
သုတကျော်(NP News) - အောက်တိုဘာလ ၂၂
ကသာမြို့သည် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးထိစပ်ရာနေရာအနီးမှ မြို့တစ်မြို့ဖြစ်သည်။ ယင်း မြို့ပတ်ဝန်းကျင်တွင် ယခုလက်ရှိနာမည်ကြီးနေသည့် အင်းတော်၊ ရွှေကူ စသည်ဖြင့် မြို့များလည်းရှိနေ၏။ ကသာမြို့အခြေအနေမှာ အဘယ်သို့ရှိပါသနည်း၊ ဆက်စပ်ဒေသများမှပြည်သူတို့ ဘဝအခြေအနေ လုံခြုံမှုရှိ ပါသလောဆိုသောအခြေအနေများနှင့်ပတ်သက်၍ ကသာမြို့ခံတစ်ဦးထံ ဆက်သွယ်မေးမြန်းထားသည်များ ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - ကသာ၊ နဘား၊ ရွှေကူ၊ အင်းတော် ဒေသဘက် ကအခြေအနေကို အရင်ပြောပြပေးပါလား။ ဘာတွေ ဖြစ်နေလဲပေါ့။
ဖြေ - ဒီဘက်ဝန်းကျင်မှာတော့ အခုစစ်ကြောင်း တွေထိုးထားတယ်။ စစ်ကြောင်းထိုးတာတွေလည်း တော်တော်များတယ်။ တောဘက်အဖွဲ့အစည်းက လည်း ဒီကသာကို (၁၅)ရက်လို့ကြွေးကြော်ထားတယ်။ (၁၄)ရက်နဲ့ (၁၅)ရက်ပေါ့။ ကြွေးကြော်ထားတော့ ဒီမှာလည်း စစ်ကြောင်းတွေထိုးတယ်။ တိုက်ပွဲတွေ၊ ထိုးစစ်ဆင်တာက မြင့်မားနေတယ်။ အင်းတော်မြို့ ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်လေ။ မန္တလေး-အင်းတော်လမ်းမကြီးကို ပြန်ဖွင့်ဖို့အတွက် ကြိုးစားနေတာတော့တွေ့ရတယ်။ ဒါကြောင့်လည်း တော်တော် ထိုးစစ်ဆင်နေတာ။
မေး - ကသာဆိုရင် အရေးပါတဲ့ဒေသတစ်ခုဖြစ်တယ်။ ကသာ-နဘား-မော်လူး စသည်ဖြင့် ဒီခွင်ထဲမှာ အဓိ ကရှိနေတာက ဘယ်အဖွဲ့တွေဖြစ်မလဲ။
ဖြေ - အဓိကရှိနေတာက KIA ရယ်၊ KPDF ရယ် အဲဒါက အဓိကရှိတာပေါ့။ ကျောင်းသားအဖွဲ့တွေ လည်းရှိတယ်။
မေး - ကျောင်းသားအဖွဲ့ဆိုတာက Local PDF တွေကို ပြောတာလား။
ဖြေ - သူတို့ကျတော့ KIA ဆီမှာ အကူအညီမ တောင်းတဲ့အဖွဲ့ပေါ့။ KPDF ကတော့ KIA လက် အောက်ခံပေါ့။ ကျောင်းသားအဖွဲ့ဆိုတာက ထီးချိုင့် ဘက်ကဆုတ်လာခဲ့တဲ့သူများတယ်။ ထီးချိုင့်ဘက် လှုပ်ရှားခဲ့တာပေါ့။
မေး - လက်ရှိ တပ်မတော်ကလည်း ထိုးစစ်ဆင်နေ တယ်။ KIA ဘက်က ဘယ်လိုလိုလားလို့ အဲဒီမှာ တိုက်ပွဲဖော်နေတာလဲ။
