အောက်တိုဘာ ၂၂
ဂျပန်နိုင်ငံသို့လာရောက်သည့် နိုင်ငံခြားခရီးသွားစုစုပေါင်းအရေအတွက်သည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် ငါးရာခိုင်နှုန်းကျဆင်းခဲ့ပြီး ခရီးသွားအရေအတွက် ၁၆၀၀၀၀ ကျော် လျော့နည်းသွားကြောင်း ယမန်နေ့ကထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။
၂၀၂၆ ခုနှစ် ပထမကိုးလတာကာလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။
၂၀၂၆ ခုနှစ် ပထမကိုးလတာကာလအတွင်း တရုတ်ပြည်မကြီးမှ ဂျပန်နိုင်ငံသို့လာရောက်သည့် ခရီးသွားအရေအတွက်သည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
တရုတ်ပြည်မကြီးမှ ခရီးသွားဝင်ရောက်မှု ကျဆင်းခြင်းသည် စက်တင်ဘာလအထိ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ဆယ်လဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို