
ပုလဲ (NP News) - အောက်တိုဘာ ၂၆
ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် အထောက်အထားမဲ့မြန်မာအလုပ်သမားများ တရားဝင်နေထိုင်၊ သွားလာလုပ်ကိုင်ခွင့်နှင့် ဥပဒေပါအကျိုးခံစားခွင့်များရရှိနိုင်ရေးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက် သေခံ လက်မှတ် (Certificate of Identity – CI) ထုတ်ပေးရေးစခန်း (၅) ခုကို စမုစခွန်၊ စမုပရာ ကန်၊ ဆူ ရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော်လည်း မြန်မာ ထိုင်း နယ်စပ်တွင်နေ၍ မြန်မာပြည်တွင်း၌ အကြမ်းဖက်လုပ်ငန်းများ အားပေးလုပ်ဆောင်နေပြီး ထိုင်းနိုင်ငံ အ တွင်း တရားမဝင် ဝင်ထွက်သွားလာလိုသည့် အကြမ်းဖက်အဖွဲ့ဝင်များကို CI များထုတ် မပေးသည့်အ တွက် ၎င်းတို့အနေဖြင့် CI လုပ်ငန်းစဉ်ပယ်ပျက်ရေးအတွက် လှုံ့ဆော်နေမှုများနှင့်ပတ်သက်၍ ထိုင်း နိုင်ငံရောက် မြန်မာလုပ်သားများနှင့်နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးနှင့် NP News တို့ ဆွေးနွေးထား သည်များကိုကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - CI နဲ့ပန်းရောင်ကတ်က ဘယ်လိုကွာလဲ၊ သူတို့နှစ်ခုရဲ့ကွာခြားချက်က ဘာလဲဆိုတာလေး နည်းနည်းလောက် ရှင်းပြပေးပါလား။
ဖြေ - ပန်းရောင်ဘတ်ကတ်ကတော့ ထိုင်းနိုင်ငံမှာ တရားမဝင်ရောက်လာတဲ့လုပ်သားကို ပန်းရောင်ကတ် ထုတ်ပေးတယ်။ ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့်ရတယ်။ ပြီးတော့ သူတို့က အလုပ်လုပ်တဲ့အချိန်မှာ လည်း ဒီ CI စာအုပ်ရှိတဲ့သူလိုမျိုး၊ ပတ်စ်ပို့စာအုပ်ရှိတဲ့သူလိုမျိုး မိမိနေထိုင်တဲ့ခရိုင်ကနေပြီးတော့မှ တ ခြားခရိုင်ကိုသွားရတာတွေ ဘာတွေမရှိဘူး။ နယ်ကျော်၊ ခရိုင်ကျော်၊ တိုင်းကျော်၊ ပြည်ကျော် သွားလို့ မရ ဘူးပေါ့။ ပြီးရင် အလုပ်ရှင်ပြောင်းတာတွေ၊ လုပ်ငန်းခွင်ပြောင်းတာတွေကို အလွယ်တကူပြောင်းလို့ မရ ဘူး။ ပြီးတော့ သူတို့က ဒီဘတ်ကတ်နဲ့နေပြီဆိုလို့ရှိရင် ဒီဘတ်ကတ်က တရားဝင်ရွှေ့ပြောင်းလုပ်သား တစ်ယောက်ရဲ့ အမြဲတမ်းအထောက်အထားမဟုတ်တဲ့အတွက်ကို သူတို့က ဒီတရားဝင်ရွှေ့ပြောင်းလုပ် သားတွေလိုအခွင့်အရေးတွေ၊ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဒါတွေ သူတို့ရမှာမဟုတ်ဘူး။ ဥပမာ လူ မှု ဖူလုံရေးကပေးတဲ့အခွင့်အရေးတို့၊ အလုပ်သမားကိုပေးတဲ့ နစ်နာဆုံးရှုံးမှုအခွင့်အရေးတို့ သူတို့ရမှာမ ဟုတ်ဘူး။ သူတို့ဘတ်ကတ်က အတိုင်းအတာတစ်ခုအထိပဲ။ ထိုင်းအစိုးရကနေပြီးတော့ ယာယီ နေထိုင် ခွင့်အဖြစ်ထုတ်ပေးထားရတဲ့ကတ်။ မြန်မာနိုင်ငံ အိမ်ရှင်နိုင်ငံကနေပြီးတော့မှ ကလေးတွေကို ပတ်စပို့စာ အုပ်သော်လည်းကောင်း၊ ဒီ CI စာအုပ်သော်လည်းကောင်း မထုတ်ပေးသရွေ့ကတော့ သူတို့ အဲဒီစာရွက် စာတမ်းနဲ့နေလို့ရတယ်။ ဒါပေမဲ့ ဒီပတ်စပို့တို့ နောက် CI တို့ ဖွင့်တဲ့အချိန်ကျရင် သူတို့က CI စာအုပ်ကို မဖြစ်မနေလုပ်ရမယ်ဆိုတဲ့ပုံစံရှိတယ်။ CI စာအုပ် မလုပ်ရင်တော့ CI စာအုပ်လုပ်ပေးတဲ့စခန်းတွေ၊ CI စာ အုပ်ဖွင့်ပေးတဲ့ရုံးတွေ လုပ်ငန်းစဉ်ပြီးလို့ နားသွားပြီဆိုရင် သူတို့ရဲ့ဘတ်ကတ်က အကျုံးမဝင်တော့ဘူး၊ ထိုင်းမှာ ဆက်နေခွင့်မရတော့ဘူး။ CI မဖွင့်ခင်အထိပဲ ပေးနေထားတာ အဲဒီအထောက်အထားက။
မေး - CI လုပ်ရင်ကော ကုန်ကျစရိတ် ဘယ်လောက်ရှိပြီးတော့ ပန်းရောင်ကတ်၊ ဘတ်ကတ်လုပ်ရင်ကော ကုန်ကျစရိတ် ဘယ်လောက်ရှိလဲရှင့်။
ဖြေ - CI လုပ်ရင်တော့ (၂၆၆၀)ကုန်မှာပါခင်ဗျ။ ပန်းရောင်ကတ်က လက်ရှိ (၄၅၀ဝ)ကနေပြီးတော့ (၆၅၀ဝ)၊ (၇၅၀ဝ)အထိ ကုန်ကျတာရှိပါတယ်။
မေး - အခုဆိုလို့ရှိရင် CI ကိုမလုပ်ဘဲနဲ့ ဘတ်ကတ် တစ်ခုတည်းနဲ့ပဲ ထိုင်းနိုင်ငံမှာ အလုပ်လုပ်လို့ရအောင် လွှတ်တော်တွေဘာတွေမှာ တင်သွင်းတာတွေဖြစ်လာတယ်ပေါ့နော်။ ဆိုတော့ CI မလုပ်ဘဲနဲ့ ဘာကြောင့် ဘတ်ကတ်တစ်ခုတည်းနဲ့လုပ်ခိုင်းချင်တာလဲပေါ့နော် ။
ဖြေ - အခုကျွန်တော်တို့တွေ့ရတာပေါ့နော်။ CI မလုပ်ဘဲနဲ့ ဘတ်ကတ်တစ်ခုတည်းနဲ့နေထိုင်ဖို့Campaign တွေလုပ်နေတာတွေ့ရတယ်။ ပြီးတော့ အဲဒီဟာကိုလုပ်တဲ့ ဦးဆောင်သူတွေလည်း တွေ့ရတယ်။ အဲဒီလူ တွေအတော်များများက ကျွန်တော်တို့နိုင်ငံကနေပြီးတော့ ပြည်ပြေး၊ နိုင်ငံပြေးတွေပေါ့။ အဲဒီ ပြည်ပြေး၊ နိုင်ငံပြေး တရားဝင်မဟုတ်တဲ့လူတွေ၊ Blacklist အသွင်းခံရတဲ့လူတွေ။ အဲဒီ ဆန့် ကျင်ဘက်အဖွဲ့မှာ ပါတဲ့ လူတွေဦးဆောင်ပြီးတော့ လုပ်တာတွေ့တယ်။ ထိုင်းနိုင်ငံမှာ CI လုပ်တဲ့အခါ သူတို့လိုလူမျိုးတွေက CI လုပ်လို့မလွယ်တော့ဘူး၊ မရတော့ဘူး။ အဲဒါကြောင့် သူတို့ကလည်း ဒီ CI ကို