ဖြေ - KIA ရဲ့ပုံစံကတော့ သူ့တို့ဟာ လူမျိုးကြီးဝါဒ ကိုစွဲကိုင်တဲ့အနေအထားနဲ့ လုပ်နေတဲ့ပုံစံတွေပါပဲ။ သူတို့ဒေသမှာ စစ်ပွဲတွေဖြစ်တယ်။ ဒါပေမဲ့ KIA ကြောင့် ပျက်စီးလား မပျက်စီးပါဘူး။ သူတို့က လူမျိုး ကြီးဝါဒပေါ့ဗျာ။ အခု ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ် တာ ကြီးကြီးမားမားပျက်စီးတာဆိုလို့ ဗန်းမော်တစ်မြို့ တည်းရှိတယ်။ ကျန်တဲ့နေရာတွေက အဲဒီလိုမရှိဘူး။
မေး - KIA က သူ့ပြည်နယ်ထဲ မထိခိုက်စေချင်ဘူး။ ကျန်တဲ့နေရာဘာဖြစ်ဖြစ်ဆိုတဲ့မူ ကျင့်သုံးနေတယ် လို့မြင်တယ်ပေါ့။
ဖြေ - ဟုတ်တယ်ဗျ။ အဲဒီလိုကျင့်သုံးတယ်။ တခြား ကြားသိရတာက ပဉ္စမံတပ်သားပုံစံ ကချင်ဘာသာရေး အသင်းတချို့က KIA နဲ့ တိုက်ပွဲဖြစ်တော့ ပူးပေါင်း တာတွေရှိတယ်လို့ကြားရတယ်။
မေး - ကသာကနေ မြစ်ကြောင်းတက်မယ်ဆို ရွှေကူ ပေါ့နော်။ ရွှေကူဘက်မှာ လက်ရှိ KIA နဲ့ လက်နက် ကိုင်တွေစိုးမိုးမှုက ဘယ်လိုရှိပါသလဲ။ တလောက ဟို လမ်းမသွားနဲ့ ဒီလမ်းမသွားနဲ့ဆိုပြီး သူပုန်ဘက်က ခြိမ်းခြောက်စာ ထုတ်ထားတာတွေ့လို့ပါ။
ဖြေ - စီးပွားရေးအနေနဲ့ အဓိကစိုးမိုးကြတယ်။ အခု ကသာမှာပိတ်မိနေတဲ့ ကားအစီးရေက ထောင်ပေါင်း များစွာရှိတယ်။ အဲဒါကို လမ်းမပွင့်တဲ့ဒေသမို့လို့ အ ရှေ့ဘက်ကမ်းကိုပို့တဲ့အချိန်မှာ KIA က အဲဒါကိုကူး တာကို (၁၂) ဘီးကားတစ်စီးကို သိန်း(၂၀)၊ ခရီး သည်တင်ကားဆို (၅)သိန်းနဲ့(၁၀)သိန်းကြား စသည် ဖြင့် တောင်းခံမှုတွေရှိတယ်။
မေး - KIA က သူတို့ ဒေသမထိအောင်ကာရင်းနဲ့ ထိုး စစ်လုပ်ခဲ့တယ်လို့ အကြမ်းဖျင်းနားလည်ထားပါ တယ်။ လက်ရှိအခြေအနေကကော ဘယ်လိုရှိပါသ လဲ။
ဖြေ - က သုံးလုံးဒေသ(ကောလင်းခရိုင်၊ ကသာ ခရိုင်၊ ကန့်ဘလူခရိုင်)ကိုသိမ်းပိုက်ချင်တာက သူတို့ ကချင်ပြည်နယ်ကို စစ်ကြောင်းရောက်မလာအောင် လို့လုပ်ထားတာ။ ဒီကောင်တွေ ခံစစ်အနေနဲ့ဆိုပြီး တိုက်ပွဲတွေဖော်ဆောင်တယ်။ က သုံးလုံးဒေသကို ထိန်းချုပ်နိုင်ရင် သွားလာ၊ ဆက်သွယ်ရေးလမ်း ကြောင်းတွေလည်း အဆင်ပြေတယ်ပေါ့။
