NP News

"နောက်တစ်ခါ ပြန်ဖြစ်မှာ ကြောက်တာ" ကောလာဟလ လှိုင်းလုံးအောက်က ကျောက်မဲ

သုတကျော် (NP News) - စက်တင်ဘာလ ၂၃
ကျောက်မဲမြို့သည် TNLA လက်နက်ကိုင်အဖွဲ့၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးနောက် တပ်မ တော်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်မှာ ကာလတစ်ခုကြာပေပြီ။ မြို့သူ၊ မြို့သားတို့သည် တရားဥပဒေ စိုးမိုးမှုအောက် ပြန်လည်ရရှိပြီဆိုသော်လည်း စိတ်ဒဏ်ရာတို့ကျန်နေသေးသည်။ ထို့ပြင် ကျောက်မဲမြို့သည် မကြာခဏ ကောလာဟလသတင်းထွက်သောမြို့လည်းဖြစ်သည်။ အခြားဒေသတို့တွင် ကောလာဟလ သည် မယုံကြည်ရသည့်သတင်းဟု အဓိပ္ပာယ်ထွက်သော်လည်း ကျောက်မဲဒေသခံတို့အတွက်မူ စိုးရိမ် စိတ်ကြီးမားသောအကြောင်းအရာဖြစ်သည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ NP News က ဒေသခံတစ်ဦးထံ မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

မေး - လက်ရှိ ကျောက်မဲမြို့ရဲ့အခြေအနေက ဘယ် လိုရှိပါသလဲ။
ဖြေ - ကျောက်မဲမြို့ရဲ့လက်ရှိအခြေအနေတော့ လှုပ်တုတ်တုတ်ပဲ။ (၁၇၊ ၁၈၊ ၁၉) သတိထားဖို့ဆိုပြီး ကောလာဟလ အဲဒီလိုသတင်းတွေတော့ ပေါ်ထွက် နေတယ်။ ဒါပေမဲ့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာလည်း ဘယ် သူမှမသိဘူး။ မေးကြည့်လိုက်တော့ စစ်ဗျူဟာအရမို့ ပြောလို့မရဘူးတဲ့။ အခု နည်းနည်းငြိမ်နေတယ်။ ငြိမ်နေတဲ့ဟာ ဝင်ကြည့်မယ်၊ ဝင်လုံးလို့ရရင် လုံးမယ် ဆိုတဲ့ပုံစံနဲ့။

မေး - အဲဒါကကော ဘယ်သူတွေလဲ။
ဖြေ - ပလောင်နဲ့ PDF နဲ့။ မနေ့ကတောင် မိုင်းငေါ့၊ မိုင်းလုံဘက်မှာ PDF တွေ (၁၀ဝ)လောက် ပြန် ရောက်နေတယ်လို့ပြောလို့။

မေး - အရင်တုန်းကဆိုရင် ကျောက်မဲနဲ့ပတ်သက်လို့ ကောလာဟလသတင်း ခဏခဏထွက်တယ်နော်။
ဖြေ - ဟုတ်တယ်။ ခဏခဏကြားတယ်။ မဖြစ်တာ တွေများတယ်။ ဒါပေမဲ့ ပြောလို့လည်းမရဘူး။ အခု ဟာ သီပေါကလည်း အဲဒီလိုကြားတယ်လေ။ အဲဒါ ကြောင့်ထင်တယ် ဆီဈေးလည်းမကျဘူး။ လားရှိုး၊ နောင်ချို၊ မိုင်းရယ်ဘက်တော့ ဆီဈေးက အစိုးရဈေး အတိုင်းပဲ။ ဒီဘက် ကျောက်မဲ၊ သီပေါကျတော့ အခု ချိန်ထိ (၇၀ဝဝ)ကျော်ကနေမကျသေးဘူး။

မေး - ဘယ်အချိန်တည်းက အခုလို ကောလာဟလ ထွက်တာလဲ။
အဖြေ - ပြီးခဲ့တဲ့တစ်ပတ်ကတည်းက စထွက်လာတာ။ အခု မနေ့တနေ့ကစပြီးတော့ ပိုပြီးတော့ ဟိုလေးတ ကျော်ဖြစ်နေကြတာပေါ့။ ကြားနေတာက ဟို ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကြားနေရတာ။