မလုပ်စေချင်ဘူးပေါ့ နော်။ ပြောရမယ်ဆိုလို့ရှိရင် ဒီ CI ကိုမလုပ်ရအောင် သူတို့ပြောနေတဲ့အချက်ရှိတယ်။ အဲဒါဘာလဲဆို တော့ စောစောကကျွန်တော်ပြောတဲ့အထဲမှာပါတယ်။ CI လုပ်ငန်းတွေပွင့်လာပြီဆိုလို့ရှိရင် CI လုပ်ငန်း တွေဖွင့်ပြီးတော့ ဥပမာ CI စခန်းတွေ (၃)လ၊ (၄)လပဲဖွင့်တယ်။ ဖွင့်ပြီးသွားပြီဆိုရင် သူတို့ အခုလက်ရှိနေ နေတဲ့ ယာယီနေထိုင်ခွင့်ဘတ်ကတ်က အကျုံးမဝင်တော့ဘူး။ အကျုံးမဝင်တော့တဲ့အခါကျတော့ သူတို့ က CI ကလည်း လုပ်လို့မရလိုက်ဘူး လုပ်ခွင့်မရှိလို့။ ဒီ ဘတ်ကတ်ကလည်း နေလို့မရတော့ဘူးဆိုတော့ သူတို့က တရားဝင်မဟုတ်တဲ့အလုပ်သမားအပြင်ကို အထောက်အထားတစ်ခုမှမရှိတဲ့ Without ပြန်ဖြစ် သွားတာပေါ့။ အဲဒီလိုမျိုး Without ပြန်ဖြစ်သွားတဲ့ အခါကျတော့ ဒီနိုင်ငံရေးနှိုးဆော်သူတွေ၊ နောက် ဆန့် ကျင်ဘက်လုပ်တဲ့လူတွေ ဒီလိုမျိုး ထိုင်းနယ်စပ် ကနေ အဝင်အထွက်လုပ်၊ ထိုင်းထဲကို တရားဝင် မဟုတ် ဘဲနဲ့ သွားနေတဲ့လူတွေပေါ့၊ အဲဒီလူတွေက သူတို့လိုမျိုးပဲ တခြားကလေးတွေကိုပဲ ဆွဲပြီးတော့မှ အဖော် ညှိတာပေါ့။ ကလေးတွေကိုလည်း မလုပ်ဖို့ကို နည်းပေါင်းစုံနဲ့ပြောပြီးတော့မှ သွေးဆောင်နေတာလို့ တွေ့ ရတယ်။
မေး - ပြည်တွင်းကနေပြေးသွားတဲ့သူတွေဆိုတော့လေ။ အကြမ်းဖက်တွေဆိုတော့ အဓိကက ဘယ်လို မျိုးလူတွေ၊ ဘယ်သူတွေလို့သိထားလဲပေါ့နော်။
ဖြေ - အကြီးပိုင်းတွေလည်း ပါတယ်။ အကြီးပိုင်းတွေ ဆိုတော့ လက်ရှိ မြန်မာပြည်မှာလည်း သူတို့နေဖို့ သိပ်အဆင်မပြေဘူး။ ပြီးရင် ထိုင်းထဲမှာလည်း သူတို့ စာအုပ်တွေ ဘာတွေလုပ်လို့ မရဘူးပေါ့နော်။ အဲဒီ လိုမျိုးလူတွေက အခု ကျွန်တော်တို့တွေ့ရတာတော့ ဒီဟာကိုလုပ်တဲ့လူက ကျွန်တော် အမည် မပြောပြ ချင်ဘူးပေါ့၊ အဲဒီတစ်ယောက်က ထိုင်းကနေပြီးတော့ ဦးဆောင်သူတစ်ယောက်ရှိတယ်။ နောက် သူတို့ရဲ့ ဖိတ်ခေါ်မှုနဲ့ပါလာတဲ့သူကတော့ မြန်မာပြည်က နေမျိုးဇင် တို့ပါတယ်။ ပြီးရင် အရင်တုန်းက အလုပ် သမားကူညီစောင့်ရှောက်ရေးအဖွဲ့လုပ်ခဲ့တဲ့ ဟို AAC အဖွဲ့က ရဲမင်းတို့ပါတယ်။ ထိုင်းမှာရောက်နေတဲ့ ငစည်ပေါ့။ ငစည်တို့ပါတယ်။ ၎င်းနည်းတူပေါ့ သူတို့နဲ့ ရဲမင်းတို့နဲ့ အတူတူ တစ်ဖွဲ့တည်းလုပ်ခဲ့ဖူးတဲ့ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့လုပ်ခဲ့ဖူးတဲ့ ဦးခိုင်ကြီးခေါ် ဦးလှခိုင်၊ သူတို့လည်းပါတယ်။