မေး - KIA ခံစစ်ကကော လက်ရှိမှာ ကောင်းနေ တယ်ပြောမလား။ ဘယ်လိုမြင်လဲ။
ဖြေ - အခုလို စစ်ကြောင်းထိုးတဲ့အချိန်မှာ တိုက်ပွဲ တွေမှာ၊ ထိတွေ့မှုဖြစ်တဲ့နေရာတွေမှာ အများဆုံးရှိ တယ်လို့ကြားရတာတွေက KPDF တွေ အများဆုံး တွေ့ရတယ်။ ပြီးတော့ ကျောင်းသားအဖွဲ့တွေပေါ့။ KIA အများကြီးမပါဘူး။ KIA တပ် အင်အားသုံးတာ အများကြီးမရှိဘူး။ ထိုးစစ်ကို အဲဒီလိုခုခံနေတယ်လို့ မြင်တယ်။
မေး - ကသုံးလုံး ခံစစ်မှာ KIA က သူတို့အင်အား လျှော့ပြီး တခြား လက်ဝေခံတွေကိုအသုံးချပြီး သူတို့ အကျိုးစီးပွားကို ကာကွယ်နေတယ်ပေါ့။
ဖြေ - အဲဒီလိုပြောလို့ရတယ်။ အဓိက ဒီတိုက်ပွဲတွေ မှာဆိုရင်၊ ကသာကိုတိုက်တာဆိုရင် KIA ဘက်က အနည်းအကျဉ်းလောက်ပဲ၊ ခေါင်းပေါင်းလောက်ပဲ ပါလာတယ်။ ကျန်တဲ့တပ်သားတွေကတော့ တခြား သူတွေများပါတယ်ဗျ။
မေး - ဒီနောက်ပိုင်းမှာ တပ်မတော်ဘက်က ထိုးစစ် က ပြင်းထန်လာလား။
ဖြေ - ဒီကောင်တွေက တက်လာရင် ခုခံတာမျိုးမရှိ ဘဲနဲ့ပြေးတယ်။ အခု ထီးချိုင့်-ကသာ (၃၈)မိုင်လမ်း မှာဘာတွေ့ရလဲဆိုရင် တပ်ကတက်လာရင် တော ဘက်အဖွဲ့တွေက လက်နက်တွေကိုဖျောက်တယ်။ ပြီးရင် ပြည်သူတွေကြားမှာ ရောနှောနေတယ်။ တပ် ဘက်က (၃၈)မိုင်လမ်းကိုရှင်းပြီး အထက်ကို ပြန်ရှင်း တဲ့အခါ သူတို့က လက်နက်တွေယူပြီးတော့ တစ်စင် ပြန်ထောင်တာ တွေ့ရတယ်။
မေး - တခြားဒေသတွေမှာ လက်နက်ကိုင်တွေ ကျင့် သုံးသလို ပြည်သူအယောင်ဆောင်လိုက်၊ လက်နက် ပြန်ကိုင်လိုက် ဖြစ်နေတာပေါ့။
ဖြေ - ဟုတ်ပါတယ်ဗျ။ အဲဒီလိုဖြစ်နေပါတယ်။ ပြီးခဲ့ တဲ့နှစ်ပတ်လောက်က မန္တလေးအဝေးသင်သွားတဲ့ ကျောင်းသား(၇)ဦးကို ကသာနဲ့ထီးချိုင်ကြားမှာ PDF ကဆွဲချပြီးတော့ ငွေတောင်းခံတာရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မကြားရတော့ဘူး။ အင်တာနက်လိုင်းတွေလည်းမကောင်းသလို အဖမ်းခံရပြီး ပြန်လွတ်လာတဲ့သူတွေကလည်း ဘာကိုမှမပြောသလို မေးလို့လည်းမရတဲ့အခြေအနေပေါ့။ စိုးရိမ်စိတ်ကြောင့်ပါ။ နှုတ်ပိတ်သတ်ဖြတ်တဲ့ပုံစံတွေက သူတို့ ရှေ့မှာ အများကြီးကြုံထားပြီးပါပြီ။
မေး - အင်းတော်ကို တပ်မတော်က အပြည့်အဝရပြီ ဆိုရင် ဘာတွေ ကောင်းကျိုးရမလဲ။
ဖြေ - အပြည့်အဝထိန်းချုပ်သွားပြီဆိုရင် အင်းတော် နားမှာ မြစ်ကြီးနားလမ်းဆုံရှိတယ်။ ပြီးရင် လမ်းခွဲတွေ အများကြီးပေါ့။ မန္တလေး-မြစ်ကြီးနား အင်းတော်လမ်း လည်းပြန်ပွင့်နိုင်တယ်။ ကုန်သွယ်ရေးတွေပြန်ပွင့်နိုင် တယ်ဆိုတာ အများကြီးရှိပါတယ်။
မေး - မြေပုံကိုကြည့်မယ်ဆို ကသာဟာ အတော်လေး အချက်အချာကျပါတယ်။ KIA နဲ့ သူပုန်တွေဟာ ကသာကိုရချင်တယ်ဆိုတဲ့သဘောထားမျိုးမြင်မိလား။
ဖြေ - ကသာကိုရချင်တယ်ဆိုတဲ့သဘောမျိုး မမြင် ဘူး။ ကသာက အချက်အချာကျတယ်ဆိုတာမှန်တယ်။ ဒါပေမဲ့ ကသာမှာက မြို့တွင်းကလီစာက မကျန်တော့ ပါဘူး။ (ရယ်လျက်)
မေး - ပြည်သူတွေစိုးရိမ်နေတာက ဘာများဖြစ်မလဲ။
ဖြေ - ပြည်သူတွေစိုးရိမ်တာက သွားရေး၊ လာရေး အဆင်မပြေတာရယ်၊ ကချင်နဲ့နယ်စပ်ဒေသဖြစ်တဲ့ အတွက်ကြောင့် ကျူးကျော်လာနိုင်တယ်ဆိုတဲ့ အခြေ အနေကိုကြုံတွေ့ရပြီး မြို့တွင်းမှာလည်း ရှော့တိုက် ဒုံးတွေ တော်တော်ကျပြီး တချို့ဆို ပွဲချင်းပြီးဆုံးတာ။ ဒါကြောင့် မြို့တွင်းမှာနေတဲ့သူတွေကတော့ နည်း နည်းတော့ စိတ်သက်သာရာတော့ မရှိဘူးပေါ့။ ဘယ် အချိန်မှာကျလာမလဲဆိုပြီး ကြောက်လန့်တကြားနေရ တဲ့အခြေအနေ အများကြီးကြုံရတယ်။
မေး - ကသာကို ရှော့တိုက်ဒုံးကျတယ်ဆိုတာ ဒီရက် ပိုင်းလား။
ဖြေ - ကျတယ်ဗျ။ အချက်အချာနေရာတွေကိုပစ် ချင်တယ်ဆိုပေမယ့် သူတို့ပစ်တာက တိကျမှုမရှိတဲ့ အတွက်ကြောင့်မို့လို့ လူနေရပ်ကွက်ထဲကျတာတွေ ဘာတွေဖြစ်နေတာပါ။
မေး - ဒါဆိုတော့ မြို့ခံတွေကကော မြို့မှာ နေရဲကြလား။ တိမ်းရှောင်သူ များလာသလား။
ဖြေ - ဒီမှာက ပြည်သူတွေအနေနဲ့က ဒီထက်မက နာခဲ့ပြီးပြီ။ ကျွန်တော်တို့ဆီက ဥစ္စာပစ္စည်းတွေလည်း စစ်ရှောင်နေရင်းနဲ့ကုန်ခဲ့ကြပြီးပြီ။ သေမထူး နေမထူး ဘဝနဲ့ နေနေကြတဲ့သူတွေချည်းပဲ အကုန်လုံးကတော့။ ဖြစ်ချင်ရာဖြစ် ဖြစ်နေပြီ။ (၂၀၂၃)တစ်ကြိမ်၊ (၂၀၂၄) တစ်ကြိမ် ပြေးခဲ့ရတယ်။ (၂၀၂၅)မှာပြေးရတယ်။ (၁၁)လပိုင်းမှာပဲပြေးခဲ့ကြတာ။ ပြေးရပြီဆိုရင် အိမ်အ ခိုးခံရတာ၊ မီးရှို့ခံရတာ များပြားတယ်။ စစ်ရှောင်ဒေ သမှာ လုပ်ကိုင်စားလို့လည်းမရဘူး။ ပြန်လာပြီဆိုရင် လည်းအကြွေးတွေရှိတယ်။ ပြီးရင် တခြားဒေသမှာ ထက် ကိုယ့်ဒေသမှာ ရှိတာလုပ်စားကြမယ်၊ ပြန်လာပြီးတော့ရင်ဆိုင်မယ်ဆိုပြီး နေ နေကြတဲ့သူတွေချည်း ပဲ။
မေး - ကသာမြို့ခံတွေက မပြေးနိုင်တော့ဘူး။ ဘာ ဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့စိတ် ဝင်လာတာပေါ့။
ဖြေ - ဟုတ်တယ် တချို့ဆိုရင် နိုင်ငံရေးခေတ်မ ကောင်းတုန်းက တပ်မတော်နဲ့တွဲတိုက်မယ်ဆိုတဲ့သူ တွေတောင် ရှိခဲ့ဖူးတယ်။
မေး - ထီးချိုင့်-ကသာ-ရွှေကူပေါ့နော်။ ဒီဒေသ တစ်ဝိုက်ကပြည်သူတွေဟာ တစ်ချိန်က အကြမ်းဖက် အားပေးခဲ့ရင်တောင်မှ အခု သဘောထားပြောင်းလာ တယ်ထင်လား။
ဖြေ - ဒေသခံတွေသဘောထားက အရင်က ရဲရဲ တောက်နီပါတယ်ဆိုတဲ့သူတွေက သူတို့အားပေး ထောက်ခံခဲ့တဲ့အဖွဲ့အစည်းတွေဟာ စီးပွားရေးလုပ်ဖို့ ကြိုးစားနေကြတာမို့လို့ ရွံရှာမုန်းတီးတာတွေဖြစ်လာ တယ်။ ထားပါ။ သူတို့ထောက်ပံ့ပေးခဲ့တဲ့သူတွေက ခရီးသွားတဲ့အခါ သေနတ်နဲ့ နားထင်ထောက်တာတို့ ဘာတို့ဖြစ်တဲ့အချိန်မှာ လုပ်ရပ်တွေမှားမှန်း သိလာ တယ်။ ရွံရှာမုန်းတီးတယ်ဆိုတာ အကုန်လုံးဖြစ်လာ တယ်။
မေး - ပြည်သူတွေစိတ်ပျက်လာတဲ့တစ်ဖက်မှာ သူပုန်တွေက ပိုပြီးကြမ်းတမ်းလာတယ် ထင်လား။
ဖြေ - ကျွန်တော်တို့ပြည်သူတွေ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။ သူတို့စီးပွားရေးပဲ လုပ်နေတယ်လို့မြင် တယ်။ တောင်းရမ်း မရရင် ပိုပြီးကြမ်းတမ်းလာဦးမယ်။
မေး - သူတို့စီးပွားရေးပဲ ပိုအာရုံစိုက်လာတယ်ပေါ့။
ဖြေ - ပိုက်ဆံအရသာကို သူတို့သိသွားတော့ လွယ် လွယ်လက်နက်ချမယ့်အထဲမှာတော့ မပါတော့ဘူး။ (၈၈)တုန်းက သူတွေက နိုင်ငံရေးစိတ်ရှိတော့ နိုင်ငံရေးဆွေးနွေးတဲ့အခါ လက်နက်ချတယ်။ အခုခေတ် ကျတော့ တပ်က အပြီးတိုင်ထိုးစစ်ဆင်ရင်တောင် တောပုန်းအနေနဲ့ ပြည်သူဆီက လုယက်စားသောက် နေဦးမှာ။
မေး - အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်