မေး - မြို့ကလူတွေရဲ့ဆန္ဒကကော။
ဖြေ - ဒီလိုပဲ ဘယ်သူမှမရှောင်တော့ဘူး။ ဘယ်နား ရှောင်ရှောင် သေကံပါသေမှာပဲ၊ မရှောင်တော့ဘူး၊ မပြေးတော့ဘူးပေါ့ ဒီလိုပဲပေါ့။ တော်တော်များများ အဲဒီလိုလည်းဖြစ်ကုန်ပြီ။

မေး - ဘာကြောင့်မရှောင်တော့တာလဲ။
ဖြေ - ဘာကြောင့် မရှောင်တော့တာလဲဆိုတော့ အခုမှ ပြန်လည်ထူထောင်ခါစပဲရှိသေးတယ်လေ။ နေသားမကျသေးဘူးလေတကယ်ပြောရရင်။ နေသားကမကျသေးဘူး၊ တစ်ခါပြန်ပြေးရမယ်ဆို ဘယ်လိုမှအဆင်မပြေတော့ဘူးလေ။ ပြေးဖို့ ငွေ အင်အားလည်းမရှိဘူးပေါ့။

မေး - ပြန်လည်ထူထောင်ရေးက ဘယ်လောက် ပမာဏပြီးနေပြီလဲ။
ဖြေ - မြို့ကတော့ (၇၅)ရာခိုင်နှုန်းလောက်တော့ ရှိပြီ ကျောက်မဲက။ သီပေါကတော့ အဲဒီလောက်မရှိ သေးဘူး။ သီပေါကတော့ (၆၀)လောက်ပဲရှိဦးမယ်ထင် တယ်။ မပြန်လာသေးတာ တော်တော်များတယ်။ တံတားလည်းပိတ်တော့ သိပ်အဆင်မပြေတာလေ။

မေး - အရင်တုန်းက မြို့ကခွာရတဲ့သူတွေအားလုံး ပြန်ဝင်ပြီလား။
ဖြေ - ပြန်ဝင်ပြီ။ လုပ်ငန်းရှင်တွေပဲမဝင်တာ။ မဝင်ဘူးဆိုတာ တချို့ကျ ဟိုဘက်မှာ သွားရင်းပြီးပြီ လေ။ ပြန်မလာတော့ဘူး။

မေး - သူတို့ကျတော့ ဘယ်နေရာတွေရောက်သွား တယ်လို့ ပြောလို့ရလဲ။
ဖြေ - မြို့ကြီးတွေရောက်သွားတာရှိတယ်၊ ရန်ကုန် ရှိတယ်၊ မန္တလေးရှိတယ်ပေါ့ အဲဒီလိုမျိုးတွေ။

မေး - တိုက်ပွဲမရောက်ခင် မြို့အခြေအနေက ဘယ် လိုရှိပါသလဲ။
ဖြေ - မဖြစ်ခင်ကတော့ အေးချမ်းတာပေါ့။ အရောင်း အဝယ်ကောင်းတာပေါ့။ အရောင်းအဝယ်လည်း ဝယ် လိုအား ရောင်းလိုအားတွေ ကောင်းတာပေါ့။ အခု ကျတော့ ရောင်းသာရောင်းတယ်၊ တချို့ကျ မရောင်း ရဘူး။ ဈေးကလည်းအကုန်ဈေးများတာလေ။ ဟိုး တရုတ်ပြည်ကနေ မန္တလေးဘက် ပတ်၊ ပတ်ပြီးတော့ တစ်ပတ်ကြီးဖြစ်နေတာပေါ့။