မေး - CI လုပ်ငန်းစဉ်က တရားမဝင်သွားတဲ့ မြန်မာလုပ်သားတွေအတွက်ကို ခက်ခဲတာလား။ သက် ရောက်မှုရှိနေတာလား။ ဒါမှမဟုတ် သူတို့ ခုနကပြောခဲ့တဲ့ ပုဂ္ဂိုလ်တွေ။ ပြီးတော့ အကြမ်းဖက်အဖွဲ့တွေ ပေါ့နော်၊ ထိုင်းကို ခဏခဏ ဝင်လိုက်ထွက်လိုက်နေတဲ့အကြမ်း ဖက်အဖွဲ့တွေ၊ သူတို့ကိုပဲ အခက်အခဲ ဖြစ်စေတာလားပေါ့နော် CI က။
ဖြေ - ထိုင်းကိုရောက်နေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကိုတော့ အခက်အခဲမဖြစ်စေဘူး။ သူတို့ ကို အထောက်အကူပြုတယ်။ သူတို့အတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေနဲ့ သူတို့အတွက် ရသင့်ရ ထိုက်တဲ့ CI ရဲ့အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ သူတို့ကို တရားဝင်လုပ်သားဖြစ်အောင် လုပ်ပေးနေတာဖြစ်တဲ့အတွက် သူတို့အတွက်တော့ အခက်အခဲမ ဖြစ်နိုင်ဘူး။ အခက်အခဲဖြစ်နိုင်တယ်ဆို တာ ဒီနိုင်ငံရေးလှုပ်ရှားနေသူတွေပေါ့နော်။ ကျွန်တော်တို့ဆီက ပြည်ပြေးတွေပေါ့။ သူတို့အတွက်တော့ အခက်အခဲဖြစ်နိုင်တယ်။ သူတို့က လွယ်လွယ်ကူကူ စာအုပ်လျှောက် လို့မရတဲ့အနေအထားတစ်ခုမှာ ဖြစ်နေတယ်။
မေး - CI တွေမလုပ်ရတော့ဘူးဆိုလို့ရှိရင်ကော အခုတရားမဝင်ရောက်သွားတဲ့ရွှေ့ပြောင်းမြန်မာ လုပ် သားတွေ ဘာတွေရင်ဆိုင်ရနိုင်လဲပေါ့နော်၊ သူတို့တွေ ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ - သူတို့အတွက်တော့ တကယ်လို့သာ CI သာ မလုပ်ရဘူး ဒါမှမဟုတ် CI အစားလည်း တခြားတစ် ခုမှ မလုပ်ရတော့ဘူးဆိုလို့ရှိရင်တော့ သူတို့တွေက Automatic တရားဝင်အလုပ်သမားဖြစ်ခွင့်မရှိတော့ ဘူး။ တရားဝင်အလုပ်သမားဖြစ်ခွင့်မရှိတော့ဘူးဆိုလို့ရှိရင် ဒီရွှေ့ပြောင်းလုပ်သားတွေအားလုံးက သူတို့ရဲ့ အခက်အခဲတွေ အများကြီးဖြစ်ပါမှာ။ အခက်အခဲဆိုတော့ ဒီဘတ်ကတ်တစ်ခုတည်းနဲ့နေမယ်ဆိုရင် ဒီ ဘတ်ကတ်က စောစောကပြောသလိုမျိုးပဲ။ သူ့ရဲ့ သူဌေးရှိတဲ့၊ လိပ်စာမှာရှိတဲ့သူ့ခရိုင်ပေါ့၊ အဲဒီ ခရိုင် တစ် ခု၊ မြို့နယ်တစ်ခုမှာပဲ သူတို့က သွားလာနေထိုင်ခွင့်ရမယ်။ အဲဒါပဲ ထိုင်းအစိုးရကနေပြီးတော့မှ လက်ခံ မှာပဲ။ အဲဒီလိုနေတဲ့အခါမှာလည်း ဒီကလေးတွေက သူတို့ကလည်း တခြား MOU