခိုေဈးကြက္ကို အႀကီးႀကီးတည္ေဆာက္တဲ့အခါ မွာ ပိုၿပီး အာဏာႀကီးသြားတယ္။ အဲဒီေတာ့ အာဏာ ႀကီးသြားတဲ့လူေတြက ဘာျဖစ္လာလဲဆိုေတာ့ အစ္မ တို႔လုပ္ငန္းရွင္ေတြကို ဒုကၡေပးသူျဖစ္သြားၿပီ။ အခုလို လုပ္ငန္းရွင္ေတြ လုပ္ငန္းမလုပ္ေတာ့ဘူးဆိုလို႔ရွိရင္ ဒီထဲမွာရွိေနတဲ့ Consumer ေတြ ဘယ္လိုလုပ္မလဲ။ အကုန္ ျပႆနာတက္ၿပီေပါ့။ အဲဒီေတာ့ Grade နိမ့္တဲ့ဟာေတြ စားရမယ္။ Local ထဲမွာ အစားအ ေသာက္ေတြ ရွားပါးကုန္မယ္။ အဆင့္အတန္းေတြ အရမ္းကိုကြာဟကုန္မယ္။ အဲဒီလိုမ်ိဳးေတြ ျဖစ္ကုန္ၿပီ ေလ။ ေမွာင္ခိုေဈးကြက္ႀကီးက အတိုင္းအတာတစ္ခုထိ မဟုတ္ဘဲနဲ႔ Powerful ျဖစ္လာၿပီဆိုလို႔ရွိရင္ေတာ့ ေသခ်ာတယ္။ ျမန္မာျပည္ရဲ႕ Market က ပ်က္ၿပီ။ ေဈးကြက္ကပ်က္ၿပီ။ အခုလည္း ေတာ္ေတာ္ပ်က္ေန ၿပီ။ ဘယ္ေနရာပဲၾကည့္ၾကည့္ ပစၥည္းဝယ္ခ်င္တာ ပစၥည္းမရွိဘူး။ အလူမီနီယံလာဝယ္တယ္။ တစ္ ေခ်ာင္းဘယ္ေလာက္လဲ (၃၀ဝဝ) တဲ့။ ေဟ့ေရာင္ ငါ (၁၀)ေခ်ာင္းယူမယ္တဲ့။ အဲဒါဆိုရင္ (၇၀ဝဝ)တဲ့။Stock မရွိဘူး။ အဲဒီေတာ့ တစ္ေခ်ာင္းဝယ္ရင္ ေဈး သက္သာတယ္။ အမ်ားဝယ္ရင္ ေဈးပိုႀကီးမယ္။ အဲဒီ လိုျဖစ္သြားၿပီ။
ေမး - Logistics agent ကို အကုန္လုံး ေပးၿပီး သားေပါ့။
ေျဖ - အရင္ စရန္ သိန္း(၅၀)ေပးလိုက္တယ္။ ၿပီး လည္းၿပီးေရာ ပစၥည္းလႊတ္လိုက္ေပး။ ပိုက္ဆံေနာက္ ရက္လာခ်။ မခ်လို႔ရွိရင္ ခင္ဗ်ားတို႔ပစၥည္းက အခုေျပာ တဲ့ဇူလိုင္မွာ ေရာက္မွာမဟုတ္ဘူး။ ခင္ဗ်ားတို႔ကို Pending ျဖစ္မယ္ ပါမယ္ဆိုေတာ့ ပစ္ေပးလိုက္တာ။ ပထမဆုံးလုပ္ဖူးတဲ့လူ။ တစ္ခါမွလည္း မလုပ္ဖူးဘူး။ ပစ္ေပးလိုက္တာ။ အဲဒီေတာ့ ပစၥည္းလည္းဆုံးတယ္။ Logistics ဖိုးလည္းဆုံးတယ္။ ေနာက္ၿပီးေတာ့ အခု ဒီဟာေတြမွာ အမႈကိစၥဟာေတြလည္း ထပ္ဆုံးတယ္။ ဒါေပမဲ့ ရႈံးခ်င္ရႈံးပါေစ။ လာေျပာတဲ့ဟာကို ႀကိဳက္ကို မႀကိဳက္လို႔ လုပ္ကိုလုပ္မွာ။ အခုက ပစၥည္း ျပန္ရျခင္း၊ မရျခင္းထက္၊ အဓိကက