မေး -TNLA မသိမ်းခင် တိုက်ပွဲဖြစ်တဲ့ ဘယ်အချိန် အထိရှိခဲ့လဲ။
ဖြေ - (၂၅)ရက်မှာစဖြစ်တာ။ (၂၈)ရက်မှာ ပြေး ပြီလေ။ အဲဒီအချိန် ဒရုန်းစသုံးပြီ၊ ဒရုန်းတွေနဲ့ ဝဲနေ တာပေါ့ ညဆို။ အဲဒီအချိန် လက်နက်ကြီးကျတယ်၊ ဗုံးတွေကျတယ်။ ဒရုန်းတွေနဲ့ကျ ဘယ်လိုမှအဆင်ပြေ ဘူး။ မပြေးလို့လည်းမရဘူး၊ ဒီဘက်ရပ်ကွက်ကတော့ အကုန်ပြေးတာ။

မေး - ပြေးတော့ကော ဘယ်နေရာတွေ ပြေးကြလဲ။
ဖြေ - ရွာတွေပြေးကြတာ အရင်ဆုံးတော့။ ရွာတွေ ပြေးတယ်၊ တချို့ကျတော့ အဲဒီလောက်ကြီးမထင်ဘူး။အဲဒီ ဖြစ်တဲ့အချိန်က အကြာကြီးဖြစ်မယ်လို့မထင်ဘူး။ ရွာတွေပဲ နှစ်ရက်၊ သုံးရက်ပြေး ပြီးရင် အဆင်ပြေမယ် ထင်တာပေါ့။ ရွာနေတော့ အဆင်ပြေဘူးလေ၊ ရေေ တွ၊ မီးတွေ နောက်ပိုင်းကျ အဆင်မပြေဘူး၊ ဖုန်း လိုင်းတွေကလည်း အဆင်မပြေတော့ဒုက္ခရောက်တာ။

မေး -TNLA က မြို့ကိုသိမ်းပြီးတဲ့အထိကော မြို့မှာ ကျန်ခဲ့တဲ့သူတွေ ရှိလား။
ဖြေ - ရှိတယ်။ ဒီလိုပဲ ကြောက်ကြောက်လန့်လန့်နဲ့ နေနေရတာပေါ့။ ဟိုဘက်လည်း မပြေးနိုင်ဘူးလေ။ တချို့ကျ ဘယ်လိုမှပြေးလို့မရတဲ့အနေအထားတွေ မှာရှိတာပေါ့။ နောက်ပိုင်းကျတော့ နည်းနည်းနေသား ကျတော့ ပလောင်နဲ့ ပလဲနံပသင့်ပြီးတော့မှ သူဌေး ဖြစ်သွားတဲ့ဟာတွေလည်း အများကြီးပဲ။ ပလောင်စစ် သားတွေက ဒေသခံမဟုတ်တော့ မသိဘူးလေ။ သူများပြေးတဲ့အိမ်တွေ သူတို့က အကုန်လိုက်ဖောက် လိုက်ယူတာ။ သူများပစ္စည်းတွေ အလကားရလိုရငြား ယူတာပေါ့။ သူခိုးဈေးနဲ့ ပြန်ရောင်းတော့ သူဌေးတွေ ဖြစ်ကုန်တာ။
မေး - အဲဒီတုန်းက TNLA နဲ့ဆက်ဆံရေးက ဘယ် လိုရှိလဲ။
ဖြေ - ကောင်းတဲ့သူလည်းရှိတယ်၊ မကောင်းတဲ့သူ လည်းရှိတာပေါ့။ စာမတတ်တဲ့သူကများတာလေ။ စာမတတ်တဲ့သူကများတာဆိုတော့ ပရမ်းပတာတွေ ဖြစ်တာပေါ့။

မေး - TNLA ထိန်းထားတုန်း ကျောက်မဲမှာ ဘာ တွေဖြစ်ကုန်သလဲ။
ဖြေ - သူတို့ ရုံးတွေဘာတွေ စိုက်တယ်ပေါ့၊ ရုံးတွေ ဘာတွေ စိုက်တယ်။ သူတို့ရဲ့ စာတွေဘာတွေအမျိုးမျိုး ပေါ့။ ဒီထွေအုပ်ဆို သူတို့ ထွေအုပ်တွေ၊ ရပ်ကွက်ရုံး တွေဘာညာ အဲဒီလိုမျိုး သူတို့လည်း လုပ်တယ်လေ၊ ဖွင့်တယ်။ နောက်ပိုင်းကျ မှတ်ပုံတင်လုပ်ရမယ် ဘာ ညာနဲ့ ဖြစ်သေးတယ်။