နဲ့လာတဲ့ တရားဝင် လုပ်သားတွေလိုမျိုး ဒါမှမဟုတ် အရင်တုန်းက CI ရထားတဲ့တရားဝင်လုပ်သားတွေလိုမျိုး၊ ပတ်စ်ပို့စာ အုပ်နဲ့နေတဲ့ တရားဝင်လုပ်သားတွေလိုမျိုး လုပ်ခ လစာကိုလည်း ကောင်းကောင်းရမှာ မဟုတ်ဘူး။ သူများနဲ့တန်းတူရမှာမဟုတ်ဘူးသူတို့က။ အလုပ်ခွင်တွေမှာ ထိခိုက်နစ်နာမှုတစ်ခုခုဖြစ်ခဲ့တယ်ဆိုလို့ ရှိရင် ဥပမာ တရားဝင်လုပ်သားတစ်ယောက်ဆိုလို့ရှိရင် ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လို့ အသက်ဆုံးရှုံး သွားတဲ့အထိဖြစ်ခဲ့တယ်ဆိုရင် အနည်းဆုံး ဘက်ငွေ (၆)သိန်းကနေပြီးတော့ ဘတ်(၁)သန်းနဲ့(၂)သန်း အထိကိုရမယ်။ ဒါပေမဲ့ တကယ်လို့သာ စာအုပ်တွေမရှိဘူး၊ ဘတ်ကတ်နဲ့ နေမယ်ဆိုရင် သူ့သူဌေးဆီက ပေးတာလောက်သာရမယ်။ သူ့သူဌေးဆီကမပေးဘူးဆိုလို့ရှိရင်လည်း သူတို့က တရားဝင်လုပ်သား မဟုတ်တဲ့အတွက် လိုက်ပြီးတော့ဖြေရှင်းဖို့ အခက်အခဲရှိနိုင်သလို ဖြေရှင်းတဲ့ အချိန် မှာလည်း တရားဝင် လုပ်သားတွေလိုမျိုး သူတို့က အခွင့်အရေးမရတော့ဘူး။ သူတို့ရလို့ရှိရင် ညှိနှိုင်းတဲ့ ပုံစံမျိုးပဲ၊ နစ်နာကြေး ပဲသူတို့ရမှာ။ ဘာလို့ဆို သူက တရားဝင်လုပ်သားမဟုတ်တဲ့အတွက် အဲဒီလို နစ်နာမှုတွေဖြစ်မယ်။ ပြီးရင် အလုပ်ရှင်တွေက သူတို့ကို အချိန်မရွေး အလုပ်ထုတ်လို့ရသလို အလုပ်ဖြုတ်လို့ရတယ်။ တရားဝင် လုပ် သားဆိုရင်တော့မရဘူး အဲဒီလိုလုပ်လို့။
မေး - အခုထိုင်းမှာပေါ့နော်။ CI နဲ့နေတဲ့သူကကျတော့ ဘယ်လောက်များလဲ။ ပြီးတော့ CI ကြောင့် သူတို့ ကို ဘယ်လောက်အထိ အထောက်အကူပြုနေလဲပေါ့နော်။ နောက်တစ်ခုကကျတော့ ခုနက CI ကိစ္စကို ဖျက်စေချင်တဲ့ နေမျိုးဇင်တို့လိုအဖွဲ့တွေပေါ့နော်။ အဲဒီလိုလူမျိုးတွေကကော ဘယ်လောက်များလဲပေါ့။
ဖြေ - CI စာအုပ်နဲ့နေတဲ့လူဦးရေက အများကြီးရှိတယ်။ ဒီ CI ထုတ်ပေးထားတာဆိုလို့ရှိရင် လူဦးရေ (၂) သန်းနီးပါးရှိတယ်။ ပြီးရင် အခုထုတ်ပေးရမယ့် လူဦးရေကလည်း (၇)သိန်းကျော်ရှိတယ်။ CI မထုတ်ပေး ဖို့ကိုတောင်းဆိုနေတဲ့အဖွဲ့တွေပေါ့ ဘယ်လောက်ရှိမလဲဆိုလို့ရှိရင် သူတို့ကတော့ အများဆုံးရှိ (၁)သိန်း ဝန်းကျင်လောက်ရှိမှာပေါ့။ သူတို့က ထိုင်း-မြန်မာနယ်စပ်တွေမှာနေကြတာပေါ့နော်။ မြဝတီ၊ မဲဆောက်၊ ဘုရားသုံးဆူ အဲဒီမှာပေါ့နော်၊ CI ကို လုပ်လို့မရတဲ့လူကတော့ အနည်းစုပါပဲ။ ဒီ CI လုပ်ရမယ့် လူကတော့ အများစုပေါ့။
မေး - တကယ်လို့ သူတို့တောင်းဆိုနေသလိုမျိုး သူတို့ဖြစ်စေချင်သလိုမျိုး ဃှု လုပ်ငန်းစဉ်မဖျက်ခဲ့ရင် ကော သူတို့အနေနဲ့ ကြာလေကြာလေ ဘယ်လိုမျိုး အခက်အခဲတွေဖြစ်လာနိုင်လဲ။ ဘယ်လိုရင်ဆိုင်ရနိုင် လဲပေါ့ နေမျိုးဇင်တို့အဖွဲ့တွေကလေ။
ဖြေ - သူတို့တွေကတော့ ထိုင်းထဲမှာ ဘတ်ကတ်သာ ဆုံးသွားတယ်၊ ဘတ်ကတ်လည်းကုန်သွားတယ်။ ဘတ်လည်းအသစ်ထပ်မဖွင့်ပေးဘူး။ CI လုပ်ငန်းပြီးရင်တော့ ဒီဘတ်ကတ်က Automatic သူက သက် တမ်းကုန်သွားတာပေါ့။ အဲဒီလိုမျိုးကျတော့ သူတို့ထိုင်းထဲမှာဝင်ထွက်သွားလာခွင့်မရှိတော့တဲ့အတွက် ကို ဝင်ထွက်သွားလာရတာ သူတို့မရတော့ဘူးပေါ့။ အဲဒီအခါကျတော့ သူတို့ လုပ်ချင်တိုင်းလုပ်လို့မရသ လို ဒီကလေးတွေဆီကပဲ သူတို့ကိုထောက်ပံ့ကြေးတို့ ဒီကလေးတွေကို အမျိုးမျိုးသိမ်းသွင်းပြီးတော့မှ သူ တို့ကလေးတွေဆီက လစဉ်ကြေးကောက်တာတို့ရှိရင်လည်း သူတို့ ဒီကထွက်တာဝင်တာ မရှိတော့ဘူး ဆိုရင် သူတို့ကိုပိုပြီးတော့ အယုံအကြည်မရှိ၊ ထောက်ပံ့ပေးတဲ့သူမရှိတော့ သူတို့အတွက်လည်း နေရမှာ ပေါ့နော်၊ အခုတောင် သူတို့ကတရားဝင်ကြီးသွားလာရတာ မဟုတ်ဘူး။ သူတို့ကလည်း တရားမဝင်တဲ့ လူကုန်ကူး တဲ့ကားတွေနဲ့သွားလိုက်ပြီးတော့မှ သူတို့ရောက်တဲ့နေရာတစ်ခုမှာ မှိန်းပြီးတော့ နေလိုက် တယ်ပေါ့။ အဲဒီဟာတွေပါ ဆုံးရှုံးသွားမှာပေါ့ သူတို့က။
မေး - ထိုင်းအစိုးရဘက်ကကော အဲဒီပေါ်မှာ သူတို့ဘယ်လိုမျိုးသဘောထားလဲ။ ဒီ CI စခန်းတွေအပေါ် မှာလေ၊ ဘယ်လိုမျိုး သဘောထားတယ်လို့မြင်လဲရှင့်။
ဖြေ - ထိုင်းအစိုးရကတော့ အရင်ကတည်းကလည်း လက်ခံတယ်၊ သူတို့ဘက်ကလည်း လိုလိုလားလား တောင်းဆိုတာ။ ဘာကြောင့်လဲဆိုတော့ ထိုင်းမှာရောက်နေတဲ့ တရားမဝင်လုပ်သားတွေကို သူတို့နိုင်ငံ မှာ တရားဝင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့် ဘတ်ကတ်ကိုထုတ်ပေးတယ်။ အဲဒါထုတ်ပေးပြီးပြီဆိုလို့ရှိရင် ဒီကလေးတွေကို နိုင်ငံတကာ ဒီ International Law နဲ့ မငြိအောင်၊ ILO နဲ့မငြိအောင်ပေါ့နော်။ ဒီကလေးတွေက အမြဲတမ်း Without ဖြစ်နေလို့မရသလို အမြဲတမ်းပဲ တရားမဝင် အလုပ်သမားအဖြစ်နဲ့ တရားဝင်အလုပ်သမား မဖြစ်ဘဲနေလို့မရဘူး။ အဲဒါကြောင့် တရားဝင်အလုပ် သမားဖြစ်အောင်ဆိုပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကအစိုးရတွေကို ထိုင်းနိုင်ငံကနေပြီးတော့ တောင်းဆိုခဲ့တာ၊ ထိုင်းနိုင်ငံကပဲကမ်းလှမ်းခဲ့တာ။ ကျွန်တော်တို့နိုင်ငံကရောက်ရှိနေတဲ့ ဒီမှာအခုဆိုရင် သူတို့နိုင်ငံကထုတ်ပေးထားတဲ့ဘတ်ကတ်က လူဦး ရေ (၇)သိန်း (၆)သောင်းကျော်ရှိပြီ။ အဲဒီလူတွေကို မြန်မာနိုင်ငံကနေပြီးတော့ ဒီမှာလာပြီးတော့မှ သက်သေခံလက်မှတ်တွေ အဲဒီလိုမျိုးထုတ်ပေးမှသာ လည်း ဒီကလေးတွေက တရားဝင်လုပ်သားတွေဖြစ်မယ်။ တရားဝင်လုပ်သားတွေဖြစ်မှသာ စက်ရုံ အ လုပ်ရုံကြီးတွေမှာဆိုလို့ရှိရင် တရားဝင်လုပ်သားတွေကိုသာခန့် ရတယ်။ တရားဝင်လုပ်သားတွေကို ခန့် ထားတဲ့အတွက် ဒီကလေးတွေအလုပ်လုပ်တဲ့စက်ရုံတွေကထုတ်တဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံတကာကို ပို့ လို့ရတာ။ အဲဒီလိုမျိုး ကန့်သတ်ထားတာတွေရှိတယ်။ အဲဒါကြောင့် ထိုင်းအစိုးရကတော့ CI ထုတ်ပေးတဲ့ စခန်းနဲ့ပတ်သက်ပြီးတော့ သူတို့ အမြဲတမ်းတောင်းဆိုနေကျ CI စခန်းတွေဖွင့်ဖို့။ ဒီ CI စခန်းဖွင့်တဲ့အပေါ် မှာလည်း သူတို့ အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်။
မေး - CI လုပ်တယ်ဆိုလို့ရှိရင် ဒါ ဘတ်(၂၀ဝဝ)ကျော်လားမသိဘူးကုန်တယ်ပေါ့နော်။ တချို့ဒီမှာပြော နေကြတာပေါ့နော် ဘာကြောင့် CI ကိုဖျက်ချင်တာလဲ ဆိုတဲ့အထဲမှာ သူတို့က ဘယ်လိုမျိုးအကြောင်းပြ လဲဆိုတော့ ဒီ CI လုပ်လို့ရှိရင် ပွဲစားခတွေနဲ့ဘာတွေနဲ့ ဘက်(၁၀ဝဝဝ)ကျော်ကုန်တယ်။ အဲလိုမျိုး အ ကြောင်း ပြနေတာမျိုးတွေလည်းတွေ့ရတယ်။ ဆိုတော့လေ တကယ်ပဲ ဘတ်(၁၀ဝဝဝ)ကျော်လောက် ကျတာမျိုး တွေရှိလား။
ဖြေ - (၁၀ဝဝဝ)ကျော်ကျတာမရှိပါဘူး။ (၂၆၇၀)နဲ့ လုပ်လို့ရအောင်စီစဉ်ပေးထားတယ်။ ဒီ (၂၆၇၀)ဆိုတဲ့ ငွေကို Seven Eleven ဆိုင်တွေမှာသွားပြီးတော့ ငွေသွင်းလိုက်။ သွင်းပြီးလို့ရှိရင် စခန်းတွေမှာလာပြီး တော့ CI စာအုပ်လျှောက်ထားလို့ရတယ်။ CI စာအုပ်လုပ်လို့ရတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ကလေး တွေက သူတို့ကမလာတတ်ဘူး ဒါမှမဟုတ် သူတို့ကိုယ်တိုင်လာပြီးတော့မှမလုပ်နိုင်ဘူးပေါ့နော်။ ဝေးတဲ့ နေရာတွေလည်းရှိတယ်။ အဲဒီလိုမျိုးအချိန်တွေ သူတို့အကျိုးဆောင်ပဲပြောရမယ်ပေါ့။ သူတို့အေးဂျင့်တွေ ပေါ့။ အဲဒီလိုမျိုးလူတွေကို သွားရောက်ဆက်သွယ်ပြီးတော့ လာတဲ့အချိန်မှာ သူတို့ ဟိုဘက်က အကျိုး ဆောင်တွေယူတဲ့ငွေတွေတော့ရှိတယ်။ ဥပမာ လူတစ်ယောက် အပေါ်မှာ (၅၀ဝ) ယူတာတို့၊ နှစ်ဆ လောက်ဖြစ်သွားရင် (၁၀ဝဝ)ယူတာတို့ ဒီဟာပဲရှိတယ်။ ကျွန်တော်တို့ မေးကြည့်တာတော့ တော်တော် များများကတော့ (၁၀ဝဝဝ)နဲ့ချီပြီးပေးရတာတို့ (၈၀ဝဝ)၊ (၉၀ဝဝ) ပေးရတာတို့ တစ်ခါမှမကြားဘူး။
မေး - ဘယ်လိုမျိုးအချက်ကြောင့် ဒီ CI ကို မဖြစ်မနေလုပ်သင့်တယ်လို့ထင်လဲ။ ဘာကြောင့် အဲဒီလိုမျိုး လုပ်သင့်တယ်ဆိုတာလည်း ထိုင်းရောက် ရွှေ့ပြောင်း မြန်မာလုပ်သားတွေကိုကော ဘာမက်ဆေ့ ပေးချင် လဲရှင့်။
ဖြေ - တကယ်တမ်းကတော့ CI ကို မဖြစ်မနေလုပ်စေချင်တယ်ဆိုတာထက်ကို တရားဝင်လုပ်သားဖြစ် အောင် CI ကိုလုပ်စေချင်တာပေါ့။ တရားဝင်လုပ်သားဖြစ်အောင်၊ ထိုင်းနိုင်ငံမှာ Work Permit ရရှိ သွားတဲ့၊ ဘတ်ကတ်ရရှိသွားတဲ့ ရွှေ့ပြောင်းလုပ်သားထက် CI စာအုပ်ရရှိထားတဲ့လုပ်သားက တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရှိပါမယ်။ ပြီးရင် CI စာအုပ် ရသွားရင် တရားဝင်လုပ်သားဖြစ်သွားတဲ့အတွက် ကို ထိုင်းတစ်နိုင်ငံလုံး တရားဝင်သွားလာခွင့်ရတဲ့အပြင်ကို တရားဝင်ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်တွေ ကနေပြီးတော့ ကိုယ့်နိုင်ငံကိုပြန်မယ်ဆိုရင် ပြန်လို့ရတယ်။ ထိုင်းနိုင်ငံကလုပ်ပေးတဲ့ ဘဏ်စာရင်းတွေ ဖွင့်မလား၊ ယာဉ်မောင်းလိုင်စင်လုပ်မလား၊ ဆင်းကတ်တွေကို ကိုယ့်နာမည်နဲ့သုံးမလား လုပ်လို့ရတယ်။ ထိုင်းအလုပ်သမားဝန်ကြီးဌာက တရားဝင်လို့သတ်မှတ်တဲ့အတွက် ခံစားခွင့်တွေအကုန်ရမယ်။ လုပ်ခ လ စာ၊ အချိန်ပို ကြေးတွေကိုသတ်မှတ်တဲ့အတိုင်းရမှာပါ။ CI ဆိုတာက ထိုင်းအစိုးရကလည်းလုပ်စေချင် တယ်။ မြန်မာအစိုးရကလည်း ကိုယ့်နိုင်ငံသားတွေကို တရားဝင်လုပ်သားဖြစ်စေချင်လို့ လာလုပ်ပေးတာ ဖြစ်တဲ့အတွက် နှစ်နိုင်ငံ ဖွင့်ပေးမှလုပ်လို့ရတာဖြစ်တဲ့အတွက် အစိုးရက သတ်မှတ်ကာလအတွင်းမှာ လုပ်ခွင့်ပေးရင် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
မေး - အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင်။