အခုလိုမ်ိဳးေတြမႀကိဳက္လို႔။ ႏိုင္ငံေတာ္သမၼတမွာေတာ့ ေပးလိုက္ရတာသိလား ပလန္ေတြလည္းခ်ေနာ္ ပလန္ေတြခ်ၿပီးေတာ့ စက္မႈ ဇုန္ေတြဘာေတြ၊ ေက်း႐ြာမီးလင္းေရး ဒီ Comm- ercial City ေတြကို ဒီ Commercial ဥစၥာေတြျဖစ္ ဖို႔အတြက္ကို စက္႐ုံေတြအတြက္ရေရးဆိုၿပီးေတာ့ လုပ္ေနတယ္။ သြားေတြ႕လိုက္ သြားေတြ႕ၿပီးေတာ့ အလုပ္ လုပ္မယ္လုပ္လိုက္ ပစၥည္းေတြက လိုင္စင္ မက်။ သူရဲ႕သြားခ်င္တယ္ဆိုတဲ့ Platform က Platform ပဲရွိတာေပါ့ေနာ္။ ဘာပစၥည္းမွမရွိတဲ့အခါ ဘာမွ လုပ္လို႔မရဘူး။ ကိုယ့္ဟာကိုယ္ေတာ့ ပေရာဂ်က္ေတြ ကိုလုပ္ခ်င္လို႔ လိုက္ၿပီးေတာ့ အစိုးရကို သြားေျပာေန လုပ္ခ်င္လို႔။ ဟုတ္တယ္။ သူကလည္းေပးတယ္ လုပ္။ ဘာနဲ႔လုပ္ရမလဲ။ ဘာပစၥည္းမွမရွိဘူး။ ဘာမွမရွိဘူး။ ရွိေနတာ ေျမကြက္ေတြပဲရွိတယ္ အဲဒီေျမကြက္ေတြ ေပၚမွာ အစ္မတို႔က ငုတ္တုတ္ထိုင္ေစာင့္ေနတယ္ ပစၥည္းမလာလို႔။ ႏိုင္ငံေတာ္ကသတ္မွတ္ထားတဲ့ (၃) ႏွစ္အတြင္းမွာ ဒီ ဆိုလာနဲ႔ပတ္သက္တဲ့ စြမ္းအင္ဟာ ႀကီးက ဘယ္ေလာက္ တိုးတက္လာရမယ္ ဆိုတဲ့ဟာ က ထိုင္ေအာ္ေန႐ုံရွိတာ ေလ။ ဘာမွမျဖစ္လာေတာ့ဘူး ပစၥည္းမွသြင္းလို႔မရတာ။ အခုဆို စသြင္းတုန္းက အစ္မတို႔ဆီကဝယ္သြားတာ (၅) သိန္း (၃) ေသာင္းပဲ ထား။ အခု ဘယ္ေလာက္လဲ (၇) သိန္း (၄) ေသာင္း။ ပစၥည္းသယ္ခ်င္တယ္ေနာ္ ကိုယ့္ဟာကိုယ္ ကားနဲ႔လာတိုက္။ အထဲထဲမွာ ပစၥည္း ဒီလို ဒီလို တင္ေပးဖို႔အတြက္ကို Forklift ကို Charge ထပ္ ေတာင္းတယ္။ တစ္ခါမွ မၾကားဖူးဘူး။ အစ္မတို႔ပစၥည္း ေရာင္းတုန္းဆိုလို႔ရွိရင္ လိုခ်င္တယ္ ဘယ္ေလာက္ လဲဆိုရင္ Delivery ကို Free ေပးတယ္။ အခုက ဒီထဲက စက္႐ုံထဲကေနၿပီးေတာ့ သူတို႔ကားေပၚတင္တဲ့ Forklift ကိုေတာင္မွ Charge လုပ္တယ္ ပစၥည္းရွိ တဲ့လူက်ေတာ့လည္း။ အဲဒါ ကိုယ္ေတြေရာင္းလိုက္ တာ။ ကိုယ္ေတြဆီကဝယ္ထားတာ လိုေနေတာ့ ျပန္ ဝယ္ရတယ္ သူတို႔ဆီက။
ေမး - အစိုးရနဲ႔ပတ္သက္တဲ့ ဆိုလာပေရာဂ်က္ေတြ အတြက္ သြင္းဖို႔ေတြေကာ အဆင္ေျပလား။
ေျဖ - အခု ပုံမွန္အတိုင္းဆို MIC Permit နဲ႔ သြား တာေပါ့။ အစိုးရက ေျပာတဲ့လုပ္ငန္းေတြေပါ့။ အဲဒီ လုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီး ဆိုလို႔ရွိရင္ေတာ့ အစိုးရ Project ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အစ္မတို႔က MIC လိုင္စင္ကေတာ့ Priority ထဲမွာ ပါမွာေပါ့။ ဒါေပမဲ့လည္း အခုဟာက အဲဒီလိုေတာင္မွ ဟုတ္ခ်င္ မွ ဟုတ္ေတာ့မယ္ဆိုတဲ့ဟာမ်ိဳး ျဖစ္ေနတာကိုး။ အဲဒီ ေတာ့ အရင္တုန္းက Private Project နဲ႔ Tender Project နဲ႔ဆိုလို႔ရွိရင္ Tender Project အတြက္က အစ္မတို႔က လိုင္စင္စိတ္ပူစရာမရွိဘူး။ သူတို႔ရဲ႕ ဒီဟာ Plan ေပါ့။ Plan ထဲမွာပါတာျဖစ္တဲ့အတြက္ေၾကာင့္မို႔ လို႔ Plan က ဥပမာ လာမယ့္ႏွစ္ First Quarter မွာ ျဖစ္ရမယ္လို႔ေျပာလို႔ရွိရင္ ပစၥည္းသည္ First Quarter ထဲရေအာင္လို႔တင္တယ္ဆိုရင္ ႏိုင္ငံေတာ္အစိုးရရဲ႕ ဌာနရဲ႕ရည္မွန္းခ်က္ျဖစ္တဲ့အတြက္ေၾကာင့္ ဒီကာလ အတြင္း က်ေအာင္လို႔လုပ္တဲ့ Project ပါ ဆိုလို႔ရွိရင္ လိုင္စင္က အစ္မတို႔ေစာက်မွာေပါ့။ ဟိုဘက္က Distributor ေတြကလည္း ပစၥည္းအရမ္းေရာင္းခ်င္တယ္။ ဒီေန႔ပဲ တစ္ေယာက္ကလာေတြ႕သြားၿပီ မဝယ္ၾက ေတာ့ဘူးလား ဘာျဖစ္သြားလဲဆိုေတာ့ ေျပာျပလိုက္ တယ္။ အဲဒီေတာ့ ဒါက်ေတာ့ သူတို႔လည္းကယ္လို႔မရ ဘူးေလ။ အခု Expo ေတြလုပ္လည္း စည္မွာမဟုတ္ ဘူး။ Expo ေတြက သီတင္းကြၽတ္ရင္ လုပ္ၾကၿပီေလ။ ပစၥည္းေတြက သူတို႔လာျပတာေလ။ သူတို႔လာျပတာ ေကာင္းလိုက္တာ သုံးခ်င္လိုက္တာပဲ ရွိတာ သြင္းလို႔မွ မရတာ။ သြင္းလို႔မရဘူး Border ကလည္း အခုက ကြန္တိန္နာလုံးေတြလည္း ေပ်ာက္ေနတာေတြ အမ်ား ႀကီးေလ။ အဲဒီ Border က ေၾကာက္ဖို႔ေကာင္းတယ္ ေနာ္။ အလုံးလိုက္ေပ်ာက္တာေလ။
ေမး - အခုလို ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ ရွင့္