မေး - သူတို့အရပ်ဘက်အုပ်ချုပ်ရေးကို ဘယ်လို မြင်သလဲ။
ဖြေ - အထင်သေးတယ်။ ဘာမှသုံးစားမရဘူး။ စာမ တတ်ဘာမတတ် နိုင်ငံအုပ်ချုပ်နိုင်စွမ်းအရည်အချင်း သူတို့မှာ ရှိမှမရှိတာ။

မေး - အဆင်မပြေဘူးဆိုတာက ဥပမာတစ်ခု၊ နှစ်ခုလောက် ပြောပြပါလား။
ဖြေ - ပြောရရင် ဥပဒေဆိုတာကတော့ သူတို့ပါးစပ် ဖျားမှာပဲရှိတယ်။ စည်းမျဉ်းစည်းကမ်းချထားတာကို သူတို့လိုက်မလုပ်နိုင်ဘူး။ သူခိုး၊ ဓားပြရှိတယ်။ သူတို့ နဲ့ ပနံသင့်ရင် အေးဆေးပေါ့။ မသင့်ရင်ဖမ်းတယ်၊ ရိုက်တယ်ပေါ့။ အဲဒီအချိန်တုန်းကဆို ဟို ဘိန်းစား တွေဘာတွေဆို သူတို့ဖမ်းပြပါသေးတယ်၊ အဖမ်းတွေ ဘာတွေပြ၊ ပြီးရင် အဲဒီဘိန်းစားတွေဘာတွေဆို သူ တို့ကခိုင်းစားတယ်။

မေး -TNLA က မြို့ကိုသိမ်းထားတုန်းမှာ မြို့ကို ပြန်ဝင်တဲ့သူတွေရှိတယ်လေ။ သူတို့က ဘာကြောင့် လဲ။
ဖြေ - တချို့ကျလည်း အကြာကြီး ကိုယ့်အိုးကိုယ့်အိမ် ပစ်မသွားနိုင်ဘူးပေါ့နော်။ တချို့ကျလည်း သက်ကြီး ရွယ်အိုတွေရှိတယ်၊ သားသမီးတွေ ကလေးတွေရှိ တယ်၊ ပြီးရင် သူများ တစ်နယ်တစ်ကျေးမှာ သွားပြီး တော့မှ စီးပွားရေးလုပ်ဖို့ဆိုတာ မလွယ်ဘူးလေ၊ ပြီး ရင် အိမ်ငှားခတို့ အဲဒီလိုတွေရှိတော့ တချို့တလေ တော့ ပြန်ဝင်လာကြတာပေါ့။ ဘာမှမလုပ်ဘူး ပြန် လာလို့ရတယ်လို့လည်း ပလောင်ကပြောတယ်။ ပလောင်တွေလိမ်တာကိုခံရတာပေါ့။
မေး -TNLA က ကျောက်မဲကို ထိန်းချုပ်ထားတုန်းမှာ ကောင်းလာတာဘာရှိလဲ။ ဘာတွေဆုတ်ယုတ်သွားလဲ။
ဖြေ - ဘာတစ်ခုမှ မကောင်းဘူး။ အကုန် ဆုတ်ယုတ် သွားတာ ဘာတစ်ခုမှမကောင်းပါဘူး။ ကောင်းတယ် ဆိုတာတစ်ခုမှမရှိဘူး။ သူတို့လည်းထွက်တော့ အ ကုန်ပြန်ပါသွားတာ။ အကုန်သယ်သွားတယ်။ အိုး အိမ်ဆိုလည်းအိုးအိမ် သူများရဲ့အိုးအိမ်ပစ္စည်း ကောင်းပေ့ဆိုတဲ့ဟာ အကုန်ယူတယ်။ ပြီးရင် ဌာန ဆိုင်ရာ ပစ္စည်း၊ စားပွဲခုံ၊ ကော်ခုံ၊ ဘုရားစင် အကုန် ကားတွေနဲ့တိုက်ယူတယ်။ ဆေးရုံကပစ္စည်းဆိုလည်း အကုန်ယူတာ ဘာမှမကျန်ဘူး။

မေး -TNLA က ကျောက်မဲမြို့ကိုထိန်းချုပ်ထား စဉ်မှာ မြို့ခံအများစုစိတ်ထဲ ဘယ်လိုရှိမယ်ထင်လဲ။
ဖြေ - အစိုးရအောက်မှာပဲ ပြန်နေချင်ကြတာပေါ့။ ပြန်နေချင်တယ်ဆိုတာက သူတို့က ဥပဒေအတိုင်း သွားရတာပေါ့၊ ပလောင်ကျတော့ ဥပဒေအတိုင်း မသွားဘူးလေ။ မသွားတော့ လူများမကြိုက်တော့ဘူးပေါ့။

မေး -TNLA မရှိတော့ ဘယ်လိုခံစားရလဲ။
ဖြေ - အေးချမ်းသွားတာပေါ့။ ပြန်လည်ထူထောင်ဖို့ ဆိုတာလည်း ပြန်ကောင်းလာတဲ့အခြေအနေ အနေ အထားမှာရှိတယ်ဆိုတော့ ပျော်တာပေါ့။ ဥပဒေ ဘောင်အတွင်းထဲမှာ နေရတယ် စိတ်လုံခြုံမှုရှိတယ်။

မေး - ကျောက်မဲမြို့ကို ပြန်ထူထောင်တဲ့အခါ အခက်ဆုံးက ဘာဖြစ်ခဲ့လဲ။
ဖြေ - ရေ၊ မီး၊ လမ်းတွေပေါ့။ ပြီးရင် အသုံးအဆောင် ပစ္စည်းတွေကအစ အကုန်လုံး ဘာမှမကျန်ဘူး။ တချို့ဆို အိမ်အခွံကြီးပဲကျန်ခဲ့တာ၊ အထဲမှာ ဘာဆို ဘာမှမကျန်ခဲ့တော့ဘူး။

မေး - စီးပွားပျက်တဲ့သူတွေကော ရှိလား။
ဖြေ - ရှိတာပေါ့၊ အများကြီးပဲလေ။ နေသားမကျဘူး လေ။ လုပ်ကိုင်စားသောက်ရုံ၊ အဆင်ပြေရုံလောက် ပဲရှိတာပေါ့။ လုပ်ငန်းတော့ ပြန်မစနိုင်သေးဘူး။ အဲဒီလိုမျိုးတွေရှိတာပေါ့။

မေး - လုံးဝ အဆင်မပြေတဲ့သူကော ရှိလား။
ဖြေ - ရှိတယ်။ တချို့ဆို အိမ်ကအစထိတယ်လေ။ လက်နက်ကြီးကျတာတို့။ ပြီးရင် သူတို့ ပလောင်တွေ ဝင်နေတုန်း ဖျက်ဆီးသွားတာတွေတို့ အဲဒီလိုတွေရှိ တယ်။ အဲဒါကျ ဘယ်လိုမှ အဆင်မပြေဘူးလေ။

မေး - လက်ရှိ ကျောက်မဲမြို့စီးပွားရေးက ဘယ် လောက်ရာခိုင်နှုန်းလောက် ပြန်လည်ပြီလို့ပြောလို့ ရလဲ။
ဖြေ - (၅၀)ရာခိုင်နှုန်းလောက်ပဲ ရှိဦးမှာပေါ့။ ပြန် ကောင်းတယ်ဆိုတာကလည်း တချို့ကျ ဘယ်လိုပြော မလဲ တချို့က လုံးလုံးဆုံးရှုံးတာမရှိဘူး။ တချို့က အ ကြွေးနဲ့ပြန်ယူပြီးတော့ ကြည့်ကောင်းအောင်ပဲပေါ့ လက်ထဲရှိလို့ လုပ်စားတာမဟုတ်ဘူး။ အတိုးနဲ့ယူပြီး လုပ်ရတာပေါ့နော်။ အစားစားပေါ့။

မေး - ကျောက်မဲမြို့သူ၊ မြို့သားတွေရဲ့ လက်ရှိဆန္ဒက ဘာရှိမလဲ။
ဖြေ - ပြန်မဖြစ်ဖို့ပဲမျှော်လင့်တာပေါ့။ ဖြစ်မှာလည်း စိုးရိမ်တယ်။ အခု ကောလာဟလတွေကြားတာတော့ လည်း တချို့ကျလည်း ပိုပြီးတော့ကြောက်တယ်ပေါ့။ နောက်တစ်ခါပြန်ဖြစ်မှာကြောက်တာ။ နောက်တစ်ခါ ထပ်ပြေးရမှာကြောက်တာပေါ့။

မေး - ကျောက်မဲကို အစိုးရက ပြန်သိမ်းပြီးတဲ့နောက်၊TNLA ဆုတ်သွားပြီးတဲ့နောက် ကောလာဟလက ခဏခဏထွက်တာနော်။
ဖြေ - ဟုတ်တယ်။ တချို့ကျ မြို့အနီးနားမှာရှိနေတုန်း ကလေ၊ လုံးလုံးကြီးကင်းစင်သွားတာမဟုတ်ဘူး။ မြို့ နဲ့အနီးနားတစ်ဝိုက်မှာရှိနေတုန်းပေါ့။ အဲဒါတွေ ကြောင့်မို့လို့လေ။ ကောလာဟလထွက်တာက အချိန် မရွေးပြန်ဝင်လာနိုင်တယ်ပေါ့။ PDFလည်း PDF ပေါ့၊ ပလောင်လည်းပလောင်ပေါ့၊ အဲဒီလိုမျိုး။

မေး - ကျောက်မဲအတွက် ကောလာဟလဆိုတာ တွေက ဘယ်လောက်အထိ သက်ရောက်မှုရှိနေလဲ။ တခြားဒေသတွေမှာတော့ ကောလာဟလဆိုတာက သိပ်မယုံကြဘူးလေ။
ဖြေ - စိုးရိမ်တာပေါ့၊ ကြောက်စိတ်တွေ ပိုဝင်တာယ်၊ ကြောက်စိတ်တွေ ပြန်ဝင်တာပေါ့။ ဟာသဆိုလည်း မဟာသနိုင်တော့ဘူးပေါ့။ တကယ်ပြန်ဖြစ်မှာပဲ စိုးရိမ် တာပေါ့။ ဖြစ်မယ်လို့လည်းမပြောနိုင်၊ မဖြစ်ဘူးဆို လည်းမပြောရဲဘူးပေါ့ အဲဒီလိုမျိုးပေါ့။ ဟိုဘက်က လည်း လုံးလုံးကင်းစင်သွားတာ မရှိတဲ့အတွက်လေ၊ အဲဒါကြောင့် ဘယ်ဘက်မှ အလွန်အကျွံပြောလို့မရ ဘူး၊ မဖြစ်ဘူးဆိုလည်း ပြောလို့မရ၊ ဖြစ်မယ်ဆိုလည်း ပြောလို့မရဘူးပေါ့။ နည်းနည်း အေးနေတာ၊ ဝင်ကြည့် မယ်၊ ဝင်လုံးလို့ရရင်၊ ဝင်လုံးလို့ရတဲ့အနေအထား ရှိရင် ဝင်လုံးမယ်ပေါ့ အဲဒီလိုမျိုးတွေပေါ့။ အဲဒါကြောင့် လူတွေက ပိုစိုးရိမ်တာ၊ လုံးလုံးကင်းစင်သွားတာ မဟုတ်တဲ့အတွက်လေ။ ဘုမသိ ဘမသိတွေက ဆက် ကြေး ဝင်ကောက်တာရှိသေးတယ်။ စာတစ်တန် ပေ တစ်တန်နဲ့ပေးပြီးကောက်တာမဟုတ်ပဲ လက်နက်နဲ့ လာခြိမ်းခြောက်ပြီးတော့ လာပေးပါပေါ့။ တကယ် ကြောက်တဲ့သူကတော့ ပေးရတာပေါ့။ ပလောင်လည်း ရှိတယ်၊ ရှမ်းလည်းရှိတယ် တကယ်က ကြားလူတွေ လုပ်စားတာပါ။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

မူရင်းသတင်း — NP News