NP News

ပြည်နယ်၊ လူမျိုးတို့၏ ပိုင်ဆိုင်မှု နှင့် NCA အသံ

NP News - အောက်တိုဘာလ ၁၈

ဒေါက်တာအေးမောင် ( ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ)
နှစ်မျိုးစဉ်းစားရမယ်။ ကျွန်တော်တို့ (၁၉၄၇) ဖွဲ့စည်းပုံ။ အဲဒီမတိုင်ခင် ပင်လုံစာချုပ်။ အဲဒီ မတိုင်ခင် မြန်မာ အင်ပါယာကို ကျွန်တော်တို့ပြောတဲ့ ပုဂံ၊ အင်းဝ၊ ပင်းယ၊ ဒီဘက်က ညောင်ရမ်းတို့ စစ်ကိုင်းတို့ပေါ့ဗျာ။ တောင်ငူတို့ နောက်မှ ကုန်းဘောင်ပေါ့ဗျာ။ အင်္ဂလိပ်သိမ်းတယ် အဲဒီကာလမှာဖြစ်တဲ့ ခေတ်ပြိုင်လေးတွေ ရှိတာကိုး။ ရှမ်းရှိမယ်၊ မွန်ရှိမယ်၊ ရခိုင်ရှိမယ်။ ပြီးမှ မြန်မာဟာ ကိုလိုနီနိုင်ငံအဖြစ်ခံ ရတယ်။ နောက် British Burma မှာ သီးသန့် ကိုလိုနီ ဖြစ်လာတယ်။ Crown ကိုလိုနီ ဖြစ်လာတယ်။ အဲဒီ ကာလမှာ Burma လို့ သုံးတာပေါ့။ ဗမာမဖြစ်ခင် Burma သုံးတယ်။ Burma ကာလမှာ မတိုင်ခင် လွတ်လပ်ရေး ဆုံတဲ့ကာလမှာ သခင် ကိုယ်တော်မှိုင်း ကြီးတို့က ဗမာစာသည်တို့စာ ဒါလေးတွေနဲ့။ သခင်မျိုးဟေ့တို့ ဗမာဆိုတာ ဗမာသည် သခင်မြန်မာကို ကိုယ်စားပြုသလား တစ်ခုစဉ်းစားဖို့လိုမယ်။ တစ်နိုင်ငံ လုံးနဲ့ပတ်သက်တဲ့ အမည်သည် ဗမာကို ကိုယ်စားပြု တဲ့အမည်လားဆိုတာကို သုံးသပ်ကြည့်ရမှာ။ ကျွန် တော်တို့က ပြောတာမဟုတ်ဘူး။ ပြန်သုံးသပ်ဖို့။ ဒုတိယတစ်ချက်က ဒုတိယအကြိမ် ပင်လုံညီလာခံက ပထမလမှာလား မသိဘူး နိုင်ဟံသာ ပြောခဲ့တာရှိ တယ်။ လူမျိုးတစ်မျိုးက တစ်နိုင်ငံလုံးကို ကိုယ်စား ပြုတဲ့အမည်ကို ယူသင့်၊ မသင့် ဆိုတာ ဧရာဝတီမှာ ပါနေတယ်။ ဒါလေးတစ်ခု နိုင်ငံသားတို့ဆိုတာ MNSP မှာပါတယ်။ ဒီလိုပုဂ္ဂိုလ်ကြီးတွေ လက်နက် ကိုင်အဖွဲ့အစည်းတွေက ပြောခဲ့တဲ့ အသုံးအနှုန်း ဆိုတာ သုံးသပ်ဖို့လိုတယ်။ တတိယတစ်ချက်က လက်နက်ကိုင် အဖွဲ့အစည်းတိုင်းမှာ လူမျိုး နာမည် လေးတွေမှာ ဝ ၊ ရခိုင်၊ တအာင်း ၊ ပလောင်၊ ကချင် အကုန်လုံးက သူ့ရဲ့လက်နက်ကိုင် အဖွဲ့အစည်းတိုင်းမှာ သူ့ရဲ့ လူမျိုး နာမည်ပါတယ်။ အခု လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းဖို့ ကြိုးစားတယ်။ အဲဒီတော့ ဝ သည် ပြည်နယ်လို့ တောင်းတယ်။ Wa State က ဗြိတိသျှခေတ်ကတည်းက ရှိတယ်။ Wa State ဆိုတဲ့ ဥစ္စာ Wa လက်နက်ကိုင်အဖွဲ့အစည်း။ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ် NCA စာချုပ်မထိုးတဲ့ အဖွဲ့၊ ထိုးတဲ့အဖွဲ့။ အဲဒါတွေ အကုန်လုံးကို သုံးသပ်ပြီးမှ ကျွန်တော်တို့သည် နိုင်ငံတော်ရဲ့ Territorial Integrity ခေါ်တာပေါ့။ အချုပ်အခြာအာဏာ ရှိတဲ့ နယ်မြေ၊ နယ်နိမိတ် တည်တံ့ခိုင်မြဲဖို့အတွက် နိုင်ငံကို ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို သွားမယ်လို့ NCA စာချုပ်ထဲမှာ တစ်ခါတည်းပါပြီးသား။ အဲဒါကြောင့်မို့လို့ ဒီ NCA စာချုပ်သည် Joint Ownership ဖြစ်တယ်။ အစိုးရပိုင်သလို လက်နက် ကိုင်အဖွဲ့အစည်းတွေလည်း ပိုင်တယ်။ မူလပိုင်ရှင်သည် Joint Ownership နှစ်ခုလုံး ဆွေးနွေးရမယ်။ နှစ်ခုလုံးပူး ပေါင်းပါဝင်ရမယ်။ နှစ်ဖွဲ့‌လုံး အကောင်အထည်ဖော် ပေးရမယ်။ အဲဒီလိုသွားတဲ့ကာလ ငြိမ်းချမ်းမှုကို တည်ဆောက်တဲ့ ကာလမှာ Introduce လုပ်တဲ့ ဥစ္စာ ဖက်ဒရယ်ကိုသွားတဲ့အခါမှာ လူမျိုးကို အခြေမခံ ဘဲနဲ့ ဒေသကို အခြေခံတဲ့ အမည်သုံးသင့်၊ မသုံးသင့်။ လူမျိုးတစ်မျိုးဟာ အဲဒီဧရိယာမှာ (၁၀ဝ) ရာခိုင်နှုန်းတော့ မရှိနိုင်ဘူး။ သို့သော် (၆၀)ရာခိုင်နှုန်း (၇၀) ရာခိုင်နှုန်း အများစုရှိနိုင်တယ်။ သို့သော် သူ့သမိုင်း နောက်ခံ မြန်မာနိုင်ငံစပေါ်လာကတည်းကိုက။ ဥပမာ ပုဂံခေတ်မဟုတ်လား။ အဲဒီခေတ်နဲ့ ခေတ်ပြိုင် သူတို့မှာ ဘာနာမည်ရှိလဲ။ မြန်မာနိုင်ငံ တစ်ခုလုံးကို ငြိမ်းချမ်းအောင် ဒီအစုအဝှမ်းကို လုပ်ကြတဲ့ ညီòတ်မှုကို တည်ဆောက်တဲ့ ကာလမှာ ဝ သည် အင်္ဂလိပ်ခေတ်က Wa State ခေတ်နဲ့ ဝ သည် ဝ ဆိုတဲ့ အမည်ကိုဖျက်ပြီးမှ ဘယ်ဒေသနာမည် တစ်ခုကို သူ သုံးခံပါ့မလား။ အဲဒီတော့ ငြိမ်းချမ်းရေး ဖြစ်စဉ် မှာ အဲဒီလို ကျွန်တော်တို့ စဉ်းစားခြင်းသည် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပျက်သုဉ်းစေမှာလား ပိုပြီး အောင်မြင်စေမှာလားဆိုတာကို စဉ်းစား ဖို့သင့်တယ်။ ကျွန်တော် ဘယ်မှာမှမပြောဘူး။ ကိုယ့်ဟာကို စဉ်းစား ရမှာ။ သမိုင်း နောက်ခံကြည့်ရမှာ။ ပြီးမှ ဆင်ခြင် သုံးသပ်ပြီးမှ အဖြေတစ်ခုထုတ်ရမှာ။ ကောင်းရင် ကောင်းသလိုလုပ်ကြ။ အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်သလို ဖြစ်ဖို့လိုတယ်။ မြန်မာနိုင်ငံကို ငြိမ်းချမ်းအောင် တည်ဆောက်တယ်။ ဒီဟာလေး တစ်ခု အဆိုပြုလိုက်တာ ကောင်းစေလိုလို့ ကျွန်တော်တို့က ဆန္ဒပြုတယ်။ ဒါပေမဲ့လို့ ဆိုးနိုင်တဲ့ အကြောင်းတရား တွေများလာတယ်ဆိုရင် ကျွန်တော်တို့ ပြန်ဆင်ခြင် သုံးသပ်ရမယ်။ ကျွန်တော်တို့ ဒုတိယ အကြိမ် ပင်လုံ ညီလာခံမှာ အမျိုးသား ပြည်နယ် အများစုက မြန်မာနိုင်ငံတော်ကြီးကို ဖွဲ့စည်းတဲ့အခါ လက်နက်ကိုင် အဖွဲ့အစည်းဆိုတာရှိတယ်၊ ပြည်နယ်ရှိတယ် ဗမာ ပြည်နယ်။ အမျိုးသားပြည်နယ်များ ဧရာဝတီဆိုရင် အမျိုးသား ပြည်နယ်ကို လုပ်တယ်။ မန္တလေးဆိုရင် ဘာလုပ်မလဲ စသဖြင့်ပေါ့နော်။ သူတို့လည်းကောင်း စေလိုလို့ပါ။ သင့်၊ မသင့် လူထုရဲ့သဘောထား။ မြန်မာနိုင်ငံကို ကောင်းစေ လိုပြီးကာမှ ပိုဆိုးသွားမယ် ဆိုရင် ကျွန်တော်တို့ ပြန်လုပ်ကြရမယ်။ အကောင်းဆုံး ကို ရွေးနိုင်ပါစေ။ ကျွန်တော်တို့ ဘက်က ဆန္ဒပြု ပါတယ်။ သူ့ဘက်က Roadmap ဖြစ်ဖို့လိုတယ်။ အချိန်ကိုက်ပြောတာပေါ့။ ပြီးရင် သူက ဗဟိုမူဝါဒ ချတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဗဟိုကော်မတီ ဖွဲ့ထားတဲ့ မူဝါဒဆွေးနွေးကြရမှာပေါ့။ အလွတ်သ ဘောတွေလေ။ အပျက် သဘော ပြောတာ မဟုတ်ဘူး။ ကျွန်တော်တို့က အပြုသဘောနဲ့ ဆွေးနွေးမယ်။ ဖြစ်သင့်၊ မဖြစ်သင့်။ ဒါလုပ်ရင် ဒါဖြစ်လာမလား၊ မဖြစ် သင့်ဘူးလား ဒါလေးတွေလည်း ကျွန်တော်တို့တည် ဆောက်ရမှာပေါ့။

နိုင်အောင်မငေး- မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်
သမ္မတကြီးက မနေ့က ပြောသွားတာ မှန်တယ်။ ဒါပေမဲ့ ဒီမေးခွန်းက တော်တော်လေး အကဲဆတ်တဲ့မေးခွန်းဖြစ် တယ်။ ဒါက ကာလကြာရှည်နေတဲ့ နေထိုင်လာခဲ့တဲ့နေရာပေါ့။ ဥပမာဆိုရင် မွန် ပြည်နယ်တို့၊ ရခိုင်တို့ အမျိုးမျိုးပေါ့နော်။ ဒါကလည်း အကဲဆက်တဲ့မွေးခွန်းဖြစ်တယ်။ နောက်တစ်ခုရှိတာက အခုအခြေအနေမှာ တစ်ယောက်နဲ့တစ်ယောက် သံသယစိတ်တွေယုံကြည်မှု တည်ဆောက် တဲ့ကာလဆိုတော့ ဒီကိစ္စကလည်း လောလောဆယ်တော့ ဘာမှ မပြော သေးတာ ပိုပြီးတော့ အခြေအနေ ကောင်းတာပေါ့။ ကိုယ်ပြောလိုက်မှ ကျွန်တော်တို့ရဲ့ တစ်ဖက်နဲ့တစ်ဖက်ရဲ့ ယုံကြည်မှု ဟာ ပိုပြီးတော့ ပျက်စီးမှုဖြစ်လာနိုင်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ သမ္မတ ကြီးပြောတဲ့ Dream ပေါ့။ အိပ်မက်တွေက မှန်တယ်။ တနေ့ကျရင် လုပ်မယ်။ ဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက် အပြည့်အဝ ယုံကြည်လာတဲ့အခါကျရင် နောက်တစ် မျိုး စဉ်းစားမယ်။ အခုက အမျိုးမျိုး ပြောလာကြတယ် ပေါ့နော်။ အမျိုးမျိုးပြောလာကြတယ်ဆိုတာက ပြည်နယ်ကြီးပဲ နာမည်ပြောင်းမလား။ ပြည်ထောင်စု ကိုကော နာမည်မပြောင်းဘူးလားဆိုတဲ့ Comment တွေရှိလာတာပေါ့။ ဒါကြောင့် မို့လို့ ကျွန်တော်တို့ အချင်းချင်း ယုံကြည်မှု သေသေချာချာ ပြည့်ပြည့်ဝ၀ မရသေးတဲ့ကာလမှာ ဒီလိုအကဲဆတ်တဲ့ မေးခွန်းတွေ၊ အကဲဆတ်တဲ့စကားလုံးတွေ ကျွန်တော်တို့ နည်းနည်းတော့ ကျွန်တော်တို့မှာလည်း ထိန်းသိမ်းရသလို နိုင်ငံတော်အကြီးအကဲမှာလည်း ထိန်းသိမ်းရမယ် ဆိုတဲ့သဘောပေါ့လေ။ ဒါက သမ္မတကြီးရဲ့ဆန္ဒပေါ့နော်။ ဒါပေမဲ့ ဒီကိစ္စဖြေရှင်းတဲ့အခါကျရင် အများကြီးပေါ့ အမျိုးသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်း ဆောင်တွေ၊ နိုင်ငံရေး ပါတီအဖွဲ့အစည်းတွေ တကယ့်သေသေချာချာ စဉ်းစားပြီးမှပဲ ဘယ်အခြေခံ ဘာလုပ်သင့်တယ်ဆိုတာ ပြောရမှာပေါ့နော်။ အခု တော့ ဒီဟာက နည်းနည်းတော့ စောလွန်းသေးတယ် လုပ်ဖို့လေ။ ယုံကြည်မှုတောင်မှ တိတိကျကျ ပြည့်ပြည့်ဝဝ မရှိသေးတဲ့ကိစ္စ။ နောက်တစ်ခု ရှိတာက ဖက်ဒရယ်လို့ပြောတဲ့အခါကျရင် သူ့ရဲ့အချက်အလက်တွေက အများကြီးရှိ တယ်။ နာမည်ပြောင်းရုံနဲ့ ဖက်ဒရယ်ဖြစ်တာလည်း မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒီဖက်ဒရယ်ကို လုပ်တဲ့အခါကျရင် လက်တွေ့ဆန်တဲ့ အချက်အလက်တွေပေါ့။ ဘာကိုကျွန်တော်တို့ အရင် ဖြည့်ရမယ်။ အပြန်အလှန် တန်းတူညီမျှမှု၊ အပြန်အ လှန်ရိုးသားမှုတို့ ရှိရမှာပေါ့။ ဒါကိုလည်း တကယ်လုပ် ပြီးမှ အမည်ပြောင်းဆိုတာက လွယ်လွယ်လေးပဲ။ ဒါပေမဲ့ ခုနက အချက်အလက်တွေ မပြည့်စုံသေးဘဲနဲ့ ပြောင်းလိုက်မယ်ဆိုရင် ယုံကြည်မှု ပိုပြီးထိခိုက်လာမှာ ကြောက်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့ကျရင်တော့ ပြောသင့်လာတဲ့ကိစ္စတွေ ဆိုရင်တော့ ပြောရမယ်။ အချိန်အခါမရောက်သေး တော့ မပြောသင့်သေးဘူး။ ဖက်ဒရယ်အဆင့် တည် ဆောက်တဲ့အခါကျရင် အချက်အလက်တွေက အများကြီးလိုတယ်။ အာဏာခွဲဝေမှုကိစ္စတွေရယ်၊ သံယံဇာတခွဲဝေမှုကိစ္စတွေရယ်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဘယ်လိုဖန်တီးမှု ဒါတွေလည်း အများကြီးပြောစရာရှိသေးတယ်။ ဒါကြောင့်မို့လို့ ဒါကို သေသေချာချာ အပြန်အလှန်ဆွေးနွေးပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်ကြည်လင်တဲ့အခါကျရင် အလွတ်သဘောကနေစပြီးတော့ တစ်စထက်တစ်စ ပိုမိုကျယ်ပြန့်အောင် လုပ်ဖို့သင့်တယ်။ နောက်တစ်ခုရှိတာက Political Will ပေါ့လေ။ ဆန္ဒအရေးကြီးဆုံးပဲ။ ဆန္ဒရှိရင် ဘာမဆိုဖြစ်တာ ပေါ့နော်။ ဖြစ်စေချင်တဲ့ဆန္ဒ ရှိရင် ဖြစ်နိုင်တယ်။

NSPNC တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင် (NCA (၁၁) နှစ်မြောက်နှစ်ပတ်လည်အခမ်းအနား အပြီး သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက်ကို ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။)
“မနေ့ကလည်း သမ္မတကြီးရဲ့ မိန့်ခွန်းမှာပါသွားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသားလူမျိုး ပေါင်းစုံပေါ့နော်။ ရောနှောနေထိုင်တဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ကချင်တို့၊ ရှမ်းတို့မှာ ဆိုရင် ရောနှောနေ ထိုင်မှုအရဆိုရင် ကချင်မှာ (၃၈) ရာခိုင်နှုန်း၊ (၃၉) ရာခိုင်နှုန်း စဖြင့် လူမျိုးအမည်ခံနေ ကြပြီးတော့ ဒါကလည်း လူမျိုး ပေါင်းစုံနေထိုင်တဲ့နိုင်ငံဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့ စာရင်းဇယား တွေအရ မိန့်ခွန်းမှာ ခိုင်ခိုင်မာမာ ပြောသွား ပြီးဖြစ်ပါတယ်။ ဒါလည်းမှန်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့က ဖက်ဒရယ်ဆိုတဲ့အပေါ်မှာ လူမျိုးစုနဲ့ပတ် သက်ပြီးတော့ လူမျိုးကို အခြေခံတဲ့ ဖက်ဒရယ် သွားဖို့အတွက် မရနိုင်ဘူး။ မရဘူးပေါ့ဗျာ။ လူမျိုးပေါင်းစုံ နေထိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က ဒေသကို အခြေခံတဲ့ ဖက်ဒရယ်ကိုသွားမယ်ဆိုတာကိုလည်း ကျွန်တော်တို့ NSPNC ဘက်က ဒါကို ဆွဲကိုင်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ဒါတွေကို ဆွေးနွေးတာရှိပါတယ်။ (၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်လည်း ကျွန်တော်တို့က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း။ အဲဒါတွေကိုလည်း (၂၀ဝ၈) ဖွဲ့စည်ပုံအခြေခံဥပဒေမှာ ပေးထားပါတယ်။ ပေးထားပြီးတော့ မြို့နယ်တစ်ခုမှာ လူဦးရေ နေထိုင်တဲ့လူဦးရေ လူမျိုးပေါ့။ (၅၀) ရာခိုင်နှုန်းကျော်မယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဆက်စပ် မယ်ပေါ့။ ဆက်စပ်မယ်ဆိုရင် သူ့ရဲ့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမျိုးတွေ ပေးလို့ရပြီဆိုတဲ့ ဥပဒေ ကလည်းရှိပါတယ်။ အဲဒါကြောင့်လည်း လာဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ကျွန်တော်တို့ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တည်ဆဲဥပဒေအပေါ်မှာ အခြေခံပြီးတော့ ချိန်ညှိပြီးတော့ သူတို့ကိုရှင်းပြတယ်။ ချိန်ညှိပြီတော့ ဥပဒေနဲ့ အညီ ဆိုရင် ဘယ်လိုတွေဆောင်ရွက်ရတယ်။ ကျွန်တော်တို့ ဒီလိုလေးတွေကျွန်တော်တို့ ဆွေးနွေးသွား တာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့သွားသင့် တာကလည်း ဒေသကို အခြေခံတဲ့ ဖက်ဒရယ်ကိုသွားရ မှာဖြစ်ပါတယ်။ သွားတဲ့ အခါမှာလည်း သူတို့နဲ့ ဘယ်လိုပုံစံသွားမလည်းဆိုပြီး သူတို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေအပေါ်ကနေပြီးတော့ပဲ တဖြည်းဖြည်းနဲ့ ဘယ်လိုမျိုးတွေဖြစ်လာမလဲ။ သူတို့ဘက်က ဘယ်လို မျိုးတွေ ပြောဆိုလာမလဲပေါ့။ ကျွန်တော်တို့က တော့ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်ကို ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်တို့ရှင်းပြမယ်။ အဲဒီလိုပဲ သူတို့နဲ့ ချိန်ညှိပြီးတော့ ဘယ်လိုဆောင် ရွက်ရင်ရနိုင်တယ်။ ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာတွေလည်း ကျွန်တော်တို့ ဆွေးနွေးပေးတာရှိတဲ့ အတွက် အဲဒါကတော့ ဆက်လက်ဆွေးနွေးသွားရ မယ်ဆိုတာလေးကို ပြောလိုပါတယ်”

မူရင်းသတင်း — NP News